အားလုံးပဲမင်္ဂလာပါဗျာ
ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်
ဟံသာဝတီ-ယိုးဒယားစစ်ပွဲကြီးအပြီး တောင်ငူဘုရင်တပင်ရွှေထီးအနေနဲ့ အနီးဝန်းကျင်နယ်မြေတွေအပြင် တိုင်းတပါးအထိပါ သြဇာလွှမ်းမိုးနိုင်တဲ့အတွက် ဘုန်းတန်ခိုးအထွန်းတော်ဆုံးကာလလို့ ဆိုရာမှာဖြစ်ပါတယ်။ ၃၃နှစ်ဝန်းကျင်ပဲရှိသေးတဲ့ လူရွယ်တစ်ယောက်အတွက် အရာရာဟာလက်ညှိုးညွှန်ရာ ရေဖြစ်တဲ့အခြေအနေမှာ ရှုပ်ထွေးတဲ့တိုင်းရေးပြည်ရာထက် အပျော်အပါးကို လိုက်စားခုံမင်လာပါတယ်။ တပင်ရွှေထီးနဲ့သမိန်စောထွတ်ဟာ ပုလင်းတူဘူးဆို့တွဲလုံးမိနေတယ်ဆိုပေမယ့် အရာရာကို နန်းတွင်းစည်းမျဥ်းတွေကြားကပဲ ပျော်ပါးတာမျိုးဖြစ်ပါတယ်။ သို့ပေမယ့် ၃ယောက်မြောက်ဖြစ်တဲ့ နိုင်ငံခြားသားစစ်ဗိုလ်ဝင်လာတဲ့အခါမှာတော့ အခြေအနေဟာပိုဆိုးရွားလာါတယ်။ ဒီနိုင်ငံခြားသားအကြောင်းကို ယခုအပိုင်းမှာ ဗိုလ်ဖြူလို့သာ သုံးစွဲသွားမှာဖြစ်ပတယ်
ဆိုတော့ ဒီဗိုလ်ဖြူက ဘယ်လိုဖြစ်ပြီးဟံသာဝတီနန်းတော်ကိုရောက်လာတာပါလဲ
သမိုင်းစာအုပ်တွေကိုကြည့်တဲ့အခါ
ဒီစစ်ဗိုလ်ဘယ်ကလာသလဲဆိုတာနဲ့ပတ်သတ်ပြီး အမျိုးမျိုးကွဲပြားမှု့တွေရှိနေပါတယ်။
မှန်နန်းရာဇဝင်ကြီးအတိုင်းဖော်ပြရင် ထိုကုလားဗရင်ဂျီအကြောင်းကား ပိစ္စရာဇ်မင်းသည် သင်္ဘောခုနှစ်စင်း ကူရွပ်တစ်ရာနှင့်
အစည်မြို့ကိုတိုက်လေဟူ၍ စေလိုက်၏ ပိစ္စရာဇ်မင်းတူလည်း မာလိကမြို့ကိုရောက်လျှင်
အမြောက်စေ့ကျည်စေ့များစွာဦတင်ခဲ့၍ အစည်မြို့ကိုတိုက်လေ၏ အစည်မင်းလည်း
သင်္ဘောကူရွပ်များနှင့်ဆီး၍တိုက်လျှင် ပိစ္စရာဇ်မင်းတူပျက်၍ ကူရွပ်တစ်ဆယ် လူသုံးရာခန့်ဖမ်း၍ဆက်လာ၏
မုတ္တမစားလည်း ပိစ္စရာဇ်မင်းတူနှင့် လူသုံးရာခန့်ကိုဖမ်း၍ ဆက်လာ၏ လို့တွေ့ရပါတယ်။
ဒီနေရာမှာပါတဲ့
ပိစ္စရာမင်းဆိုတာကို ခေတ်ကာလသတ်မှတ်ချက်အရ ကွဲလွဲမှု့တွေရှိနေပါတယ်။
တပင်ရွှေထီးဝတ္ထုတော်ကြီးမှာ ပိစ္စရာဇ်ပြည်ကို ပြင်သစ်လို့ဖော်ပြထားပေမယ့်
တွင်းသင်းတိုက်ဝန် မဟာစည်သူရေးတဲ့မဟာရာဇဝင်သစ် တောင်ငူဆက်(ဒုတိယတွဲ)စာမျက်နှာ
၆၈မှာ အိန္ဒိယနိုင်ငံ ဂိုအာနယ်ကိုအုပ်ချုပ်သော ပေါ်တူဂီမင်းလို့ရည်ညွှန်းထားတာကိုတွေ့ရပါတယ်
တစ်ဆက်တည်ပြောရရင်း ဗိုလ်ဖြူတိုက်ခဲ့တဲ့
အစည်မြို့ဆိုတာက စူမတြားကျွန်းစွယ်၏အနောက်မြောက်ဘက်စွန်းရှိ Achin / Achien
/ Asi ဟုခေါ်တွင်ခဲ့သည့်မြို့ မာလိဏမြို့ဆိုတာက မလေးရှားနိုင်ငံ မလက္ကာမြို့ဖြစ်တယ်လို့
ဦးကုလားမဟာရာဇဝင်ကြီး ဒုတိယတွဲမှာ အခုလိုရည်ညွှန်းထားတာကိုတွေ့ရပါတယ်။
ဆိုတော့ ဇာတ်လမ်းကိုဆက်ရရင် ဒီဗိုလ်ဖြူ စစ်ရှုံးပြီးသူ့နောက်လိုက်နောက်ပါရေတပ်သားတွေနဲ့
မုတ္တမကို သင်္ဘောကမ်းကပ်ပါတယ်။ မုတ္တမစားစောလကွန်းအိမ်ဦးစီးတဲ့ဟံသာဝတီရေတပ်က
ပေါ်တူဂီရေတပ်အုပ်စုကိုဖမ်းဆီးပြီး တပင်ရွှေထီးဆီဆက်သပါတယ်
ဗိုလ်ဖြူရဲ့ရုပ်အသွင်အပြင်အမူအရာကိုဖော်ပြတဲ့နေရာမှာ ရုပ်အဆင်းပြေပြစ်ပြီး အရိပ်အခြေအလိုက်တသိနဲ့ လိမ္မာပါးနပ်တယ်လို့ဆိုပါတယ်။ နန်းတော်ကိုရောက်တဲ့အခါ တပင်ရွှေထီးက သူ့တပ်မှာ မူရင်းအမှု့ထမ်းနေတဲ့ပေါ်တူဂီတပ်တွေဆီကအကူအညီနဲ့ ဘာသာပြန်ဆက်သွယ်ပြောဆိုပါတယ်။ တပင်ရွှေထီးဟာ ဟံသာဝတီနေပြည်တော်ရဲ့အဝေးနေရာမှာရှိတဲ့ ဥရောပတိုက်အကြောင်း ထုံးတမ်းယဥ်ကျေးမှု့တွေအကြောင်း ခေတ်မှီစစ်လက်နက်ကိရိယာတွေအကြောင်း မေးမြန်းလျှောက်တင်စေရာက ဘုရင့်အိမ်တော်ကို အဝင်အထွက်လွတ်လွတ်လပ်လပ်ဝင်ထွက်ခွင့်အထိပေးထားပါတယ်။
ဗိုလ်ဖြူရဲ့အကြောင်းကိုဖော်ပြတဲ့နေရာမှာ တစ်ဆက်တည်းပါရှိတာက သူဟာ သေနတ်ပစ်ခတ်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တယ်လို့ရေးသားထားပါတယ်။ သူ့ရဲ့စွမ်းရည်ကို စမ်းသပ်ဖို့တပင်ရွှေထီးက စက်တိုင်မှာစကားဝါပွင့်တင်ပြီး အကြိမ်ကြိမ်ပစ်ခတ်စေတဲ့အခါ တစ်ချက်မှမလွဲခဲ့ဘူးလို့ဆိုပါတယ်။ အဲဒိလိုအချက်တိုင်းတည့်အောင်ပစ်ခတ်နိုင်တဲ့အတွက် တပင်ရွှေထီးကအလွန်နှစ်သက်သဘောကျပြီး ဆုတော်လာဘ်တော်တွေအပြင် ကိုယ်လုပ်တော်တစ်ဦးနဲ့အိမ်တော်တစ်ဆောင်ချီးမြှင့်သလို သူ့နောက်လိုက်တပ်သား၃၀၀ကိုလည်း တပ်ဖွဲ့တစ်ခုအဖြစ် ဟံသာဝတီဘုရင့်ရေတပ်မှာ အမှု့တော်ထမ်းခွင့်ပေးသနားပါတယ်။
