အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

ခုံမှိုင်းငယ်ဦးစီးတဲ့အင်းဝတပ်တွေ ပြည်ကိုအင်အားအများအပြားနဲ့ချီတက်လုပ်ကြံခဲ့ပေမယ့် အခြေအနေမလှဘဲဆုတ်ခွာထွက်ပြေးလာရပါပြီ။ သို့ပေမယ့်ဒီစစ်ပွဲမှာ ဟံသာဝတီတပ်တွေအတွက် အင်းဝဟာ သိုဟန်ဘွားလက်ထက်ကလိုမဟုတ်ဘဲ တောင့်တင်းအားကောင်းတဲ့တပ်မကြီးအတွေအဖြစ် ရင်ဆိုင်လာရသလို လက်ရုံးအစွမ်းသာလွန်တဲ့ စစ်သူရဲတွေအများအပြားပေါ်ထွက်လာတာကို မဖြစ်မနေလက်ခံရတော့မှာြဖစ်ပါတယ်။ ဒီအထဲကမှအကျော်အမော်ဖြစ်တဲ့ စလင်းစည်သူကျော်ထင်ဟာ ဟံသာဝတီအတွက် ခြိမ်းခြောက်မှု့တစ်ခုဖြစ်လာခဲ့တဲ့အတွက် ဘုရင့်နောင်အနေနဲ့ ဒီထက်အင်အားမကြီးထွားစေဖို့ ရန်သူ့ခြေကုပ်န်မြေကိုတစ်ခါတည်းအပြတ်ရှင်းတော့မှာဖြစ်ပါတယ်။

ဒါကြောင့် ဟံသဝတီတပ်တွေစစ်ရေးအရအရေးပါတဲ့နေရာဖြစ်သလို ထောက်ပံရေးလမ်းကြောင်းမှာအခိုင်အမာရပ်တည်နေတဲ့ စလင်းမြို့ကိုအရသိမ်းဖို့ ပြင်ဆင်ကြပါတယ်။ 

ဆိုတော့ စလင်းမှာ ဘယ်သူရှိနေပါသလဲ ။ 

စလင်းစည်သူကျော်ထင်အင်းဝကိုထွက်ပြေးသွားတဲ့အချိန်မှာ သူ့သားဖြစ်တဲ့ မင်းကြီးရဲတိုင်က မြို့ကိုစီမံကွပ်ကဲနေပါတယ်။ ရဲမက်အင်အားနည်းပါးတယ်ဆိုပေမယ့် မင်းကြီးရဲတိုင် မိမိထက်အင်အားအဆမတန်သာလွန်တဲ့ဟံသာဝတီတပ်ကို အညံမခံဘဲရင်ဆိုင်သွားဖို့ရှိနေပါတယ်။ 

အင်းဝနန်းတော်မှာရှိနေတဲ့ စလင်းစည်သူကျော်ထင်အနေနဲ့ သူ့အပိုင်စားတဲ့နယ်မြေတွေက လူသူလက်နက်အင်အားအကုန်ဒီစစ်ပွဲမှာထည့်သုံးခဲ့ပြီးဖြစ်တဲ့အတွက် လက်ကျန်ရဲမက်အနည်းငယ်နဲ သူ့သားဟံသာဝတီရဲ့ထိုးစစ်ကိုမခုခံနိုင်မှာ အလွန်အမင်းစိုးရိမ်နေပါတယ်။ နောက်ပြီးသူ့သားဟာ အလွယ်တကူအညံခံမယ့်လူစားမဟုတ်တဲ့တာကို ကောင်းကောင်းကြီးသိတဲ့အတွက် အကယ်လို့ခံတိုက်ရာက အကြောင်းတစ်စုံတစ်ရာမညီညွတ်ခဲ့ရင် သူ့မိသားစုတစ်ခုလုံးဘေးသင့်မှာဖြစ်တဲ့အတွက် ခုံမှိုင်းငယ်ဆီ စစ်ကူ‌လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

အင်းဝဘုရင်ခုံမှိုင်းငယ်အနေနဲ့ပြည်စစ်ပွဲမှာရဲမက်အများအပြားဆုံးရှုံးသွားတဲ့အတွက် ဒီဘာမဟုတ်တဲ့စလင်းလိုနေရာကို စစ်ကူပေးဖို့ခွင့်ပြုပေးစရာအကြောင်းလုံးဝမရှိပါဘူး။ အခုအခြေအနေဟာ သူနန်းတည်တဲ့အင်းဝနေပြည်တော်ကိုလုံခြုံအောင်ပြင်ဆင်နေတဲ့ကာလဖြစ်ပြီး စစ်အင်အားအကုန်ကိုမြို့တော်ကာကွယ်ရေးမှာသာအသုံးပြုရမှာဖြစ်တဲ့အတွက် စလင်းစည်သူကျော်ထင်ရဲ့ လျှောက်တင်ချက်ဟာ အရေးမဟုတ်တာ အရာလုပ်နေတယ်လို့ယူဆပြီး လစ်လျူရှု့ထားပါတယ်။ စလင်းစည်သူကျော်ထင်အနေနဲ့ သူ့ဟာခုံမှိုင်းငယ်အတွက် ပြည်ကခွာစစ်မှာနောက်ချန်အသေခံကာကွယ်ပေးခဲ့ပေမယ့် သူ့မိသားစုရဲ့အသက်အန္တရယ် ကျရောက်မယ့်အရေးမှာတေ့ တပ်တွေစစ်ကူမပေးတဲ့အပြင် သူတစ်ယောက်တည်းသွားကူမှာကိုပါ ခွင့်မပြုတဲ့အတွက် ဘုရင်နဲ့ဆက်ဆံရေးက အက်ရာတွေပေးနေပါပြီ

အခြားတစ်ဘက်မှာ ရေကြောင်းကုန်းကြောင်းက အပြင်းချီတက်လာတဲ့ဟံသာဝတီတပ်တွေ စလင်းကိုဆိုက်ရောက်လာကြပါတယ် အခုလိုရန်သူနယ်မြေကို တပင်ရွှေထီးကိုယ်တိုင်ဦးဆောင်လာတာဟာ စလင်းကိုတိုက်ခိုက်ဖို့အပြင် စစ်ရေးအရအရေးပါတဲ့ အင်းဝနယ်မြေအချို့ကို တစ်ပါတည်းသိမ်းယူဖို့ရည်ရွယ်ထားပါတယ်။

