ဟံသာဝတီ- အင်းဝစစ်ပွဲ အပိုင်း ၁၆

အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

အင်းဝမှာ မင်းပြောင်းမင်းလွှဲတွေဖြစ်ပြီးတဲ့နောက် ဟံဿာဝတီ အင်းဝ နဲ့ရခိုင်ဆိုပြီး အင်းအားကြီးစစ်နယ်ရှင်အုပ်စုသုံးခု အခိုင်အမာရပ်တည်လာခဲ့ပါပြီ ပတ်ဝန်းကျင်နယ်စားမြို့စားတွေအနေနဲ့ မိမိတို့နဲ့နီးစပ်တဲ့အင်အားကြီးစစ်ဘုရင့်တွေနဲ့ လက်အောက်ခံပူးပေါင်းတာမျိုးတွေရှိသလို မလွှဲမသွေရင်ဆိုင်ရမယ့်အခြေအနေအတွက် အပြိုင်အဆိုင်စစ်အအင်အားတိုးချဲမှု့တွေကြောင့် နိုင်ငံအနှံ့စစ်ငွေ့စစ်ရိပ်တွေလွှမ်းမိုးလာခဲ့ပါပြီ။

အင်းဝနဲ့ဟံသာဝတီဟာ မင်းကြီးရန်နောင်ရှိစဥ်က မဟာမီတ်သဘောဆက်ဆံရေးရှိခဲ့ကြပေမယ့် မင်းပြောင်းမင်းလွှဲဖြစ်ပြီးတဲ့နောက် နှစ်ပြည်ထောင်ဆက်ဆံရေးဟာ ပြောင်းလဲလာခဲ့ပါတယ်၊ ပုလ္လင်တစ်လုံးထဲမှာဘုရင်နှစ်ပါးထိုင်လို့မရတဲ့အတူ ဘယ်ဘက်ကစစ်ဦးမှာ အသာစီးရအောင်ယူပြီး နယ်မြေအရင်လွှမ်းမိုးမှု့အရင်ပိုင်ဆိုင်ထားမလဲဆိုတာက စစ်ပွဲအောငိနိုင်ဖို့ အများကြီးသက်ရောက်စေမှာဖြစ်ပါတယ်။

ဆို‌တော့ နှစ်ဘက်တပ်တွေရဲ့နယ်မြေပိုင်ဆိုင်မှု့ကိုကြည့်ရအောင်ဗျာ

အောက်ပိုင်းပင်လယ်ပြင်နဲ့ မြစ်ဝကျွန်းပေါ်တွေမှာ စစ်အင်အားအခိုင်အမာခြေကုပ်ယူထားတဲ့ဟံသာဝတီအတွက် ပြည်ဟာ အင်းဝနဲ့အနီးကပ်ဆုံးခံတပ်မြို့ဖြစ်ပါတယ်။ အခြားတစ်ဘက်မှာ အထက်ပိုင်းနယ်မြေတွေနဲ့ ရှမ်းစော်ဘွားတွေရဲ့ထောက်ခံမှု့ရရှိထားတဲ့အင်းဝဟာ ရှေ့တန်းခံတပ်မြို့အဖြစ် စလင်းနဲ့ပုဂံတွေမှာ  တပ်ဖွဲ့တွေနေရာချထားပါတယ်။

ဟံသာဝတီအတွက် စစ်ရေးအရအရေးပါတဲ့ ပြည်မှာ အထိန်းတော်ကြီးသတိုးဓမ္မရာဇာ ကို ရှေ့တန်းစစ်ဦးစီးခံတပ်မှူးအဖြစ်ကွပ်ကဲစေသလို အင်းဝတပ်တွေဘက်ကလည်း စလင်းနဲ့ပုဂံမှာ လက်ရုံးစွမ်းရည်ပြည့်ဝတဲ့စစ်ဦးစီးတွေနဲ့အသင့်ပြင်ထားပါတယ်။ ဆိုတော့ ဘယ်သူတွေအုပ်ချုပ်နေပါသလဲ

မင်းကြီးရန်နောင် သိုဟန်ဘွားကိုဖြုတ်ချဖို့စစ်အင်အားစုဆောင်းတဲ့အခါ အင်းဝမှာရှိတဲ့စစ်သွေးစစ်မာန်ပြည့်ဝတဲ့ လူငယ်လူရွယ်အများအပြားဝင်ရောက်အရွေးခံကြပြီး ၄င်းတို့အထဲမှာ မင်းကြီးရန်နောင်အထူးကိုးစားတဲ့ တပ်မှူးညီအစ်ကိုနှစ်ယောက် ရှိနေပါတယ် ထိုသူတွေကတော့ သတိုး နဲ့စည်သူကျော်ထင်တိုဖြစ်ပါတယ်။ မင်းကြီးရန်နောင်ဟာ နောင်တစ်ချိန်အင်းဝနဲ့သာဝတီမလွဲမသွေတိုက်ကြမှာဖြစ်တဲ့အတွက် သူ့ကိုယ်စားအင်းဝအတွက်ရပ်တည်ပေးမယ့်ပင်မထောက်တိုင်ကြီးတွေအနေနဲ့ ရန်သူစစ်ဦးထိုးမယ့်အရပ်ဖြစ်တဲ့စလင်းမှာ စည်သူကျော်ထင် ပုဂံမှာသတိုးတို့ အပိုင်စားစေပြီး လူသူလက်နက်စားနပ်ရိက္ခာတွေကိုပြင်ဆင်ထားစေပါတယ်။

 ဒီနေရာမှာ အင်းဝဘက်က စည်သူကျော်ထင်ရှိသလို ဟံသာဝတီဘက်မှာလည်း တပင်ရွှေထီးနန်းစတက်တုန်းက ဘွဲ့ရာထူးတွေချီးမြှင့်ခဲ့တဲ့အထိန်းတော်ကြီး၄ဦးထဲမှာ စည်သူကျော်ထင်ဘွဲ့ခံ ရှင်သီဟရှိတဲ့အတွက် အင်းဝဘက်ကစည်သူကျော်ထင်ကို စလင်းစည်သူကျော်ထင် ဟံသာဝတီဘက်ကစည်သူကျော်ထင်ကို တောင်ငူစည်သူကျော်ထင်လို့ သုံးစွဲသွားမှာဖြစ်ပါတယ်။

