ပုံပြောသောအမတ် ဗေဒင်မေးသောမင်းကြီး ငါဟဲ့တပင်ရွှေထီး အပိုင်း၁၅

အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်]

ဟံသာဝတီ-ပြည်စစ်ပွဲမှာ အင်းဝဘုရင်သိုဟန်ဘွား မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့အပြင် အနှစ်နှစ်အလလပြင်ဆင်လာခဲ့တဲ့သူ့တပ်ကြီးပျက်စီးသွားတဲ့အပေါ် အကြီးအကျယ်အမျက်ထွက်နေပါတယ်။ အောက်ပိုင်းနယ်မြေတွေကတစ်ဆင့်ပြီးတစ်ဆင့် အပေါ်ကိုသိမ်းပိုက်လာတဲ့တပင်ရွှေထီးတပ်ရဲ့သြဇာလွှမ်းမိုးမှု့ဟာ အင်းဝကိုရိုက်ခတ်လာခဲ့ပါပြီ။ ရှမ်းအမတ်တွေရဲ့လျှောက်ထားချက်အရ မင်းကြီးရန်နောင်ဦးဆောင်တဲ့အင်းဝသားအများစုဟာ သူတို့နဲ့ဘာသာကိုးကွယ်မှု့အရတူညီတဲ့ ဟံသာဝတီဘက်ကိုသိသိသာသာယိမ်းယိုင်နေကြတယ်လို့ဆိုပါတယ်။ အင်းဝသားတွေနဲ့ယုံကြည်မှု့မတူတဲ့ရှမ်းတွေအတွက် စေတီပုထိုးတွေဆိုတာ ငါတို့ကိုပုန်ကန်ဖို့သိုဝှက်စုဆောင်းထားတဲ့ရွှေငွေဘဏ္ဏာသိုက်တွေလို့ယူဆပါတယ်။ သိုဟန်ဘွားသူ့အမတ်တွေနဲ့ဆွေးနွေးတာက အကယ်လို့အင်းဝသားတွေရဲ့ယုံကြည်မှု့ကို ယိုယွင်းစွန်းထင်းစေမယ်ဆိုရင် ရှမ်းတပ်တွေအပေါ်ကြောက်ရွံလာကာ ဟံသာဝတီနဲ့ပေါင်းပြီးသူ့ကိုပုန်ကန်ရဲတော့မှာမဟုတ်လို့ယူဆပါတယ်။

ဒီနေရာမှာ  သိုဟန်ဘွားနဲ့မင်းကြီးရန်နောင်အကြောင်းကိုလေ့လာဖို့ မိုးညှင်း-အင်းဝစစ်ပွဲကို ပြန်သွားလိုက်ရအောင်ဗျာ



 ပုံပြောသောအမတ် ဗေဒင်မေးသောမင်းကြီး ငါဟဲ့တပင်ရွှေထီး အပိုင်း၁၅


သက္ကရာဇ် ၈၈၈ခု AD 1527 မှာမိုးညှင်းစော်ဘွားစလုံနဲ့သူ့သားသိုဟန်ဘွားတို့ အင်းဝရွှေနန်းကြော့ရှင်ကိုတိုက်ဖို့ အတွက် စစ်အင်အားအလုံးအရင်းနဲ့ချီတက်လာကြပါပြီ။မြေဒူးမြို့ကချီတက်လာတဲ့ဒီရှမ်းတပ်မှာ တိုက်ဆင်၃၀၀ စစ်မြင်း၁၀၀၀ နဲ့စစ်သူရဲပေါင်း ၁၅၀၀၀၀ ပါဝင်ပြီး တစ်ဟုန်ထိုးချီတက်လာခဲ့တာ အင်းဝပိုင်နယ်မြေတွေဖြစ်တဲ့ စစ်ကိုင်းမြို့ အမြင့်မြို့ ဗဒုံမြို့တို့ကို စတင်တိုက်ခိုက်နေပါပြီ။

အခြားတစ်ဘက်မှာရွှေနန်းကြော့ရှင်အနေနဲ့ ပြည်ဘုရင်သစ္စာဖောက်ပြီး သူ့ရန်သူရှမ်းတပ်နဲ့ပူးပေါင်းထားတဲ့အပြင် ပထမအကြိမ်တုန်းကတပ်ကူလာခဲ့တဲ့အုန်းပေါင်စော်ဘွားကလည်း ဒီတစ်ခေါက်ဘယ်လိုမှစစ်ကူမလာနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ် ။ ဒီအတောအတွင်း တောင်ငူမင်းကြီးညိုဆီသွားတိုက်တဲ့စစ်ပွဲမှာ တပ်တွေအကျအဆုံးများပြားထားတဲ့အတွက် အခုမိုးညှင်းနဲ့တိုက်မယ့်စစ်ပွဲမှာ အင်းဝတပ်တွေများများစားစား မကျန်တော့ပါဘူး။ သို့ပေမယ့်လက်နက်ချအညံ့ခံမှာမဟုတ်ဘဲ ကျန်ရှိတဲ့လက်အောက်ခံနယ်မြေတွေက စစ်သည်ရဲမက်တွေဆင့်ခေါ်ပြီး ရွှေနန်းကြော့ရှင်နရပတိ ရှမ်းတပ်တွေကိုတိုက်တော့မှာဖြစ်ပါတယ်။

အခုလိုရန်သူအဘက်ဘက်ကဝိုင်းနေချိန် အင်းဝဘုရင်ရွှေနန်းကြော့ရှင်ဆီ တူတော်ဖြစ်တဲ့ တပ်မှူးရန်နောင် လျှောက်တင်တာက ပြည့်ရှင်မင်းတို့မည်သည် အရေးကိစ္စတွေ့ကြုံတဲ့အခါ လွယ်စွာအင်အားဖြည့်နိုင်ဖို့ စစ်ရေးမဟာမိတ်အရံသင့်ထားရှိသင့်ကြောင်းပါဘုရား ယခုကျွန်တ်ောမျိုးလျှောက်တင်လိုသည်က အင်းဝအနေနဲ့ တောင်ငူဘုရင်မင်းကြီးညိုနဲ့လက်တွဲသင့်ကြောင်းပါ မင်းကြီးညိုဟာ ပြည်ဘုရင်လို ကိုယ့်ကျိုးကြည့်မယ့်သူ မဟုတ်ကြောင်းပါဘုရား ခုလိုအမျိုးမတူသူတွေ လာကျူးကျော်လာတာကို ငြိမ်မခံဘဲ စစ်ကူတောင်းတာနဲ့ချက်ချင်း အင်းဝဘက်ကကူတိုက်မှာဖြစ်ပါတယ်၊ ဒါကြောင့်အချိန်မနှောင်းခင်  ကျွန်တော်မျိုးကို တောင်ငူဘုရင်မင်းကြီးညိုဆီစစ်ကူတောင်းဖို့ စေလွှတ်တော်မူပါဘုရား

အင်းဝရွှေနန်းကြော့ရှင် - ရန်နောင်က တောင်ငူကို တယ်လည်းအားကိုးသကိုး ကေသရာဇာခြင်္သေ့မင်းတို့မည်သည် ယုန်သူငယ်ဆီကအကူအညီတောင်းလေ့ရှိသလား ရှေ့မင်းအဆက်ဆက် တောင်ငူဟာ အင်းဝလက်အောက်ငံမြို့သာဖြစ်တယ် သို့ပေမယ့်မင်းကြီးညိုက ငါ့အလံအောက်ကထွက်ပြီး တစ်အိုးတစ်နိုင်ငံထူထောင်ထားတယ်။ ဒါကို အောက်ကျခံပြီး တောင်ငူကိုစစ်ကူသွားတောင်းရမတဲ့လား ငါကိုယ်တော်အရှက်ကွဲမခံနိုင်ဘူး တောင်ငူအကြောင်းထပ်မလျှောက်တင်နဲ့လို့ ဆိုကာ ဒီအတောအတွင်းစုဆောင်းရရှိတဲ့တပ်အင်အားတွေကိုဖွဲ့စည်းပြီး အင်းဝတပ်တွေ စစ်ချီဖို့ပြင်ဆင်စေပါတယ်။