တပင်ရွှေထီးအနေနဲ့ စစ်ဦးမှာရန်သူရဲ့ခံစစ်ကိုအပြတ်ရှင်းနိုင်မယ်ဆိုရင် ၄င်းနဲ့ထိစပ်တဲ့နယ်မြေတွေအပေါ်မှာပါ ကြီးမားတဲ့သက်ရောက်မှု့ရှိတဲ့အတွက် စလင်းကိုစံနမူနာအနေနဲ့အမြန်တိုက်မှာဖြစ်ပါတယ်။ စလင်းမှာရှိတဲ့မင်းကြီးရဲတိုင်ကလည်း ဘယ်လိုပဲဖြစ်ဖြစ်လက်နက်ချဖို့မရှိတဲ့အတွက် အသေခံတိုက်ဖို့ ဒီအတောအတွင်းစုဆောင်းရရှိတဲ့ ရဲမက်တွေနဲ့ အနီးဝင်ကျင်ကမြို့စားနယ်စားတွေဆီက စစ်ကူပေးပို့တဲ့တပ်တွေပေါင်းပြီး ခံစစ်ပြင်ထားပါတယ်။

ဆိုတော့တိုက်ပွဲဆီကိုသွားရအောင်ဗျာ

စစ်သည်ရဲမက်တွေအသင့်အနေအထားရောက်တာနဲ့ တပင်ရွှေထီး ဟံသာဝတီတပ်တွေကို တိုက်ဖို့ အမိန့်ပေးပါပြီ ။ ပြည်စစ်ပွဲမှာအနိုင်ရတဲ့ဟံသာဝတီတပ်မှူးတွေအနေနဲ့ စလင်းဆိုတာက ဘာမှမဟုတ်တဲ့ခံတပ်မြို့သာဖြစ်တဲ့အတွက် ဘုရင့်ရှေ့မှာလက်စွမ်းပြပြီး အောင်တံခွန်လွှင့်ထူနိုင်ဖို့ သူ့ထက်ငါရှေ့ထွက်တိုက်ကြပါတယ်။ 

သို့ပေမယ့်သူ့တို့တွက်ဆထားသလိုခံစစ်ကမပျော့တဲ့အတွက် ဟံသာဝတီတပ်မှူးတွေအခက်တွေ့လာကြပါပြီ။ စလင်းဘက်ကမင်းကြီးရဲတိုင်အနေနဲ့ သူ့ဖခင်ရဲ့ဂုဏ်သိက္ခာမထိပါးစေဖို့ ရွံရွံ့ချွန်ချွန်ခုခံတဲ့အတွက် တိုက်ပွဲဟာ အလွန်ပြင်းထန်ပြီး ဟံသာဝတီတပ်တွေ အကျအဆုံးများပြားကာ နောက်ဆုံးဆုတ်ခွာသွားကြပါတယ်၊

သူ့ရှေ့မှာအလုအယက်စစ်ဦးမှာထွက်တိုက်ခွင့်ရဖို့လာလျှောက်ကြတဲ့ တပ်မှူးတွေမျက်နှာအသာမယာနဲ့ ပြန်ရောက်လာတာမြင်ရတဲ့အတွက် တပင်ရွှေထီးအကြီးအကျယ်အမျက်ဒေါသထွက်နေပါတယ်။ အခုလိုမှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့အပြင် စလင်းမှာထိုးစစ်ကြံကြာနေမယ်ဆိုရင် အင်းဝတပ်တွေစစ်အင်အားစုဆောင်းဖို့ အချိန်ပေးလိုက်သလိုဖြစ်သွားမယ့်စိုးတဲ့အတွက် ဒီတာဝန်ဟာ ဘုရင့်နောင်ဆီဆိုက်ဆိုက်ကြီးရောက်သွားပါပြီ။

 စလင်းဘက်ကမင်းကြီးရဲတိုင်ဟာ လက်ရုံးရည်ထက်မြက်တယ်ဆိုပေမယ့် ဘုရင့်နောင်နဲ့ယှဥ်ရင်စစ်တိုက်တဲ့နေရာမှာ ဝါနုတယ်လို့ဆိုရမှာ။ ဘုရင့်အမိန့်ရပြီဖြစ်တဲ့အတွက် ဘုရင့်နောင်ချက်ချင်းပဲ သူ့ရှေ့‌ပြေးတပ်တွေကို စစ်ဦးမှာနေရာယူစေပြီး ထိုးစစ်စဖို့ပြင်ဆင်ပါတယ်။ စစ်စည်စစ်မောင်းတွေတီးကာ တပ်တွေကိုစိတ်ဓါတ်တက်ကြွအောင်လုပ်ပြီးတဲ့နောက် ညာသံပေးပြီး ဘုရင့်နောင်ကိုယ်တိုင်ရှေ့ဆုံးကထွက်တိုက်ပါတယ်။

စလင်းမှာရှိတဲ့အင်းဝတပ်တွေအတွက် ဘုရင်နောင်ဆိုတာက သူတို့မကြားချင်ဆုံးအသံဖြစ်ပါတယ်။ ရှေ့စစ်ပွဲတွေမှာ သူ့ရှင်တကာရွတ်ပိ သိုဟန်ဘွားနဲ့ ပြည်ဘုရင်တွေတောင် ဘုရင့်နောင်ဦးစီးတဲ့ရှေ့ပြေးတပ်တွေ ဘီလူးသဘက်စီးသလိုအတင်းဝင်တိုက်တဲ့အတွက် တပ်ပျက်ပြီးစစ်ရှုံးရတယ်ဆိုတာ အင်းဝတပ်တွေ နားရည်ဝနေပြီးသားပါးစပ်ပုံပြင်တွေဖြစ်ပါတယ်။ အခုလိုရဲမက်တွေ ကြောက်ရွံနေထိပ်လန့်နေတာကိုသိတဲ့အတွက် မင်းကြီးရဲတိုင်အလျင်အမြန်ကုစားဖို့ကြိုးစားပေမယ့် အသက်မပါတဲ့အလား ညာသံပေးတက်ခုတ်နေတဲ့ဟံသာဝတီရှေ့ပြေးတပ်တွေအောက်မှာ ရဲမက်တွေအကျအဆုံးများပြားပြီး နောက်ဆုံးဟံသာဝတီတပ်တွေ မြို့တံခါးကိုထိုးဖောက်ကာ စလင်းမြို့ထဲကိုဝင်ရောက်လာကြပါတယ်။