တပင်ရွှေထီးက ပေါ်တူဂီစစ်ဗိုလ်နဲ့ သေနတ်ပစ်လေ့ကျင့်ရာက အနောက်တိုင်းထုံးတမ်းအတိုင်းသေနတ်ဖြင့်တောလိုက်ထွက်ခြင်း တောတွင်းမှာသောက်စားပျော်ပါးခြင်းတို့ကို ခုံမင်လာပါတယ်။ နောက်ပိုင်းဗိုလ်ဖြူဟာ အနောက်တိုင်းရဲ့ထုံးတမ်းအတိုင်း ဗျစ်ရည်သောက်သုံးတဲ့အလေ့အကျင့် ကိုအသားပေးလာပါတယ်၊ ဒေသတွင်းမှာရှိတဲ့သေရည်သေရက်တွေဟာ အနံအရသာဆိုးသလို နန်းတွင်းမှာတားမြစ်ထားတဲ့အရာတွေဖြစ်ပေမယ့် ဗိုလ်ဖြူဆက်သတဲ့ဗျစ်ရည်က အနံအရသာထူးခြားပါတဲ့အတွက် နန်းတွင်းပွဲတော်တည်ရာမှာ မပါမဖြစ်ဖြစ်လာပါတယ် ဗိုလ်ဖြူဟာ နိုင်ငံခြားကုန်သင်္ဘောတွေဆီက ဗျစ်ရည်ဝိုင်အရက်တွေကိုဝယ်ယူစုဆောင်းသလို ကိုယ်တိုင်လုပ်ပြီးလဲဆက်သပါတယ်။ ဒီလိုနဲ့ တပင်ရွှေထီးဟာ အရသာမပြင်းတဲ့ဝိုင်ကစပေမယ့် နောက်ပိုင်းသူ့ထက်ပိုပြင်းတဲ့အရာတွေကိုပါ နှစ်သက်စွဲလမ်းတယ်
အပိုင် ၂၂ -ဇာတ်သိမ်းပိုင်း - ငါဟဲ့ တပင်ရွှေထီး |
အခြားတစ်ဘက်မှာအပါးတော်မြဲသမိန်စောထွတ်ဟာ
မိဖုရားခေမနောရဲ့အကူအညီနဲ့ လက်ရုံးတပ်တွေစုဆောင်းခြင်းက
တစ်ဖြည်းဖြည်းနဲ့ရုပ်လုံးကြွလာခဲပါပြီ။
ဟံသာဝတီနန်းတော်ကအရေးပါတဲ့အစောင့်တပ်မှူးတွေနေရာမှာ
သူယုံကြည်ကိုးစားရတဲ့သူတွေနဲ့အစားထိုးပြောင်းလဲထားသလို နန်းညီလာခံမှာလည်း
သူ့ရှင်တကာရွတ်ပိလက်ထက်ကအမတ်ဟောင်းတွေရဲ့ထောက်ခံမှု့ကိုရရှိလာနေပါတယ်။ ဒါအပြင်
မင်းတရားပစားပေးနေတဲ့ ဗိုလ်ဖြူကိုချစ်ကြည်ပေါင်းသင်းတဲ့အတွက် တပင်ရွှေထီး သမိန်စောထွတ်နဲ့ ဗိုလ်ဖြူတို့သုံးဦးက ကောင်းကောင်းကြီးတွဲလုံးမိနေပါတယ် ။
သမိန်စောထွတ်အတွက်
တပင်ရွှေထီးကိုလုပ်ကြံပြီး တောင်ငူမင်းဆက်တွေကိုဖြုတ်ချဖို့က လက်ခုတ်ထဲကရေလိုဖြစ်နေပေမယ့်
သူသွားရှုပ်လို့မရတဲ့သူရှိနေပါတယ်။ ဘုရင်နောင်ဟာ
တပင်ရွှေထီးလစ်ဟင်းသွားတဲ့အမှု့ကိစ္စမှန်သမျှကိုအကုန်ပြန်ဖာထေးသလို
ဟံသာဝတီဘုရင့်ကုန်းတပ်ရေတပ်နှစ်ခုစလုံးမှာ သြဇာသက်ရောက်မှု့အလွန်ကြီးမားတဲ့သူဖြစ်နေပါတယ်။ သမိန်စောထွတ်ဟာ တောလိုက်ထွက်နေချိန်မှာသာ တပင်ရွှေထီးကိုလုပ်ကြံမယ်ဆိုရင်အောင်မြင်ဖို့အခွင့်အရေးများပေမယ့် အရေးကိစ္စပြီးစီးပြီး
လွတ်လွတ်မြောက်မြောက်ထွက်သွားနိုင်ဖို့မှာက ပြသနာတက်နေပါတယ်။ ဘုရင့်နောင်ရဲ့မြင်းတပ်သာ
နောက်ကဒုန်းဆိုင်းလိုက်လာခဲ့ရင် သဲထဲရေသွန် အကုန်ဖြစ်ကုန်မှာဖြစ်သလို ဟံသဝတီကုန်းတပ်ရေတပ်နှစ်ခုစလုံးကိုရင်ဆိုင်နိုင်ဖို့အတွက် ခြေကုပ်စခန်းအပိုင်စားမြို့တောင်မရှိသေးတဲ့အခြေအနေဖြစ်နေပါတယ်။ ဒါကြောင့် ဗိုလ်ဖြူနဲ့ပေါင်းပြီး အခွင့်အခါသင့်မယ့်အချိန်ကို စောင့်ဆိုင်းနေတာဖြစ်ပတယ်
အခုလို တပင်ရွှေထီးတို့အပျော်ကနေတဲ့ဇာတ်ထုတ်က တစ်ဖြည်းဖြည်းနဲ့မပျော် ရတဲံဘက်ကိုဦးတည်လာခဲ့ပါတယ်။ အစပိုင်းမှာ တပင်ရွှေထီးဟာ ပွဲတော်တည်ရာ တော်ကစားထွက်ရာတွေမှာသာ သောက်စားပေမယ့် နောက်ပိုင်းတစ်နေကုန် နန်းညီလာခံမတက်ဘဲသောက်တဲ့အထိဖြစ်လာပါတယ်။ ညီလာခံကိုတက်လာခဲ့ဖြစ်ရင်လည်း အမှု့ကိစ္စမှန်သမျှကို စေတစ်လုံးနဲအမိန့်ချတဲ့အတွက် အပြစ်ရှိသူရောမရှိသူပါ လူ့ပြည်မှာသက်တမ်းကုန်ပါတယ်။ ဒီနေရာမှာ တပင်ရွှေထီးအပျော်အပါးလိုက်စားတဲ့အရာတွေဟာ ရှေ့မြန်မာတွေရဲ့ယဥ်ကျေးမှု့ထုံးတမ်းကိုဖောက်ဖျက်ပြီး ဘုရင်တွေမလုပ်အပ်တဲ့အရာတွေပါဝင်နေပါတယ်။ ဒီအကြောင်းအရာတွေကိုဖော်ပြတဲ့နေရာမှာ ရိုင်းရာကျမှာဖြစ်တဲ့အတွက် သွယ်ဝိုက်ပြီးဖော်ပြမှာဖြစ်ပါတယ်။ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်မှာ ထိုးမုန့်တစ်ခုရှိတယ်ဆိုကြပါစို့။ တပင်ရွှေထီးဟာ မင်းမိန့်နဲ့ အိမ်ထောင်ရှိအမျိုးသားတွေရဲ့ ထိုးမုန့်တွေကို လဲစားစေတာတွေ တစ်ဦးရဲ့မုန့်ကို တခြားသူအားပေးတာတွေ တစ်ဦးတဲ့က ထိုးမုန့်၂ခု၃ခုတစ်ပြိုင်တည်းစားတာတွေ အစရှိသဖြင့်လုပ်ပါတယ်။ ဒီလိုအရာတွေဟာ ရေခြားမြေခြားမှာမထူးဆန်းတာတွေဖြစ်ပေမယ့် မြန်မာထုံးတမ်းမှာကတော့ လက်မခံနိုင်စရာအချင်းအရာတွေဖြစ်နေပါတယ်။
အခုလိုတပင်ရွှေထီးက သေရည်သေရက်သောက်စားပြီး စိတ်ထင်တိုင်းပြုလုပ်နေသလို နန်းညီလာခံမှာ မှူးမတ်တွေကို လူ့ပြည်ကနှင်ထုတ်တာတွေများလာတဲ့အခါ ဟံသာဝတီမှာလူထုအုံကြွမှု့တွေဖြစ်လာပါတယ်.