အင်းဝဘုရင်ခုံမှိုင်းငယ်အနေနဲ့ မင်းကြီးရန်နောင်အသင့်စီစဥ်ပေးထားတဲ့ထီးနန်းအပြင် အင်းဝသားတွေရဲ့အပြည့်အဝသစ္စာခံမှု့ကိုရရှိထားတဲ့အတွက် နန်းတက်ချိန်မှာ ဘာအခက်အခဲတစ်စုံတစ်ရာမှ မရှိဘဲ ချောမွေ့နေပါတယ်။ သို့ပေမယ့်ဒီကာလက ကြာရှည်စွာ တည်မြဲမနေခဲ့ပါဘူး။ အကြောင်းကတော့  ခုံမှိုင်းငယ်က အင်းဝအနေနဲ့ အချိန်ကာလတစ်ခုရောက်တဲ့အခါ မလွှဲမသွေဟံသာဝတီနဲ့ထိပ်တိုက်တွေ့မှာ ဖြစ်တယ်လို့ယူဆတဲ့အတွက် စစ်ရေးအရအသာစီးရ‌ယူဖို့ ပြည်ကိုအရင်သိမ်းပြီး ခြေကုပ်ရယူမှာဖြစ်ပါတယ်။

ဒါကြောင့်ပြည်ကိုသိမ်းဖို့ စစ်ရေးညီလာခံတစ်ခု အင်းဝမှာ ပြုလုပ်ပါတယ်။ ဒီညီလာခံမှာ အင်းဝသားမှူးမတ်တပ်မှူးတွေအပြင် ခုံမှိုင်းငယ်ဘက်ကနေဝင်တိုက်ဖို့ ရှမ်းစော်ဘွား၆ယောက်ပါဝင်ပါတယ်။ ထိုရှမ်းစော်ဘွား၆ယောက်ကတော့ အုံပေါင်စော်ဘွား ဗန်းမော်စော်ဘွား ညောင်ရွှေစော်ဘွား မိုးမိတ်စော်ဘွား မိုးညှင်းစော်ဘွား နဲ့မိုးနဲစော်ဘွားတို့ဖြစ်ကြပါတယ်။

ညီလာခံမှာ မှူးမတ်ဗိုလ်ပါစုံလင်တဲ့အခါ ခုံမှိုင်းငယ်က အင်ဝတပ်တွေ ပြည်ကိုတိုက်တဲ့အခါ ရှေးကစစ်ချီတဲ့အတိုင်း သာမန်အင်အားနဲ့တိုက်လို့ ဘယ်လိုမှအကြောင်းထူးဖို့မရှိဘူး သိုဟန်ဘွာလက်ထက် ကုန်းတပ်ကိုဆင်မြင်းအင်အားသာလွန်အောင်စုဖွဲ့ပြီးတိုက်ခဲ့ကြပေမယ့် အောင်ပွဲမရရှိခဲ့ဘူး ဒါကြောင့်ခုပြည်ကိုတိုက်တဲ့အခါ ယခင်ကထက်များပြားတဲ့စစ်အင်အားနဲ့ချီတက်လုပ်ကြံမယ်လို့မိန့်ပါတယ်။

မှူးမတ်များ - ပြည်ဆိုတာ အင်းဝမင်းအဆက်ဆက် အုပ်စိုးလာခဲ့တဲ့နယ်မြေဖြစ်တဲ့အတွက် အကယ်လို့စစ်ဦးမှာပြည်ကိုသာ အနိုင်ရမယ်ဆိုရင် အင်းဝသားတွေရဲ့အပြည့်အဝထောက်ခံမှု့ကိုရမှာဖြစ်သလို နောက်လာမယ့်စစ်ပွဲတိုင်းမှာ အရှင့်အတွက်အသက်ပေးတိုက်ဖို့ ခွန်အားရရှိဖြစ်ကြောင်းပါဘုရား

စလင်းစည်သူကျော်ထင် - သိုဟန်ဘွားလက်ထက် ပြည်ကိုအနိုင်မရခြင်းမှာ ဘုရင်ကိုနိုင်ငံကလည်းမကြည်ဖြူသလို အင်းဝသားတွေမကြိုက်နှစ်သက်တဲ့အတွက် ကြိုးကြိုစားစားမတိုက်ကြခြင်းဖြစ်ကြောင်းပါဘုရား ယခုအခါ ဘုရင်နဲ့ပြည်သူ တစ်သားတည်းကျနေချိန်ဖြစ်တဲ့အတွက် လူသူလက်နက်စုဆောင်တဲ့အခါ ရှေးကထက်ဗိုလ်ပါအင်အားများပြားဖို့ ရှိကြောင်းပါ ရိက္ခာခဲယမ်းဗိုလ်ပါရဲမက်အခိုင်အမာစီရင်ပြီးတာနဲ့ ပြည်ကိုကြောင်းကုန်းကြောင်းနှစ်ဘက်ညှပ်တိုက်မှသာ တပ်တွေကိုလိုသလိုသုံးပြီး  စစ်ဗျူဟာခင်းကျင်းနိုင်မယ် ဖြစ်ကြောင်းပါဘုရား

ခုံမှိုင်းငယ်လည်း အခုလိုအင်းဝသားအမတ်တွေရဲ့တစ်ခဲနက်ထောက်ခံမှု့ကိုရတဲ့အတွက် အလွန်ဝမ်းသားအာရဖြစ်ပြီး ပြည်ကိုတိုက်ဖို့တပ်အင်းအားစုဖွဲ့စေပါတယ်။ ညီလာခံအပြီး စစ်ပွဲအတွက်ပြင်ဆင်ကြတဲ့အခါ ခုံမှိုင်းငယ်ဟာ စည်သူကျော်ထင်ရဲ့အကြံ‌ပေးချက်အတိုင်း အင်းဝမှာစစ်လှေတွေကို အများအပြားတည်ဆောက်စေပါတယ်။

ဆိုတော့ ဒီနေရာမှာ ခုံမှိုင်းငယ်ကိုခဏထားပြီး ဟံသာဝတီနန်းတော်မှာ ဘယ်လိုအခြေအနေရှိနေသလဲ ကြည့်ရအောင်ဗျာ

တပင်ရွှေထီးဟာ တောင်ငူကိုအခြေပြုပြီးတစ်ချိန်လုံးစစ်တိုက်လာခဲ့တဲ့အတွက် တိုင်းပြည်မှာစာနပ်ရိက္ခာဖူလုံဖို့ နိုင်ငံရပ်ခြားနဲ့ကုန်ကူးသန်းရောင်းဝယ်ရေးကို ပြန်လည်ဖွံဖြိုးအောင်လုပ်ဖို့အပြင်းအထန်လိုအပ်နေပါတယ်။ သို့ပေမယ့်ဒီကိစ္စဟာ စစ်ရေးမဟုတ်တဲ့အပြင် အချိန်အတော်ကြာတည်ဆောက်ရမယ့် တိုင်းရေးပြည်ရာဖြစ်တဲ့အတွက် ဘုရင့်နောင်နဲ့မှူးမတ်ဝန်ကြီးတွေသာစီစဥ်ကွပ်ကဲစေပါတယ်။ အခုလို တပင်ရွှေထီးအပါးမှာ ဘုရင့်နောင်အမြဲမရှိတဲ့အခါ သူ့ရှင်တကာရွတ်ပိဘုရင်ရဲ့ဆွေတော်မျိုးတော်ဖြစ်တဲ့ သမိန်စောထွတ်က ဘုရင့်ရဲ့အလိုလိုက်အကြိုက်ဆောင်ချဥ်းကပ်တဲ့အတွက် တပင်ရွှေထီးရဲ့ အပါးတော်မြဲဖြစ်လာခဲ့ပါတယ်။