မြို့တွင်းမှာနှစ်ဘက်တပ်တွေလုံးထွေးသက်ပုတ်ကြတဲ့အခါ မင်းကြီးရဲတိုင် အပြင်းအထန်ခုခံတိုက်ခိုက်ပြီး နောက်ဆုံး တိုက်ပွဲမှာကျဆုံးသွားပါတယ်။ ဒီလိုနဲ့စလင်း ဟံသာဝတီတပ်တွေသိမ်းမိသွားတဲ့အခါ စလင်းစည်သူကျော်ထင်ရဲ့မိဖုရား နရပတိမယ်တော်ကို ရှေ့ပြေးတပ်တွေ တပင်ရွှေထီးဆီဆက်သပါတယ်။  တပင်‌ရွှေထီးဟာ နရပတိမယ်တော်ကို ဟံသာဝတီကိုပို့ဆောင်ပြီးလစ်လပ်သွားတဲ့စလင်းမြို့စားနေရာမှာ အထိန်းတော်ကြီးစည်သူကျော်ထင်(ရှင်သီဟ)ကိုပေးသနားတော်မူပါတယ်။ ဘာကြောင့်ဘွဲ့နာမည်တူတဲ့ တောင်ငူစည်သူကျော်ထင်ကိုစလင်းမြို့ပေးသလဲဆိုတာကို လယ်တီပဏ္ဍိတဦးမောင်ကြီးက အခုလိုဖော်ပြထားတာ တွေ့ရပါတယ်။

ဟံသာဝတီတပ်တွေ စလင်းကိုသိမ်းပြီးတာနဲ့ တပင်ရွှေထီးသူ့တပ်တွေကို ပုဂံကိုချီစေပါတယ်။ မြစ်ကြောင်းတစ်လျှောက်တပ်တွေကိုဖြန့်ကျက်ပြီး လက်အောက်ခံခိုဝင်စေတဲ့အတွက် အင်းဝနယ်မြေအစိတ်အပိုင်းအတော်များများဟာ ဟံသာဝတီအောက်ကိုကျရောက်သွားပါတယ်။ အခုလိုစစ်ချီတဲ့ ‌နေရာမှာ အထွေအထူးတိုက်ခိုက်သိမ်းယူရတာမျိုးမဟုတ်ဘဲ အသာတကြည်အညံခံကြတာဖြစ်ပြီး မြို့စားနယ်စားတွေကို လက်ရှိအပိုင်စားရတဲ့နယ်မြေတွေအတိုင်း တပင်ရွှေထီး ကဆက်လက်မြှင့်မြှောက်စားပါတယ်။ အဲဒိအထဲက အရေးပါတဲ့နယ်မြေဖြစ်တဲ့ ပုဂံကိုတပင်ရွှေထီးက သူ့ကျွန်တော်ရင်းစုက္ကတေးကို အပိုင်စားစေပြီး စစ်သည်ရဲမက်ဗိုလ်ပါအစုံအလင်နဲ့ ရှေ့တန်းခံတပ်မြို့အဖြစ်အခိုင်အမာတပ်တည်ကာ သက္ကရာဇ်၉၀၆ခု ဝါခေါင်လမှာ ဟံသာတီမင်းနေပြည်တော်ဆီ တပ်တွေပြန်ဆုတ်ခဲ့ပါတယ်

ဒီနေရာမှာ သမိုင်းကိုတစ်ဆက်တည်းသိစေလိုတဲ့အတွက် စစ်ဘုရင်တွေအကြောင်းကို တစ်စခန်းရပ်ပြီး စလင်းစည်သူကျော်ထင်အကြောင်းကိုသာ ဖော်ပြသွားမှာဖြစ်ပါတယ်။

ဟံသာဝတီတပ်တွေစလင်းကိုသိမ်းပိုက်ပြီး တောင်ငူစည်သူကျော်ထင်ကိုအုပ်ချုပ်စေတယ်ဆိုပေမယ့် စလင်းသားအများစုက သူတို့ရဲ့သခင်အဟောင်းအပေါ်ကိုသာသစ္စာရှိနေတုန်းဖြစ်ပါတယ်။ ဆိုတော့စလင်းစည်သူကျော်ထင်ကရောဘယ်လိုအခြေအနေရှိနေပါသလဲ အင်းဝနန်းတော်မှာခုံမှိုင်းငယ်ရဲ့အမိန့်အတိုင်း ရှိနေပေမယ့် အက်ကြောင်းထနေတဲ့ကွဲရာတစ်ခုကတော့ အရာပေးနေပါပြီ။

 ခုံမှိုင်းငယ်အနေနဲ့ အင်းဝမှာပြည်သူပြည်သားတွေရဲ့ထောက်ခံမှု့ကိုရရှိပြီး  ပြည်ကိုစစ်ထိုးခဲ့ပေမယ့် စစ်ရှံးသွားတဲ့အခါမှာတော့ သူ့အမိန့်အာဏာဟာ ထင်သလောက်တည်မြဲခြင်းမရှိတော့ပါဘူး။ အခုစစ်ပွဲမှာ သူပိုင်ဆိုင်ထားတဲ့နယ်မြေတွေကိုဆုံးရှုံးပြီး ခံစစ်ကိုအသားပေးတည်ဆောက်နေချိန်မှာ အင်းဝလက်နက်ကိုင်တပ်ဖွဲ့အချို့ တိတ်တဆိတ်စုဝေးနေကြပါပြီ။ ခုံမှိုင်းငယ်အတွက်အသက်ပေးတိုက်ပွဲဝင်ခဲ့ကြပေမယ့် စစ်အပြီးမှာမိမိတို့အပိုင်စားတဲ့နယ်မြေတွေကိုဆုံးရှုံးခဲ့သလို ဘုရင့်ရဲ့ပစ်ပယ်ခြင်းကိုခံရတဲ့တပ်မှူးတွေပါဝင်ကြ ပြီး ဒီတပ်ဖွဲ့တွေကိုစလင်းစည်သူကျော်ထင်ကခေါင်းဆောင်ပါတယ်

ဆိုတော့ဒီလူတွေကဘာလုပ်ကြမှာပါလဲ 

ခုံမှိုင်းငယ်အပေါ်ယုံကြည်မှု့ပျက်ယွင်းလာကြတဲ့ ဒီတပ်မှူးအများစုဟာထီးနန်းကို သွေးသစ်လောင်းဖို့ဆန္ဒရှိနေနေပေမယ့် ခုံမှိုင်းငယ်ဆိုတာက အင်းဝသားတွေရဲ့လူထုခေါင်းဆောင်ဖြစ်တဲ့ မင်းကြီးရန်နောင်ကိုယ်တိုင်ထီးနန်းပေးအပ်ခဲ့တဲ့သူဖြစ်နေတဲ့အတွက် လုပ်ကြံမှာတော့မဟုတ်ပါဘူး ထို့အတူ ခုံမှိုင်းငယ်လက်အောက်မှာ တာဝန်ဆက်ထမ်းဆောင်ဖို့ကလည်း စိတ်ဆန္ဒမရှိကြတော့တဲ့အတွက် စလင်းစည်သူကျော်ထင် သူနဲ့သဘောထားတူညီတဲ့တပ်မှူးတွေစုစည်းပြီ နိုင်ငံအသစ်တည်ထောင်တော့မှာဖြစ်ပါတယ်။