တစ်တိုင်းပြည်လုံးမငြိမ်မသက်ဖြစ်လာတဲ့အခါ ဘုရင့်နောင်ရဲ့အိမ်တော်ကို
မှူးမတ်စစ်ကဲတွေတိတ်တဆိတ်စုရုံးရောက်ရှိလာပါတယ်။ လာရတဲ့အကြောင်းအရင်းက
ဟံသာဝတီတစ်ပြည်သူပြည်သားတွေရဲ့ဆန္ဒအတိုင်း အမှားအမှန်ကိုမခွဲခြားနိုင်တော့တဲ့တပင်ရွှေထီးကိုနန်းချပြီး ထီးနန်းလက်ခံဖို့လာလျှောက်ထားကြတာဖြစ်ပတယ်
မှူးမတ်တွေ
ဘုရင့်နောင်ဆီလျှောက်တင်တဲ့အကြောင်းကို ဦးကုလားမဟာရာဇဝင်ကြီးဒုတိယအုပ် စာမျက်နှာ
၁၉၃မှာအခုလိုဖော်ပြထားပါတယ်
ယခု သည်ပြည်ရွာ
အခုလိုဟံသာဝတီနန်းတွင်းမှာ
မငြိမ်မသက်ဖြစ်နေသလို အောက်ပိုင်ဒေသတွေမှလည်း ပြည်သူပြည်သားတွေက ကြီးမားတဲ့အရွေ့တစ်ခုဆီဦးတည်နေပါတယ်။
ရှေ့ဟံသာဝတီဘုရင်သူ့ရှင်တကာရွတ်ပိဟာက ဒုတိယဗညားရံရဲ့ထီးနန်းအမွေကိုဆက်ခံခဲ့တဲ့သားတော်ဖြစ်ပါတယ်၊ဒုတိယဗညားရံအိမ်နိမ့်မှာသားတော်တစ်ပါးရှိနေပါသေးတယ်။ ဒီမင်းသားဟာနောင်တစ်ချိန်မှာ
သမိန်ထောရာမလို့ဘွဲ့အမည်ခံယူတဲ့အတွက် သမိန်ထောရာမလို့သာသုံစွဲသွားမှာဖြစ်ပါတယ်။
သမိန်ထောရာမအကြောင်းပြောတဲ့နေရာမှာ အထောက်အထားအားဖြင့်အခိုင်အလုံပြောလို့မရပေမယ့်
တစ်ညီတစ်ညွတ်တည်းညွှန်ပြနေတဲ့အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ သမိန်ထောရာမမှာ နတ်တွေပေးတဲ့ဂါထာသုံးပုဒ်ရှိတယ်လို့ဆိုပါတယ်။
သမိန်ထောရာမက သူ့ရှင်တကာရွတ်ပိရဲ့ပြည်ထောင်ပျက်စီးတဲ့အချိန်မှာ ဇရွဲအုံအရပ်မှာ ဘုန်းကြီးဝတ်နဲ့ရှိနေပါတယ် သမိန်ထောရာမ တောရဘုန်းကြီးအဖြစ်နဲ့တရားအားထုတ်နေချိန်မှာ ရုက္ခစိုးနတ်ကအိမ်မက်ပေးတယ်လို့ဆိုပါတယ်။
ရုက္ခစိုးပေးတဲ့အိမ်မက်ကမြစ်နားသို့သွားလျှင် မိကျောင်းပေါ်လိမ့်မည်။ ၄င်းမိချောင်းစီး၍ အနောက်ဘက်ကိုကူးလျှင် ကညင်ပင်တစ်ပင်ထက်က ဥဒေါင်းကြော်လိမ့်မည်
ထိုသစ်ပင်ကိုစင်ရော်ဝဲလိမ့်မည်
ထိုအပင်၏အရှေ့တစ်တောင်ကွာ အနက်သုံးတောင်တူးလျှင် ရွှေပေနှင့်ရေးသော ဂါထာ၃ပုဒ်ရှိသည်
ပထမဂါထာအကျိုးကား
ရှိန်းဆာယာ ကိုယ်ပြောင်း ကိုယ်ခွာရနိုင်သည်
ဒုတိယဂါထာကား
ဓားလှံလက်နက်ပြီးသည်
တတိယဂါထာကား
ခြေကျိုးလက်ကျိုး ဓားလှံလက်နက်ဒဏ်ရာတို့ကိုရေမန်း၍ သောက်လျှင်
အကောင်းပကတိအတိုင်းပျောက်ကင်းသည် ၄င်းအပြင် စပါး ပြောင်း
ပဲဘူးစသည့်စိုက်ပျိုးရာတွင် ဂါထာရွတ်၍ ရေကိုမန်းပက်လျှင် ဆယ်ဆတို့း၍သီးပွင့်သည်
၄င်းဂါထာများကို
နေ့ချင်းရအောင် ကျက်မှတ်ပြီးလျှင် မြှုပ်မြဲအတိုင်းပြန်မြှပ်ထားခဲ့ရမည်လို့ မြင်မက်တယ်လို့ဆိုပါတယ်
အိမ်မက်အရသွားကြည့်တဲ့အခါ မိကျောင်းပေါ်လာပေမယ့် တွေဝေနေတဲ့အတွက် မစီးဖြစ်ပါဘူး
ဒုတိယအကြိမ်စီးမယ်အလုပ်မှာ စိတ်ပေါ့သွပ်သောရဟန်း မိကျောင်းစီးမည်ထင်ပြီး သူသုံးယောက်ကဝိုင်းဆွဲတဲ့အတွက် မစီးဖြစ်ပါဘူး
နောက်ဆုံးတတိယအကြိမ်မှသာအရဲစွန့်ပြီးစီးဖြစ်ပါသည်
သမိန်ထောရာမ အနောက်ဘက်ကမ်းရောက်တဲ့အခါ အိမ်မက်အတိုင်းတွေ့ပတယ်
ရွှေပေမှာရေးထားတဲ့ဂါထာသုံးပုဒ်ကိုကျက်မှတ်ပြီးပြန်ကူးလာခဲ့ရာက မြစ်လယ်မှာလေကြီးမိုးကြီးကျတဲ့အတွက် ကြောက်လန့်ပြီးပထမနှစ်ပုဒ်ကိုမေ့သွားပြီး တတိယတစ်ပုဒ်သာမှတ်မိတယ်လို့ဆိုပတယ်
ဆိုတော့ဇာတ်ကြောင်းကိုပြန်ဆက်ရမယ်ဆိုရင်
သန်လျင် ဒလစတဲ့အောက်ပိုင်းမြို့တွေက
တပင်ရွှေထီးရဲ့အကျင့်ပျက်ပြုမူနေတာတွေကိုမခံနိုင်တော့တဲ့အတွက်
ရဟန်းဝတ်နဲ့မင်းသားကို ထောက်ခံလာကြပြီး နောက်ပါလူသူအင်အားတောင့်တင်းလာပါတယ်။
မင်းသားဟာ နောက်ပိုင်းလူထွက်ပြီး သမိန်ထောရာမဘွဲ့အမည်ကိုခံယူကာ စစ်အင်အားကိုအခိုင်အခံ့တည်ဆောက်ပါတယ်။
အခုလိုအောက်ပိုင်းမှာ လူသူလက်နက်စုတောင်းနေချိန်မှာ ဟံသာဝတီမင်းနေပြည်တော်မှာ ဘာလိုအခြေအနေတွေရှိနေပါသလဲ
တပင်ရွှေထီး ပြုတဲ့အမှု့တွေဟာ
နန်းရင်ပြင်တစ်ခုလုံးရုန်းရင်းဆန်ခတ်နဲ့ တိုင်းရေးပြည်ရာတွေ အကုန်ကမောက်ကမတွေဖြစ်ကုန်ပါတယ်။
ဘုရင်နောင်အနေနဲ့ တပင်ရွှေထီးဟာ မုချသတိပြန်ကပ်လာမှာဖြစ်တယ်လို့ တထစ်ချယုံကြည်ထားပေမယ့်
အချိန်ကြာလာတာနဲ့အမျှပိုဆိုးသထက်ဆိုးလာတဲ့အတွက်
မဖြစ်မနေသူဝင်ပါရတော့မဲ့အခြေအနေဖြစ်လာပါတယ်။
ဒီနေရာမှာ
ဘုရင့်နောင်က တပင်ရွှေထီး အပါးတော်မြဲသမိန်စောထွတ်နဲ့ ဗိုလ်ဖြူတို့အတူရှိတဲ့အချိန်မှာ
ဓားနဲ့ဝင်ကြိမ်းတယ်လို့ တပင်ရွှေထီးဝတ္ထုတော်ကြီးမှာ
ဖော်ပြာထားတာကိုတွေ့ရပါတယ်။
ဘုရင့်နောင်အနေနဲ့
တပင်ရွှေထီးရဲ့ဇာတ်ထုတ်ကိုအမြစ်ဖြတ်ဖို့ဆိုတာက အခုလိုကြိမ်းရုံလောက်နဲ့ ဆုံးခန်းတိုင်မှမဟုတ်တဲ့အတွက်
ဒီတစ်ပြည်သားကိုအပြတ်ရှင်ဖို့လိုပြီဆိုတာ ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒါကြောင့်
ဘုရင့်နောင်က ဗိုလ်ဖြူကို သူ့အိမ်တော်ကိုချက်ချင်းဆင့်ခေါ်ပြီး အခစားဝင်လာတဲ့အခါ
ဘုရင့်နောင်က
ဘုရင့်နောင်အခုလိုဗိုလ်ဖြူကိုပြန်လွှတ်ပြီးတဲ့နောက်
တပင်ရွှေထီးကို သေရည်သေရက်သောက်စားတာရှောင်ရှားနိုင်ဖို့အစီအမံတွေစီရင်သလို
ဒီကာလတွေအတွင်းယိုင်းနဲ့နေတဲ့ တရားစီရင်ရေး စားနပ်ရိက္ခာဖူလုံစေရေးတို့ကို အပြင်းအထန်ကြပ်မက်စီမံပါတယ်။