အင်းဝရွှေနန်းကြော့ရှင်ဟာ သူ့သားတော်အိမ်ရှေ့မင်းသားကို စစ်ဦးစီးအဖြစ်ခန့်ပြီး တိုက်ဆင် ၂၀၀ စစ်မြင်း၁၀၀၀ စစ်သူရဲ ၂၀၀၀၀နဲ့ ပုခန်းမြို့ကိုစေလွှတ်ပါတယ်။ အင်းဝတပ်တွေရဲ့စစ်ဗျူဟာက ရှမ်းတပ်တွေ နန်းတော်ကိုအရောက်မခံဘဲ ဧရာဝတီမြစ်လမ်းကြောင်းခံတပ်မြို့တွေမှာ စစ်ဦးခံတိုက်ထားပြီး ထိုးစစ်ကိုဟန့်တားအချိန်စွဲကာ နောက်တန်းကနေစစ်ပွဲကိုဆွဲဆန့်ဖို့ရည်ရွယ်ပါတယ်၊

အင်းဝကထွက်ခွာလာတဲ့အိမ်ရှေ့မင်းသားဦးစီးတဲ့ရှေ့ပြေးတပ်တွေ စစ်သွေးစစ်မာန်အပြည့်နဲ့ တိုက်စစ်ဖွင့်တဲ့အတွက် မြင့်မြို့ ဗဒုံမြို့တို့ကိုရှမ်းတွေစီက ပြန်လည်တိုက်ခိုက်သိမ်းယူပြီး မြစ်ကြောင်းတစ်လျှောက်ရန်သူတပ်တွေမထိုးဖောက်နိုင်အောင် အသေးစိတ်ပြင်ဆင်ထားကြပါတယ်။

အခြားတစ်ဘက်မှာ တိုက်စစ်နဲ့အပြင်းဖွင့်တဲ့မိုးညှင်းတပ်တွေ အင်းဝအိမ်ရှေ့မင်းသားတပ်တွေရဲ့ တန်ပြန်ဖိုးစစ်အောက်မှာ တစ်ဖြည်းဖြည်းနဲ့ ပြန်သိမ်းပိုက်ခံနေရတာကို ပြောင်းလဲဖို့စစ်ဗျူဟာတစ်ခုပြင်ဆင်ထားပါတယ်။ ဒါကတော့အင်အားအလုံးအရင်းပါဝင်တဲ့ပင်မတပ်တွေကို စစ်ကိုင်းမှာအသင့်စောင့်ကာ စစ်အင်အားအနည်းငယ်နဲ့ တခြားမြို့ရွာတွေကို ပျံ့ကျဲပြီး ရန်သူကိုရှုပ်ထွေးသွားအောအေ တိုက်ကွက်ဖေ်မှာဖြစ်ပါတယ်။ အခြားနယ်မြေတွေကို ပြန်လည်သိမ်းယူဖို့ အိမ်ရှေ့မင်းသားရဲ့တပ်တွေစစ်ချီတာနဲ့ အခြားတစ်ဘက်မှာ စစ်အင်အားအလုံးအရင်းနဲ့ အကာအကွယ်မရှိတဲ့ အင်းဝနန်းတော်ကို တက်သိမ်းဖို့ရည်ရွယ်ပါတယ်။

ဆိုတော့ အိမ်ရှေ့မင်းသားကရော ဘယ်လိုတိုက်ဖို့ပြင်ဆင်ထားပါသလဲ

ရှမ်းတပ်တွေ နယ်မြေခွဲ့ပြီးအနှ့အပြားတိုက်ခိုက်နေတဲ့အတွက် အဓိကပင်မစစ်အင်အားဘယ်ကိုရောက်နေတယ်ဆိုတာ အင်းဝတပ်တွေမသိရှိဘဲရှိနေပါတယ်။ ဒါကြောင့်စစ်ရေးအရအရေးပါတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ပြီးခြေကုပ်ယူကာ ရန်သူတိုက်ကွက်ဖော်တာကိုထိန်းချုပ်ဖို့ ပြင်ဆင်နေပါတယ်။ သို့ပေမယ့် ရှေ့ပြေးတပ်ရဲ့အင်အားဟာနည်းပါးတဲ့အတွက် ရှမ်းတပ်တွေလို နယ်မြေအနှံခွဲပြီး ပြန်မတိုက်နိုင်ဘဲ အင်းအားတစ်စုတစ်စည်းတည်းနဲ့တစ်မြို့ချင်းဆီပြန်သိမ်းနေတာဖြစ်ပါတယ် 

အိမ်‌ရှေ့မင်းသား အခုတိုက်ဖို့ရည်ရွယ်ထားတဲ့မြို့ဟာ သိန္နီဖြစ်ပြီး တိုက်ပြီးတာနဲ့  စားနပ်ရိက္ခာနဲ့စစ်အင်အားဖြည့်တင်းဖို့တပ်စခန်းချရပ်နားမှာဖြစ်ပါတယ်။

ရှေ့စစ်ပွဲတွေမှာ အင်းဝဟာတပ်အင်အားအများအပြားဆုံးရှုံးထားတဲ့အပြင် သိမ်းပိုက်ပြီးသားနယ်မြေတွေမှာ မြို့စောင့်တပ်ဖွဲ့တွေဖွဲ့စည်းခဲ့ဖို့ ရဲမက်တွေချန်ထားခဲ့တာဖြစ်တဲ့အတွက် သိန္နီမြို့သိမ်းတိုက်ပွဲမှာ အိမ်ရှေ့မင်းသားရဲ့တပ်တွေ အရင်လောက်ခိုင်မာတောင့်တင်းခြင်းမရှိပါဘူး။

 မြို့သိမ်းဖို့စစ်အင်အားနေရာချထားပြီးတဲ့နောက် အိမ်ရှေ့မင်းသားကိုယ်တိုင်ဦးဆောင်ပြီး ဝင်တိုက်ပါတယ်  သို့ပေမယ့်သိန္နီကိုတိုက်တဲ့အချိန် ရှမ်းတပ်တွေဟာ မြို့ကိုအသည်းအသန်ခုခံတိုက်ကြတာမဟုတ်ဘဲ အချိန်တစ်ခုထိသာခုခံပြီး တန်းနောက်ပြန်ဆုတ်တာကို အိမ်ရှေ့မင်းသားသတိထားမိသွားပါတယ်။ ဒါဟာအင်းဝရဲ့ပင်မတပ်ကို တမင်စစ်နယ်ကျွံအောင်ထောင်ချောက်ဆင်တာဖြစ်ပြီး ရှမ်တပ်တွေ နန်းတော်ကိုတိုက်မှာဖြစ်တယ်လို့တွေးမိတဲ့အတွက် မြို့သိမ်းပြီးတာနဲ့ ချ်ချင်းတပ်တွေကို အင်းဝနန်းတော်ကို အတင်းဆုတ်စေပါတယ်။ 

ရှေ့ပြေးကင်းထောက်တွေရဲ့သတင်းအရ စစ်ကိုင်းမှာ မိုးညှင်းစော်ဘွား အင်အားအလုံးအရင်းနဲ့စုဖွဲ့နေကြတယ်ဆိုတာသိရတဲ့အတွက် အိမ်ရှေ့မင်းသားရဲ့တပ်တွေ အင်းဝနန်းတော်ကိုတိုက်ဖို့ပြင်နေတဲ့ စစ်ကိုင်းကရှမ်းတပ်တွေကို အနောက်ကနေဝင်တိုက်မှာဖြစ်ပါတယ်။

ဒီစစ်ဗျူဟာသာ အလုပ်ဖြစ်သွားရင် နန်းတော်ကိုစစ်ချီဖို့ပြင်နေတဲ့ရှမ်းတပ်တွေ အနောက်ကနေအလစ်ဝင်တိုက်ခံရမှာဖြစ်တဲ့အတွက် မုပျက်စီးသွားမှာဖြစ်ပါတယ်။ သို့ပေမယ့်မည်သို့ပင်စစ်ဗျူဟာက ပြောင်မြောက်နေစေကာမူ ကံတရားကတော့ အင်းဝတပ်တွေဘက်မှာရှိမနေခဲ့ပါဘူး။ အကြောင်းကတော့ ရန်သူ့အနောက်ကနေဝင်တိုက်ဖို့ အပြင်းချီတက်လာတဲ့ အိမ်ရှေ့မင်းသား လမ်းခရီးမှာ အဖျားရောဂါနဲ့နတ်ရွာစံသွားပါတယ်။ အခုလိုစစ်ဦးစီးကွယ်လွန်သွားတဲ့အတွက် တပ်မှူးတွေရန်သူနယ်မြေမှာဘေးလွတ်ရာကိုထွက်ပြေးကြသလို အချို့ကလည်းနန်းတော်ကိုကာကွယ်ဖို့ဆုတ်ခွာသွားတဲ့အတွက် အထိန်းအကွပ်မရှိဘဲ တပ်ပျက်ကုန်ပါတယ်။

