အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

သက္ကရာဇ်၉၀၇ခုနှစ် ဟံသာဝတီမင်းနေပြည်တော်မှာ ရာဇဘိသိတ်ပွဲကြီးခမ်းနားစွာကျင်းပနေပါတယ်။ ဘိသိတ်ပွဲမှာ တပင်ရွှေထီးက နဝရတ်ကိုးပါးနဲ့စီရင်ထားတဲ့သမိန်တငွတ်လို့အမည်ရှိမကိုဋ်တော် အဖိုးကြီးတဲ့အလွန်မြောက်တဲ့တစ်လုံးထဲကတဲ့မြနားတောင်း နဲ့မဟာမဏိအမည်ရတဲ့ ဒုယင်တော်တို့ကို ဆင်ယင်ထားပါတယ်။ ဒီပွဲကို တပင်တိုင်နန်းမှာပြုလုပ်တာဖြစ်ပြီး လက်ဝဲလက်ယာ ထီးဖြူ၄စင်း မင်းထက်ကွင်း၇ဆက် အရွက်၃ဆင့်ချပြီးရတနာအပြည့်စီရင်ထားတဲ့ထီးဖြူ၈စင်း အထွတ်အချက်ပတ္တမြားစီချယ်ကာ ရွှေအတိပြီးတဲ့ ကျိုင်း ၈ချက်တို့ကိုအသုံးပြုထားတာပါတယ်

အလွန်ခမ်းနားတဲ့အခုဘိသိတ်ပွဲအပေါ်နန်းတွင်းမှာရှိတဲ့မှူးမတ်တွေရဲ့သဘောထားက အယူအဆအားဖြင့်ကွဲလွဲမှု့တွေရှိနေပါတယ်။ အကြောင်းကတော့ ဘိသိတ်ပွဲမှာတပင်ရွှေထီးအသုံးပြုတဲ့သမိန်တငွတ်က ‌တောင်ငူဘုရင်တွေသုံးစွဲတဲ့အရာမဟုတ်ဘဲ ဟံသာဝတီကိုအပိုင်စားတဲ့ မွန်ဘုရင်တွေသာ အသုံးပြုတာဖြစ်သလို ဘိသတ်ခံဖို့တိုင်တစ်ခုတည်းနဲ့လုပ်ထားတဲ့ တပင်တိုင်နန်းကလည်း တောင်ငူဘက်မှာ အထင်လွဲစရာတွေရှိနေပါတယ်။ တပင်ရွှေထီးရဲ့ရည်ရွယ်ချက်ကတေ့ ဟံသာဝတီမှာ မွန်ရိုးရာနဲ့ တွဲဘက်ပြီးဘိသိတ်ခံတာဟာ မွန်-ဗမာစည်လုံးရေးကိုရလိုတဲ့အတွက် ထုံးတမ်းကိုပြင်တာဖြစ်ပါတယ်။

ဆိုတော့တပင်တိုင်နန်းနဲ့ဘိသိတ်ခံတာကို တောင်ငူအမတ်တွေဘာလို့သဘောမကျဖြစ်နေတာပဲလဲ

တောင်ငူဘက်မှာက တပင်တိုင်နန်းဆိုတာဟာ ဘုရင့်သမီးတော်တွေကိုထားတဲ့စံနန်းသာဖြစ်တဲ့အတွက် အခုလိုတိုင်းပြည်အတွက်အရေးကြီးတဲ့ရာဇာဘိသိတ်ပွဲမှာထည့်သုံးခြင်းက ဘုရင်ရဲ့ဘုန်းကံကိုနိမ့်ပါးစေတယ်လို့ယူဆလို့ဖြစ်ပါတယ်။

နောက်ပြီဟံသာဝတီမှာ တပင်ရွှေထီစံမြန်းတဲ့အခါသူ့ရှင်တကာရွတ်ပိလက်ထက်ကအမတ်ဟောင်းတွေကိုပိုအရာပေးအပါးတော်ခစားစေတဲ့အတွက် နန်းတွင်းမှာ ဘုရင့်နောင်ဦးစီးတဲ့တောင်ငူအမတ်တွေနဲ့ သမိန်စောထွတ်ဦးစီးတဲ့မွန်အမတ်တွေဆိုပြီး နှစ်ခြမ်းစကွဲလာပါတယ် ၊အစပိုင်းမှာ မှူးမတ်တွေရဲ့တီးတိုးပြောဆိုမှု့ကစတင်ပေမယ့် ဒီဂယက်ရဲ့ရိုက်ခတ်မှု့က လက်ရုံးတပ်တွေဖြစ်တဲ့ဘုရင့်တပ်မကြီးတွေမှာပါ လှိုက်စားလာခဲ့ပါပြီ။ အခုလိုနှစ်ဘက်လိပ်ခဲတည်းလည်းဖြစ်နေတဲ့ကိုရိပ်မိတဲ့အတွက် ဘုရင့်နောင်တောင်ငူအမတ်တွေကို ဆင့်ခေါ်ကာ ကျုပ်တို့ဟာ အရှင်တစ်ပါးတည်းရဲ့အမှု့တော်ကိုထမ်းရွက်နေတဲ့ ကျွန်တော်တွေရင်းဖြစ်တယ် ဒါကြောင့်အတွေးမခြားကြနဲ့လို့ဆုံးမတဲ့အတွက် ဒီအသံဟာ အချိန်တစ်ခုအထိ တိတ်ဆိတ်သွားပါတယ်။

အတွင်းရေး ငါဟဲ့တပင်ရွှေထီး အပိုင်း ၁၈

တပင်ရွှေထီးရဲ့ရာဇာဘိတ်သိတ်ပွဲမှာ စစ်အတွင်းမှာ အောင်နိုင်တဲ့စစ်သူရဲတွေကို ဘွဲ့ရာထူးရာခံတွေချီးမြှင်းမြှောက်စားပြီး ဒီအထဲမှာ စစ်ဦးစီးဖြစ်တဲ့ဘုရင့်နောင်ကို တပင်ရွှေထီးက အိမ့်ရှေ့မင်းတွေရဲ့အဆောင်အယောင်ကိုပေးသနားတော်မူပါတယ်။ သို့ပေမယ့် ဘုရင့်နောင်ဟာ အဆောင်အယောင်ကိုသာရရှိပြီး နှုတ်အမိန့်ပြန်တမ်းအားဖြင့် အိမ့်ရှေ့မင်းလို့သတ်မှတ်ခံရခြင်းမရှိဘူးလို့ဆိုပါတယ်။