ဟံသာဝတီအတွက်အမှောင်နေ့ရက်တွေကုန်လွန်သွားပြီလို့ထင်စရာရှိနေပေမယ့်
ဘုရင့်နောင်ဆီကိုတော့ တိမ်မဲတွေ တစ်လိပ်လိပ်နဲ့ လွှမ်းမိုးလာခဲ့ပါပြီ
မြန်မာသက္ကရာဇ်
၉၁၀ပြည့်နှစ်( နှောင်းတန်ခူး/ကဆုန်) ခရစ်နှစ် ၁၅၄၉ခု မတ်လမှာ ဘွဲ့အမည်
မင်းရဲ့သီဟသူ ဘုရင့်နောင်ရဲ့ဖခင်တောင်ငူဘုရင်ခံ မင်းကြီးဆွေနတ်ရွာစံပါတယ်။ မင်းကြီးညိုလက်ထက်မှာ
စစ်သူရဲအဖြစ်ရွံရွံ့ချွံချွံအမှုထမ်းခဲ့ပြီး နောက်ပိုင်းဘုရင့်အထိန်းတော် ၄င်းနောက်တပင်ရွှေထီးလက်ထက်မှာ ပထမဆုံးရင်ခံအဖြစ်ချီးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။
တပင်ရွှေထီးတောင်ငူအင်ပါယာကိုတည်ဆောက်တဲ့ကာလမှာ ကျရာနေရာက
မမှိတ်မသုံအမှု့တော်ထမ်းရွက်ခဲ့ပြီး ဟံသာဝတီရဲ့ဘုန်းတန်ခိုးအာဏာကြီးထွားဖို့အရေးမှာ အဓိကကျတဲ့အုတ်မြစ်အဖြစ်ရပ်တည်ခဲ့ပါတယ်။ မင်းကြီးဆွေရဲ့ကောင်းမှု့အနေနဲ့တောင်ငူမှာ
မြစည်းခုံစေတီတည်ထားတယ်လို့သိရပါတယ်။ မင်းကြီးဆွေမွေးခုနှစ်နဲ့ပတ်သတ်ပြီးအတိအကျမသိရဘဲ
၁၄၉၀ ဝန်းကျင်လို့ဖော်ပြထားတဲ့အတွက် ကွယ်လွန်ချိန်မှာ ၅၉ နှစ်ဝန်ကျင်ရှိပြီဖြစ်ပါတယ်။
တောင်ငူဘုရင်ခံအထိန်းတော်ကြီးမင်းရဲသီဟသူ
ကွယ်လွန်ကြောင်းသိရတဲ့အခါ တပင်ရွှေထီးဟာ အလွန်အမင်းစိတ်ထိခိုက်သွားပါတယ်။
နာရေးကိစ္စတောင်ငူမှာဆောင်ရွက်တဲ့အခါ တပင်ရွှေထီးက
တိုင်းပြည်ရဲ့အရှင် ဘုရင်မင်းမြတ်တို့ နတ်ရွာစံတဲ့အခါပြုလုပ်တဲ့အတိုင်း
အဆောင်အယောင်အပြည့်အစုံနဲ့ ကြီးကျယ်ခမ်းနားစွာ သင်္ဂြိုလ်စေပါတယ်။
လစ်လပ်သွားတဲ့ တောင်ငူဘုရင်ခံနေရာကို ဟံသာဝတီနန်းတော်မှာ အသစ်ခန့်ထားဖို့အရေး မှူးမတ်တွေ ဘုရင့်ဆီလျှောက်တင်ကြပါတယ်။ ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က တပင်ရွှေထီးက တောင်ငူဘုရင်ခံနေရာကို မင်းကြီးဆွေရဲ့သားအကြီး ဘုရင့်နောင်ကိုမပေးပါဘူး ဒီအစားဖအေတူမအေကွဲညီအကိုဖြစ်တဲ့သားအလတ်ကို သီဟသူဘွဲ့ချီးမြှင့်ပြီး ဘုရင်ခံရာထူးပေးပါတယ်။ ဒီနေရာမှာဘွဲ့ရာထူးတွေခဏခဏပြောင်းတဲ့အတွက် အခုတောင်ငူဘုရင်ခံအဖြစ်ချီးမြှင့်ခံရတဲ့ သီဟသူဆိုတာက နောင်တစ်ချိန်မှာ တောင်ငူမင်းခေါင်ကိုဆိုလိုတာဖြစ်ပါတယ်။ တပင်ရွှေထီးအခုလိုသားအကြီးကိုလွန်ပြီး အလတ်ကိုပေးတဲ့အတွက် နန်းညီလာခံမှာ မှူးမတ်သေနာပတိတွေက မသင့်တော်ကြောင်းလျှောက်တင်ကြပါတယ်။
မှူးမတ်တွေလျှောက်တင်တဲ့အထဲမှာ
ဘုရင်နောင်အပိုင်စားရတဲ့ လှိုင်မြို့ဆိုတာက တောင်ငူနဲ့ယှဥ်ရင်
မြို့ငယ်အသေးသာဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့စစ်ဦးစီးတစ်ယောက်အနေနဲ့မသင့်တော်ဘဲ
တောင်ငူကိုအပိုင်းစားစေသင့်ကြောင်းအဓိကပါဝင်ပါတယ် ။ဒီအရေးမှာ ဘုရင့်နောင်ဟာ တပင်ရွှေထီးရဲ့အမိန့်တော်အတိုင်း သင့်မြတ်ကြောင်းလျှောက်တင်ပေမယ့် မှူးမတ်အများစုရဲ့သဘောဆန္ဒက ပေးသောလက်ကိုရုတ်ဖို့ဝိုင်းတိုက်တွန်းနေတဲ့အတွက် တောင်ငူမင်းခေါင်အနေနဲ့ အဖုအထစ်လေးတွေရှိလာပါတယ်
ဆိုတော့တပင်ရွှေထီးက
ဒီအရေးကိုဘယ်လိုဖြေရှင်းမှာပါလဲ
ဒီအကြောင်းကို မှန်းနန်းမဟာရာဝင်ကြီး ဒုတိယတွဲ စာမျက်နှာ ၂၅၄မှာ အခုလိုဖော်ပြထားတာကိုတွေ့ရပါတယ်
တပင်ရွှေထီးပြောတဲ့ ဘုရင့်နောင် ငါကိုယ်တော်ဖြစ်တော့သည် ဆိုတဲ့စကားက အဓိပ္ပါယ်အများကြီးသက်ရောက်ပါတယ်။ ဒီကြားကာလတွေမှာ တပင်ရွှေထီးက ဘုရင့်နောင်ကို အိမ်ရှေ့မင်းတို့ရဲ့အဆောင်အယောင်တွေကိုချီးမြှင့်ခဲ့တာတွေရှိသလို ရခိုင်မှာလည်း တပင်ရွှေထီးရဲ့အမိန့်တော်ကို အိမ်ရှေ့မင်းအနေနဲ့မိန့်ကြားခဲ့တဲ့သာဓကတွေရှိခဲ့ပါတယ်၊ သို့ပေမယ့် ဒီတစ်ခေါက်မိန့်ကြားချက်အရ တိုင်းပြည်ရဲ့အရေးအရာမှန်သမျှကို အဆုံးအဖြတ်ပေးနိုင်တဲ့လုပ်ပိုင်ခွင့် တနည်အားးဖြင့်ဘုရင့်နဲ့တန်းတူအခွင့်အာဏာကိုပေးထားတာဖြစ်တယ်
ဆိုတော့ ဘုရင့်နောင်က တပင်ရွှေထီးလက်ထက်မှာကတည်းက ဘုရင်ဖြစ်နေပါပြီလား
ပြောင်းဆန်နေတဲ့နန်းတွင်းရေးတွေကို
တပင်ရွှေထီးကိုယ်စား ဘုရင်နောင်ဒိုင်ခံဝင်ရှင်းတဲ့အတွက် ဟံသာဝတီရဲ့အခြေအနေဟာ
ပြန်လည်ဦးမော့လာပါတယ်။ သို့ပေမယ့် ဒီလိုတည်ငြိမ်လာတာကို
မနှစ်သက်တဲ့သူတစ်ချို့ကတော့ ရှိနေဆဲဖြစ်ပါတယ်။ အပါးတော်မြဲသမိန်စောထွတ်အနေနဲ့ တပင်ရွှေထီးအတွက် သူရွှေ့ထားတဲ့အစီအမံဟာ
ပိုခက်ခဲသွားတော့မှာဖြစ်ပေမယ့် ဘုရင့်နောင် နန်းတွင်းမှာရှိနေ၍
ဒီအရေးဟာခက်ခဲနေဦးမှာဖြစ်တဲ့အတွက် ဘုရင့်နောင်ကို ဟံသာဝတီနန်းတော်ကပထုတ်ဖို့အရေးက ပထမဦးစားပေးဖြစ်လာပါတယ်
အခုလို
ဟံသာဝတီနန်းတွင်းမှာ တည်ငြိမ်သွားပေမယ့် အုပ်စုတစ်ခုကတော့ အောက်ပိုင်းပိုပြီးအင်အားကြီးထွားလာပါတယ်။
သူ့ရှင်တကာရွတ်ပိရဲ့အမာခံဘက်တော်သားတွေနဲ့ စစ်အင်အားစုဆောင်းထားတဲ့သမိန်ထောရာမက
သန်လျင် ဒလ ဒဂုံနယ်မြေတွေမှာ တစ်ပြိုင်နက်ထကြွပါတယ်။ ဒီထဲကဒလမှာရှိတဲ့မြို့စောင့်တပ်ဟာအလစ်အငိုက်အတိုက်ခံရပြီး မခံနိုင်တဲ့အတွက် မြို့ကိုလက်လွှတ်ဆုံးရှုံးသွားပါတယ်။