တိုင်းပြည်ဘဏ္ဏာရေးပြန်လည်ဖြည့်တင်းဖို့ဆောင်ရွက်နေတဲ့ ဘုရင့်နောင်အနေနဲ့ အတွင်းသူလျိုတွေ‌ပေးပို့တဲ့သတင်းအရ အင်းဝဟာ အကြီးအကျယ်‌စစ်သင်္ဘောတွေတည်ဆောက်နေပြီး စစ်အင်အားအပြင်းအထန်တိုးချဲ့နေတယ်ဆိုတာကို သိရှိသွားပါတယ်။



ဒါကြောင့်ဘုရင့်အိမ်တော်ဆီအခစားဝင်လျှောက်တင်တဲ့အခါ တပင်ရွှေထီးက အလေးတယူမပြုဘဲ သမိန်စောထွတ်နဲ့သာ သောက်စားပျော်ပါးနေတဲ့အတွက် စစ်ဦးစီးရဲ့အမိန့်အာဏာကိုသုံပြီး ပြည် မှော်ဘီ သာယာဝတီ လှိုင် ဓနုဖြူ ဟင်္သတ ဂူထွတ်မြို့စားတို့ကို စားနပ်ရိက္ခာနဲ့လူသူလက်နက်စုဆောင်းထားဖို့ အရေးကိစ္စတစ်စုံတစ်ရာဖြစ်တာနဲ့ တပ်တွေတန်းလှုပ်ရှားနိုင်အောင် အသင့်ဖြစ်နေစေစေလျို့ဝှက် အမိန့်ပေးထားပါတယ်

အခြားတစ်ဘက်မှာ ဘုရင့်နောင်ကြိုတင်တွက်ဆထာတဲ့အတိုင်း သက္ကရာဇ် ၉၀၅ခု နတ်တော်လဆန်း ၁ရက်နေ့မှာ အင်းဝတပ်တွေ ပြည်ကိုစစ်ချီလာကြပါပြီ။ စစ်အင်အားအပြည့်အစုံနဲ့ချီတက်လာတဲ့ ဒီအင်းဝတပ်မှာ ရေတပ်ကို မိုးမိတ်စော်ဘွား မိုးညှင်းစော်ဘွားတို့ကဦးစီးပြီး စစ်တိုက်လှေပေါင်း ၁၃၀၀ လှော်ကားလှေအမျိုးအစား ၃၀၀ ရိက္ခာတင်လှေ ၅၀၀ ပါဝင်ပြီး ရေတပ်သားပေါင်း ၁၂၀,၀၀၀ပါဝင်ပါတယ်။

ကုန်းကြောင်းကချီတက်လာတဲ့အင်းဝတပ်ကို ဘုရင်ခုံမှိုင်ကိုယ်တိုင်ဦးစီးပြီး အုံးပေါင်စော်ဘွား ဗန်းမော်စော်ဘွား ညောင်‌‌ရွှေစော်ဘွား မိုးနဲစော်ဘွားတို့ကိုစစ်ဦစီးအဖြစ်ခန့်အပ်ထားပါတယ်။ စစ်အင်အားကိုကြည့်မယ်ဆိုရင် အင်းဝကုန်းတပ်မှာ တိုက်ဆင် ၁၂၀၀ စစ်မြင်း ၈၀၀၀ နဲ့စစ်သူရဲပေါင်း ၁၆၀,၀၀၀ပါဝင်ပါတယ်။

 ဆိုတော့ အင်းဝဘက်က ကုန်းတပ်ရေတပ်နှစ်ခုပေါင်းစစ်အင်းအားဟာ စစ်သူရဲမက်တင် ၂၈၀,၀၀၀ရှိနေတာဖြစ်ပြီး ဒီပမာဏာဟာ ပဒေသရာဇ်နိုင်ငံတွေကြားထဲမှာ အများပြားဆုံးစစ်အင်အားကိုအသုံပြုခဲ့တာဖြစ်ပါတယ်။

အခုလို အင်းဝတပ်တွေရဲ့စစ်ဦးထိုးခံရမယ့် ပြည်စား အထိန်းတော်ကြီးသတိုးဓမ္မရာဇာ (သတိုးဓမ္မရာဇ်)အနေနဲ့ လုံလောက်တဲ့စစ်အင်အားပိုင်ဆိုင်ထားမှာမဟုတ်ဘူးဆိုတာကတော့ အကျယ်တဝင့်ဖော်ပြစရာမလိုတော့ပါဘူး အထိန်းတော်ကြီးသတိုးဓမ္မရာဇာဟာ ဝါရင့်တဲ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အတွက် စစ်ပွဲအတွက် တုန်လှုပ်ခြင်းမရှိပေမယ့် ဒီပမာဏာဟာ သူကြာကြာရင်ဆိုင်နိုင်တဲ့အခြေအနေမဟုတ်ပါဘူး ဒါကြောင့် ခြေမြန်ဆက်သားတစ်ဦးကိုစေလွှတ်ပြီး ဟံသာဝတီနန်းတော်ဆီအခြေအနေမှန်ကို တင်ပြစေပါတယ်။

ဆိုတော့ ဟံသာဝတီမှာရောစစ်ကူပေးနိုင်တဲ့ တပ်အင်အားရှိနေပါသလား

ရှေးခေတ်မြန်မာဘုရင်တွေရဲ့တပ်အင်အားစုဖွဲ့ပုံအရ အမြဲတမ်းတပ်ဖွဲ့အနေနဲ့ တပ်အင်အားအများအပြားမရှိဘဲ နန်းစောင့်တပ်နဲ့ မြို့စောင့်တပ်အနည်းငယ်သာထားရှိပြီး စစ်ပွဲနဲ့ထိတွေ့ဖို့ပြင်ဆင်တဲ့အချိန်မှာသာ လက်အောက်ခံ ထောင်စု ရာစုနယ်မြေတွေက လူသူလက်နက်စုရုံးတာဖြစ်ပါတယ်။ အချုပ်ပြောရရင် တပင်ရွှေထီးမှာ တပ်ကူပေးဖို့အင်အားမရှိပါဘူး။ စစ်သည်ရဲမက်တွေစုဆောင်းပြင်ဆင်ဖို့အချိန်လိုအပ်နေပေမယ့် တပင်ရွှေထီးကတော့ အခုလို ရန်စစော်ကားတာမျိုးကို ငြိမ်ခံမနေနဘဲ ချက်ချင်းတုန့်ပြန်ဖို့ ဆန္ဒရှိနေပါတယ်