တစ်ဆက်တည်း ဘုရင့်နောင်ရဲ့ညီတော်တွေဖြစ်တဲ့သီရိဇေယျကျော်ထင် ကိုအထိန်းတော်ကြီး သက်ရှည်က‌ကျော်ထင်ရဲ့သမီး နန္ဒယောဓါကို စလင်းစည်သူကျော်ထင်ရဲ့မိဖုရား နရပတိမယ်တော် ဇေယျနန္ဒကို ပြည်ဘုရင်ထွေးရဲ့သမီးတော်တို့နဲ့ထိမ်းမြားစေပါတယ်။ ဒီနေရာမှာ စလင်းစည်သူရဲ့မိဖုရားနရပတိမယ်တော်ဟာ ပြည်ဘုရင်ထွေးရဲ့မိဖုရားကြီးကမွေးတာပြီး ဇေယျနန္ဒရဲ့မိဖုရားက‌တော့ ပြည်ဘုရင်ထွေးရဲ့မိဖုရားအငယ်ကမွေးတာဖြစ်ပါတယ်။

ဒီအခန်းမှာတစ်စက်တည်း ဘုရင့်နောင်နဲ့မွေးချင်းတွေအကြောင်းကို လေ့လာကြည့်ရအောင်ဗျာ

ဘုရင့်နောင်ကိုအကြောင်းကိုလေ့လာတဲ့အခါ သမိုင်းမှာဘုရ့နောင်ဟာ တော်ဝင်သွေး‌သားဖြစ်တယ်လို့ဖော်ပြ့တွေရပါတယ်။ ဆို‌တော့ ဘုရင့်နောင်ရဲ့မိဘတွေကနေစ လေ့လာကြည့်တာပေါ့ဗျာ

ဘုရင့်နောင်ရဲ့ဖခင် မင်းကြီးဆွေရဲ့မိဘတွေကတောင်ခမင်းနဲ့ကရနဝတီတို့ဖြစ်ပြီး တောင်ငူဘုရင်ခံတွေဖြစ်တဲ့ တရဖျားမင်းနဲ့ မင်းခေါင်ငယ်တို့ရဲ့အဆက်အနွယ်တွေဆိုဖော်ပြထားတာကိုတွေ့ရပါတယ် မင်းကြီးဆွေရဲ့မိန်းမ ရှင်ယွင်းမြတ်ဆိုတာက ပင်းယတစ်စီးရှင်သီဟသူဘုရင် နဲ့ မိဖုရားခေါင်ကြီး မိစောဦးရဲ့ ပဥ္စမမြောက်မျိုးဆက်ဖြစ်ပါတယ် ဒါကြောင့်သမိုင်းမှာ ဘုရင့်နောင်ကို မင်းဆွေမင်းမျိုးဖြစ်တယ်လို့ ဖော်ပြကြတာဖြစ်ပါတယ်။

တော်ဝင်မျိုးနွယ်တွေဖြစ်ကြပေမယ့် ထင်ထင်ရှားရှားမနေဘဲ အစောပိုင်းနှစ်တွေမှာ မင်းကြီးဆွေက ပုဂံခရိုင်က ငါးသရောက်ရွာ ဒါမှမဟုတ် တောင်ငူခရိုင်အတွင်းက ထီးလှိုင်အရပ်မှာ ထန်းတက်သမားတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုတယ်လို့ဆိုပါတယ်။ နောက်ပိုင်းတပင်ရွှေထီးရဲ့ဖခင် မင်းကြီးညိုလက်ထက်မှာ ဝင်ရောက်ခစားပြီး နန်းတွင်းမှာအရေးပါတဲ့အထိန်းတော်နေရာကိုရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ကိုလိုနီခေတ် အမျိုးသားစာရေးဆရာတွေက အခြေခံလူတန်းစားတွေရဲ့စိတ်ဓါတ်ကို မြင့်တင်ဖို့အတွက် ထန်းတက်သမားရဲ့သားတောင် ကြီးကျယ်ခမ်းနားတဲ့ဘုရင့်နောင်ဖြစ်လာတာဘဲလို့ ရေးသားကြတာဖြစ်ပါတယ်။

တပင်ရွှေထီးကိုမမွေးခင်မှာ မိဖုရားခင်ဦးရဲ့ချင်ခြင်းဖြစ်တဲ့ ဟံသာဝတီကမြေစေးနဲ့ ပြည်နဝင်းချောင်းက ရေအေးကိုသွားယူဖို့ မင်းကြီးညိုစေလွှတ်တဲ့စစ်သူရဲနှစ်ဦးက မင်းကြီးဆွေ- အထိန်းတော်ကြီးမင်းရဲသီဟသူ နဲ့ ရှင်သီဟ- တောင်ငူစည်သူကျော်ထင်တို့ဖြစ်လာပါတယ်၊ ကျန်တဲ့အထိန်းတော်တွေထဲမှာ ရှင်နတ်တော် ဘယနန်သူအမည်ရတဲ့စစ်သူကြီး နဲ့ ရှင်နီတာက အခုပြည်မှာရှိနေတဲ့အထိန်းတော်ကြီးသတိုးဓမ္မရာဇာဖြစ်လာပါတယ်။ ဒီကြားထဲအကြောင်းအရာတွေကို ဖော်ပြပြီးဖြစ်တဲ့အတွက် မပြောရသေးတဲ့ဘုရင့်နောင်ရဲ့မွေးချင်းတွေအကြောင်းကို ဆက်သွားမှာဖြစ်ပါတယ်။ အခုလိုဖော်ပြတဲ့နေရာမှာ ကြိုပြောသလိုဖြစ်သွားပေမယ့် မူရင်းနာမည်တွေနဲ့ ဘွဲ့အမည်တွေကိုဆက်စပ်စေလိုတဲ့အတွက် ဖော်ပြပေးတာဖြစ်ပါတယ်။