သမိန်ထောရာမဟာ ပွဲအစမှာအောင်ပွဲ ရပြီဖြစ်တဲ့အတွက်
သူ့တပ်တွေကိုစုစည်းပြီး ရေကြောင်းကုန်းကြောင်းနဲ့ကျန်နယ်မြေတွေကို
ဆက်တိုက်ဖို့ မကော်အရပ်မှာ တပ်စခန်းချနေပါတယ်
သမိန်ထောရာမအရေး ဟံသာဝတီနန်းတော်မှာ စစ်ရေးညီလာခံတစ်ခု ကျင်းပပြီး တပင်ရွှေထီး
ဘုရင့်နောင်နဲ့တပ်မှူးစစ်ကဲတွေ တွေ့ဆုံကြတဲ့အခါ
ရန်သူကိုချက်ချင်တုန့်ပြန်ဖို့ တပ်မကြီးတစ်ခုစေလွှတ်ဖို့ ဆုံဖြတ်ပါတယ်။
လိုအပ်နဲ့စာနပ်ရိက္ခာလက်နက်ခဲယမ်းတွေပြင်ဆင်ပြီးတဲ့နောက်
သက္ကရာဇ် ၉၁၁ခုမှာ ဟံသာဝတီက တပ်ဖွဲ့၁၁ခုပါဝင်တဲ့ တပ်မကြီးတစ်ခု
မကော်ကိုစေလွှတ်ပါတယ်။ ဒီတပ်ဖွဲ့တွေကို ဇရွဲအုံစား သီရိဇေယျကျော်ထင်၊ သမြင်းတုံစား
နန္ဒယောဓာ၊ မြောင်းမြစားဗညားလော၊ ပုသိမ်စား သမိန်ဗြသပိုက်၊ ပန်းမြို့စားဗညားဣန္ဒ၊ ဒလမြို့စား
သီရိဇေယျနော်ရထာ၊ ဓနုဖြူစားရဲသင်ရံ၊ ဝန်မြို့စားသံလိုက်၊ အစုတ်မြို့စားသမိန်အဲပရဲ၊
ခဲပေါင်စားသမိန်သံကျယ် ၊သာယာဝတီစားဥစ္စနာတို့က ဦးစီးပြီး တိုက်ဆင်၂၀၀
စစ်မြင်း၃၀၀၀ နဲ့စစ်သူရဲ၆၀၀၀၀ ပါဝင်ပါတယ်။
သမိန်ထောရာမအနေနဲ့ အခုလိုစစ်ရေးငင်တာနဲ့ဟံသာဝတီဟာ ချက်ချင်းတုန့်ပြန်မယ်ဆိုတာကောင်းကောင်းကြီး သဘောပေါက်ပါတယ်။ စစ်ပွဲမှာကြာရှည်ရပ်တည်နိုင်ဖို့အရေးမှာ စားနပ်ရိက္ခာနဲ့လက်နက်ခဲယမ်းအထောက်အပံ့လွတ်လွတ်လပ်လပ်ရရှိဖို့ ပင်လယ်ထွက်ပေါက်ဆိပ်ကမ်းမြို့တစ်ခုကို အပိုင်သိမ်းနိုင်ဖို့လိုအပ်ပါတယ်။
အကယ်၍
မကော်မှာသာတိုက်ပွဲနိင်ခဲ့ရင် အဓိကပစ်မှတ်ဖြစ်တဲ့သန်လျင်ကိုတိုက်ဖို့အရေးမှာ
ဟံသာဝတီဟာချက်ချင်းစစ်ကူတန်းပို့နိုင်မှာမဟုတ်ပါဘုး လာဖို့
ကြန့်ကြာသွားမှာဖြစ်ပါတယ်။ စစ်ရေးအရအရေးပါတဲ့ သန်လျင်ကိုပြန်တိုက်ယူဖို့
ဟံသာဝတီနန်းတွင်းဟာပိုကြီးမားတဲ့တပ်မကြီးတွေဖွဲ့စည်းရမှာဖြစ်တဲ့အတွက် မြို့ရွာအနှံကရဲမက်အင်အာဆင့်ခေါ်ရမှာဖြစ်သလို
စစ်ပွဲအတွက်လိုအပ်တဲ့စားနပ်ရိက္ခာစုဆောင်းဖို့ အချိန်ကာလတစ်ခုလိုအပ်မှာဖြစ်ပါတယ်။
ဟံသာဝတီအခုလိုစစ်ရေးပြင်ဆင်နေချိန်မှာ သမိန်ထောရာမအတွက်
သန်လျင်မှာမြို့ရိုးခံစစ်အခိုင်အမာပြင်ဆင်ဖို့အချိန်လုံလောက်စွာရမှာဖြစ်သလို
နိုင်ငံခြားကုန်သင်္ဘောတွေဆီက လိုအပ်တဲ့စားနပ်ရိက္ခာ
လက်နက်ခဲယမ်းတွေအလုံအလောက်စုဆောင်းနိုင်မှာဖြစ်ပါတယ်။
ဆိုတော့တိုက်ပွဲဆီကိုပြန်သွားရအောင်ဗျာ
နန္ဒယောဓာကရဲမြတ်စွာတိုက်ဆင်ကိုစီးပြီး ရှေ့ဆုံးကဝင်တိုက်သလို သမိန်ထောရာမကလည်း အင်အားအလုံးအရင်းနဲ့ပြန်တိုက်တဲ့အတွက် နှစ်ဘက်တပ်တွေ အကြိတ်အနယ်ရှိနေနေတယ်။ ဒီတိုက်ပွဲကိုသေချာအနီးကပ်ကြည့်မယ်ဆိုရင် ဟံသာဝတီဘက်ကရဲမက်တွေအတင်းဝင်လုံးထွေးနေကြပေမယ့် ခရီးအနားမရထားတဲ့အတွက် အလျင်အမြန်စစ်ကစားလေ့ရှိတဲ့စစ်ဗျူဟာပုံစံတွေမှာ အထိုင်အထလေးလံနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ သမိန်ထောရာမက မြင်းတပ်တွေဖြန့်ခွဲစေလွှတ်ပြီး စစ်ပွဲရဲ့အဓိကကျောရိုးဖြစ်တဲ့ ဟံသာဝတီရဲ့စားနပ်ရိက္ခာတွေနဲ့ လက်နက်ခဲယမ်းတွေကို အတင်းဖောက်ဝင်ဖျက်စီးပါတယ်။ သမိန်ထောရာမရာ ဗျူဟာပုံစံက ရည်ရွယ်ချက်လှပြီး အဝင်လမ်းကဖြောင့်နေပေမယ့် ပြန်ထွက်ဖို့အလုပ်မှာကတော့ အခက်ကြုံနေပါတယ်။
ဘုရင့်နောင်ရဲ့ရှေ့ပြေးမြင်းတပ်တွေသုံးလေ့ရှိတဲ့ ရန်သူ့နောက်တန်းတွေကိုအတင်းဖောက်ဝင်တဲ့ဒီစစ်ဗျူဟာကကောင်းကောင်းအလုပ်ဖြစ်ပေမယ့် သမိန်ထောရာမသုံးတဲ့အခါ ဘာလို့အခက်ကြုံနေသနေ လေ့လာကြည့်ရအောင်ဗျာ
ဒီဗျူဟာရဲ့အားသာချက်က ရန်သူတပ်တွေတစ်နေရာတည်းကိုအားစိုက်နေတဲ့အချိန် အနောက်ကိုဝင်တိုက်တဲ့အတွက် ဖျက်စွမ်းအားကြီးမားပေမယ့် အားနည်းချက်အနေနဲ့ ရန်သူ့တပ်တွေထဲက ပြန်လွတ်အောင်ထွတ်နိုင်ဖို့ခဲယင်းပါတယ်
ဘုရင့်နေင်ရဲ့ရှေ့ပြေးမြင်းစီးစစ်သူရဲတွေဆိုတာက တပ်မတစ်ခုချည်းဆီကကောင်းပေ့ညွန့်ပေဆိုတဲ့စစ်သူရဲတွေနဲ့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ရန်သူ့နောက်တန်းကိုထိုးဖောက်နေချိန်မှာ အရှေ့ကလည်းအတင်းနင်းတိုက်တဲ့အတွက် ပိတ်ဖမ်ချိန်မရဘဲ ရန်သူ့တပ်တွေအပိုင်းပိုင်းကွဲထွက်ကုန်တာဖြစ်ပါတယ်၊ဒါ ကြောင့် ဟံသာဝတီမြင်းတပ်ဟာ စစ်ရေးရည်မှန်းချက်တွေဖြစ်တဲ့ ရန်သူ့နောက်တန်းကို ကောင်းကောင်းဖျက်စီးနိုင်စွမ်းရှိသလို ချောချောမွေ့မွေ့လွတ်အောင်ပြန်ထွတ်နိုင်တာဖြစ်ပါတယ်။
ရန်သူ့မြင်းတပ်တွေအတင်းဖောက်ဝင်လာတဲ့အတွက်
ဟံသာဝတီနောက်တန်းမှာဖရိုဖရဲဖြစ်သွားမယ့်
ဒီစစ်ဗျူဟာပုံစံကိုအကြိမ်ကြိမ်လေ့ကျင့်အသုံးချထားတဲ့ဟံသာဝတီသားတွေအတွက်က
ဘယ်ပုံစံနဲ့ပိတ်ဖမ်းရင် ကောင်းကောင်းကြီးမိတယ်ဆိုတာကိုသဘောပေါက်ထားပါတယ်။
ဒီလိုနဲ့နောက်ဆုံး ဟံသာဝတီနောက်တန်းကပိတ်တဲ့အတွက် သမိန်ထောရာမစေလွှတ်လိုက်တဲ့မြင်းတပ်တွေ
အသွားသာရှိပြီးအပြန်ခါလီဖြစ်ကုန်ပါတယ်။ ဟံသာဝတီဘက်က အကြွအထနှေးတယ်ဆိုပေမယ့် တစ်ကန့် ခြင်းဆီအပြတ်ဖြတ်တဲ့အတွက် နောက်ဆုံး သမိန်ထောရာမ တပ်တွေပျက်စီးပြီး
ဆုတ်ခွာထွက်ပြေးသွားပါတယ်?