ဒါကြောင့်ဟံသာဝတီနန်းတော်မှာ အရေးကြီးညီလာခံကျင်းပတဲ့အခါ သက်ဆိုင်ရာမှူးမတ်သေနာပတိတွေ အမျိုးမျိုးစစ်ဗျူဟာအသီးသီးဖော်ပြကြပေမယ့် စစ်ဦးစီးဖြစ်တဲ့ဘုရင့်နောင်ကတော့ ဆိတ်ဆိတ်သာနေပါတယ်။ အခုလို တပင်ရွှေထီး ဘုရင့်နောင်ရဲ့အဆိုကိုမကြားရတဲ့အတွက် ညီလာခံပြီးစီးသွားတဲ့အခါ ဘုရင့်နောင်ကို သူ့အိမ်တော်ဆီ ဆင့်ခေါ်ပါတယ်

အိမ်တော်ရောက်တဲ့အခါ တပင်ရွှေထီးက အင်းဝတပ်တွေကိုတိုက်ဖို့ စစ်ဗျူဟာရှိသလားလို့ အမေးတော်ရှိပါတယ်။ ထိုအခါဘုရင့်နောင်က ကျွန်တော်မျိုးတို့ဟံသာဝတီဟာ စားရေရိက္ခာပြည့်စုံဖို့အဓိကထား ရွက်ဆောင်နေတဲ့ကာလဖြစ်တဲ့အပြင် စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ထားခြင်းမရှိတာကြောင့် လူသူလက်နက်စုရုံးဖို့အချိန်တစ်ခုစောင့်ရဦးမှာဖြစ်ပါတယ်။

သို့ပေမယ့် အရှင့်ရဲ့ဆန္ဒအတိုင်း ရှိသမျှတပ်အင်အားနဲ့စစ်ကူသွားမယ်ဆိုရင် အကယ်၍အကြောင့်မသင့်ပါက ပြည်နဲ့အတူ တောင်ငူနဲ့ဟံသာဝတီမင်းနေပြည်တော်ကိုပါ ရန်သူရဲ့ထိုစစ်ကိုခုခံနိုင်မယ့်အင်အားမရှိဘဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်မျိုး ကြိုတင်စစ်အင်အားစုဆောင်းထားတဲ့ မှောင်ဘီ သာယာဝတီအစရှိတဲ့ မြို့စားတွေကို ပြည်ကိုစစ်ကူပို့ထားပြီး အချိန်တစ်ခုရအောင်ဆွဲထားသင့်ကြောင်းပါဘုရား

အခုလိုရန်သူဟာ စစ်အင်အားအလုံးအရင်းနဲ့ချီတက်လာသည်ကို တူညီတဲ့တပ်အင်အားနဲ့အပြတ်မရှင်းနိုင်ပါက အစရှိအနောင်နောင် ရန်သူရဲ့နောက်ထိုးစစ်တွေကို ရှောင်နိုင်ဖို့ခဲယင်းကြောင်းပါ။ ဒါကြောင့်ကုန်းတပ်ရေတပ်တွေ အသင့်အနေအထားရောက်မှသာ အရှင်ကိုယ်တိုင်ဦးစီးပြီး တိုက်သင့်ကြောင်းပါဘုရားလို့ လျှောက်တင်ပါတယ်။

တပင်ရွှေထီးလည်း ဘုရင့်နောင်ရဲ့အဆိုအတိုင်း မှော်ဘီ သာယာဝတီ လှိုင် ဓနုဖြူ ဟင်္သတ ဂူထွတ်မြို့စားတို့ို့ စားနပ်ရိက္ခာဖြည့်တင်းပြီး စာလွှာတစ်ခုနဲ့အတူ နေ့တွင်းခြင်းတပ်ကူလွှတ်ပါတယ်။

ဟံသာဝတီကအပြင်းချီတက်လာတဲ့ တပ်ကူတွေ ပြည်ကိုရောက်တဲ့အခါ အထိန်းတော်ကြီးသတိုးဓမ္မရာဇာက စာလွှာကိုဖတ်ပြီး စစ်သုံးအလံတွေကို အများအပြားပြုလုပ်စေပါတယ်။  ပြည်မှာရှိတဲ့တပ်အင်အားအကုန်စုစည်းပြီး မြို့ရိုးကျုံးမြောင်းတွေ အခိုင်အမာပြင်ဆင်သလို စစ်ပွဲရဲ့အသက်သွေးကြေားဖြစ်တဲ့ စားနပ်ရိက္ခာမပြတ်လတ်အောင် အထူးကြပါမတ်ပါတယ်။

အခြားတစ်ဘက်မှာ ရေကြောင်းကချီတက်လာတဲ့ အင်းဝရေတပ် သရက်မြို့ကိုဆိုက်ရောက်လာပါပြီ။ ရောက်ရောက်ခြင်း ပြည်မှာရှိတဲ့တပ်အင်အားထောက်လှမ်းခြင်း ရိက္ခာဖြည့်တင်းခြင်းတွေပြုလုပ်ပြီးတဲ့နောက် အနောက်ကလိုက်လာမယ့် ဘုရင်ခုံမှိုင်းငယ်ရဲ့ကုန်းတပ်ကိုစောင့်နေပါတယ်။ ရေတပ်တွေရောက်ပြီး ၁၀ရက်အကြာ ကုန်းကြောင်းကချီတပ်လာတဲ့ဘုရင့်တပ်တွေဆိုက်ရောက်လာကြပြီး ပြည်ကို ထိုးစစ်ဖွင့်ဖို့ စတင်ပါတယ်။

ပြည်မြို့တံတိုင်းကိုတိုက်ဖို့ တပ်တွေအသင့်နေရာယူပြီးတာနဲ့ ဘုရင်ခုံမှိုင်းငယ် အင်းဝတပ်တွေကို တိုက်မိန့်ပေးပါတယ်။ အမြောက်စိန်ပြောင်းတွေနဲ့ မြို့ရိုးမှာရှိတဲ့ခံစစ်ကြောင်းကိုတိုက်ခိုက်ပြီးတဲ့နောက် အင်းဝရှေ့ပြေးတပ်တွေ ထိုးစစ်စဖွင့်ပါတယ်။ ဒီရှေ့တန်းတပ်ဖွဲ့တွေရဲ့ အများစုမှာ မင်းကြီးရန်နောင်စုစည်းထားခဲ့တဲ့ အင်းဝသားအများအပြားပါဝင်ကြပြီး တိုက်လိုခိုက်လိုစိတ်ပြင်ထန်းကြတဲ့အတွက် ပြည်မြို့တံတိုင်းကို သဲကြီးမဲကြီးအတင်းဝင်တိုက်ပါတယ်။