သူတို့ကိုတစ်ချိန်လုံးနှောက်ယှက်နေတဲ့ အင်းဝအိမ်ရှေ့မင်းသားအဖျားနဲ့ ကံကုန်ပြီဆိုတဲ့သတင်းအရ သိုဟန်ဘွားတို့သားအဖ အင်းဝနန်းတော်ကို ဝမ်းသာအားရတစ်ဟုန်ထိုးစစ်ချီလာခဲ့ပါတယ်။

 အခြားတစ်ဘက်မှာအင်းဝရွှေနန်းကြော့ရှင် သားတေ်သေဆုံးသွားတဲ့အပေါ် အကြီးအကျယ်ပူးဆွေးနေပေမယ့် မိမိအပူကိုအသာထားပြီး လာတိုက်တဲ့ရှမ်းတပ်တွေကို ပြန်ချဖို့စစ်ရေးအစီအမံတွေ အတင်းဖိပြီးပြင်ဆင်နေပါတယ်။ ရှေ့တန်းကသူ့သားစီစစ်ကူပေးဖို့ပြင်ထားတဲ့ရဲမက်တွေကို မြို့ရိုးမှာနေရာချပြီတဲ့နောက် မိုးညှင်းစော်ဘွားစလုံနဲ့သူ့သားသိုဟန်ဘွားနရဲ့ရှမ်းတပ်ကြီး အင်းဝနန်းတော်ဆီ ဆိုက်ဆိုက်ကြီး‌ရောက်လာကြပါပြီ။

မိုးညှင်းစော်ဘွားရဲ့တပ်တွေအသင့်နေရာယူပြီးတာနဲ့ နန်းမြို့တံခါးကိုဦးတည်ပြီး တဟုန်ထိုးတိုက်စစ်စဖွင့်ပါတယ်။မြို့ရိုးပေါ်က အင်းဝတပ်တွေအင်အားနည်းပါးတယ်ဆိုပေမယ့် အတင်းတက်လာနေတဲ့ရှမ်းတပ်တွေကို အသေခံခုခံကြတဲ့အတွက် တိုက်ပွဲဟာအတော်ပြင်းထန်ပါတယ်။ နှစ်ဘက်အကျအဆုံးတောင်ပုံရာပုံရှိနေပေမယ့် အင်းဝနန်းတွင်မှားစစ်အင်အားအလုံအလောက်မရှိဘူး ဆိုတာအပိုင်သိထားတဲ့ မိုးညှင်းစော်ဘွားက နေ့စဥ်ရက်ဆက်တောက်လျောက်အတင်းတိုက်တဲ့အတွက် အင်းဝဘက်က အကျအဆုံးများပြားလာပြီး နောက်ဆုံးရှစ်ရက်မြောက်တဲ့နေ့ သက္ကရာဇ် ၈၈၈ု နှောင်းတန်ခူးလဆန်း ၁၂ရက် သင်္ကြန်အတာစားတဲ့နေ့မှာ မြို့တွင်းမှာပိတ်မိနေတဲ့လက်ကျန်ရဲမက်တွေနဲ့ အင်းဝရွှေနန်းကြော့ရှင်နရပတိ နန်းတော်ကိုစွန့်ခွာဖို့ စီစဥ်ရပါပြီ။

သမိုင်းအထောက်အထားတွေအရ ရွှေနန်းကြော့ရှင်နရပတိဟာ နန်းတော်ရဲ့အရှေ့တံခါးကနေ ရွှေစာတိုက်လို့အမည်ရတဲ့တိုက်ဆင်ကိုစီးပြီးထွက်ခွာတယ်လို့ဖော်ပြထားပါတယ်။အင်းဝဘုရင်ထွက်ပြေးကြောင်းသိသွားတဲ့အတွက် သိူဟန်ဘွားဆင်တပ်တွေကိုဦးစီးပြီး အင်းအားအပြည့်နဲ့ နန်းတော်ရှေ့တံခါးကိုပိတ်ဆို့ထားလိုက်ပါတယ်။ အခုလို့ရွှေနန်းကြော့ရှင်ထွက်‌ပြေးတဲ့အချိန် ရှမ်းတပ်တွေနဲ့ပက်ပင်းကြီးတိုးတဲ့အတွက် ဒီအခြေအနေမှာရန်သူကိုအသေခံတိုက်ထွက်ဖို့ လိုအပ်လာပါတယ်။

အရှင့်အတွက်အသက်ပေးဖို့ဆုံးဖြတ်ပြီးတဲ့နောက် တပ်မှူးရန်နောင် လက်ကျန်အင်းဝတပ်အနည်းငယ်ကိုအသေခံတပ်ဖွဲ့အဖြစ်စုစည်းကာ အလံကိုင်ပြီး ရှေ့ဆုံးကထွက်တိုက်ပါတယ်။ သိုဟန်ဘွားအနေနဲ့ ဒီပွဲမှာအမြစ်ပြတ်ရှင်းဖို့ရည်ရွယ်ထားတဲ့အတွက် တပ်အင်အားအကုန်သုံးပြီး ရှေ့ဆုံးကထွက်လာတဲ့ တပ်မှူးရန်နောင်ကိုအဆုံးသတ်မှာဖြစ်ပါတယ်။ ဘုရင့်အတွက် လမ်းရှင်းဖို့ထွက်လာတဲ့တပ်မှူးရန်နောင်နဲ့အသေခံတပ်သားတွေ ရှမ်တပ်တွေရဲံအတင်းဝိုင်းတိုက်တာကိုခံရပြီး အတုံးအရုံးကျဆုံးကုန်ကာ နောက်ဆုံးတပ်မှူးရန်နောင် ရှမ်းတပ်တွေရဲ့အလယ်မှာ ညှပ်ပူးညှပ်ဘက်ပိတ်မိသွားပါတယ်။

ူနောက်ဆုံးထွက်သက်အထိ သိုဟန်ဘွားရဲ့တပ်တွေကိုအပါခေါ်သွားမယ်လို့ကြုံးဝါးပြီး ညာသာပေး ဆက်တိုက်နေပေမယ့် အမြောက်သံတစ်ချက်နဲ့အတူ တပ်မှူးရန်နောင်အရုပ်ကြိုးပျက်ခွေကျသွားပါတယ်။ သူ့လက်အောက်ကတပ်မှူးတွေတစ်ယောက်ပြီးတစ်ယောက်ဆက်တိုက်ကျဆုံးကာ အရှင့်အတွက်လမ်းဖွင့်ပေးနေပေမယ့် သူ့ရဲ့မြင်ကွင်းမှာ ရှမ်းတပ်ကပစ်လိုက်တဲ့အမြောက်ဆံကြောင့် အင်းဝဘုရင်နရပတိဆင်ဦးကင်းမှာ ကျဆုံးသွားတာကိုမြင်လိုက်ရပါတယ်။

 အင်းဝဘုရင်တိုက်ပွဲကျသွားတဲ့အတွက် ရှမ်းတပ်တွေဝမ်းသာအာရ အင်းဝနန်းတော်ကိုတက်သိမ်းပါတယ်။ အခုလိုဖရိုဖရဲနဲ့တပ်ပျက်နေတဲ့အချိန်မှာ တပ်မှူးရန်နောင်ပြန့်ကျဲနေတဲ့အင်းဝတပ်တွေကိုစုစည်းပြီး ဘုရင်နဲ့အတူထွက်ပြေးလာတဲ့မှူးမတ်ပြည်သူတွေနဲ့ အတင်းတက်လာနေတဲ့ရှမ်းတပ်တွေကို ဖောက်ထွက်ကြပါတယ်။ သိုဟန်ဘွားရဲ့တပ်တွေ နောက်ကအတင်းဝိုင်းဖမ်းကြပေမယ့် တပ်မှူးရန်နောင်ဦးစီးတဲ့အင်းဝသားတွေ ပြင်သာအရပ်(ပြင်ဦးလွင်) ကိုထွက်ပြေးလွတ်မြောက်သွားကြပါတယ်။