ဒီတိုက်ပွဲကိုကြည့်မယ့်ဆိုရင်
ဟံသာဝတီဘက်က အနိုင်ရတယ်လို့ဆိုလို့ရပေမယ့် ရဲမက်အင်အားအကျအဆုံးများပြားသလို ဒီတပ်မကြီးတစ်ခုလုံးရဲ့စားနပ်ရိက္ခာ
လက်နက်ခဲယမ်းတွေပျက်စီးသွားတဲ့အတွက် အရိုးကျွတ်နေတဲ့ဓားတစ်ချောင်းလို လက်ဆုတ်လက်ကိုင်
အမိအရဆက်တိုက်နိုင်ဖို့ခက်ခဲနေပါတယ်။
အခြားတစ်ဘက်ကကြည့်မယ်ဆိုရင်
သမိန်ထောရာမဟာ စစ်ရှုံးသွားပေမယ့် သူ့ရဲ့ရည်မှန်းချက်ကအောင်မြင်သွားပါတယ်။
ဒါကြောင့်ကျန်ရှိတဲ့တပ်ဖွဲ့တွေပြန်လည်စုစည်းပြီး အနီးဝင်းကျင်က
အသင့်ပြင်ထားတဲ့လက်ရုံးတပ်တွေနဲ့ပူးပေါင်းတဲ့အခါ မကော်တိုက်ပွဲကထက်အင်အားအဆမတန်များပြားတဲ့
တပ်မကြီးတစ်ခုပြန်ဖြစ်သွားပါတယ်။ မကော်မှာကျန်ခဲ့တဲ့နန္ဒယောဓာရဲ့တပ်ကလည်း ရိက္ခာခဲယမ်းမရှိတဲ့အတွက် စစ်ရေးလှုပ်ရှားမှု့မလုပ်နိုင်သလို နောက်တပ်စစ်ကူလာဖို့ကလည်း
အချိန်ကြာဦးမှာဖြစ်တဲ့အတွက် ဒီကြားကာလမှာ သမိန်ထောရာမက သန်လျင်ကို
အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတယ်။ အစကတည်းမြို့စောင့်တပ်သာရှိတဲ့အပြင်
မြို့စားကလည်းအထိုင်မရှိတဲ့အတွက် သန့်လျင်ဟာ သမိန်ထောရာမရဲ့အောက်ကို
အလွယ်တကူကျရောက်သွားပါတယ်။ သန်လျင်ကိုသိမ်းပြီးပြီးချင်း သမိန်ထောရာမက
မြို့ရိုးခံစစ်အခိုင်အမာတည်ဆောက်ခြင်း စားနပ်ရိက္ခာဖြည့်တင်းခြင်း
နိုင်ငံခြားကုန်သင်္ဘောနဲ့ချိတ်စပ်ပြီးကြေးစားလက်နက်ကိုင်တပ်တွေဖွဲ့စည်းခြင်းတွေကို
အပြင်းအထန်ပြုလုပ်ပါတယ်။
ဆိုတော့ ဘုရင့်နောင်ရဲ့သဘောကရော ဘယ်လိုရှိနေပသလဲ
ဘုရင့်နောင်အနေနဲ့ ရိက္ခာအတွက် ကာလတစ်ခုကြာစုဆောင်းနေမယ်ဆိုရင် ရန်သူဟာ မြို့ကိုအခိုင်အမာခြေကုပ်ရယူနိုင်အောင် အချိန်ပေးလိုက်သလိုဖြစ်သွားမှာဖြစ်တယ်။ ဒါကြောင့် နေပြည်တော်အနီးဝန်းကျင်က အမြဲတမ်းတပ်တွေကိုဆင့်ခေါ်ပြီး အလျင်အမြန်သန်လျင်ကို ပြန်တိုက်ယူမှာဖြစ်ပါတယ်။ဒီကြားကာလမှာ လိုအပ်တဲ့ လူသူလက်နက်စားနပ်ရိက္ခာတွေမပြတ်လပ်ရအောင့် စီရင်သင့်တယ်လိုလျှောက်တင်ပါတယ်။
တပင်ရွှေထီးဟာစစ်ပွဲအတွက် လိုအပ်တဲ့အရေးအရာတွေကိုပြင်ဆင်စုဆောင်းဖို့အမိန့်ချပြီး ဘုရင့်အိမ်တော်ကိုပြန်ပါတယ်။
အဲဒိနောက် ဘုရင့်နောင်ကိုဆင့်ခေါ်ကာ ဒီအရေးကိုဆက်လက်ဆွေးနွေးပါတယ်။
တပင်ရွှေထီးရဲ့သဘောက သမိန်ထောရာမအရေးဟာ နက်တဲ့အတွက် တိုင်းပြည်မတည်မငြိမ်ဖြစ်နေချိန်မှာ လက်အောက်ခံတပ်မှူးစစ်ကဲတွေစေလွှတ်မယ့်အစား သူ့နောင်တော်ဘုရင့်နောင်ကိုသာစေလွှတ်ခြင်ပါတယ်။ ဘုရင်နောင်ဟာ အရေးကိစ္စမှန်သမျှကိုခုတ်စပြီး လှီးစပြတ် အပြီးဆောင်ရွက်လေ့ရှိတဲ့အတွက် စစ်မြေပြင်ကိုအာဏာကုန်လွှဲအပ်ပြီး ဒီအရေးကိုအမြန်ရှင်းချင်တာဖြစ်ပါတယ်။
ဘုရင့်နောင်အနေနဲ့က
တပင်ရွှေထီးရဲ့အလိုတော်ကိုသိပေမယ့် နန်းတွင်းအရေးက အခုမှတည်ငြိမ်ကာစဖြစ်တယ်၊ လိုသူ
မလိုသူတွေအရေးကိုအမြစ်မဖြတ်နိုင်သေးခင်မှာ သူ့အနေနဲ့ဘုရင့်အနားမှာစောင့်ရှောက်ပေးလိုပါတယ်။
ဘုရင့်နောင်အခုလိုစိုးရိမ်နေတာကို တပင်ရွှေထီးတဲ့အခါ သမိန်ထောရာမအရေးဟာ လူသူအင်အားတစ်ရှိန်ထိုးများပြားလာတဲ့အတွက် ဒီအရေးကိုအချိန်ဆွဲမယ်ဆိုရင် နောက်နောင်ပုဆိန်နဲ့ထွင်းရတဲ့အထိ ဖြစ်လာလိမ့်မယ့်
ဒါကြောင့်နောင်တော်ကိုယ်တိုင်ချီတက်မှာသာ အရေးကိစ္စကလွယ်ကူလိမ်မယ်။
အပါးတော်မှာလည်း နောင်တော့်ရဲ့ညီတောင်ငူစားသီဟသူ မုတ္တမစားစောလကွန်းအိန်နဲ့
သမိန်စောထွတ်တို့ရှိတာပ ။ မစိုးရိမ်နဲ့ အရေးကိစ္စကိုသာ ပြီးပြတ်အောင်စီရင်လေလို့
မိန့်ပါတယ်။
ဘုရင့်နောင်ဟာ တပင်ရွှေထီးရဲ့အမိန့်ကိုနာခံပြီး စစ်ချီထွက်ဖို့ချက်ချင်းတပ်တွေစုရုံးပါတယ်။ တပ်တွေအားလုံးအသင့်ဖြစ်တဲ့အခါ ညီတွေဖြစ်တဲ့ နန္ဒယောဓာ သီရိဇေယျကျော်တင်နဲ့အတူ သမိန်ရဲသင်ရံ ၊ ဥဇနာ၊ သီရိဓမ္မရာတ်၊ သီရိဇေယျနော်ရထာ၊ သမိန်ဗြသမိုက်၊ သမိန်သံကျယ်၊ နန္ဒကျော်ထင်၊ သမိန်ဇော်ကရိတ် နန္ဒသင်္ကြန်၊ သမိန်သံလိုက် ၊ သမိန်ပရမ်း၊ ဗညားဣန္ဒတို့ပါဝင်ပြီး တပ်မှူးအဖြစ် နန္ဒသင်္ကြန် စစ်ကဲအဖြစ်ဇေယျဗလ တို့ကိုခန့်အပ်ထားပါတယ်။ မြင်းတပ်မှာ လက်ဝဲရဲတိုင် လက်ယာရဲတိုင် တုရင်ယောဓာ ဒေဝသူရ တုရင်ကျော်သူတို့ကိုတပ်မှူးအဖြစ် ခန့်အပ်ထားပါတယ်။ တပ်တွေနေရာယူပြီးတဲ့အခါ ဘုရင့်နောင်က ရွှေကြိုး ရွှေကနဲ့ဆင်ယင်ထားတဲ့ အရပ်ခုနှစ်တောင်မြင့်ဥပေါသထအမည်ရှိတိုက်ဆင်ကြီးကိုစီးပြီး တပ်ပေါင်း၁၉တပ် တိုင်ဆင်၂၀၀ စစ်မြင်း၄၀၀၀ စစ်သူရဲ၈၀၀၀၀နဲ့ဟံသာဝတီနန်းတော် ကစတင်ထွက်ခွာပါတယ်။