ဘုရင့်နောင်ရဲ့မိခင် ရှင်မျိုးမြတ်က ခုနှစ်အတိအကျမသိရဘဲ ၁၅၂၀ နောင်းပိုင်းနှစ်တွေမှ ာကွယ်လွန်သွားပြီးတဲ့နောက် မင်းကြီးဆွေက ရှင်မျိုးမြတ်ရဲ့ညီမနဲ့လက်ဆက်ပါတယ်။ မင်းကြီးဆွေမှာသားသမီး၇ယောက်ရှိတယ်လို့ရေးသားတာကိုတွေ့ရပေမယ့် သမိုင်းမှာ အထင်အရှားရှိတာကတော့ ၆ယောက်ဖြစ်ပါတယ်၊ မွေးချင်းတွေကိုအစဥ်အတိုင်းပြောရရင် ၁ ခင်ဘုန်းစိုး(ဓမ္မဒေဝီ) ၂ ရှင်ရဲထွတ်(ဘုရင့်နောင် )၃ မင်းရဲစည်သူ(သီရိဇေယျကျော်ထင်) ၄ နန္ဒယောဓာ( သတိုးဓမ္မရာဇာ) ၅ ဇေယျနန္ဒ-သီဟသူ ( တောင်ငူမင်းခေါင် ) ၆ သတိုးမင်းစော(မင်းရဲကျော်ထင်)တို့ဖြစ်ပါတယ်။

မွေးသက္ကရာဇ်တွေမှာ ခင်ဘုန်းက ၁၅၁၄ ရှင်ရဲထွတ်က ၁၅၁၆ နဲ့အငယ်ဆုံးသားသတိုးမင်းစော ၁၅၃၁ လို့ ဖော်ပြထားတာတွေ့ရပြီး အလယ်က၃ယောက်ကတော့ မွေးနှစ်အနေနဲ့၁၅၂၀ နှောင်းပိုင်းနှစ်တွေသုံးထားတဲ့အတွက် ခုနှစ်အတိအကျကိုတော့ အငြင်းပွားနေဆဲဖြစ်ပါတယ်။

ဒီမွေးချင်း၆ယောက်မှာ ဇေယျန္ဒ နဲ့ သတိုးမင်းစောက ရှင်မျိုးမြတ်ရဲ့ညီမကမွေးတာဖြစ်တဲ့အတွက် ဘုရင့်နောင်နဲ့က ဖအေတူမအေကွဲတွေဖြစ်ပါတယ်။ တိုက်ပွဲတိုင်းမှာ ညီအစ်ကိုတွေအကုန်လုံး စစ်မြေပြင်မှာ ဘုရင့်အတွက်အသက်ပေးတိုက်တာခြင်းအတူတူ တပင်ရွှေထီးက ဘုရင့်နောင်ကိုသာ ပစားပေးနေတဲ့အတွက် ဇေယျနန္ဒ(တောင်ငူမင်းခေါင်)အနေနဲ့ဘုရင့်နောင်အပေါ်ဆ်ဆဆံရေးက သိပ်ပြီးအစေးမကပ်ဘဲရှိနေပါတယ်။

ဆိုတော့ ဒီအိမ်တွင်းရေးကိုခဏထားပြီး ဟံသာဝတီနန်းတော်ကိုသွားရအောင်ဗျာ

တောင်ငူဘုရင်ခံအထိန်းတော်ကြီးမင်းရဲသီဟသူရအနေနဲ့ တပင်ရွှေထီးကို သူပိုင်ဆိုင်တဲ့နယ်မြေတွေမှာ အနီးကပ်စီမံအုပ်ချုပ်စေလိုတဲ့အတွက် တောင်ငူမှာနန်းစိုက်ဖို့မကြာခဏလျှောက်ထားပေမယ့် ဂရုမပြုဘဲဟံသာဝတီမှာသာနေပါတယ်။ တပင်ရွှေထီးဟံသာဝတီမှာပျော်နေတဲ့အကြောင်းကတော့ အပါးတော်မြဲသမိန်စောထွတ်က သူ့အကြိုက်အလိုက်သိတဲ့အပြင် နိုင်ငံရပ်ခြားကလာတဲ့ဗျစ်ရည်အသစ်အဆန်းတွေကိုလည်း ဒီမှာ အလွယ်တကူရနိင်တာကြောင့်ဖြစ်ပါတယ်။ 

ရှေးနန်းတွင်းထုံးတမ်းအရ ဗျစ်ရည်ဆိုတာက နန်းတော်မှာတရားဝင်သိမ်းဆည်းသုံးဆောင်ခွင့်မရှိဘဲ အခွင့်အခါသင့်မှသာ သောက်ခွင့်ပေးတာဖြစ်ပါတယ်။ အခုလိုတပင်ရွှေထီးအနေနဲ့သူ့ပင်မကျောရိုးဖြစ်တဲ့ တောင်ငူဘက်ကိုအလေးမသာဘဲ သမိန်စောထွတ်ဘက်တို့ဘက်ကိုယိမ်းနေချိန်မှာ မမျှော်လင့်ထားတဲ့အရာတစ်ခုက ချဥ်းကပ်လာပါတယ်။

ဟံသာဝတီမင်းနေပြည်တော်နဲ့ မလှည်းမကမ်းမှာ မကြိုက်ထိုဆိုတဲ့သူဌေးကြီးတစ်ဦးရှိပါတယ်။ အထွက်တိုးတဲ့လယ်မြေအမြားအပြားပိုင်ဆိုင်ထားတဲ့အပြင် မကြိုက်ထိုမှာ နွားအကောင်ရေ ၅၀၀၀ရှိပါတယ်။ ထူးခြားချက်က သူမွေးထားတဲ့နွားတွေထဲက နွားမတစ်ကောင်က ဇီးရင့်ပြီးမွေးလာတဲ့အခါ ကလေးတစ်ယောက်ထွက်လာပါတယ်။ဆိုတော့ ဒီနေရာမှာ နွားကလူမွေးတာဖြစ်တဲ့အတွက် ယခုခေတ်အရပုတ်ခတ်ပြောဆိုမှု့တွေရှိလာမှာဖြစ်တဲ့အတွက် နွားခြံမှာတွေ့တဲ့ကလေးအနေနဲ့သာ သုံးစွဲသွားမှာဖြစ်ပါတယ်။ သို့ပေမယ့် မူလအမြစ်ကိုမြင်စေလိုတဲ့အတွက် တပင်ရွှေထီးဝတ္ထုတော်ကြီး စတုတ္ထတွဲ စာမျက်နှာ ၅၀၈မှာပါတဲ့ အကြောင်းအရာကိုဖော်ပြပေးလိုက်ပါတယ်။

ဆိုတောဒီနွားခြံမှာတွေ့တဲ့ကလေးမက အရွယ်ရောက်လာတဲ့အခါ အင်မတန်ချောမောလှပပြီး ခေမနောလို့ အမည်တွင်ပါတယ်။ ခေမနော လှပတဲ့အကြောင်းကို ဟံသာဝတီတစ်ပြည်လုံးမှာကျော်ကြားပြီး နောက်ဆုံးဘုရင့်ဆီကိုရောက်လာပါတယ်