ဒီလိုနဲ့နောက်ဆုံး အင်းဝနန်းတော်ကိုမိုးညှင်းစော်ဘွားစလုံ သိမ်းပိုက်နိုင်ပြီးတဲ့နောက် သူ့တပ်မှူးတွေနဲ့အစည်းအဝေးလုပ်ပါတယ်။ အခုလိုအစဥ်အလာကြီးမားတဲ့အင်းဝကို အနိုင်တိုက်နိုင်ခဲ့ပြီဆိုပေမယ့် သူ့လက်အောက်မခံချင်တဲ့အင်းဝသားတွေမလွဲမသွေပုန်ကန်ထကြွမှာဖြစ်တယ်။ ဒါကြောင့်အင်းဝသားတွေအပေါ်သြဇာလွှမ်းမိုးနိုင်တဲ့ရွှေနန်းကြော့ရှင်ရဲ့အမတ်တစ်ဦးကို တိုင်းရေးပြည်ရာမှာပါဝင်စေမယ်ဆိုရင် အင်းဝသားတွေချက်ချင်းထကြွပုန်ကန်တော့မှာမဟုတ်ဘူးလို့ ယူဆကြပါတယ်။ ဒါကြောင့်နန်းတော်ကိုသိမ်းတုန်းက ဖမ်းမိတဲ့အင်းဝအမတ်တွေကိုဆင့်ခေါ်ဆွေးနွေးပြီး ပြင်သာမှာစုဖွဲ့နေတဲ့တပ်မှူးရန်နောင်စီစေလွှတ်လိုက်ပါတယ်။ မိုးညှင်းစော်ဘွာစေလွှတ်လိုက်တဲ့အမတ်တွေ ပြင်သာကိုရောက်ပြီးလျှောက်တင်ကြပါတဲ့အခါ တပ်မှူးရန်နောင်ကဓားကိုထုတ်ပြီး အို ကျုပ်ကို သူ့ကျွန်ဖြစ်အောင် လာသွေးဆောင်ကြတာကို

 

ဒီလိုနဲ့နောက်ဆုံးတပ်မှူးရန်နောင် အင်းဝမှာကျန်ခဲ့တဲ့ပြည်သူပြည်သားတွေအတွက် မိုးညှင်းစော်ဘွားစလုံဆီခစားဖို့ ရဲမက်တပ်မှူးတွေကိုဦးစီးပြီး ချီတက်လာခဲ့ပါတယ်။ တပ်မှူးရန်နောင်နန်းတော်ကိုရောက်တဲ့အခါ စော်ဘွားက ငါ့သားသိုဟန်ဘွားက မြန်မာအမှု့၌ မလိမ်မာ မင်းကြီးသွန်သင်ပဲ့ပင်ပြီး စီရင်ခင်းစီရင်ဖွယ်ရှိတဲ့အခါ ငါ့သားနဲ့တိုင်ပင်ကာစီရင်ကွပ်ညှပ်ပါ လို့ဆိုကာ အမတ်ကြီးခန့်အပ်ပြီး ပြင်စည်မြို့ကိုအပိုင်စားစေပါတယ်။

သက္ကရာဇ် ၇၂၆ ခုနှစ်မှာ သတိုးမင်းဖျားတည်ထောင်ခဲ့တဲ့ အင်းဝဟာ မင်းဆက်၁၄ဆက်မြောက် ရွှေနန်းကြော့ရှင်နရပတိလက်ထက်မှာ ပျက်သုန်းသွားခဲ့ပါတယ်။ ရွှေနန်းကြော့ရှင်နောက် အင်းဝကို အုပ်ချုပ်တဲံ့ မိုးညှင်းစော်ဘွားစလုံဟာ သက္ကရာဇ် ၈၉၄ မှာ ပြည်ကိုတိုက်ပါတယ်။ ပြည်ဘုရင်ထွေးက လက်ဆောင်ပဏ္ဏာဆက်သပြီးအညံခံတဲ့အတွက် အင်းဝကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ရာက  ဒီပဲယင်းရောက်တဲ့အခါ ပြည်ဘုရင်ကိုပြန်လွှတ်ပေးလိုက်ပါတယ်။ သို့ပေမယ့် မြေဒူးမြို့ရောက်တဲ့အခါ သူ့ကိုခစားတဲ့အမတ်ကလုပ်ကြံတဲ့အတွက် မိုးညှင်းစော်ဘွားစလုံးကံကုန်ပြီး သူ့သားသိုဟန်ဘွားက အင်းဝမှာနန်းတက်ပါတယ်။

ဒီနေရာမှာ ဘုရင်တွေအကြောင်းခဏထားပြီး  အင်းဝရွှေနန်းကြော့ရှင်ကိုင်ခဲ့တဲ့ ယိမ်းနွဲ့ပါးဓားက ဘယ်ရောက်သွားပါသလဲ လေ့လာကြည့်ရအောင်ဗျာ

 စစ်မြေပြင်ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်တဲ့နေရာမှာ စစ်သူရဲတွေကိုင်ဆောင်တဲ့ဓားလှံလက်နက် စီးနင်းတဲ့ဆင်မြင်းတွေဟာ ပြိုင်ဘက်မရှိတဲ့စစ်ဘုရင်တွေကို ဖန်းဆင်းပေးနိုင်စွမ်းရှိပါတယ်။ ခေတ်အလိုက် နာမည်ကျော်လက်နက်များစွာပေါ်ထွက်ကျတဲ့အထဲ သမိုင်းမှာထင်ရှားတဲ့ဓား၆ချောင်းရှိနေပါတယ် ဒါတွေကတေ့

ရွှေဓားဗိုလ်ရဲ့ကိုးသင်္ချိုင်းသံဓား

ဒုတ္တပေါင်မင်းကြီးရဲ့ဓား

စစ်ကိုင်းအသင်္ခယာစောယွန်းရဲ့ညိုရောင်ဓား

ပထမမင်းခေါင်(မင်းဆွေ)ရဲ့စိန်သွေးရောင်ဓား

ဗျည်းနွဲ့ရဲ့ဓားနဲ့

မင်းကြီးရန်နောင်ရဲ့ ယိမ်းနွဲ့ပါးဓားတို့ဖြစ်ပါတယ်၊

ဆိုတော့ဒီဓားအကြောင်းကိုပြောမယ်ဆိုရင် မဖြစ်မနေထည့်သွင်းရမယ့်အထောက်အထားတစ်ခုရှိနေပါတယ်။

အကျယ်တဝံ့ဖော်ပြမယ်ဆိုရင် သိုဟန်ဘွားနဲ့မင်းကြီးရန်နောင်ရဲ့အခန်းကဏ္ဏာမှာ ယိမ်းနွဲ့ပါးဓားဟာစာပုဒ်တစ်ခုအနေနဲ့အဆုံးသတ်သွားတာမဟုတ်ဘဲ အခန်းကြီးတစ်ခန်းအနေနဲ့ တည်ရှိနေပေမယ့် ဒီနေရာမှာဆားပေါ့တဲ့ဟင်းတစ်ခွက်အနေနဲ့ သာဖော်ပြပေးလိုက်ပါတယ်။

သက္ကရာဇ် ၉၀၁ခု AD1542 ခုနှစ် သိုဟန်ဘွား တောင်ဘီလူး (တောင်ပလူ)အရပ်မှာ သံဃာအပါး၁၃၀၀ကို ဆွမ်းဖိတ်ကျွေးပါတယ် ဒီအထဲက အပါး၃၆၀ကျော် နတ်ပြည်ကြွသွားပါတယ်

အခုလိုအခင်းအကျင်းတွေဖြစ်ပွားပြီးတဲ့နောက် တစ်ဆက်တည်း ဘုရားစေတီပုထိုးတွေနဲ့အတူ ရှေးဟောင်းစာပေကျမ်းဂန်တွေ မီးပူဇော်ခံလိုက်ရပါတယ်။ အင်းဝသားအများအပြားထိတ်လန့်တုန်လှုပ်သွားကြသလိုနန်းတော်မှာ အပြောင်းအလဲတွေစဖြစ်လာပါပြီ။ နန်းတွင်းမှာ သိုဟန်ဘွားကိုမြောက်ပင့်ပြီး ကပ်ဖားရပ်ဖားလုပ်ကြတဲ့အမတ်တွေအပါအဝင် မြန်မာအမတ်တွေ မင်းကြီးရန်နောင်အိမ်တော်ဆီ တိတ်တဆိတ်စုရုံးလာကြပါတယ်။