အခုလိုစစ်ချီထွက်နေတဲ့မြင်ကွင်းကိုခဏရပ်ထားပြီး နောက်ကိုနည်းနည်းပြန်ဆုတ်ကြည့်မယ်ဆိုရင် စစ်တိုက်မထွက်ခင်မှာ ဘုရင့်နောင်ရဲ့အိမ်တော်မှာ တပ်မှူးတစ်ချို့စုရုံးနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ထိုသူတွေကတော့ တောင်ငူစားသီဟသူ မုတ္တမစားစောလကွန်းအိမ်နဲ့ ဘုရင့်မြင်းတပ်က တပ်မှူးတုရင်သီဟတို့ပဲဖြစ်ပါတယ်။ တပ်မှူးတွေရောက်လာတဲ့အခါဘုရင့်နောင်က တိုင်းရေးပြည်ရာမငြိမ်သက်ဖြစ်နေတဲ့အချိန် နန်းတွင်းမှာအရေးကိစ္စတစ်စုံတစ်ရာဖြစ်မှာ စိတ်ထင့်တယ်၊ ဒါကြောင့် စစ်တိုက်ထွက်နေချိန်မှာ ဟံသာဝတီနန်းတော်လုံခြုံရေးကို ညီတော်သီဟသူက အထူးကြပ်မတ်စောင့်ကြည့်လေ၊ စောလကွန်းအိမ်က တပင်ရွေထီးအပါးက တစ်ဖဝါးမခွာလေနဲ့ အမိန့်နဲ့ဘယ်လိုကိုပဲလွှတ်လွှတ် အလိမ္မာနဲ့ငြင်းလေ တုရင်သီဟကိုတော့ တစ်စုံတစ်ရာအကြောင်းထူးတာနဲ့ မြင်းနဲ့ငါဆီချက်ချင်းသတင်းလာပို့စေလို့ လျို့ဝှက်အမိန့်ပေးပါတယ်။ တပ်မှူးအသီးသီးနာခံပြီး ထွက်ခွာဖို့ပြင်တဲ့အခါ ဘုရင့်နောင်က ဘယ်အကြောင်းနဲ့မှ အရှင့်အပါးကမခွာရဘူးလို့ စောလကွန်းအိန်ကို ထပ်မှာပါတယ်။
အခုလိုစစ်ချီခါနီးအစီအမံတွေကိုပြုလုပ်တာဟာ သမိန်စောထွတ်ရဲ့ဘုရင့်သက်တော်စောင့်နေရာတွေကိုပါကြိုးကိုင်ချယ်လှယ်လာတာကို သတိပြုမိနေလိုပဲဖြစ်ပါတယ်။ ဘုရင့်နောင်အနေနဲ့ဒီလိုကာလမှာ နန်းတွင်းမှာသွေးကွဲစေမယ့်အလုပ်မျိုးကို ရှောင်ရှားလိုတဲ့အတွက် သမိန်စောထွတ်အရေးမှာ သိသာတဲ့ဖိအားပေးမှု့မျိုမလုပ်ဘဲ နန်းတော်ထဲမှာ တပင်ရွှေထီးကိုအလုံခြုံဆုံးစောင့်ရှောက်နိုင်ဖို့ စီစဥ့်တာဖြစ်ပါတယ်
ဘုရင့်နောင်တို့စစ်ချီထွက်ပြီးများမကြာသောအချိန်မှာ
စစ်တောင်းစားမဟာကြီးကွယ်လွန်ပါတယ်၊ လစ်လပ်သွားတဲ့စစ်တောင်းမြို့စားနေရာမှာ
တပင်ရွှေထီးကမိဖုရားခေမနောရဲ့သဘောအတိုင်း သမိန်စောထွတ်ကို
မြို့စားအရာချီးမြင့်မြှောက်စားပြီး အဆောင်အယောင်နဲ့လက်ဆောင်တွေပေးသနားပါတယ်။
တပင်ရွှေထီးသေရည်သေရက်ရှောင်ရှားပြီးကတည်းက
နန်းတွင်းရေးကိုဖိဖိစီးစီး ကြပ်မတ်လာသလို သူ့ရဲ့သောက်ဖော်စားဖက်သမိန်စောထွတ်ကိုလည်းတိုင်းပြည်အကျိုးအတူဆောင်ရွက်နိုင်အေင် အရေးပါတဲ့နေရာတွေကို စီရင်စေပါတယ်။ သမိန်စောထွတ် နန်းတွင်းရေးတွေကိုကိုင်တွယ်လာပြီး မတိုလွန်းသောကာလမှာ
ဘုရင့်ရဲသက်တော်စောင့်တွေဖြစ်တဲ့ လက်ဝဲဓားမှူ လက်ယာဓားမှုးတို့ကိုထုတ်ပယ်ပြီး
သူ့ညီနှစ်ယောက်နဲ့ အစားထိုးပါတယ်။
အခြားတစ်ဘက်မှာ
ဘုရင့်နောင်ဟာ သန်လျင်ကို တစ်ဟုန်ထိုးစစ်ချီတက်ပြီး
မြို့ကိုတိုက်ဖို့ဗျူဟာပြင်ဆင်ပါတယ်။ သန်လျင်ကိုသိမ်းထားတဲ့သမိန်ထောရာမအနေနဲ့
ဟံသာဝတီထက်တွေ မှန်းဆထားတာထက် အစောကြီးရောက်လာသလို စစ်ဦးစီးဖြစ်တဲ့ဘုရင်နောင်ကိုယ်တိုင်
ခေါင်းဆောင်လာတဲ့အတွက် ဒီတစ်ကြိမ်ဟာ ရေကုန်ရေခမ်းတိုက်ဖို့ မြို့ရိုးခံစစ်ကို
အခိုင်အခံပြုကာစောင့်နေပါတယ်။ ဘုရင့်နောင်အနေနဲ့ သန်လျင်မြို့မှာ
အမှု့ထမ်းခဲ့တဲ့တပ်မှူးတွေရဲ့လျှောက်တက်ချက်အရ မြို့ရိုးရဲ့အားနည်းချက်ကို
ကောင်းကောင်းကြီးသိထားတဲ့အတွက် ခါတိုင်းနဲ့မတူတဲ့ဗျူဟာပုံစံတစ်ခုနဲ့ ထိုးစစ်ကိုစတင်မှာဖြစ်ပါတယ်။
ရန်သူဟာ မြို့ကိုထိန်းချုပ်ထားတာမကြာသေးတဲ့အပြင် စစ်ရေးကွပ်ကဲမှု့အားလုံးဟာ
သမိန်ထောရာမဆီကပဲ လာတာဖြစ်တယ်။ တပ်ဖွဲ့တွေအင်အားအလုံးအရင်းနဲ့
မြို့ခံစစ်တစ်နေရာကို အပြင်းအထန်ဝိုင်းတိုက်မယ်ဆိုရင်
ဟံသာဝတီအတွက်ပိုဖိဖိစီးစီးကွပ်ကဲနိုင်မှာဖြစ်သလို သမိန်ထောရာမအတွက်ကလည်း
သူ့မျက်စီအောက်မှာ မြို့ရိုးခံစစ်ရဲ့ဟာကွက်ကို အချိန်မှီကွပ်ကဲပြီးပြင်ဆင်နိုင်မှာဖြစ်တယ်။
ဒါကြောင့် တစ်နေရာတည်းကို အင်အားအလုံးအရင်းနဲ့တိုက်မယ့်အစား
နေရာအနှံကနေခွဲတိုက်ပြီး သမိန်ထောရာမရဲ့ စစ်ရေးကွပ်ကဲမှု့ကို ရှုပ်ထွေးစေပြီးးအခက်ကြုံအောင်လုပ်မှာဖြစ်ပါတယ်။
ဘုရင့်နောင်ဟာ သန်လျင်မြို့သိမ်းတိုက်ပွဲအတွက် ခံတပ်မြို့ရိုးရဲ့အားနည်းချက်သုံးနေရာကို
တပ်မသုံးခုခွဲပြီး တစ်ပြိုင်နက်ညာသာပေးပြီး ထိုးစစ်စဖွင့်ပါတယ်။ သမိန်ထောရာမအနေနဲ့
စုတိုက်တောင်နိုင်မှာမသေချာတဲ့အရေးကို ခွဲတိုက်တော့ ပိုအကျအဆုံးများရုံပေါ့လို့တွေးပြီး အလယ်ကနေတောင်ပံနှစ်ဘက်ကို ပျော်ပျော်ကြီးကွပ်ကဲနေပါတယ်။
နှစ်ဘက်တပ်တွေရင်ဆိုင်ကြတဲ့အခါ မြို့ရိုးပေါ်က
သမိန်ထောရာမတို့ဘက်ကအသာစီးရထားပေမယ့်တိုက်ပွဲကကြာလာတာနဲ့အမျှ
အကျဆုံးများပြားလာသလို ပိုမိုပြင်းထန်လာပြီး အတိုက်ခံရတဲ့မြို့ရိုးသုံးနေရာက
ဝမ်းအရေး ခေါင်းကမတွေးနိုင်း ခေါင်းအရေး ခြေကပြေးမလာနိုင်ဖြစ်ပြီး ဟန်ချက်ပျက်ကာ