ခုံမှိုင်းငယ်ကိုအလိုမကျပေမယ့် တပ်မှူးအများစုက အင်းဝအပေါ် သစ္စာရှိနေဆဲဖြစ်အတွက် နိုင်ငံအသစ်ထူထောင်ပြီးချိန်မှာလဲ အင်းဝရဲ့ရန်သူဖြစ်တဲ့ တပင်ရွှေထီးရဲ့ဟံသာဝတီတပ်တွေအပေါ်ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်ယခင်ကအင်းဝအလံအောက်မှာတည်ရှိခဲ့ပေမယ့် ဟံသာဝတီ‌လက်အောက်ကျရောက်သွားတဲ့ စလင်းကိုပြန်လည်တိုက်ယူပြီး လူသူလက်နက်အင်အားစုဆောင်းမှာဖြစ်ပါတယ်

အခြားတစ်ဘက်မှ ဟံသာဝတီအကြီးအကဲတောင်ငူစည်သူကျော်ထင်ရဲ့အုပ်ချုပ်မှု့ကိုမလိုလားတဲ့ စလင်းသားအများစု တိတ်တဆိတ်စုဝေးကြပြီး စလင်းစည်သူကျော်ထင်ရဲ့တပ်တွေနဲ့ပေါင်းကာ မြို့ကိုပြန်သိမ်းဖို့ပြင်ဆင်နေကြပါတယ် ။

အင်းဝကတိတ်တဆိတ်ထွက်ခွာလာကြတဲ့ စလင်းစည်သူကျော်ထင်တပ်တွေ စလင်းမြို့နားမှာချုံခိုအသင့်နေရာယူပြီးတဲ့အခါ မြို့တွင်းမှာရှိတဲ့စလင်းသားတွေထကြွပုန်ကန်ကြပါတယ်၊ မြို့တွင်းကိုနှိမ်နင်းဖို့မြို့စောင့်တပ်တွေထွက်ခွာသွားတဲ့အခါ စလင်းစည်သူကျော်ထင်က မြို့ရိုးကိုဝင်တိုက်ပါတယ်။ အခုလိုအတွင်းအပြင်ညှပ်တိုက်ခံရတဲ့အတွက် ဟံသာဝတီတပ်တွေအကျအဆုံးများပြားပြီး စလင်းကိုဆုံးရှံးသွားပါတယ်။ အခုပုန်ကန်မှု့မှာ ဟံသာဝတီတပ်တွေကို အလစ်အငိုက်ဖမ်းနိုင်ခဲ့ပေမယ့် အကြီးအကဲဖြစ်တဲ့တောင်ငူစည်သူကျော်ထင်ကိုတော မဖမ်မိခဲ့ပါဘူး။ 

တောင်ငူစည်သူကျော်ထင် စလင်းကနေထွက်ပြေးပြီး တောင်ငူရောက်တဲ့အခါ ဟံသာဝတီနန်းတော်ဆီဆက်သားလွှတ်ကာ ချက်ချင်းသတင်းပေးပို့ပါတယ် တပင်ရွှေထီးအနေနဲ့ ဒီအရေးဟာ မြို့စားပုန်ကန်မှု့သာဖြစ်တဲ့အတွက် ဘုရင့်တပ်မကြီးချီတက်လာဖို့မလိုဘဲ လက်အေက်ခံတပ်မကြီး၄ခုနဲ့စလင်းကို ချက်ချင်းပြန်တိုက်ယူဖို့ စေလွှတ်လိုက်ပါတယ်။ ဒီတပ်မကြီး၄ခုမှာ တိုက်ဆင် ၁၀၀ စစ်မြင်း ၈၀၀၀ နဲ့ စစ်သူရဲ၅၀၀၀၀ပါဝင်ပြီး တောင်ငူဘုရင်ခံမင်းရဲသီဟသူ ပြည်ဘုရင်ခံသတိုးဓမ္မရာဇာ  တောင်ငူစည်သူကျော်ထင် နဲ့ မြေထဲမြို့စား(အောင်လံ) တို့ကဦးစီးပါတယ်။ သို့ပေမယ့် တောင်ငူစည်သူကျော်ထင် တောင်ငူဘုရင်ခံ နဲ့ ပြည်ဘုရင်ခံတို့သုံးဦးက လူရင်းဘုရင့်အထိန်းတော်ကြီးတွေဖြစ်ကြတဲ့အတွက် ဒီအရေးမှာ တောင်ငူစည်သူကျော်ထင်ကသာ တပ်အားလုံးကို ဦးစီးမှာဖြစ်ပါတယ်။

ဆိုတော့ တိုက်ပွဲဆီကိုသွားလိုက်ရအောင်ဗျာ

ဟံသာဝတီတပ်တွေချီတက်လာပြီလို့သတင်းရတဲ့အခါ စလင်းစည်သူကျော်ထင်က မြို့ထဲကအပြင်ကိုထွက်လာပြီးဆီးတိုက်ပါတယ်။ ဒီတိုက်ပွဲမှာ စလင်းစည်သူကျော်ထင်က ချစ်မြတ်ကဲဆိုတဲ့တိုက်ဆင်ကိုစီးပြီး မြင်းသုံးရားစစ်သူရဲ ၃၀၀၀နဲ့ဟံသာဝတီတပ်တွေကို စတိုက်ပါတယ်။ ဟံသာဝတီဘက်ကစစ်ဦးစီးတောင်ငူစည်သူကျော်ထင်က ပေါက်ကျော်ဇေယျလို့အမည်ရှိတဲ့တိုက်ဆင်ကိုစီးပြီး တိုက်ပွဲဝင်ပါတယ်။ အခုလိုဟံသာဝတီနဲ့စလင်းတပ်တွေ ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါ အပြင်းအထန်တိုက်ခိုက်နေကြပေမယ့် နှစ်ဘက်တပ်တွေ တိုက်ပွဲအလယ်ကိုသာစိတ်ဝင်တစားရှိနေကြပါတယ်။ 