ဘုရင့်ဆီဘယ်လိုရောက်သလဲဆိုတော့ ဘုရင့်စံနန်းမှာ တပင်ရွှေထီး အပါးတော်မြဲသမိန်စောထွတ် နဲ့ နိုင်ငံခြားကြေးစားစစ်ဗိုလ်တို့ ဗျစ်ရည်သောက်ကြတဲ့အခါ သမိန်စောထွတ်က သူဌေးကြီးမကြိုက်ထိုရဲ့သမီး ခေမနောဘယ်လောက်လှကြောင်းလျှောက်တာကစပါတယ်။ တပင်ရွှေထီးလည်း ခေမနောကိုမြင်ချင်စမ်းတယ် င့ါရှေ့တော်သွင်းစေလို့မိန့်ပြီ အခြားအကြောင်းအရာကိုဆက်ပြောတဲ့အတွက် ဒီကိစ္စကတခန်းရပ်သွားပါတယ်။

တခြားတစ်ဘက်မှာ တပင်ရွှေထီးက ဘုရင်နောင်ကိုဆင့်ခေါ်ကာ ခေမနောအတော်လှတယ်လို့ကြားတယ်အကြောင်းစုံ ထောက်လှမ်းပြီး လျှောက်တင်စေလို့ ဆိုပါတယ်။ ထိုအခါ ဘုရင့်နောင်က မကြိုက်ထိုသမီး ခေမနောက သူမတူအောင်ချောမောလှပကြောင်းပါဘုရား သို့ပေမယ့်အရပ်အခေါသမုတ်အရ နွားမသမီးလို့သာဦးကျိုးတဲ့အတွက် နာမ်သဘောအရ တိုင်းပြည်အရှင်သခင်ဖြစ်တဲ့ဘုရင်မင်းမြတ်ဟာ နွားနဲ့မယူသင့်ကြောင်းပါ ဘုန်းကံနိမ့်ပါးပါလိမ့်ဘုရားလို့လျှေက်ပါတယ်။

တပင်ရွှေထီးလည်း ဘုရင့်နောင်ရဲ့စကားကြားတဲ့အခါ သင့်‌တော်တယ်လို့မှတ်ချက်ပေးပြီး ခေမနောရဲ့အကြောင်းထပ်မပြော‌တော့ပါဘူး။ သမိန်စောထွတ်အနေနဲ့ တပင်ရွှေထီးဟာ ဗျစ်ဝိုင်းမှာတုန်းကစိတ်ဝင်စားဟန်ပြပေမယ့် နောက်ပိုင်းသဘောထားပြောင်းလဲသွားတဲ့အတွက် နောက်တမျိုးစီစဥ်ပါတယ်။

တပင်ရွှေထီးစံနန်းကထွက်ပြီး ဥယျာဥ်မှာတစ်ကိုယ်တည်းရှိအောင်သေချာစီစဥ်ပြီးတဲ့နောက် သမိန်စောထွတ် မကြိုက်ထို နဲ့ခေမနောကိုခေါ်ကာ ဘုရင့်ဆီအခစားဝင်ပါတယ်။ တပင်ရွှေထီးလည်းကိုယ်မရတဲ့အရာကို စိတ်လျော့ပြီးနေပေမယ့်ခေမနောကို မြင်မြင်ချင်းအလွန်နှစ်ထောင်းအားရသွားတဲ့အတွက် မှူးမတ်တွေတားတဲ့ကြားက မိဖုရားတန်းမြေက်ပါတယ်။

ဆိုတော့ ဟံသာဝတီနန်းတွင်းမှ ာမိဖုရားတွေရဲ့အခန်းကဏ္ဏကရောဘယ်လောက်ထိအရေးပါပါသလဲ

တပင်ရွှေထီးရဲ့လက်ရှိိဖုရားတွေဖြစ်တဲ့ခင်ဘုန်းနဲ့ခင်မြတ်က ဘုရင့်မိဖုရားသက်သက်မဟုတ်ဘဲ ဟံသာဝတီရဲ့အင်အားအကြီးဆုံးအိမ်တေ်နှစ်ခုကိုယ်စားပြုနေပါတယ် ၊ ခင်ဘုန်းဘက်မှာ လက်ရှိစစ်ဦးစီးဘုရင့်နောင်နဲ့အထိန်းတော်ကြီးမင်းရဲသီဟသူရဲ့တောင်ငူတပ်တွေရှိနေသလို ခင်မြတ်ဘက်မှာလည်းအထိန်းတော်ကြီးသတိုးဓမ္မရာဇာရဲ့ ပြည်တပ်တွေရှိနေပါတယ် ။သို့ပေမယ့်ဒီနှစ်ဘက်ကအလေးအဆတူညီပြီး ဘုရင့်ဘယ်လက်ရုံးညာလက်ရုံမျှခြေးအနေအထားဖြစ်ပါတယ်

ဘုရင့်နဲ့မိဖုရားတွေရဲ့အရေးကအစပိုင်းမှာ အဆင်ပြေသလိုရှိပေမယ့် နောက်ပိုင်းတပင်ရွှေထီကအဆောင်တော်မကူဘဲ ခေမနောအနားကမခွာတဲ့အခါ ဒီမီးပွားက ဘုရင်နောင်တို့ဆီ ကူးစက်လာနေပါပြီ။အကြာာင်းကတော့ ခေမနောက သူ့အပေါ််ကျေးဇူးရှိတဲ့သမိန်စောထွတ် ကိုလက်ရုံးတပ်တွေထောက်ပံပြီး တခြားမိဖုရားတွေနီးတူအင်အားတောင့်တင်တဲ့နောက်ခံအိမ်တော််တခုဖန်တီးဖို့ကြိုးစားလာပါတယ်။  တပင်ရွှေထီးကလည်း ခင်သဘောအတိုင်းအကုန်ခေါင်းငြိမ့်တဲ့အတွက် ဟံသာဝတီနန်းတော်မှာ သမိန်စောထွတ်ရဲ့သြဇာသက်ရောက်မှု့က ဘုရင့်နောင်နဲ့ခြေရာခြင်းတိုင်းလာတဲ့အခြေအနေကိုရောက်လာပါပြီ