မြို့တွင်းမှာရှိတဲ့ပြည်တပ်တွေအနေနဲ့ အထိန်းတော်ကြီးသတိုးဓမ္မရာဇာရဲ့အမိန့်အတိုင်း မကြောက်မရွံခံတိုက်ကြတဲ့အတွက် တိုက်ပွဲဟာ အင်မတန်ပြင်းထန်ပြီး နှစ်ဘက်တပ်တွေ အကျအဆုံးအလွန်များပြားပါတယ်။ အင်းဝတပ်မြို့တံခါးကို အမြောက်တွေနဲ့ချိန်ပစ်ကြပေမယ့် တံခါးကမကျိုးပေါက်ဘဲရှိတဲ့အတွက် နောက်ချန်တပ်တွေနဲ့ စစ်ကူပေးပြီး မြို့တံတိုင်းပေါ်အတင်းတက်လုံးကြပါတယ်။ အနီးကပ်တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး မြို့ရိုးပေါ်တက်နိုင်ခဲ့ကြပေမယ့် အထိန်းတော်ကြီးရဲ့ အနီးကပ်ကွပ်ကဲမှု့အောက်မှာ လစ်လပ်သွားတဲ့ဟာကွက်ကို တပ်တွေချက်ချင်းနေယူကြတဲ့အတွက်တဲ့ အင်းဝတွေအရာအထင်ဘဲရှိနေပါတယ်။ ဒီလိုနဲ့နေကုန်စစ်ကျိုးတဲ့အချိန်ထိ ရလဒ်အပြတ်မထွက်လာတဲ့အတွက် အင်းဝတပ်တွေပြန်ဆုတ်ပြီး ဒုတိယအကြိမ်ထိုးစစ်အတွက်ပြင်ဆင်ပါတယ်။

အခုလိုစစ်ဦးမှာ အင်အားအလုံးအရင်းအတိုက်ခံရတာကို ခုခံနိုင်ခဲ့တဲ့အတွက် ပြည်တပ်တွေအဖို့ အောင်ပွဲလို့ဆိုစရာရှိပေမယ့် ကျဆုံးသွားတဲ့ရဲမက်တွေနေရာမှာ ပြန်လည်ဖြည့်တင်းဖို့ အထိန်းတော်ကြီးသတိုးဓမ္မရာဇာ အခက်ကြုံနေပါပြီ။ အင်းဝတပ်တွေရဲ့ထိုးစစ်ဟာ အင်မတန်ပြင်းထန်တဲ့အတွက် ပြည်တပ်အတွက် အကျအဆုံးများပြားသွားခဲ့ပါတယ်။သို့ပေမယ့် ခုံမှိုင်းငယ်အတွက်ကတော့ ဒီအရေအတွက်ဟာ အဖျားအနားမျှသာ ဆုံးရှံးသွားတာဖြစ်ပါတယ်။

ဆိုတော့ ဒုတိယအကြိမ်ထိုးစစ်အတွက် အထိန်းတော်ကြီးသတိုးဓမ္မရာဇာ ဘယ်လိုပြင်ဆင်ထားပါသလဲ

ပြည်မြို့ရိုးနဲ့ မလှမ်းမကမ်းမှာ ရန်သူ့တပ်တွေစခန်းချနေတာဖြစ်တဲ့အတွက် ပြည်မြို့တွင်းမှာ တစ်စုံတစ်ရာထူးခြားတာနဲ့ အင်းဝတပ်တွေချက်ချင်းတန်းသိမှာဖြစ်ပါတယ်။ မြို့စောင့်တပ်မှာလစ်လပ်သွားတဲ့ ရဲမက်တွေနေရာမှာ တပ်သားအသစ်တွေအပြင် မြို့တွင်းမှာရှိတဲ့လူငယ်လူရွယ်တွေနဲ့အစားထိုးပြီး ပထမထိုးစစ်တုန်းက ချပြတဲ့စစ်အင်အားထက်များပြာတဲ့ တပ်အင်အားကိုမြို့ရိုးမှာ နေရာယူစေပါတယ်။ တပ်တွေအသင့်ဖြစ်တဲ့အခါ မြို့ရိုးပေါ်မှာ ပြည်တပ်တွေ စစ်စည်စစ်မောင်းတွေတီးပြီး အမြောက်စိန်ပြောင်းတွေပစ်ခတ်ကာ ညာသာပေးတိုက်ပွဲခေ်ပါတယ်

အခြားတစ်ဘက်မှာ အခုလိုညာသံပေးစစ်ရေးလေ့ကျင့်နေတဲ့အတွက် အင်းဝဘုရင်ခုံမှိုင်းငယ်အနေနဲ့ အတွေးတစ်ခုရသွားပါတယ်။ စစ်ဘုရင်တွေကြားထဲမှာ အကျော်ကြားဆုံးဖြစ်တဲ့ တပင်ရွှေထီးရဲ့ဟံသာဝတီတပ်တွေတေင် ပြည်ဘုရင်မင်းခေါင်နဲ့တိုက်တဲ့အခါ ထိုးစစ်မှာအနိုင်မရခဲ့တဲ့အတွက် ပြည်ရဲ့မြို့ရိုးခံစစ်ဟာ အင်မတန်တောင့်တင်းတယ်လို့ယူဆပါတယ်။

နောက်ပြီး ပြည်မြို့ရိုးမှာတပင်ရွှေထီးရဲ့အလံတွေနဲ့အတူ ရှေ့ပြေးတပ်ရဲ့အလံတွေပါလွှင့်ထားတာတွေ့ရတဲ့ အတွက် ဟံသာဝတီကစစ်ကူလာတဲ့အထဲမှာ တပင်ရွှေထီးရော ဘုရင့်နောင်ပါပြီး ပြည်မြို့ရိုးထဲမှာပိတ်မိနေပြီလို့ ယူဆပါတယ်။ ဒါကြောင့်စစ်အင်အားအကုန်ခံပြီးတိုက်မယ့်အစား ဒုတိယအကြိမ်ထိုးစစ်ကို ပယ်ဖျက်ကာ တပင်ရွှေထီးသုံးခဲ့တဲ့စစ်ဗျူဟာအတိုင်း ပြည်ကိုရိက္ခာပိတ်ဆို့ပြီး ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်မယ်နဲ့တွေးပါတယ်။