အကြောင်းကတော့ ‌တောင်ငူစည်သူကျော်ထင် နဲ့ စလင်းစည်သူကျော်ထင် ဆင်နှစ်စီးစီးချင်းထိုးနေလို့ဖြစ်ပါတယ်.။ ဒီစီးချင်းထိုးပွဲမှာ တောင်ငူကျော်ထင်က သူအပိုင်စားတဲ့မြို့ကိုအလစ်မှာဝင်တိုက်ရကောင်းလားလို့ အမျက်ထွက်ကာ ဒေါသတကြီးနဲ့ စလင်းကျော်ထင်ကိုအတင်းဝင်တိုက်ပါတယ်။ အခုလိုအတင်းဝင်တိုက်နေပေမယ့် စလင်းကျော်ထင်ကတေ့အသာအယာရှောင်တိမ်းပြီး ဟာကွက်ကိုသာ ရှာနေပါတယ်။ တောင်ငူကျော်ထင်ကအတင်းမဲပြီးတိုက်လေ တစ်ဘက်ကရှောင်လေဖြစ်လာတဲ့အခါ ဆင်ဦးကင်းကနေရှေ့ကိုင်းပြီး လှံရှည်နဲ့ထိုးပါတယ် သို့ပေမယ့် သူထိုးတဲ့လှံကမထိဘဲ စလင်းကျော်ထင်ငဲ့ပြီးထိုးတဲ့လှံချက်က ချပ်ဝတ်တန်ဆာတွေကိုဖောက်ပြီး ချက်ကောင်းကိုထိသွားပါတယ်။ အခုလိုတောင်ငူကျော်ထင်ချက်ကောင်းထိသလို သူစီးတဲ့ပေါက်ကျော်ဇေယျဟာလည်း ရန်သူလှံချက် ၃၆ချက်အထိုးခံရကာ တစ်ဆက်ဆက်တုန်လာတဲ့အတွက် နောက်ဆုံးကိုယ်လွတ်ထွက်ပြေးပါတယ်။

အခုစီးချင်းထိုးပွဲမှာ စလင်းစည်သူကျော်ထင်ကအနိုင်ရတဲ့အတွက် မြို့တွင်းကိုပြန်ကာ ခြိမ့်ခြိမ့်သဲအောင်ပွဲခံပါတယ်။ အခြားတစ်ဘက်မှာ ဟံသာဝတီတပ်တွေကတေ့တိုက်ပွဲကဆုတ်ခွာကြပြီး ဆီးအုပ်အရပ်မှာတပ်စခန်းချနေပါတယ်။ ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်အနေနဲ့ စလင်းစည်သူကျော်ထင်က တိုက်ပွဲဖြစ်တဲ့နေ့မှာ ညတွင်းချင်း ဟံသာဝတီတပ်တွေတပ်စခန်းချတဲ့ဆီးအုပ်အရပ် မလှမ်းမကမ်းနေရာကိုလာပြီး ဟဲ့တောင်ငူသား သွေးနည်းရကလား ယှဥ်ရဲရင်မနက်စီးချင်းထိုးမယ်လို့အော်ပါတယ်။

ထိုအခါ ဒဏ်ရာနဲ့လှဲနေတဲ့တောင်ငူစည်သူကျော်ထင်က ချက်ချင်းထပြီး အပြင်ထွက်ကာ အသင့်သာပြင်ထား ငါမနက်လာမယ်လို ပြန်အော်ပါတယ်။ ဆိုတော့ ဒီတိုက်ပွဲကနှစ်ဘက်တပ်တွေတိုက်ပွဲဖြစ်ထက် စစ်ဦးစီးနှစ်ယောက်ရဲ့စီးချင်းထိုးပွဲ ဆီကိုဦးတည်လာခဲ့ပါပြီ။

စီချင်းထိုးဖို့အတွက် ဟံသာဝတီနဲ့စလင်းနှစ်ဘက်စလုံးက လှံရှည်ကိုင်စစ်သူရဲ ၃၀၀နဲ့ မြင်းစီးစစ်သူရဲ၃၀၀ ရွေးထုတ်ထားကြပြီး တောင်ငူစည်သူကျော်ထင်က သူ့ဆင်ဖြစ်တဲ့ပေါက်ကျော်ဇေယျနေရာမှာ ဓနုဖြူမြို့စားရဲ့တိုက်ဆင်ကိုစီးပြီး စလင်းစည်သူကျော်ထင်က ပထမပွဲမှာသုံးခဲ့တဲ့ချစ်မြတ်ကဲကိုသာအသုံးပြုမှာဖြစ်ပါတယ် ဒီနေရာမှာ ဓနုဖြူမြို့စားရဲ့တိုက်ဆင်အကြောင်းကိုပြောဖို့လိုအပ်လာပါပြီ။ ဆင်ကအလုံးအထည်အားဖြင့် ချစ်မြတ်ကဲထက်ပိုကြီးသလို အစွယ်အားကောင်းတဲ့တိုက်ဆင်ကြီးဖြစ်ပါတယ်။ စလင်းကိုစစ်ချီလာလို့ဆင်ကခရီ/ပမ်းထားပေမယ့် ရှေ့ပွဲမှာတိုက်ပွဲမဝင်ရသေးတဲ့ဆင်ဖြစ်တဲ့အတွက် အနည်းငယ်အနားရထားတဲ့ဆင်ဖြစ်ပါတယ်။ ဒါဆို စလင်းစည်သူကျော်ထင်က ဘာလို့ချစ်မြတ်ကဲကိုပဲထပ်သုံးတာပါလဲ

စစ်ပွဲတွေမှာသုံးတဲ့တိုက်ဆင်ဆိုတာမျိုးဟာ တိုက်ပွဲနဲ့ကျင့်သားရအောင်အထူးလေ့ကျင့်ထားရတာဖြစ်အပြင် ဒီဆင်ကိုစီးမယ့် စစ်သူရဲကလည်း ဆင်ရဲ့အထာကိုသိပြီး ကျွမ်းကျွမ်းကျင်ကျင်ကိုင်နိုင်မှသာ တိုက်ပွဲမှာအသုံးတည့်တာဖြစ်ပါတယ်။ ဒါကြောင့် စလင်းစည်သူကျော်ထင်က သူနဲ့ကျင့်သားရပြီးသား ချစ်မြတ်ကဲကိုသာ ဒုတိယပွဲမှာဆက်အသုံးပြုတာဖြစ်တယ်လို့ ယူဆလို့ရပါတယ်။