သမိန်စောထွတ်အနေနဲ့ သူ့ရှင်တကာရွတ်ပိလက်ထက်က မွန်အမတ်ဟောင်းတွေကိုစုစည်းပြီး အစီအစဥ်တစ်ခုရေးဆွဲထားပါတယ်။  နောက်ပြီးရှေ့ဖြစ်ဟော ပုဏ္ဏားတွေရဲ့အဆိုအရ သမိန်စောထွတ်က ဘုရင်ဖြစ်မယ့်ဇာတာပါတယ်လို့ဆိုပါတယ်။ အခုဟံသာဝတီကိုအုပ်ချုပ်နေတဲ့တပင်ရွှေထီးဟာ ရှေးဘုန်းရှေးကံကြီးတဲ့အတွက် ဘုရင်နောင်လိုပြိုင်ဘက်ကင်တဲ့းစစ်သူရဲကိုပိုင်ဆိုင်ပြီး တိုက်ပွဲတိုင်းမှာအောင်နိုင်နေတာဖြစ်တယ်။ အကယ်လို့ဘုန်းကံနိမ့်ပါးအောင်စီရင်နိုင်ရင် တပင်ရွှေထီးကံကျပြီး ဟံသာဝတီနန်းတွင်းဟာလည်းအလိုအလျောက်ပြိုကွဲသွားလိမ့်မယ်လို့ယူဆတဲ့အတွက် မိဖုရားခေမနောကဆင့် အစီအမံတစ်ခုကိုလုပ်ဆောင်မှာဖြစ်ပါတယ်။

အခြားတစ်ဘက်မှာ တပင်ရွှေထီးက မိဖုရားအလိုကြိုက် နန်းတွင်းမှာ ဟံသာဝတီမွန်ရိုးရာအတိုင်း အဝတ်အစားဝတ်ဆင်ပါတယ်။ သမိန်စောထွတ်ကလည်း အခုလိုဝတ်စားမယ်ဆိုရင် ဟံသာဝတီမွန်တွေရဲ့ထောက်ခံမှု့ကိုရရှိမှာဖြစ်တယ် လို့လျှောက်တင်တဲ့အတွက် တပင်ရွှေထီးလည်းသဘောခွေ့နေပါတယ်။ ဒီနေရာမှာ အရေးပါတဲ့အချက်အနေနဲ့ ခေမနောက တပင်ရွှေထီးကို တောင်းဆိုတြ့အချက်တစ်ခုရှိလာပါတယ်။ ဒါကတော့ တပင်ရွှေထီးရဲ့ခေါင်းက ဆံပင်ကိုဖြတ်ဖို့ဖြစ်ပါတယ်။ တောင်ငူဘက်ရဲ့အယူအဆအရ ယောက်ျားတွေဟာ ယောင်ထုံးကြပေမယ့်  ဟံသာဝတီမွန်တွေရဲ့ဓလေ့မှာက နဖူးဆံစတွေကို တလက်မခန့်အညီဖြတ်ပြီး ထိပ်စချသလို ဆံစတွေချလေ့ရှိပါတယ်။

တပင်ရွှေထီးက ဟံသာဝတီသားတွေလိုဝတ်စားဆင်ယင်နေနေမယ့် မွန်မဟုတ်တဲ့အတွက် ဆံဖြတ်တာနဲ့ ဘုန်းကံကျမှာဖြစ်ပါတယ်။ တပင်ရွှေထီးအနေနဲ့ ဒီဘာမဟုတ်တဲ့ ဆံပင်အရေးကို ဘုရင့်နောင်နဲ့တိုင်ပင်နေမယ်ဆိုရင် ရှေးအရင်လိုဘဲကန့်ကွက်နေမှာစိုးတဲ့အတွက် ချက်ချင်းမိဖုရားအလိုကျ ဆတ္တသည်ခေါ်ပြီးတန်းဖြတ်ပါတယ်။

နောက်နေ့တပင်ရွှေထီးညီလာခံတက်တဲ့အခါ ဆံဖြတ်ထာတာတွေ့တဲ့အတွက် မှူးမတ်တွေကြားက တီးတိုးပြောဆိုမှု့တွေဟာ ပိုပြီးကျယ်လောင်လာခဲ့ပါတယ် ညီလာခံအပြီး မှူးမတ်တွေစုဝေးကြတဲ့အခါ ဘုရင်မင်းမြတ်ဟာ တို့ထုံးတမ်းကိုပယ်ပြီး ဆံဖြတ်တဲ့အပြင် တိုင်းရေးပြည်ရာကို အထူးမကြပ်မတ်ဘဲ မိဖုရားအနားဘဲကပ်နေတယ်။ ဒါကြောင့် ဘုရင့်နောင်ဆီလျှောက်ပြီး ဒီအရေးကို ဖြေရှင်းမှသင့်မယ်လို့တိုင်ပင်ကာ ဘုရင့်နောင်ဆီရောက်လာကြပါတယ်။ သို့ပေမယ့် ဘုရင်နောင်က တပင်ရွှေထီးဟာ ဒီကိစ္စကို အချိန်မှီဖြေရှင်းမှာဖြစ်တယ်လို့ယူဆပြီး ဆိတ်ဆိတ်သာနေတဲ့အတွက် မှူးမတ်တွေလည်း ဆက်မလျှောက်ကြဘဲ မိမိတို့အိမ်တော်တွေဆီ ပြန်သွားကြပါတယ်။

အခုလိုဟံသာဝတီမင်းနေပြည်တော်မှ စည်းချက်တွေလွဲနေသလို အဝေးတစ်နေရာမှာလည်း လေပြင်းတစ်ခုတိုက်ခတ်နေပါတယ်။ ဒီပြသနာရဲ့အစက ဟံသာဝတီ-ပြည်စစ်ပွဲမှာ ရခိုင်တပ်တွေပြည်ဘက်ကဝင်တိုက်တာကစပါတယ်။ ကုန်းကြောင်းစစ်ကူသွားတဲ့ရခိုင်ဘုရင့်ညီတော်သံတွဲမြို့စားမင်းအောင်လှအရေးနိမ့်ပြီး ပြန်ရောက်လာတဲ့အခါ မင်းဗာကြီးက အကြီးအကျယ်အမျက်ရှပါတယ်။ သို့ပေမယ့်ဘုရင့်ညီတော်ဖြစ်တဲ့အတွက် ဒီကိစ္စကို အပြင်အထန်အရေးမယူပေမယ့် သက္ကရာဇ် ၉၀၇ခု ရခိုင်ဘုရင်မင်းဗာကြီးနတ်ရွာစံပြီး သူ့သားအိမ်ရှေ့မင်းသားနန်းတက်လာတဲ့အခါ ဦးရီးတော်ဖြစ်တဲ့ သံတွဲမြို့စားမင်းအောင်လှကိုရာထူးကချပါတယ်။ ဒီလိုနဲ့တူဦးရီးနှစ်ယောက်ပဋိပက္ခတွေဖြစ်လာပြီး မင်းအောင်လှက ရခိုင်မှာထီးနန်းသိမ်းဖို့ ပုန်ကန်ခြားနားပါတယ်။