အခုလိုပြည်မှာတပင်ရွှေထီးပိတ်မိနေပြီအထင်နဲ့ ဘုရင်ခုံမှိုင်ငယ်ဝန်းရံထားနေချိန် ဟံသာဝတီမှာတပ်တွေစုစည်းတာ အသင့်အနေအထားကို ရောက်ရှိပါပြီ

ပြည်ကိုစစ်ကူလာမယ့်ဟံသာဝတီကုန်းတပ်မှာ ဘုရင့်နောင်ကိုယ်တိုင်ဦးစီးပြီး တိုက်ဆင် ၈၀၀ စစ်မြင်း ၈၀၀၀ နဲ့စစ်သူရဲ ၁၂၀,၀၀၀ပါဝင်ပါတယ်။

ရေကြောင်းကချီတက်လာမယ့် ဘုရင့်တော်ဝင်ရေတပ်ကို‌တော့ တပင်ရွေထီးကိုယ်တိုင်ဦးစီးပြီး တိုက်လှေပေါင်း ၈၀၀ လှော်ကားလှေ၃၀၀ ရိက္ခာတင်လှေ ၅၀၀ နဲ့ရေတပ်သားပေါင်း ၉၀၀၀၀ပါဝင်ပါတယ်။

မြို့တွင်းကိုစပါးဆန်တစ်စေ့တောင်မဝင်အောင်ပိတ်ဆို့ထားနိုင်တဲ့အတွက် ခုံမှိုင်းငယ် ပြည်မှပိတ်မိနေိနေ တပင်ရွှေထီးရဲ့အညံခံမယ့်စာလွှာကို ပျော်ပျော်ကြီးထိုင်စောင့်နေပါတယ်။ သို့ပေမယ့် ပြည်မြို့တွင်းကစာရောက်မလာဘဲ ချုံခိုထားတဲ့အင်းဝတပ်သားတစ်ဦးအသဲအသန်ရောက်လာပြီး တပင်ရွှေထီးဟံသာဝတီရေတပ်ကြီးကိုဦးစီးပြီး ပြည်ကိုချီတက်လာနေပြီလို့လျှောက်ပါတယ်။

ခုံမှိုင်းငယ်လည်း သူဟာ ပြည်မြို့စားရဲ့လှည့်ကွက်ထဲ လုံးလုံးကြီးဝင်သွားပြီး ရှေ့နောက်ညှပ်တိုက်ခံရတော့မှာကို တွေးမိကာ ချက်ချင်းတပ်တွေကိုနောက်ဆုတ်ဖို့အမိန့်ပေးပါတယ်။သို့ပေမယ့် ခုံမှိုင်းငယ်က တပ်တွေကို အင်းဝအထိပြန်ဆုတ်သွားတာမဟုတ်ဘဲ ပြည်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာ တပ်တွေအခိုင်အမာတည်ပြီး စစ်ကူလာတဲ့ တပင်ရွှေထီးတို့ကို ပြည်မှာအပြတ်ရှင်းဖို့ပြင်ဆင်ပါတယ်။

ပြည်မြို့တွင်းကို တပင်ရွှေထီးနဲ့ဟံသာဝတီတပ်တွေရောက်လာကြတဲ့အခါ ပြည်သူပြည်သားတွေ တစ်ခဲနက်ဝမ်းသာအားရကြိုဆိုကြပါတယ်၊ ချီတက်လာတဲ့တပ်မကြီးတွေကို အသီးသီးနေရာချ အနားယူစေပြီးတဲ့နောက် နန်းတွင်းမှာ တပင်ရွှေထီး ဘုရင့်နောင်နဲ့ထိပ်တန်းစစ်ဦးစီးတွေအစည်းအဝေးပြုလုပ်ပါတယ်။ တပင်ရွှေထီးအနေနဲ့ ဟံသဝတီတပ်တွေခုလိုစစ်သညရဲမက်အစုံအလင်နဲ့ချီတက်လာတဲ့အတွက်သာ အင်းဝဘုရင်ခုံမှိုင်းငယ်က သူ့တပ်တွေကိုနောက်ပြန်ဆုတ်တာဖြစ်တယ် သို့ပေမယ့်အခုလိုထိပါးစော်ကားလာတာမျိုးကို စို့နစို့နသွားလုပ်မယ်ဆိုရင် ဒီအရေးဟာမပြတ်ဘဲအဓွန့်ကြာရှည်နေဦးမှာဖြစ်တယ်လို့ဆိုပတယ်

ထိုအခါဘုရင့်နောင်က အင်းဝတပ်တွေဘယ်လောက်ပင်အင်အားများတယ်လို့ဆိုစေကာမူ စားနပ်ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းကိုဖြတ်တောက်နိုင်မယ်ဆိုရင် အစွယ်မရှိတဲ့ကျားလို အရာမထင်းဘဲရှိမယ်လို့ လျှောက်တင်ကာ လျို့ဝှက်စစ်ဗျူဟာတစ်ခုကိုပြင်ဆင်ပါတယ်။

ဆိုတော့ အင်းဝတပ်တွေရဲ့တပ်နေရာချထားပုံနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကိုလေ့လာကြည့်ရအောင်ဗျာ

အင်းဝဘုရင်ခုံမှိုင်းငယ်ဟာ မြစ်အ‌ရှေ့ဘက်ကမ်း တပ်စခန်းချတဲ့နေရာမှာ အင်အားအလုံးအရင်းသုံးပြီး ခံစစ်ပြင်ထားတဲ့အပြင် ထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့ စလင်း စကုစတဲ့နယ်မြေတွေကလည်း စစ်ကြောင်းရဲ့ အနောက်မှာတည်ရှိနေတာဖြစ်ပါတယ်

တပင်ရွှေထီးရဲ့အစည်းအဝေးအပြီးမှာ ဘုရင့်နောင်နဲ့စစ်ဦးစီးတွေ ဟံသာဝတီတပ်တွေကို ၃ဖွဲ့ခွဲလိုက်ပါတယ်။

ဒီတပ်ဖွဲ့တွေကိုသေချာကြည့်မယ်ဆိုရင် စာနပ်ရိက္ခာအပြည့်နဲ့စစ်အင်အား၄သောင်းပါတဲ့ကုန်းတပ်မကြီးတစ်ခု ရေကြောင်းတိုက်ပွဲအတွက်ပြင်ဆင်နေကြတဲ့ ဟံသာဝတီဘုရင့်ရေတပ်နဲ့ ပြည်နန်းစောင့်တပ်တို့ကို အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။