မှူးမတ်တွေလာတဲ့တွေ့တဲ့အခါ မင်းကြီးရန်နောင်က အနီးမှာရှိတဲ့ကျောက်စီဓားကိုကိုင်ပြီး  ကဲ လာခဲ့ကြ သိုဟန်ဘွားလက်ချက်ကြောင့် အရှင်မြတ်တွေကြွေလွင့်ကုန်ပြီ မင်းကြီးတို့လည်း ကျုပ်လက်နဲ့အသက်ဆုံးကြပေတော့ လို့ကြိမ်းကာ ဓားနဲ့ရွယ်ပါတယ်။ သို့ပေမယ့် မှူးမတ်တွေကထွက်မပြေးဘဲ ရှေ့ကိုထက်တိုးလာပြီး အရှင့်လက်ချက်နဲ့သတ်လျှင် ကျွန်တ်ောမျိုးတို့ဝမ်းမြောက်စွာ အသေခံနိုင်ကြောင်းပါလို့လျှောက်ကာ အပါးမှာအခစားဝင်ကြပါတယ်။

ထိုအခါမင်းကြီးရန်နောင်ကဓါးမချဘဲ - အခုလိုအခင်းအကျင်းဖြစ်ရတာ မင်းကြီးတို့မလိမ္မာလို့မဟုတ်လား ဒီအရေးကိုမြင်လို့ အချင်းချင်းညီညွတ်စည်းလုံးကြ မင်းအလိုလိုက်မြှောက်ပင့်မဆက်ဆံကြနဲ့လို့ ကျွန်ုပ်သတိပေးခဲ့တယ်မလား မင်းကြီးတို့ခေတ္တစည်းစိမ်လေးကိုမက်ပြီး အလိုလိုက်အကြိုက်ဆောင်ခဲ့ကြတဲ့အတွက် အခုလို နှိပ်စက်လို့လာပါပေါ့ကလား

အမတ်များ - အရှင့်အမိန့်အတိုင်းမှန်လှကြောင်းပါဘုရား ကျွန်တော်မျိုးများ အမြင်မှန်ရပြီဖြစ်တဲ့အတွက် အရှင့်စီမံရာကို အညီအညွတ်လိုက်နာကြမည်ဖြစ်ကြောင်းပါဘုရား

မင်းကြီးရန်နောင် - ကိုင်း ယုံဘို့အခက်သားဘဲ အခုရောက်လာတဲ့အထဲမှာ သိုဟန်ဘွားအလိုလိုက် အကြိုက်ဆောင်ကြတဲ့ အလိုတော်ရိမူးမတ်တွေအထင်းသားပါနေပါ့ကလား

အလိုတော်ရိများ - အရှည်ကိုမကြည့်ဘဲ မိုက်မဲခဲ့တာကို သတိဝင်ပါပြီဘုရား အခုကစပြီး  အရှင့်အမိန့်ကို အသက်ပေးထမ်းရွက်ပါမည်ဘုရား

မင်းကြီးရန်နောင် - မင်းကြီးတို့အမျိုးမျိုးအာမခံတဲ့အတိုင်း ညီညွတ်မယ်ဆိုရင် ဒီအရေးဟာအလွယ်နဲ့အောင်မြင်လိမ့်မယ်။ သို့ပေမယ့် ကျွန်ုပ်ယုံကြည်စိတ်ချရအောင် သစ္စာ‌ရေတိုက်ရလိမ့်မယ်လို့ဆိုကာ  သူကိုင်ထားတဲ့ကျောက်စီဓါးကို ရေအိုးမှာ အသွားဘက်ကနေစိုက်ပြီး ဂါထာမန္တာန်တွေမန်းမှုတ်ပြီးတဲ့နောက် ကဲမင်းကြီးတို့ သောက်ကြလို့ အမိန့်ရှိပါတယ် မူမတ်တွေလည်း တညီတညွတ်တည်းသောက်ကြပြီးတဲ့အခါ မင်းကြီးရန်နောင်က ပြုံးရယ်တဲ့မျက်နှာနဲ့ ကဲသစ္စာရေသောက်ပြီးကြပြီ မင်းကြီးတို့ဝမ်းထဲမှာ ကျုပ်ဓားအမြဲရှိနေပြီ အမျိုးကိုမထောက်ဘဲ သစ္စာဖောက်ရင် မင်းကြီးတို့စိတ်ချသာနေ အပြင်ဓါးက မင်းကြီးတို့ဆီလာဖို့မလိုဘူး ဝမ်းထဲမှာရှိတဲ့ ကျုပ်ဓါးက မင်းကြီးတို့ကိုစီရင်လိမ့်မယ့်လို့မိန့်ပါတယ်။မှူးမတ်တွေလည်း  သစ္စာရေသောက်ပြီးတဲ့နောက် မင်းကြီးရန်‌နောင်ရဲ့အမိန့်အတိုင်း သက်ဆိုင်ရာနေရာကို အသီးသီး တိတ်တဆိတ်ထွက်ခွာသွားကြပါတယ်

အခြားတစ်ဘက်မှာ သိုဟန်ဘွာ အနေနဲ့ ပြည်မှာ ဟံသာဝတီတပ်တွေကိုစစ်ရှုံးသွားအတွက် ဒုတိယအကြိမ်ထိုးစစ်ဆင်ဖို့ ညီလာခံမှာမှူးမတ်တွေနဲ့ဆွေးနွေးပါတယ်။ သူပိုင်စားတဲ့နယ်မြေတွေက စစ်သည်ရဲမက်တွေစုဆောင်းတဲ့အခါရှမ်းရဲမက်တွေအများအပြားရရှိပေမယ့် အင်းဝသားတွေမလိုက်ပါတဲ့အတွက် မင်းမိန့်ထုတ်ပြီး ဆင့်ခေါ်ဖို့အမိန့်ချလိုက်ပါတယ်။ အင်းဝသားအမတ်တွေလည်း မင်းကြီးရန်နောင်အရိပ်အကဲကိုစောင့်နေပြီး မတုန်မလှုပ်ဆိတ်ဆိတ်သာနေပါတယ်။ ထိုအခါ မင်းကြီးရန်နောင်က အင်းဝသားစစ်မှု့ထမ်းတွေအလုံအလောက်မရရှိခြင်းမှာ အရှင်မင်းကြီးဟာ ရှမ်းတပ်တွေကိုသာ အသားပေးဖွဲ့စည်းထောက်ပံ့တဲ့အတွက် အရှင့်တပ်တော်ကိုမဝင်လိုချင်းဖြစ်ကြောင်းပါ

အရှင့်အလိုရှိတဲ့အတိုင်း အင်းဝသားရဲမက်တွေအလျှံပယ်ရရှိဖို့ ကျွန်တော်မျိုးကိုယ်တိုင်ဦးစီးပြီး ဆောင်ရွက်ပါမည်ဘုရား သို့ပေမယ့် အင်းဝသားတွေအသစ်ဖွဲ့စည်းမယ့်တပ်တော်မှာ အရှင့်တပ်တွေအတိုင်း ရိက္ခာခွဲထမ်း ဘဏ္ဍာငွေအလုံအလောက်ထောက်ပံ့ဖို့လိုအပ်ကြောင်းပါဘုရား

သိုဟန်ဘွားလည်း အင်းဝသားရဲမက်တွေအလျံပယ်ထောက်ပံပေးနိုင်တယ်ဆိုတဲ့ မင်းကြီးရန်နောင်လျှောက်တင် ချက်ကိုသဘောကြတဲ့အတွက် သဘောတူပြီးအင်းဝတပ်တွေကိုဖွဲ့စည်းစေပါတယ်။

နန်းညီလာခံအစည်းအဝေးအပြီး မင်းကြီးရန်နောင်အိမ်တော်မှာ စုဝေးတဲ့အခါ အမတ်ကြီးက ဝတ်ဒကီသူကရ အမည်ရတဲ့ဇာတ်တော်ကို အင်းဝအမတ်တွေ ပြောကြားပါတယ်

အဲဒိနေက်သိုဟန်ဘွားကိုလုပ်ကြံဖို့ လျို့ဝှက်အစီအမံတစ်ခု ကို မင်းကြီးရန်နေင်ရေးဆွဲပါတယ်။