နှစ်ဘက်တပ်တွေထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါ သံတွဲမြို့စားကအရေးမသာတဲ့အတွက် အမတ်နှစ်ဦးကို ဟံသာဝတီဆီစေလွှတ်ကာ လက်ဆောင်ပဏ္ဏာတွေ ဆက်သပြီး စစ်ကူတောင်းပါတယ် 

သို့ပေမယ့် ဟံသာဝတီနန်းတွင်းမှာက ချက်ချင်းကြီးစစ်ကူထပေးဖို့ တပ်အင်အားအသင့်ရှိမနေပါဘူး ဒါကြောင့် အမြဲတမ်းတပ်ဖွဲတွေကို တပ်မကြီး၄ခုအဖြစ်ဖွဲ့စည်းပြီး အရေးပေါ်စစ်ကူပေးဖို့ပြင်ဆင်ပါတယ်။ ကုန်းလမ်းကချီတက်လာမယ့်ဒီတပ်ဖွဲ့တွေမှာ တိုက်ဆင်၁၀၀ စစ်မြင်း ၁၀၀၀နဲ့စစ်သူရဲ၄၀၀၀၀ပါဝင်ပြီး သမိန်မောခွင် သမိန်အဲပရဲ သမိန်ဖြတ်စ စတုရင်္ဂသူတို့၄ဦးက ဦးဆောင်ကာ အချိန်မှီရောက်ဖို့ အပြင်းချီတက်လာကြပါတယ်။

အခြာတစ်ဘက်မှာ ရခိုင်ဘုရင်က သူ့ဦးရီးတော်ဟံသာဝတီကစစ်ကူတောင်းထားတာသိရတဲ့အတွက် ရေကြောင်းကုန်းကြောင်းနဲ့သံတွဲကိုအပြင်းချီပြီး ဦးရီးတော်ကိုအမိဖမ်းဖို့လုပ်ပါတယ်။ အခုလိုရခိုင်ဘုရင့် တပ်တွေသံတွဲကိုတိုက်တဲ့အခါ မင်းအောင်လှအပြင်းအထန်ခုခံပေမယ့် အင်အားအလွန်ကွာဟတဲ့အတွက် နောက်ဆုံးသံတွဲကနေဆုတ်ပြီး ဟံသာဝတီတပ်တွေစစ်ကူလာမယ့်လမ်းကို ပြေးပါတယ်။ 

အခုသံတွဲတိုက်ပွဲမှာရခိုင်ဘုရင်ကအနိုင်ရတဲ့အတွက် မင်းအောင်လှကိုလိုက်မဖမ်းတော့ဘဲ မြို့ကိုအခိုင်အမာတည်ကာ ဟံသာဝတီနဲ့တိုက်ဖို့ပြင်ဆင်ပါတယ်။ ဒီနေရာမှာ ရခိုင်ဟာ ပဒေသရာဇ်နိုင်ငံတွေအချင်းချင်းကာလကြာရှည်စွာတိုက်တဲ့စစ်ပွဲတွေမှာ ထဲထဲဝင်ဝင်မပတ်သတ်ဘဲ အချိန်အတော်ကြာစစ်အင်အားစုဆောင်းနေခဲ့တာဖြစ်တဲ့အတွက် ဟံသာဝတီအတွက်က ဘက်တူတဲ့ပြိုင်ဘက်ဖြစ်ပါတယ်

အခုလို သံတွဲမြို့စားတပ်ပျက်ပြီးထွက်ပြေးလာပြီဆိုတဲ့သတင်းရတဲ့အခါ တပင်ရွှေထီးက စစ်ကူသွားတဲ့တပ်မတွေကို မင်းအောင်လှကိုခေါ်ပြီး ဟံသာဝတီကိုပြန်ဆုတ်လာခဲ့ဖို့အမိန့်ပေးပါတယ်။ဟံသာဝတီ နန်းတွင်းကိုရောက်တဲ့အခါ မင်းအောင်လှက အခုလိုလျှောက်ပါတယ်။


သံတွဲမြို့စားရဲ့လျှောက်တင်ချက်အတိုင်း လက်ခံသဘောတူပြီးတဲ့အခါ တပင်ရွှေထီးက ကုန်းကြောင်းအတိုင်းတပ်တွေချီတက်မယ် ပြင်ဆင်ကြစေလို့မိန့်ပါတယ် ထိုအခါ စစ်ဦးစီးဖြစ်တဲ့ ဘုရင့်နောင်က ဘုန်းတော်ကြီးလှသောဘုရား ရခိုင်ကိုသိမ်းယူတော်မူရန် ကုန်လမ်းကချီမည့်အရေးမှာ လွယ်ကူလှသည်မဟုတ်ပါ တောတောင်အထပ်ထပ်ကာဆီးနေတဲ့အပြင် ရခိုင်ရေတပ်ဟာ အင်အားများပြားကြောင်းထောက်လှမ်းရရှိတဲ့အတွက် ကုန်းတပ်တွေချည်းချီတက်တဲ့အခါ အလွယ်တကူ စစ်ကစားနိုင်ဖို့ခဲယင်းကြောင်းပါ၊ ကုန်းတပ်ရေတပ်အခိုင်အမာပြင်ဆင်စုဖွဲ့ပြီးမှသာ နှစ်ဘက်ညှပ်တိုက်သင့်ကြောင်းပါဘုရား လို့လျှောက်ပါတယ်။

တပင်ရွှေထီးအနေနဲ့ ဘုရင့်နောင်ရဲ့လျှောက်တင်ချက်ဟာ အကျိုးအကြောင်းခိုင်လုံတဲ့အတွက် အာဏာကုန်ပေးပြီး တပ်တွေစုဖွဲ့စေပါတယ်။ စစ်ပွဲအတွက် လိုအပ်တဲ့စားနပ်ရိက္ခာ လူသူလက်နက်အသင့်ဖြစ်တဲ့အချိန် သက္ကရာဇ် ၉၀၈ခု တန်ဆောင်မုန်းလဆန်း၄ရက် တနင်္လာနေ့မှာ ဟံသာဝတီတပ်တွေစစ်ချီလာပါပြီ