တိုက်ပွဲဝင်ဖို့တပ်မကြီးတွေအားလုံးအသင့်ဖြစ်တာနဲ့ ဘုရင့်နောင် ဟံသာဝတီရေတပ်ကို ဦးစီးပြီး မြစ်အရှေ့ဘက်ကအင်းဝတပ်ကို တိုက်စစ်စဖွင့်ပါတယ် အခုလိုအင်အားညီမျှတဲ့ရေတပ်နှစ်ခု ရေပြင်စီးချင်းထိုးတဲ့အခါ တိုက်ပွဲဟာ အနိုင်အရှုံးမသဲကွဲပဲ တစ်ဖြည်းဖြည်းစစ်လှေတွေ အနီးကပ်ယှဥ်ခုတ်ကြတဲ့ အထိ နီးကပ်ပါလာကြပါပြီ။

ဧရာဝတီမြစ်အတွင်းမှာ နှစ်ဘက်ရေတပ်တွေအပြင်းအထန်းတိုက်ပွဲဖြစ်နေချိန် မြစ်ကြောင်းရဲ့အရှေ့ဘက်ကနေကပ်ပြီး စစ်လှေတစ်စု အထက်ကို ဆန်တက်သွားတာတွေ့ရတဲ့အတွက် ခုံမှိုင်းငယ် တပ်မှူးတစ်ဦးကိုဦးစီးပြီး နောက်ကလိုက်တိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ အကယ်လို့ ခုံမှိုင်းငယ်သာ မြစ်အရှေ့ဘက်ခြမ်းကထွက်သွားတဲ့စစ်လှေအစီး ၄၀မှာ ဘုရင့်နောင်ပါနေတယ်ဆိုတာသာသိရင် ဒီထက်များတဲ့ အင်အားနဲ့လိုက်ခိုင်းမှာဖြစ်ပေမယ့် သူ့အတွက်ကတော့ ဒီရေကြောင်းကြီးတိုက်ပွဲမှာ အနိုင်ရဖို့ကသာ ပိုအရေးကြီးနေပါတယ်။

အနောက်ကလိုက်လာတဲ့အင်းဝစစ်လှေတွေအနေနဲ့ တိုက်ပွဲဖြစ်နေကြားကထွက်သွားရတာဖြစ်တဲ့အပြင် ဘုရင့်နောင်ရဲ့စစ်လှေတွေက ပစ်တဲ့အ‌မြောက်စိန်ပြောင်းတွေကအလုံးအရင်းပစ်တဲ့အတွက် တစ်စီးပြီးတစ်စီးပျက်စီးပြီး နောက်ဆုံးတပ်ပျက်သွားပါတယ်။

အခုလို ဘုရင့်နောင်ရဲ့စစ်လှေအစင်း၄၀ ရေကြောင်းတိုက်ပွဲကလွတ်ထွက်သွားပြီး မြင်ကွင်းကပျောက်သွားတာနဲ့  ဟံသာဝတီရေတပ် ပြည်ဘက်ကမ်းကို တပ်ပြန်ဆုတ်သွားကြသလို  အခြားတစ်ဘက်မှာလည်း စစ်အင်အား၄သောင်းက အရှေ့ဘက်ကမ်းအတိုင်းအထက်ကိုဆန်တက်နေကို အင်းဝတပ်တွမရိပ်မိဘဲ ရှိနေပါတယ်

ဘုရင့်နောင်ရဲ့တိုက်လှေတွေ မြစ်ကြောင်းအတိုင်းအထက်ကိုဆန်တက်လာပြီး ရန်သူ့ထောက်ပံရေးလမ်းကြောင်းမှာ အချက်အချာကျတဲ့ သရက်ကိုဝင်တိုက်ပါတယ်။ ကုန်းကြောင်းကစစ်ချီလာတဲ့တပ်မတွေနဲ့ပူးပေါင်းပြီး သရက်မှာ ခံတပ်အခိုင်အမာတည်ကာ ရန်သူစစ်ကြောင်း ရဲ့အနောက်ကနေ ရေကြောင်းကရိက္ခာတင်လှေတွေနဲ့ပေးပို့နေနေ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေကို ဖြတ်တိုက်သလို အနီးဝန်းကျင်မှာ အင်းဝတပ်တွေစာနပ်ရိက္ခာရှာဖွေလို့မရအောင် အကြီးအကျယ် ပိတ်ဆို့ဟန့်တားစေပါတယ်။

မြစ်တစ်ဘက်ကမ်းကအင်းဝဘုရင်ခုံမှိုင်းငယ်အနေနဲ့ စစ်မြေပြင်ဟာ ရုတ်တရုတ်ပြောင်းလဲသွားပြီး ကျူးကျော်စစ်ထိုးတဲ့သူ့တပ်ဟာ ချက်ချင်းပဲရန်သူအဝိုင်းခံရတဲ့အခြေအနေကိုဆိုက်‌ရောက်သွားတဲ့အတွက် တပ်မှုးစစ်ကဲတွေနဲ့ တိုင်ပင်ကာ သရက်မှာရှိတဲ့ဘုရင့်နောင်ရဲ့တပ်ကို အင်အားအပြည့်နဲ့ဝင်စောင့်ပြီး အင်ဝဆီတပ်ဆုတ်တော့မှာဖြစ်ပါတယ်။

အခုလိုမြစ်တစ်ဘက်ကမ်းမှာ အင်းဝတပ်တွေတပ်ဆုတ်ဖို့ပြင်နေတာကို အထောက်တော်တွေတွေ့ရတဲ့အတွက် ပြည်မှာအထိုင်ချထားတဲ့ တပင်ရွှေထီးရဲ့ဟံသာဝတီတပ်တွေ အနောက်ကလိုက်တိုက်ဖို့ပြင်ပါတယ်။

အင်းဝပင်မတပ်တွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ သရက်ကိုဝင်တိုက်နိုင်ဖို့အတွက် အနောက်ကလိုက်တိုက်မယ့် တပင်ရွှေထီးရဲ့တပ်ကို အသေခံဟန့်တားပေးဖို့လိုအပ်လာပါပြီ။ ဒါကြောင့်စလင်းစည်သူကျော်ထင်နဲ့ ပုဂံသတိုးတို့က ယုံကြည်ကိုးစားရတဲ့တပ်တွေစုပြီး နောက်ကလိုက်လာမယ့် ဟံသဝတီတပ်တွေကိုချုံခိုတိုက်မှာဖြစ်ပါတယ်။ အခုလိုစလင်းစည်သူကျော်ထင်ဟန့်တားထားတဲ့အချိန်မှာ ခုံမှိုင်ငယ်ကသရက်မှာရှိတဲ့ဘုရင့်နောင်ကို အမြန်တိုက်ပြီး မြို့ရိုးခံစစ်အကာအကွယ်ကိုရယူမှာဖြစ်ပါတယ်။