သိုဟန်ဘွားရဲ့  ပြည်ကိုတိုက်ဖို့စစ်အင်အားစုဆောင်းခြင်းဆိုတဲ့အမိန့်အောက်မှာ မင်းကြီးရန်နောင် ရှမ်းတပ်တွေထက်များပြားတဲ့ တပ်အင်အားကိုဖွဲ့စည်းထားပါတယ်။ အသစ်ဖွဲ့စည်းထားတဲ့အင်းဝတပ်ဟာ အနယ်နယ်အရပ်ရပ်မှာဖြန့်ခွဲနေရာယူထားသလို သိုဟန်ဘွားမသိသေးတဲ့အချက်အနေနဲ့ ဒီတပ်တွေဟာ ဘုရင့်အမိန့်ထက် မင်းကြီးရန်နောင်ရဲ့အမိန့်တစ်ခုတည်းကိုသာ နာခံမှာဖြ်ပါတယ်။ မိမိယုံကြည်ကိုးစားရတဲ့တပ်မှူးတွေကို နန်းစောင့်တပ်ရဲ့အရေးကြီးနေရာတွေမှာ တာဝန်ချထားပေးပြီးနဲ့နောက် မင်းကြီးရန်နောင် သိုဟန်ဘွားဆီအခစားဝင်ပါတယ်။ 

ပြည်ကိုစစ်ချီဖို့ တပ်အင်အားအပြည့်အစုံစုစည်းပြီးကြောင်းလျှောက်တင်ပြီး ရှေးအင်းဝမင်းအဆက်ဆက်ဟာ စစ်တိုက်ထွက်ခါတိုင်း ရန်သူ့နံကိုနှိမ်ဖို့ လောကဓာတ်အစီအရင်တွေဖြစ်တဲ့ဗေဒင်ယတြာတွေပြုလုပ်လေ့ရှိတယ်လို့လျှောက်ပါတယ်

သိုဟန်ဘွားအနေနဲ့ တောင်ပလူအရေးပြီးကတည်းက အင်းဝသားတွေတော်လှန်ဖို့အသာထား ရဲရဲတောင်စေ့စေ့မကြည့်ရဲ့ကြပဲ သူ့စကားအတိုင်းပြီးနေပြီလို့အထင်ရှိတဲ့အတွက် လောကဓာတ် အစီအရင်တွေလုပ်ဖို့ ပုဏ္ဏားတွေကိုဆင့်ခေါ်လိုက်ပါတယ်။ ပုဏ္ဏားတွေရောက်လာတဲ့အခါ သိုဟန်ဘွားက

အခုပြည်ကိုတိုက်ဖို့ကျုပ်တို့တပ်တွေစုစည်းနေတယ် စစ်တိုက်မထွက်ခင် ရှေးအင်းဝဘုရင်တွေလုပ်လေ့ရှိတဲ့အတိုင်း အတိတ်နိမိတ်ကောင်းအောင် ဘယ်လိုစီရင့်သင့်သလဲ

ပုဏ္ဏားများ - အရှင့်အကြံတော်ဟာ များစွာသင့်တော်လှကြောင်းပါဘုရား ဇာတာတော်မှာရှိတဲ့ဂြိုလ်နေဂြိုလ်တိုင်တို့နဲ့တွက်ချက်ကြည့်တဲ့အခါ ယာယီစံနန်းမှာခတ္တစံတော်မူပြီး ဇေယျဘိတ်သိတ်ခံတော်မူမယ်ဆိုရင် အခုပြည်ကိုတိုက်မယ့်စစ်ပွဲမှာ မုချအနိုင်ရပြီး ဟံသာဝတီထိတိုင် သိမ်းယူအောင်နိုင်မည်ဖြစ်ကြောင်းပါဘုရား

သိုဟန်ဘွား - ပုဏ္ဏားတို့လျှောက်တင်တဲ့အတိုင်း ရာဇဘိတ်သိတ်ခံတေ်မူမယ် ဘယ်မှာယာယီစံနန်းဆောက်သင့်တယ်ဆိုတာ လျှောက်တင်ကြစေ

ပုဏ္ဏားများ -အရှင့်ဘုန်းတော်ကိုအထွတ်အထိပ်ရောက်စေမယ့် ဇေယျမင်္ဂလာနဲ့ပြည့်စုံတဲ့အရပ်ဟာ မနောရမံဥယျာဥ်‌ဖြစ်ကြောင်းပါ  ဥယျာဥ်မှာဘိသိတ်ခံတဲ့အခါ အစောင့်အရှောက်နတ်တွေမကြိုက်တဲ့ ဓားလှံလက်နက်ခဲယမ်းတွေကိုရှောင်ကြဥ်ပြီး မင်္ဂလာရှိအောင်ရွက်ဆောင်ရပါမည်ဘုရား

သိုဟန်ဘွားလည်းအခါတော်ပေးပုဏ္ဏားတွေရဲ့ ဟံသာဝတီထိတိုင် အောင်နိုင်မယ်ဆိုတဲ့ပြောဟောချက်ကို အလွန်သဘောကျတဲ့အတွက် သူ့ကိုပြည်စစ်ပွဲမှာ အရှက်ရအောင်လုပ်ခဲ့တဲ့ တပင်ရွှေထီးကို ကောင်းကောင်းကြီးလက်စားချေနိုင်မယ့်အရေးကို ဝမ်းသာမဆုံးဖြစ်နေပါတယ်။ ဒါကြောင့် ပုဏ္ဏားတွေရဲ့အလိုအတိုင်းမလွဲမသွေဖြည့်စည်းပေးဖို့ မင်းကြီးရန်နောင်ကို အမိန့်ပေးလိုက်ပါတယ်။

မင်းကြီးရန်နောင် နန်းအစည်းအဝေးအပြီး ယုံကြည်ကိုးစားရတဲ့တပ်မှူးတွေကိုတိတ်တဆိတ်ဆင့်ခေါ်ကာ သိုဟန်ဘွားကိုလုပ်ကြံမယ့်အစီအစဥ်ကိုချပြပါတယ်။ ပုဏ္ဏားတွေနဲ့တိုင်ပင်ထားချက်အတိုင်း ဒီပွဲကိုလာမယ့်သူအားလုံးဟာ လက်နက်မယူဆောင်ရဆိုတဲ့အချက်အရ အခမ်းအနားပြုလုပ်မယ့်မြေနေရာ -အင်းဝအမတ်တွေထိုင်မယ့်သဲပြင်မှာ ဓားတွေကြိုမြှုပ်ထားစေပါတယ်။

ဆိုတော့ဒီဘိတ်သိတ်ပွဲမှာမင်းကြီးရန်နောင်ကိုင်စွဲမယ့်ဓားက သဲထဲကိုဝှက်ထားနှင့်ပြီလား

မင်းကြီးရန်နောင်အနေနဲ့ အခွင့်အခါတစ်ကြိမ်သာရတဲ့ဒီအရေးမှာ တစ်ချက်တည်းနဲ့အရေးကိစ္စအောင်နိုင်ဖို့ အင်မတန်ထက်တဲ့ဓားဖြစ်ဖို့လိုအပ်ပါတယ် နောက်ပြီးဘုရင့်အပါးမှာတောက်လျောက်လိုက်ခစားနေရမယ့်သူဟာ သဲထဲကဓားကိုမသိအောင်ယူဖို့ဟာ အခန့်မသင့်ရင်တန်းရိပ်မိသွားနိုင်ပါတယ်။ ဒါကြောင့်ကိုင်မယ့်ဓားကိုသဲထဲမှာဝှက်ထားမယ့်အစား သူ့ဦးရီးတော်ကိုင်စွဲတဲ့ယိမ်းနွဲ့ပါးဓားကို သုံးမှာဖြစ်ပါတယ်။ 