ရေကြောင်းကချီတက်လာမယ့်ဟံသာဝတီဘုရင့်တော်ဝင်ရေတပ်ကို တပင်ရွှေထီးကိုယ်တိုင်ဦးဆောင်ပြီး တပ်မကြီး ၁၅ခုနဲ့ဖွဲ့စည်းထားပါတယ်။ စစ်အင်အားကိုကြည့်မယ်ဆိုရင် တိုက်လှေကြီး ၇၀၀ လှော်ကားသံလှေ၅၀၀ ရိက္ခာတင်လှေ ၅၀၀ နဲ့ရေတပ်သားပေါင်း ၃၅၀,၀၀၀ ပါဝင်ပါတယ်။

ကုန်းကြောင်းကချီတပ်လာတပ်ဖွဲ့တွေကို ဘုရင်နောင်ကိုယ်တိုင်ဦးစီးပြီး တပ်မပေါင်း၂၀ နဲ့ဖွဲ့စည်းထားပါတယ်။ စစ်အင်အားကိုကြည့်မယ်ဆိုရင် ကုန်းတပ်မှာ တိုက်ဆင် ၆၀၀ စစ်မြင်း ၂၀၀၀နဲ့စစ်သူရဲ ၄၀၀၀၀ပါဝင်ပါတယ်။

အခုလိုဘုရင်တပ်တွေစစ်တိုက်ထွက်နေချိန်မှာ ဟံသာဝတီနန်းတော်မှာ အမတ်ကြီးဘယဂါမဏိနဲ့ ဗညားအိန်တို့က မြို့စောင့်ကျန်ခဲ့မှာဖြစ်ပါတယ်

ဒီနေရာမှာပြောစရာရှိတာက အခုလိုစစ်အင်အားအများအပြားသုံးစွဲတဲ့စစ်ပွဲတွေမှာ မမျှော်လင့်ထားတဲ့အခြေအနေတွေအတွက် ဘယ်လောက်ပြင်ဆင်သလဲဆိုတာက ကောင်းမွန်တဲ့ရလဒ်တစ်ခုကို ဆွဲခေါ်သွားနိုင်စွမ်းရှိနေပါတယ်။ ဟံသာဝတီ-ရခိုင်စစ်ပွဲမှာ ဟံသာဝတီဘက်က စစ်အင်း ၄သိန်းကျော်သုံးစွဲထားတာဟာ အများပြားဆုံးတပ်စုဖွဲ့မှု့ဖြစ်သလို တိုင်းပြည်ရဲ့စစ်အင်အားအကုန်လုံးကို ထည့်သုံးတာဖြစ်ပါတယ်။ ဒီအထဲကစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကတော့ အခုစစ်အင်အား၄သိန်းထဲမှာ ဘုရင်နောင် မင်းမိန့်နဲ့ဟံသာဝတီတစ်နိုင်ငံလုံးက လူသူလက်နက်အကုန်စုဆောင်းခဲ့ပေမယ့် နယ်စပ်တွေမှာချထားတဲ့အမြဲတမ်းတပ်တွေကို ဆင့်ခေါ်သုံးစွဲခြင်းမရှိပါဘူး

ဆိုတော့ တိုက်ပွဲဆီကိုသွားလိုက်ရအောင်ဗျာ

ဟံသာဝတီတပ်တွေကုန်းကြောင်းရေကြောင်းကချီတက်လာကြတယ်ဆိုပေမယ့် ရေကြောင်းကစစ်ချီလာတဲ့ တပင်ရွှေထီးရဲ့ဘုရင့်ရေတပ်က ခရီးပိုရောက်ပါတယ်။ အစကတည်းအပြတ်တိုက်ဖို့စီစဥ်ထားတဲ့ ရခိုင်ဘုရင်က မော်တင်စွန်းမှာစစ်ဦးကိုချိုးဖို့ ကုန်းတပ်ရေတပ်တွေနဲ့ ချုံးခိုပြီး ဟံသာဝတီတပ်တွေကိုစောင့်တိုက်မှာဖြစ်ပါတယ်။

ဟံသာဝတီရေတပ်မှာ ရေတပ်အုပ်စု၂ခုခွဲထားပြီး ရှေ့ပြေးရေတပ်ကို ပုသိမ်စားနဲ့ မြောင်းမြစားတို့ကဦးစီးပြီး နောက်က တပင်ရွှေထီးပါတဲ့စစ်လှေအုပ်စုဖြစ်ပါတယ်။ ဆိုတော့ ဒီနေရာမှာ မြောင်းမြမြိုစားကိုတော့ တရင်းတနှီးရှိမယ်လို့ယူဆပါတယ်။ ရှေ့ပြေးရေတပ်မှာပါတဲ့ မြောင်းမြမြို့စားဆိုတာက ဟံသာဝတီ-မုတ္တမစစ်ပွဲက စစ်သူရဲသမိန်ပရူပဲဖြစ်ပါတယ်။

ဟံသာဝတီတပ်တွေစစ်ခေါင်းတည်ထားတာကသံတွဲဖြစ်တဲ့အပြင် မော်တင်စွန်းဆိုတာက ဟံသာဝတီနယ်မြေတွေနဲ့ အလွန်နီးကပ်တဲ့နေရာဖြစ်တဲ့အတွက် ဘေးကင်းတဲ့လမ်းကြောင်းဖြစ်ပါတယ်။ ရှေ့ပြေးရေတပ်တွေ ပင်လယ်ပြင်ကိုဆိုက်ရောက်လာကြပြီး မော်တင်စွန်းနားရောက်တဲ့အခါ သမိန်ပရူကမသင်္ကာတဲ့အတွက် သံတွဲကိုအပြင်းမချီဘဲ ကမ်းခြေအတိုင်းတဖြည်းဖြည်းရွက်လွှင့်လာရာက ရန်သူစစ်သင်္ဘောအရိပ်အခြေကိုတွေ့ရတဲ့အတွက် ရွက်ကုန်လွှင့်ပြီး နောက်ကအတင်းလိုက်ပါတယ်။ အခု သမိန်ပရူနောက်ကအတင်းလိုက်တဲ့အချိန်မှာ ကမ်းခြေမှာစောင့်နေတဲ့ရခိုင်ကုန်းတပ်ကမလှုပ်ရှားဘဲ ငြိမ်နေပေါတ် ဟံသာဝတီရှေ့‌ပြေးရေတပ်ကျော်သွားပြီး နောက်ကလိုက်လာတဲ့ တပင်ရွှေထီးရဲ့ပင်မရေတပ်ကို ဖြတ်ဖို့လုပ်တဲ့အခါ ကုန်းပေါ််ကအမြောက်စိန်ပြောင်းတွေနဲ့ပစ်တဲ့အတွက် နှစ်ဘက်တပ်တွေအပြန်အလှန်ပစ်ခတ်ကြပါတယ်