ဆိုတော့စီးချင်းထိုးပွဲကိုသွားလိုက်ရအောင်ဗျာ

နှစ်ဘက်တပ်တွေအသင့်နေရာယူပြီးတဲ့အခါ ဟံသာဝတီဘက်က တောင်ငူစည်သူကျော်ထင် နဲ့စီးချင်းထိုးမယ့်လှံကိုင်စစ်သူရဲ ၃၀၀ မြင်းစီးစစ်သူရဲ၃၀၀ ရှေ့ထွက်လာသလို စလင်းဘက်ကလည်း ထိုနည်းအတိုင်းအရှေ့ကိုထွက်လာကြပါတယ်။

နှစ်ဘက်တပ်တွေ စစ်စည်စစ်မောင်းတွေအပြိုင်အဆိုင်တီးပြီးတဲ့နောက် တောင်ငူစည်သူကျော်ထင်က ညာသံပေးပြီး ဆင်နဲ့အတင်းချွန်းဖွင့်တိုက်ပါတယ်။ လှံကိုင်စစ်သူရဲတွေအပြန်အလှန်အဝေကပစ်ကြတဲ့အခါ စလင်းစည်သူကျော်ထင်ရဲ့စစ်လက်ရုံးဖြစ်တဲ့တပ်မှူးရှင်မျောက်ကျော်က လှံချက်မိပြီး ပွဲစစချင်း အသက်ထွက်သွားပါတယ်။



စလင်းစည်သူ‌ကျော်ထင်လည်း သူ့တပ်မှူးကျသွာတဲ့အတွက် ဒေါသတကြီးတောင်ငူစည်သူကျော်ထင်ကို ဆင်နဲ့အတင်းဝင်းလုံးပါတယ်။ အခုလိုစီးချင်းထိုးနေတဲ့အချိန် ဘေးပတ်လည်မှာ လှံကိုင်ရဲမက် မြင်းစီးရဲမက်တွေ အပြင်းအထန်တိုက်ပွဲဖြစ်နေပါတယ်။ နှစ်ဘက်တပ်တွေထိုးခုတ်နေတဲ့အချိန် ဟံသာဝတီမြင်းတပ်က သိသိသာသားကြီး ရန်သူ့လှံကိုင်စစ်သူရဲတွေကြားကို အတင်းဝင်တိုက်ပြီး စလင်းတပ်တွေရဲ့လှံဗျူဟာပုံစံကိုဖျက်ပါတယ်။

အခုလိုဟံသာဝတီမြင်းတပ်ကအတင်းဝင်တိုက်တဲ့အတွက် စလင်းလှံတပ်မြင်းတပ်တွေပုံစံပျက်ပြီး ကစဥ့်ကလျားဖြစ်နေသလို စလင်းစည်သူကျော်ထင်လည်းကောင်းကောင်းကြီးအခက်ကြုံနေပါတယ်။ အကြောင်းကတေ့စပွဲအစမှာ ရန်သူကိုအမျက်ထွက်အောင်လုပ်ပြီ အချိန်တိုအတွင်း ချက်ကောင်းကိုလုပ်ကြံဖို့ပြင်ထားပေမယ့် သူ့တပ်မှူးသေဆုံးသွားတဲ့အပေါ် ‌ဒေါသတကြီးဆင်ချင်းအတင်းဝင်တိုက်တဲ့အတွက် အချိန်ကြာလာတဲ့အခါ တောင်ငူစည်သူကျော်ထ့ဆင်ကို ချစ်မြတ်ကဲကမယှဥ်နိုင်ဘူးဆိုတာသဘောပေါက်လာပါတယ်။ ဒါကြောင့်အနားရံထားတဲ့ မြင်းတပ်လှံတပ်တွေကိုအချက်‌ပေးပင်မယ့် အောက်ကစလင်းတပ်တွေကလည်း ဟံသာဝတီမြင်းတပ်ရဲ့အောက်မှာ အတုံးအရုံးကျကုန်ပါပြီ။ ဒါကြောင့်အခြေအနေကိုထိန်းပြီး အမြန်အနိုင်ပိုင်ဖို့လုပ်ပေမယ့် ချစ်မြတ်ကဲကတော့ သူ့အလိုကိုမလိုက်တော့ဘဲ ချက်ချင်းခေါင်းလှည့်ပြီး ခြေဦးတည့်ရာအတင်းပြေးပါတယ်။

တောင်ငူစည်သူကျော်ထင်ကလည်း လာစတုန်းကစပြီး ခုမှ‌ပြေးရကောင်းလားလို့မဲကာ ပြေးတဲ့နေက်ကိုနောက်ကထပ်ချပ်မကွာလိုက်ပါတယ်၊ အခုလိုအတင်းလိုက်လာတဲ့အခါ ချစ်မြတ်ကဲပေါ်က ကုန်းလည်စီးစစ်သူရဲရှင်မာန်အောင်က လှံရှည်နဲ့နောက်ကိုလှည့်ပစ်တဲ့အတွက် တောင်ငူစည်သူကျော်ထင်ရဲ့မောက်တိုကိုထိုးမိပြီး နဖူးကိုထိသွားပေမယ့် မရပ်ဘဲဆက်လိုက်ပတယ်

အခုလိုနောက်ကဆင်ကလိုက်လေ ချစ်မြတ်ကဲကခြေဦးတည့်ရာပြေးလေဖြစ်တဲ့အတွက်နောက်ဆုံး ရှင်မာန်အောင် ဆင်ပေါ်ကပြုတ်ကြပြီး အသက်ပျောက်သွားပါတယ် ဆင်ကတောထဲဝင်သွားတဲ့အတွက် စလင်းစည်သူကျော်ထင်ဘေးကင်းသွားတယ်ဆိုပေမယ့် သူကိုယ်တိုင်ဘယ်ရောက်လို့ရောက်နေမှန်းမသိရှိနေပါတယ်

စလင်းစည်သူကျော်ထင်အကြောင်းကိုသမိုင်းမှာ‌ဖော်ပြတဲ့နေရာမှာ တစ်ပါတည်းဖော်ပြတဲ့အချက်တစ်ခု ရှိနေပါတယ်။ ဒါကတော့ စလင်းစည်သူကျော်ထင်က မနက်တိုင်းဥဒေတယံအစချီတဲ့‌ဒေါင်းမင်းဂါထာကို အခေါက်တစ်ထောင်ရွတ်လေ့ရှိတယ်လို့ဆိုပါတယ်