ဒီနေရာမှာ မင်းကြီးရန်နောင်ကိုင်တဲ့ယိမ်းနွဲ့ပါးဓားကို ကျွန်တော်တို့ဘာလို့ရင်းနှီးနေတယ်လို့ခံစားရတာပါလဲ။ သမိုင်းမှာ ယိမ်းနွဲ့ပါးဓားရဲ့ပိုင်ရှင်ဟာ သုံးယောက်ရှိခဲ့ပါတယ် ပထဦးဆုံးစတင်သွန်းလုပ်ကိုင်ဆောင်တဲ့ အင်းဝရွှေနန်းကြော့ရှင်နရပတိ ၊ ဒုတိယပိုင်ရှင်အနေနဲ့ မင်းကြီးရန်နောင် နဲ့တတိယပိုင်ရှင်ကတော့ တတိယမြန်မာနိုင်ငံတော်ကြီးကို တည်တောင်တဲ့ အလောင်းမင်းတရားကြီးဦးအောင်ဇေယျရဲ့လက်ရုံးတော် မင်းခေါင်နော်ရထာဘွဲ့ခံ မုဆိုးချုံဗိုလ်တွန်ဖြစ်ပါတယ်။ ဒီနေရာမှာထူးခြားချက်အနေနဲ့ ၄ယောက်မြောက်ပိုင်ရှင်ရှိနေပါသေးတယ်။ သမိုင်းအထောက်အထားအရအခိုင်အမာဖော်ပြလို့မရပေမယ့် စာရေးဆရာမင်းဆွေရေးတဲ့ ဓါးဝတ္တုမှာ အဓိကဇာတ်ကောင်အနေနဲ့ မျိုးမြင့်ရန်နောင်နဲ့ ယိမ်းနွဲ့ပါးဓားကိုဖော်ပြထားတာကိုတွေ့ရပါတယ်။

ဆိုတော့ဘိသိတ်ပွဲကိုပြန်သွားရအောင်ဗျာ မင်းကြီးရန်နောင်လက်ထဲ ယိမ်းနွဲ့ပါးဓားရောက်နေပါပြီလား။

ရာဇဘိတ်သိတ်ခံမယ့်နေ့ သင်္ကြန်အခါတော်မှာ ယာယီစံနန်းမှာ မှူးမတ်ဗိုလ်ပါအစုံအလင် ရောက်ရှိလာကြပါတယ်။ ရဲမက်တပ်မှူးတွေအနေနဲ့ ဘုရင့်အမိန့်အရမိမိတို့ကိုင်စွဲတဲ့လက်နက်တွေမပါဘဲ ပွဲကိုတက်ရောက်လာကြတာဖြစ်သလို အင်းဝသားအမတ်တွေနဲ့ရှမ်းအမတ်တွေကိုသီးခြားခွဲထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဘိတ်သိတ်ပွဲကိုသေချာကြည့်မယ်ဆိုရင် မြို့တော်နဲ့ ယာယီစံနန်းကြားမှာ မယောင်မလည်လုပ်နေကာ အချက်ပြဖို့နေရာယူတားတဲ့ အင်းဝသားအထောက်တော်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အချက်ပေးတာနဲ့ နန်းစောင့်တပ်မှာ နေရာချထားတဲ့အင်းဝတပ်တွေ နန်းတော်ကိုတက်သိမ်းမှာဖြစ်သလို ဘိတ်သိတ်ပွဲမှာလှုပ်လှုပ်ရှားရှားဖြစ်တာနဲ့ တန်းဝင်လာဖို့ အကွယ်မှာ အင်းဝမြင်းစီးရဲမက်တွေ အသင့်စောင့်နေပါတယ်။

ဘိသိတ်ပွဲမှာ မှူးမတ်ဗိုလ်ပါအသင့်ဖြစ်တဲ့အခါ ပုဏ္ဏားတွေ မန္တန်ဂါထားတွေရွတ်ကာ ခရုသင်းမှုတ်ပြီး သင်္ကြန်နဲ့ ဘိသိတ်အခမ်းအနားတို့ကို စတင်ကျင်းပပါတယ်။ ဒီလိုကျင်းပနေရာက သိုဟန်ဘွားရာဇဘိတ်သိတ်ခံပြီးတဲ့အချိန်အထိ မင်းကြီးရန်နောင်အချက်မပြသေးတာကို အင်းဝအမတ်တွေစိုးရိမ်လာကြပါတယ်။ သိုဟန်ဘွား ပုဏ္ဏားတွေရဲ့အစီအရင်အတိုင်းအတိအကျပြုလုပ်ပြီးတဲ့နောက် မင်းကြီးရန်နောင်က အခုပြည်ကိုတိုက်မယ့်စစ်ပွဲဟာမလွှဲမသွေနိုင်မှာဖြစ်ပေမယ့် နန်းထုံးတမ်းအတိုင်း လက်သုံးတော်ကျော်စီဓားကို စစ်ပွဲတိုင်းအောင်နိုင်ဖို့ သိဒ္ဓိတင်စီရင်ဖို့လိုအပ်ကြောင်းလျှောက်ပါတယ်။ နောက်ပြီးဒီလိုစီရင်တဲ့နေရာမှာ မင်္ဂလာရှိတဲ့သံနဲ့တွင်းထွက်ပြုလုပ်ထားတဲ့ဓားကိုအသုံးပြုမယ်ဆိုရင် ဒီဓားဟာအင်မတန်အစွမ်းထက်ပြီး တိုက်ပွဲတိုင်းမှာရန်သူကိုအောင်နိုင်တယ်လို့တစ်ဆက်တည်းလျှောက်ပါတယ်။

သိုဟန်ဘွားလည်း ဒီလိုအစွမ်းရှိတဲ့ဓားကိုလိုချင်တဲ့အတွက် ဒီလိုဓားမျိုးဘယ်မှာရှိသလဲလို့မေးပါတယ်

မင်းကြီးရန်နောင် အင်းဝရွှေနန်းကြော့ရှင်ကိုင်တဲ့ ယိမ်းနွဲ့ပါးဓါးဟာ အစီအရင်တွေနဲ့စီမံထားတာဖြစ်တဲ့အပြင် ဓားဓားချင်းဖြတ်နိုင်တဲ့အထိပြတ်ကြောင်းပါဘုရား

သိုဟန်ဘွား- ဒီလောက်ကောင်းတဲ့ဓါးက ဘယ်မှာရှိသလဲ

မင်းကြီးရန်နောင် - ရွှေနန်းကြော့ရှင်ဆုံးပါးကတည်းက အခုချိန်ထိဗြဲတိုက်မှာသိမ်းဆည်းထားကြောင်းပါ

သိုဟန်ဘွားလည်းဒီလိုအစွမ်းထက်တဲ့ဓားကို သူ့ရှမ်းအမတ်တွေမသိရကောင်းလား စိတ်ဆိုးပြီး ဗြဲတိုက်ကိုစီမံရတဲ့ ရှမ်းအမတ်ရွှေတိုက်မင်းကြီးကို ဆင့်ခေါ်ကာ ဗြဲတိုက်မှာရှိတဲ့ဓါးအကုန်ယူလာဖို့ အမိန့်ပေးလိုက်ပါတယ်။

ရွှေတိုက်မင်းကြီးရောက်လာတဲ့အခါ မင်းကြီးရန်နောင် နန်းစဥ်ကျောက်စီဓားတွေထဲက သူ့ဦးရီးတော်ကိုင်စွဲတဲ့ယိမ်းနွဲ့ပါးဓားကိုကိုင်ပြီး သိုဟန်ဘွားဆီဆက်သဟန်ပြကာ ဓားရောင်ဝင့်ကနဲ့ဖြစ်သွားပါတယ်။ သိုဟန်ဘွားဟာတစ်ချိန်လုံးစစ်တိုက်လာတဲ့စစ်ဘုရင်ဖြစ်တဲ့အတွက် မင်းကြီးရန်နောင်ဓားထုတ်ထုတ်ခြင်း ကိုယ်ကိုယိမ်းပြီးရှောင်လိုက်ပေမယ့် အခါနှောင်းသွားခဲ့ပါပြီ။ မင်းကြီးရန်နောင် သိုဟန်ဘွားကိုလုပ်ကြံတဲ့အခြေအနေကို မြန်မာ့စွယ်စုံကျမ်း အတွဲ၁၃ မှာ အခုလိုဖော်ပြထားတာကို တွေ့ရပါတယ်

အခုလိုရုတ်တရုတ်ဖြစ်သွားတဲ့အခင်းအကျင်းနဲ့အတူ သဲထဲကဓားကိုစမ်းပြီးအသင့်ကိုင်ထားတဲ့ အင်းဝအမတ်တွေ ပွဲထဲကိုအတင်းနင်းဝင်လာတဲ့မြင်းစီးစစ်သူရဲတွေကြောင့်  အင်းဝနန်းတော်မှာ အနီရောင်နေ့စွဲတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဆိုတော့အချုပ်ပြောရမယ်ဆိုရင် အင်းဝတပ်တွေနန်းတော်နဲ့စပ်ဆက်တဲ့နယ်မြေတွေကို ရှမ်းတွေဆီက ပြန်တိုက်ခိုက်သိမ်းယူနိင်ခဲ့ပါတယ်။ ဒီအရေးအခင်းဟာ မင်းကြီးရန်နောင်ဦးဆောင်ပြီး တိုက်ထုတ်နိုင်တာဖြစ်တဲ့ အင်းဝသားတွေလစ်လပ်နေတဲ့ဘုရင်နေရာကို မင်ကြီးရန်နောင်လက်ခံဖို့တောင်းဆိုလာကြပါတယ်။