ရှေ့ကအတင်းရွက်လွင့်လိုက်သွားတဲ့သမိန်ပရူရဲ့ရှေ့ပြေးတပ်ဟာ ရန်သူထောင်ချောက်ထဲလုံးလုံးဝင်သွားပြီး တပင်ရွှေထီးရဲ့ပင်မရေတပ်နဲ့ကပြတ်ထွက်သွားကာ အသင့်စောင့်နေတဲ့ရခိုင်ပင်မရေတပ်အုပ်စုနဲ့ ထိပ်တိုက်တွေ့ပါတယ်။ရေတပ်နှစ်ခုအပြင်းအထန်တိုက်ပွဲဖြစ်ပြီး နောက်ဆုံးဟံသာဝတီရှေ့‌ပြေးတပ်တစ်ခုလုံး ရေအလည်မှာပျက်စီးသွားပါတယ်။ ပင်မစစ်လှေအုပ်က တပင်ရွှေထီးအနေနဲ့ ကုန်းပေါ်ကတမင်အချိန်ဆွဲပစ်ခတ်နေမှန်းသိတဲ့အတွက် ရှေ့ကတပ်တွေကိုမှီဖို့ နောက်ကအတင်းလိုက်ပါတယ်။ သို့ပေမယ့် အခါနှောင်းသွားပြီး ဒီတိုက်ပွဲမှာ ရှေ့ပြေးရေတပ်ရဲ့စစ်ဦးစီး သမိန်ပရူနဲ့ပုသိမ်စားနှစ်ဦးလုံးတိုက်ပွဲကျပါတယ်။ ဟံသာဝတီရှေ့ပြေးတပ်ကိုတိုက်ခိုက်ဖျက်စီးပြီးတဲ့နောက် ရခိုင်ရေတပ်က တပင်ရွှေထီးရဲ့ပင်မစစ်လှေအုပ်စုကိုဆက်တိုက်ပါတယ်။ နှစ်ဘက်စစ်လှေတွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး ဟံသာဝတီဘက် အတင်းနင်းတိုက်တဲ့အတွက် ရခိုင်ရေတပ်ပျက်ပြီး သံတွဲကိုဆုတ်သွားပါတယ်။

အခုလို ဟံသာဝတီရှေ့ပြေးရေတပ်တစ်ခုလုံးကျသွားပြီးတဲ့နောက် တပင်ရွှေထီးတပ်တွေပြန်စုဖွဲ့ကာ ကုန်းကြောင်းကဘုရင့်နောင်ရဲ့တပ်တွေနဲ့ပေါင်းပြီး နှစ်ဘက်စစ်ချီဖို့ ပြင်ဆင်ပါတယ်

ကုန်းကြောင်းကစစ်ချီလာတဲ့ဘုရင့်နောင်တပ်တွေရောက်လာတဲ့အခါ သမိန်ပရူ ကျသွားကြောင်းသိသွားတဲ့အတွက် ချက်ချင်းလိုက်တိုက်ဖို့စိတ်ရှိပေမယ့် ရန်သူမြေအနေအထားအစိမ်းသပ်သပ်မှာ အတင်းတိုးရင်အရှုံးများမယ်လို့သတိကပ်တဲ့အတွက် တပင်ရွှေထီးဆီလျှောက်တင်ကာ မြေပြင်အခြေအနေတွေကိုထောက်လှမ်းဖို့ မြင်းစီးတပ်တွေစေလွှတ်ပါတယ်။

အခုလို တပင်ရွှေထီးနဲ့ဘုရင်နောင်စစ်ရေးဆွေးနွေးနေချိန်မှာ စစ်သူရဲတစ်ဦးက ဟံသာဝတီတပ်စခန်းကိုမြင်းနဲ့အတင်းနှင်လာပါတယ်၊ စစ်သူရဲရောက်‌ရောက်ချင်းတပင်ရွှေထီးဆီချက်ချင်းအခစားဝင်ကာ စာချွန်လွှာဆက်သပါတယ်။ စာမှာရေးထားတဲ့အကြောင်းအရာက အယုဒ္ဓယတပ်တွေ နယ်စပ်မှာ အင်အားအလုံးအရင်းနဲ့စုဖွဲ့နေကြသည် မကြာခင်အတိုက်ခံရတော့မယ်လို့ပါရှိပါတယ်။

အယုဒ္ဓယဘုရင် -ဗြသာဓိရာဇာ-မဟာချက္ကရဖက်ဟာ ဟံသာဝတီကိုတိုက်ဖို့တစ်ချိန်လုံးပြင်ဆင်နေခဲ့တာဖြစ်ပြီး ဟံသာဝတီ-အင်းဝစစ်ပွဲအပြီး တပင်ရွှေထီးတို့စစ်အင်အားချိနဲ့နေချိန်မှာ တိုက်ဖို့ရည်ရွယ်ထားပေမယ့် ဘုရင့်နောင်ကစစ်ပွဲကို အမြန်ဖြတ်လိုက်တဲ့အတွက် နောက်တစ်ကြိမ်အခွင့်အခါပေးမယ့်အချိန်ကိုစောင့်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ ရခိုင်ကိုစစ်ချီဖို့ လျှာမဲဘုရင်ရဲမက်တွေအများအပြားစုစည်းနေတယ်ဆိုတာကို သူလျိုပေးပို့တဲ့အတွက် အခုလို ဟံသာဝတီတပ်အင်အားအကုန်ရခိုင်ရောက်နေချိန်မှာ အချိန်ကိုက်ဝင်တိုက်မှာဖြစ်ပါတယ်၊

ဆိုတော့ စစ်ပွဲကြီးနှစ်ခုကတော့ အရှေ့အနောက်ဝိုင်းနေပါပြီ

တပင်ရွှေထီးဘာဆက်လုပ်မှာပါလဲ

နောက်အပိုင်းမှာပြန်တွေ့ကြပါမယ်ခင်ဗျာ

 ကြည့်ရှု့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်

YHNL


ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.

Previous Post Next Post