စီးချင်းထိုးပွဲမှာရှုံးပြီး ဆင်ပြေးတဲ့အတိုင်းပါသွားခဲ့တဲ့ စလင်းစည်သူကျော်ထင်က ချင်းတွေအပိုင်စားတဲ့နယ်မြေတွေကိုရောက်ရှိသွားပါတယ်။ နောက်ဆုံး ဆင်ကရေအိုင်မှာရေဆင်းသောက်တဲ့ အချိန်မှာ ဘေးလွတ်ရာအရပ်ကိုထွက်ပြေးပြီး ဒဏ်ရာဗလပွနဲ့ချင်းတွေရဲ့ဖမ်းဆီးခြင်းကိုခံရပါတယ်။ ချင်းခေါင်းဆောင်က ကွပ်မျက်ဖို့လုပ်ပေမယ့်သေချာစစ်ဆေးကြည့်တဲ့အခါ စလင်းမြို့စားမှန်းသိတဲ့အတွက် ဆေးကုပေးပြီးအနားယူစေပါတယ်။ အခုလိုချင်းတောင်မှာ တစ်ကိုယ်တည်းရှိနေချိန် ဟံသာဝတီကိုခေါ်ဆောင်သွားခံရတဲ့ သူ့မိဖုရားကိုသတိရတဲ့အကြောင်းချင်းတောင်ရတုမှာ အခလိုထဲ့သွင်းရေးဖွဲ့ထားတာကို တွေ့ရပါတယ်။

ချင်းတောင်မှာအနေကြာပြီး ဒဏ်ရာတွေပျောက်ကင်းသွားတဲ့အခါ ချင်းခေါင်းဆောင်က သူ့လက်အောက်ခံပဏ္ဍာဆက်ရတဲ့ မိုးညှင်းစော်ဘွားဆီစလင်းစည်သူကျော်ထင်ကိုဆက်သပါတယ်။ ဆိုတော့ မိုးညှင်းစော်ဘွားကဘယ်သူပါလဲ။ ဒီနေရာမှာ ပြန်ရင်းနှီးသွားအောင်အပိုင်း၃ အရှေ့လေနဲ့ခေါင်းပေါင်းမှာပါခဲ့တဲ့စာသားတစ်ခုကို ပြန်ဖော်ပြပေးပါမယ်

ထွက်ပေါ်လာတဲ့တဘောင်အရ ဂငယ်၃ခုဥသျှစ်ထုဆိုတဲ့အတိုင်း မြန်မာသက္ကရာဇ် ၈၈၈ခုနှစ်မှာ မိုးညှင်းစော်ဘွားစလုံနဲ့သူ့သားသိုဟန်ဘွားတို့တိုက်တဲ့အတွက် အစဥ်အလာကြီးမားခဲ့တဲ့အင်းဝဟာ ရှမ်းတွေအောက်ကျရောက်ခဲ့ပါတယ်။ 

ဆိုတော့ ခုစလင်းစည်သူကျော်ထင်ရှေ့မှာရှိနေတဲ့စော်ဘွားက သိုဟန်ဘွားရဲ့ညီဖြစ်ပါတယ်။

မိုးညှင်းစော်ဘွားဟာ သူ့အကိုဖြစ်တဲ့သိုဟန်ဘွားကိုအင်းဝသားတွေလုပ်ကြံလိုက်တဲ့အပေါ် ပြန်လက်စားချေဖို့ တစ်ချိန်လုံးပြင်ဆင်နေခဲ့ပါတယ်။ သို့ပေမယ့် သိုဟန်ဘွားအပြီး အင်းဝှာနန်းတက်တဲ့ဘုရင်က အုန်းပေါင်စော်ဘွား ခုံမှိုင်းငယ်ဖြစ်နေတဲ့အတွက် စော်ဘွားအချင်းချင်းပြောင်ပြောင်းတင်းတင်းလက်စားချေမယ့်အစား စလင်းစည်သူကျော်ထင်ကိုနောက်ကွယ်ကစစ်သည်ရဲမက်အင်အားထောက်ပံ့ပြီး အင်းဝကိုတိုက်ခိုက်စေမှာဖြစ်ပါတယ်။

သို့ပေမယ့်အင်းဝကိုတိုက်ဖို့ပြင်ဆင်ရာမှာလူသူလက်စားနပ်ရိက္ခာစုဆောင်ဖို့ခြေကုပ်ရယူရန်လိုအပ်တဲ့အတွက် စလင်းစည်သူကျော်ထင် စစ်ကိုင်းကိုတိုက်ရမှာဖြစ်ပါတယ်၊ ဒါကြောင့် မိုးညှင်းစော်ဘွားထောက်ပံပေးတဲ့ တိုက်ဆင်၆၀ စစ်မြင်း၈၀၀ စစ်သူရဲ၅၀၀၀၀နဲ့ စစ်ကိုင်းကို ဝင်တိုက်ပြီး တစ်ဆက်ဆက်တည်းနယ်မြေတွေဖြစ်တဲ့ မြေဒူး ဒီပဲရင်း ရွှေဘိုတို့ကိုတိုက်ခိုက်သိမ်းယူကာ သက္ကရာဇ်၉၀၇ခုနှစ်မှာ စစ်ကိုင်းစည်သူကျော်ထင်ဘွဲ့အမည်နဲ့ ဘုရင်ဖြစ်ပါတယ်။

အခြားတစ်ဘက်မှာကလည်သက္ကရာဇ် ၉၀၇ခုနှစ်မှာ အင်းဝဘုရင်ခုံမှိုင်းငယ်နတ်ရွာစံပြီး သူ့သားတော်မိုးဗြဲစော်ဘွား နန်းတက်ကာ ဘွဲ့အမည်း မိုးဗြဲနရပတိခံယူပါတယ်။ ဒီနေရာမှာ အင်းဝဘုရင်မိုးဗြဲနရပတိက တစ်ဘက်မှာဟံသာဝတီနဲ့ရန်သူဖြစ်နေသလို စစ်ကိုင်းစည်သူကျော်ထင်နဲ့ကလည်း စစ်ထိုးရမယ့်အခြေအနေကို ရင်ဆိုင်နေရပါတယ်၊ ဒါကြောင့်ရန်မီးနှစ်ဘက်အဝိုင်းခံရမယ့်အစား မိုးဗြဲနရပတိက တပင်ရွှေထီးဆီ လက်ဆောင်ပဏ္ဏာတွေဆက်သပြီး ချစ်ကြည်ရေးဖွဲ့ကာ စစ်ကိုင်းစည်သူကျော်ထင်နဲ့ အကြီးအကျယ်စစ်ပြင်ပါတယ်။