ဆိုတော့ စစ်မြေပြင်ကိုသွားလိုက်ရအောင်ဗျာ

တပင်ရွှေထီးဦးစီးတဲ့ဟံသာဝတီတပ်တွေ မြစ်တစ်ဘက်ကမ်းရောက်တဲ့အခါ အင်းဝတပ်ကို အတင်းနင်းလိုက်ပါတယ်။ သို့ပေမယ့်ကင်းပုန်းစောင့်နေတဲ့ စလင်းစည်သူကျော်ထင်ရဲ့တပ်တွေရဲ့ ခြုံခိုတိုက်တာခံရပြီး တိုက်စစ်ဟာ ရှေ့မတိုးနိုင်ဘဲရှိကာ ဟံသာဝတီတပ်တွေအကျအဆုံးများပြားလာပါတယ်။

အခုလိုစလင်းစည်သူကျော်ထင် တပင်ရွှေထီးရဲ့တပ်ကိုကောင်းကောင်းကြီးဟန့်တားပြီး အချိန်ဆွဲထားနိုင်နေတယ်အထင်ရှိနေပေမယ့် အခြေအနေဟာရုတ်တရတ်ပြောင်းလဲသွားပါတယ်။ အကြောင်းကတော့ သူတစ်ချိန်လုံး သရက်မှာရှိနေမယ်လို့ထင်တားတဲ့  ဘုရင်နောင်က တပ်တွေကိုဦစီးပြီး စစ်မျက်နာနှံက ဆင်နဲ့အတင်းချွန်းဖွင့်ဝင်လာနေလို့ဖြစ်ပါတယ်။ ဘုရင့်နောင်အနေနဲ့ ရန်သူရဲ့ပြေးလမ်းမှာ ပိတ်ဖမ်းမယ့်အစား သရက်ကိုသိမ်းပြီး တာနဲ့ ထောက်ပံ့ရေးလှေတွေကိုဖျက်စီးဖို့ တပ်အနည်းငယ်သာထားခဲ့ကာ ညတွင်းချင်း ပြည်ကိုတပ်တွေအတင်းပြန်ဆုတ်ခဲ့တာဖြစ်ပါတယ်၊

 အင်းဝနဲ့ဟံသာဝတီဟာ စစ်အင်အားအရ မတိမ်းမယိမ်းရှိပေမယ့် ဗျူဟာခင်းကျင်းပုံနဲ့ လျင်မြန်စွာစစ်ကစားနိုင်ခြင်းဟာ စစ်ပွဲအောင်နိုင်ဖို့ အဓိကအချက်ဖြစ်တယ်ဆိုတာ ဘုရင့်နေင်သက်သေပြသွားတာဖြစ်ပါတယ်။

ဆို‌တော့ တိုက်ပွဲဆီပြန်သွားရအောင်ဗျာ

ဘုရင့်နောင်ဦးစီးတဲ့ရှေ့ပြေးတပ်တွေ အတင်းဝင်တိုက်တဲ့အတွက် ချုံခိုနေနေ စလင်းစည်သူကျော်ထင်ရဲ့တပ်တွေ တပ်ပျက်ပြီး ထွက်ပြေးကြပါတယ်။ ထွက်ပြေးတဲ့တပ်တွေနေက်ကိုအတင်းလိုက်နေတဲ့ သူ့တပ်တွေကိုဟန့်တားပြီးတဲ့နောက် ဘုရင်နောင် ဇယဒိသာ အမည်ရှိတဲ့တိုက်ဆင်ကိုစီးပြီး ရှေ့ကထွက်သွားတဲ့ ခိုင်မှိုင်းငယ်ရဲ့အင်းဝပင်မတပ်ကို အတင်းချွန်းဖွင့်ပြီးလိုက်ပါတယ်။

ခုံမှိုင်းငယ်လည်း သူရှေ့ကသရက်မှာလို့ထင်ထားတဲ့ ဘုရင်နောင်က နောက်ကနေရောက်လာပြီး အတင်းလိုက်တိုက်နေတာမြင်ရတဲ့အတွက် ခံတိုက်ဖို့အသာထား လွတ်အောင်ပြေးဖို့သာအရေးကြီးတဲ့အတွက် တပ်ကုန်လွှတ်ပြီး အင်းဝကိုပြေးပါတယ်။

နောက်ကအတင်းလိုက်တဲ့ဘုရင့်နောင်ဟာ တိုက်ဆင်၃၀နဲ့ အတန်းပြည့်ချွန်းဖွင့်ဝင်တိုက်တဲ့အတွက် ထွက်ပြေးတဲ့အင်းဝတပ်တွေ လေးစုကွဲပြီး အကျအဆုံးအလွန်များပြားသွားပါတယ်။ အခုစစ်ပွဲမှာ အင်းဝတပ်တွေတိုက်ပွဲမှာကျဆုံးကုန်တမှန်ပေမယ့် အများစုဟာ ခြေကုန်လက်ပမ်ကြပြီး ဟံသာဝတီတပ်တွေရဲ့ဖမ်းဆီးတာကိုခံရတာဖြစ်ပါတယ်။

အချုပ်ပြောရရင် ဟံသာဝတီ-အင်းဝစစ်ပွဲမှာ တပင်ရွှေထီးတို့အနိုင်ရပါတယ် သို့ပေမယ့်ဒီစစ်ပွဲမှာ စလင်းစည်သူကျော်ထင်နဲ့ ပုဂံသတိုးတို့ကို လျော့တွက်ထားလို့မရဘူးဆိုတာ ဘုရင့်နောင်ကောင်းကောင်းကြီးသဘောပေါက်သွားပါတယ်။ ရှေ့ဟံသာဝတီ-တောင်ငူစစ်ပွဲမှာ သူ့ရှင်တကာရွတ်ပိရဲ့လက်ရုံတော်ကြီးတွေဖြစ်တဲ့ ဗညားလောနဲ့ဗညားကျန်းလိုသာ ခုံမှိုင်းငယ် အသုံးချနိုင်မယ်ဆိုရင်း ဟံသာဝတီအတွက် အင်းဝဟာခက်ခက်ခဲခဲတိုက်ယူရမယ့် ရန်သူဖြစ်သွားမှာပါ

ဆို‌တော့ စလင်းစည်သူကျော်ထင်တို့ညီအစ်ကိုကဘယ်ရောက်သွားပါသလဲ

ဟံသာဝတီတပ်တွေကို ချုံခိုတိုက်အပြီး တပ်တွေထွက်ပြေးတဲ့နေရာမှာ လွတ်မြောက်သွားပြီး ဘုရင်ခုံမှိုင်းငယ်နဲ့အတူ အင်းဝနန်းတော်ဆီကို ပြန်ရောက်နေပါပြီ


ဆိုတော့ ဘာဆက်ဖြစ်မလဲ နောက်အပိုင်းမှာပြန်တွေ့ကြပါမယ်ခင်ဗျား

ကြည့်ရှု့ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။

YHNL


ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research..

Previous Post Next Post