ပြည်သူပြည်သားတွေရဲ့အလိုအတိုင်း အင်းဝအမတ်တွေ လာလျှောက်ကြတဲ့အခါ မင်းကြီး ရန်နောင်က ပြုံးရယ်ပြီး မင်းကြီးတို့က ကျုပ်ကိုဒီလောက်စိတ်ထားသေးသိမ်တယ်လို့ ထင်မှတ်ကြသကိုး ကျွန်ုပ်သိုဟန်ဘွားကိုလုပ်ကြံတာဟာ ထီးနန်းကိုလိုချင်လို့မဟုတ် အမျိုးဘာသာပျောက်မှာစိုးတဲ့အတွက် ဆောင်ရွက်ရခြင်းဖြစ်တယ် ကျွန်ုပ်အလိုအရ ဦးရီတော်နတ်ရွာစံကတည်းက  တောထွက်ပြီးတရားရှာချင်ပေမယ့် ပြည်သူပြည်သားတွေအရေးစိုးရိမ်ပြီးနေလာခဲ့တယ် အခုအရေးကိစ္စပြီစီးပြီဖြစ်တဲ့အတွက် ကြံစည်ရင်းရှိတဲ့အတိုင်း တောထွက်တရားရှာမယ်လို့ ပြန်မိန့်ပါတယ်။

သို့ပေမယ့် အင်းဝအမတ်တွေ နေ့စဥ်မပြတ်ထီးနန်ကိုလက်ခံဖို့အတင်းလာလျှောက်နေကြတဲ့အတွက် နောက်ဆုံးမင်းကြီးရန်နောင် တိုင်းပြည်ကျဥ်းထဲကြပ်ထဲရောက်နေချိန်မှာစစ်ကူလာခဲ့တဲ့ အုန်းပေါင်စော်ဘွားကို နန်းတင်ဖို့ အမတ်တွေကိုစေလွှတ်လိုက်ပါတယ်။ ဒီကာလတွေမှာစစ်ကူလာခဲ့တဲ့အုန်းပေါင်စော်ဘွားကြီး ကွယ်လွန်သွားပြီဖြစ်တဲ့အတွက် သူ့သားခုံမှိုင်ငယ်ကိုထီးနန်းပေးဖို့ မင်းကြီးရန်နောင်စီစဥ်ပါတယ်။ အင်းဝကစေလွှတ်လိုက်တဲ့အမတ်တွေ အုန်းပေါင်စော်ဘွားစီရောက်တဲ့အခါ ခုံမှိုင်းငယ်က ကျွန်ုပ်ဟာပဒေသရာဇ်တိုင်းနိုင်ငံအငယ်ကိုသာအုပ်ချုပ်ရတဲ့ စော်ဘွားသာဖြစ်တယ် အင်းဝလိုကြီးမားတဲ့နိုင်ငံကြီးကိုအုပ်ချုပ်ဖို့အရည်အချင်းမရှိလို့ မင်းကြီးရန်နောင်ဆီ ပြန်လည်လျှောက်တင်စေပါတယ်

ဆိုတော့ဒီနေရာမှာ မင်းကြီးရန်နောင်က တပင်ရွှေထီးကို ဘာလို့မပေးတာလဲ

မင်းကြီးရန်နောင်ဟာ အင်းဝကို ရှမ်းတွေစအုပ်ချုပ်တုန်းက တောင်ငူနဲ့လျို့ဝှက်ဆက်သွယ်ပြီး အင်းဝကိုလာတိုက်ဖို့ အတွင်းအပြင်ညှပ်တိုက်ဖို့စစ်ကူတောင်းခဲ့ပေမယ့် တပင်ရွှေထီးက စစ်ကူမလာဘဲ ဟံသာဝတီဘုရင်သူ့ရှင်တကာရွတ်ပိနဲ့သာ စစ်ထိုးနေပါတယ် တောင်ပလူအရေးကိစ္စဖြစ်တဲ့အချိန်မှာလည်း စစ်ကူမတောင်းပေမယ့် တပင်ရွှေထီးရဲ့တပ်ကိုမျှော်လင့်နေခဲ့ပါတယ် သို့ပေမယ့်တပင်ရွှေထီးဟာ သူပိုင်တဲ့ပြည်ကတပ်တွေမလှုပ်ရှားဘဲ ရခိုင်နဲ့စစ်ပြင်ဖို့ကိုသာအလေးပေးနေခဲ့ပါတယ်။ အခုလို မင်းကြီးရန်နောင် တပင်ရွှေထီးအပေ်ခံစားချက်တွေရှိနေပေမယ့် သူထီးနန်းပေးဖို့ရွေးချယ်တဲ့အခါ အင်းဝကိုအလေးမထားဘဲစစ်တိုက်ထွက်နေတဲ့ဘုရင်အစား မရှိတဲ့အင်အားကိုစစ်ကူထုတ်‌ပေးပြီးအင်းဝဘက်က ဝင်တိုက်ပေးတဲ့ အုန်းပေါင်စော်ဘွားကိုရွေးချယ်တာဖြစ်ပါတယ်။

အုန်းပေါင်စော်ဘွားရဲ့ငြင်းဆိုချက်ကိုကြားပေမယ့် မင်းကြီးရန်နောင်က စော်ဘွားရဲ့ ပါးရည်နပ်ရည်ရှိပြီး နန်းစည်းစိမ်အလိုရမက်ကိုချုပ်ထိန်းထားနိုင်တာကို သဘောကျပြီး နောက်တကြိမ်အအမတ်တွေလွှတ်ပါတယ်။ ခုံမှိုင်းငယ်လည်း မင်းကြီးရန်နောင်ရဲ့သဘောအတိုင်း တိုက်ဆင်၁၀၀ စစ်မြင်း၄၀၀၀ စစ်သူရဲ၅၀၀၀၀နဲ့ အင်းဝကိုချီတက်လာပြီး သူ့နေရာမှာညီတေ်ကိုစော်ဘွားအရာထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သက္ကရာဇ် ၉၀၄ခု ဝါဆိုလမှာ မင်းကြီးရန်နောင်ကိုယ်တိုင်အကြီးအမှူးပြုလုပ်ပြီး ခုံမှိုင်းငယ်ကို အင်းဝမှာနန်းတင်ပါတယ်။ ဒီနေရာမှာထူးခြားချက်အနေနဲ့  နန်းတင်တဲ့အချိန်မှာ မင်းကြီးရန်နောင်ဟာ အသက် ၃၆နှစ်သာရှိသေးတဲ့အတွက် ဒီအသက်အရွယ်နဲ့ထီးနန်းမယူတာဟာ သမိုင်းမှာအတော်ထူးခြားတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်

မင်းကြီးရန်နောင်အကြောင်း သမိုင်းကိုဆက်လေ့လာမယ်ဆိုရင် အင်းဝနန်းတော်မှာ နန်းတင်ပြီးတဲ့နောက် ဘုရင်အသစ်ရဲ့လုပ်ဆောင်ချက်တွေကို ၁နှစ်ခန့်စောင့်ကြည့်ပြီး ရဟန်းဝတ်သွားကာ တောထွက်တရားရှာတယ်လို့နောက်ဆုံးဖော်ပြထားတာတွေ့ရပါတယ်။ တောမထွက်ခင် ဘုရင်ခုံမှိုင်းငယ်နဲ့ မှူးမတ်တွေကိုနောက်ဆုံးအကြိမ် သွန်သင်ဆုံးမပြီးတဲ့နောက် မင်းကြီးရန်နောင်ရဲ့အကြောင်းဟာ ရှေးဟောင်းစာပေတွေမှာ နောက်ထပ်ဘာမှဖော်ပြထားတာမတွေ့ရဘဲ ဒီမှာတင်အဆုံးသတ်သွားခဲ့ပါတယ်၊

ဆိုတော့ ဘာတွေမှာသွားပါသလဲ

ကြည့်ရှု့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်

YHNL


ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research..

Previous Post Next Post