အစပိုင်းမှာ အင်းဝနဲ့စစ်ကိုင်းနှစ်ဘက်တပ်တွေအကြီးအကျယ်စစ်တိုက်ကြပေမယ့် စစ်ပွဲဟာကြာရှည်လာတဲ့အခါ နှစ်ပြည်ထောင်မင်းတွေရဲ့ဆက်ဆံရေးက အရမ်းကြီးမတင်းမာတော့ပါဘူး သို့ပေမယ့် စစ်ကိုင်းဘက်ကတပ်မှူးအများစုဟာ မိုးညှင်းစော်ဘွားရဲ့အမိန့်အတိုင်း အင်းဝကိုရန်စောင်တိုက်ပွဲဖော်ဆောင်ကြတဲ့အတွက် နှစ်ဘက်တိုက်ပွဲကတော့ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ အခုလိုစစ်ကိုင်းစည်သူကျော်ထင်က အင်းဝဘုရင်မိုးဗြဲနရပတိအပေါ် အပြင်းအထန်မတိုက်ခိုက်လိုစိတ်မရှိတာကို လက်‌အောက်ခံတပ်မှူးတွေသတိထားမိလာကြပြီး မိုးညှင်းစော်ဘွားဆီ တိတ်တဆိတ်စာချွန်လွှာ‌ပေးပို့ကာ အခြေအနေကိုသတင်းပို့ပါတယ်။

မိုးညှင်းစော်ဘွားဟာ အင်းဝကိုတိုက်ဖို့သူ့စစ်အင်အားတွေထောက်ပံ့ပေးခဲ့ပေမယ့် အခုလိုဇာတ်ရှည်ဆွဲနေတာကို အလွန်ဒေါသထွက်ပြီး တပ်အင်အားတွေစုစည်းကာစစ်ကိုင်းကိုစစ်ချီလာပါတယ်။ 

ဆိုတော့ စစ်ကိုင်းစည်သူကျော်ထင်ကရော ဘာလုပ်နေပါသလဲ

စစ်ကိုင်းစည်သူကျော်ထင်ဟာ အခုလိုမိုးညှင်းတပ်တွေကို စစ်ချီလာတာမသိဘဲ နန်းတော်ကထွက်ပြီးဥပုသ်စောင့်နေပါတယ်။ နန်းတော်ကိုရောက်တဲ့အခါ မိုးညှင်းစော်ဘွားက စစ်ကိုင်းစည်သူကျော်ထင်ကိုချက်ချင်းဆင့်ခေါ်ကာ သွေးသောက်က သစ္စာဖောက်ခဲ့ပြီ အင်းဝကိုတိုက်ဖို့ အကျွန်ုပ်ဆင်မြင်းဗိုလ်ပါအစုံအလင်‌ထောက်ပံ့ခဲ့ပေမယ့် အသင်ကစစ်ကိုင်းကိုအောင်မြင်ပြီးဘုရင်ဖြစ်တာနဲ့ ရှိရင်းစွဲသစ္စာကိုဖောက်ဖျက်ပြီး အင်းဝဘုရင်နဲ့ချစ်ကြည်ပေါင်းသင်းနေတယ်ပေ့့

ထိုအခါ စစ်ကိုင်းစည်သူကျော်ထင်က အကျွန်ုပ်ဟာ သစ္စာမဲ့သူမဟုတ် စစ်ပွဲဟာရှည်ကြာပြီး တိုင်းပြည်ကြပ်တည်းနေတဲ့ကာလဖြစ်တဲ့အတွက် စားနပ်ရိက္ခာမပြတ်လပ်အောင် ဆောင်ရွက်နေချိန်ဖြစ်တယ်၊  ဒါကြောင့်အင်းဝကိုလိုချင်က လူသူလက်နက်အင်အားထက်တိုးထောက်ပံ့ပါ ကျွန်ုပ်အင်းဝကို အရတိုက်မယ်လို့ဆိုပါတယ်။

မိုးညှင်းစော်ဘွားလည်း သဘောတူလက်ခံကာ ပါရှိတဲ့ ဆင်မြင်းရဲမက်တွေကို စစ်ကိုင်းစည်သူကျော်ထင်ကိုပေးပြီးအခြေအနေစောင့်ကြည့်ကာ မိုးညှင်းကိုပြန်ပါတယ်။

စစ်ကိုင်းစည်သူကျော်ထင်ဟာ စစ်အင်အားအကုန်သုံးပြီးအလုံးအရင်းနဲ့ အင်းဝကိုတိုက်တဲ့အတွက် ဘုရင်မိုးဗြဲနရပတိမခုခံနိုင်ဘဲ တပင်ရွှေထီးဆီ ထွက်ပြေးပါတယ်။ ဒါကြောင့် သက္ကရာဇ် ၉၁၃ခုနှစ် မှာ စစ်ကိုင်းစည်သူကျော်ထင် အင်းဝကိုတိုက်ခိုက်သိမ်းယူပြီး နရပတိစည်သူဘွဲ့ခံယူကာအင်းဝမှာ ဘုရင်ဖြစ်ပါတယ်။

အခုလိုခေတ်ပြိုင်ဘုရင်တွေအကြောင်းကိုချန်လပ်ပြီး စလင်းစည်သူကျော်ထင်အကြောင်းကိုသာဖော်ပြတာက  ရုတ်တရတ်ထပြီအင်းဝမှာဘုရင်တစ်ယောက်ပြောင်းသွားတာမျိုးမဖြစ်စေလိုတဲ့အတွက် သီးသန့်ဖော်ပြရချင်းဖြစ်ပါတယ်။ ဒီအခန်းမှာ တစ်ဆက်တည်းခံစားစေလိုတဲ့အတွက် သက္ကရာဇ် ၉၁၃ ခုနှစ်အထိဖော်ပြသွားတာဖြစ်ပေမယ့် ဒီအတောအတွင်းမှာ တပင်ရွှေထီးတို့ဘာလုပ်နေသလဲဆိုတာကနေ နောက်အပိုင်ကိုစတင်မှာဖြစ်ပါတယ်

ဆိုတေ့ဟံသာဝတီကိုရောက်သွားတဲ့ စလင်းစည်သူကျော်ထင်ရဲ့မိဖုရားနရပတိမယ်တော်ကရော ဘာဆက်ဖြစ်မှာပါလဲ

နောက်အပိုင်းတွေမှာ ပြန်တွေ့ကြပါမယ်ခင်ဗျား

ကြည့်ရှု့ပေးတဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်

YHNL


ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research..

Previous Post Next Post