သမိန်ထောရာမတို့အထိနာလာပါတယ်။ ဒီလိုနဲ့နောက်ဆုံး သမိန်ထောရာမတို့သန်လျင်ကထွက်ပြေးပြီး
အနောက်ဘက်ကျေးရွာတွေဘက်ကို ဆုတ်ခွာထွက်ပြေးပါတယ်။
ဘုရင့်နောင်အနေနဲ့သန်လျင်ကိုပြန်သိမ်းပြီးသွားပေမယ့်
သမိန်ထောရာမလွတ်မြောက်နေဆဲဖြစ်တဲ့အတွက်
မကြာခင်လူသူအင်အားပြန်စုဆောင်နိုင်ကြောင်းသဘောပေါက်ပါတယ်။
တိုက်ပွဲအကြောင်းအသေးစိတ် ဘုရင့်ဆီ စာလွှာပေးပို့လျှောက်တင်တဲ့အခါ တပင်ရွှေထီးက
ဘုရင့်နောင်ကိုဒလမှာတပ်စခန်းချပြီး အခြေအနေအားလုံးကို တည်ငြိမ်အောင်စီရင်ဖို့ အမိန့်ချပါတယ်။
ဘုရင့်နောင်ဟာ တပင်ရွှေထီးရဲ့အမိန့်အတိုင်း ဒလမှာ တပ်စခန်းချပြီးးလုံခြုံရေးကိုကြပ်မတ် ဆောင်ရွက်နေပေမယ့် သမိန်ထောရာမဟာ လူသူလက်နက်စုဆောင်းပြီး စစ်အခြေစိုက်စခန်းတွေကို
မကြာခဏလာတိုက်တဲ့အတွက် အရေးကအရှင်းမပျောက်ဘဲရှိနေပါတယ်။
အခြားတစ်ဖက်မှာ အခုလိုဘုရင့်နောင်နန်းတော်ကအပြင်ရောက်နေချိန်ဟာ
ကြုံတောင့်ကြုံခဲအခွင့်အရေးဖြစ်နေပေမယ့် သမိန်စောထွတ်အတွက်က အတားအဆီးကြီးတစ်ခုရှိနေပါတယ်။ တပင်ရွှေထီးအပါးမှာ ဘုရင့်နောင်မရှိမယ့်
သူ့ချထားခဲ့အစီအမံက တိုးဖောက်လို့မရဘဲရှိနေပါတယ်။ ဘုရင့်နောင်ရဲ့အမိန့်နဲ့
နန်းတော်လုံခြုံရေးကို တောင်ငူစားကအထူးတင်းကြပ်ထားသလို တပင်ရွှေထီးဘယ်သွားသွား
နောက်ကထပ်ကြပ်မကွာလိုက်နေတဲ့ စောလကွန်းအိန်ကလည်းရှိနေပါတယ်။ သမိန်စောထွတ်အနေနဲ
ခံတပ်ကြီးလိုဖြစ်နေတဲ့နန်းတော်ရဲ့အပြင်ကိုသာ တပင်ရွှေထီးကို ပထုတ်နိုင်မယ်ဆိုရင်
ဒီလူနှစ်ယောက်ကိုခွဲထုတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အကြံပေးပုဏ္ဏားတွေရဲ့အလိုကိုချဥ်းကပ်ပြီး
တပင်ရွှေထီးအခုလို တိုင်းပြည်မငြိမ်မသက်ဖြစ်ပြီး ပုန်ကန်ထကြွမှု့တွေဖြစ်နေတာဟာ
ဇာတာမသန့်တဲ့အတွက်ဖြစ်တယ်။ ဇာတာသန့်ပြီး အညံတွေကင်းစင်သွားအောင်
မင်းနေပြည်တော်ကထွက်ပြီး မြို့ပြင်မှာ ယာယီစံနန်းန့နေခြင်း စိတ်နှလုံးကြည်လင်အောင်
တောကစားထွက်ခြင်း ရေသဘင်စီရင်ခြင်းတို့ကီုပြုလုပ်သင့်တယ်လို့ လျှောက်တင်စေပါတယ်။
သမိန်စောထွတ်အကြံအတီုင်း
နန်းညီလာခံမှာ ပုဏ္ဏားတွေဘုရင့်ဆီလျှောက်တင်တဲ့အခါ တောင်ငူစားသီဟသူက
တိုင်းရေးပြည်ရာရှုပ်ထွေးနေချိန်မှာ အရှင့်ရဲ့လုံခြုံရေးအရ ဒီအစီအမံဟာ မသင့်တော်ကြောင်း
လျှောက်တင်ပါတယ်။ တပင်ရွှေထီးအနေနဲ့က
သေရည်သေရက်ရှောင်ကြည်ပြီးကတည်းက ဒီနန်းတော်ထဲမှာပဲ တစ်ချိန်လုံးနေရတာကို
ငြီးငွေ့နေပြီဖြစ်ပါတယ်။ ပုဏ္ဏားတွေရဲ့လျှောက်တင်ချက်အတိုင်းသာဆို
သူအနေနဲ့နန်းတော်အပြင်ထွက်လို့ရပြီဖြစ်သလို ဇာတာကလည်းတက်ဦးမှာဖြစ်တယ်။
လုံခြုံရေးအတွက် စောလကွန်းအိန်ရှိသလို သမိန်စောထွတ်နဲ့သူ့ညီ
ကိုယ်ရံတော်ဓားမှူးနှစ်ယောက်လည်းရှိတဲ့အတွက် စိတ်ပူစရာမရှိလို့ယူဆပါတယ်။
ဒါကြောင့်ပုဏ္ဏားတွေရဲ့အစီအမံအတိုင်း ပန်းတနော်အရပ်မှာ ပြောင်းရွှေ့နေဖို့
ဟံသာဝတီနန်းတော်ကထွက်ခွာပါတယ်။
ထွက်တော်မူတဲ့အချိန်ဟာ
မြန်မာသက္ကရာဇ် ၉၁၁ တပို့တွဲလဖြစ်ပြီး မုတ္တမစားစောလကွန်းအိန်
စစ်တောင်းစားသမိန်စောထွတ်တို့ဦးဆောင်ကာ နောက်ပါစစ်သည်ရဲမက်အနေနဲ့ တိုက်ဆင် ၁၀၀
စစ်မြင်း ၂၀၀၀ နဲ့ စစ်သူရဲ၄၀၀၀၀ ပါဝင်ပါတယ်။ ဒီထဲကအများစုသောအင်အားဟာ
သမိန်စောထွတ်ဒီကာလတွေအတွင်း စုဆောင်းသိမ်းသွင်းထားတဲ့ရဲမက်တွေဖြစ်ကြပါတယ်။
တပင်ရွှေထီးထွက်ခွာနေတဲ့အချိန် ဟံသာဝတီနန်းတော်ကိုစောင့်ရှောက်ဖို့
တောင်ငူစားသီဟသူကိုမြို့စောင့်တပ်တွေနဲ့ အစောင့်ထားခဲ့ပါတယ်။ ဒလမှာရှိနေတဲ့ဘုရင့်နောင်ဆီဒီသတင်းရောက်သွားတဲ့အခါ
ဘုရင့်မြင်းတပ်က တုရင်သီဟကို သူယုံကြည်ကိုးစားရဲ့ရဲမက်တစ်ချို့ကိုဦးဆောင်စေပြီး
တပင်ရွှေထီးရဲ့လုံခြုံရေးအတွက် လျို့ဝှက်လိုက်ပါစေပါတယ်။
ပန်းတနော်ရောက်တဲ့အခါ တပင်ရွှေထီးက အညံပျောက်အောင် မင်္ဂလာခံယူခြင်းတွေပြီးစီးတဲ့အထိ အရာအားလုံးက အဆင်ချောမွေ့နေပါတယ်။ သမိန်စောထွတ်ဟာ သူအပိုင်စားတဲ့စစ်တောင်းမှာ သူ့လူယုံတပ်မှူးတွေစေလွှတ်ပြီးရိက္ခာစုဆောင်းခြင်းတွေလျို့ဝှက်ပြင်ဆင်ထားပါတယ်။ ဒီခရီးစဥ်မှာလိုက်ပါတဲ့တပ်မှူးအများစုဟာ သူ့ခြေသူ့လက်တွေဖြစ်တဲ့အတွက် များမကြာသောအချိန်မှာ ဘုရင့်မြင်းတပ်က တုရင်သီဟနဲ့ လက်ရုံးတပ်အချို့ပါလာတယ်ဆိုတာာသိရှိသွားပါတယ်။
သမိန်စောထွတ်ရဲ့တစ်ဆက်တည်းလျှောက်တာက
မုတ္တမသားတို့ဟာ ဆင်အရာမှာ အကျွမ်းကျင်ဆုံးဖြစ်တယ်။ နောက်ပြီးဖမ်းမယ့်ဆင်ဖြူတော်ကို အနာတရမရှိအောင်
ငြင်သာစွာဖမ်းဆီးနိုင်ဖို့အရေးကြီးတယ်လို့ဆိုပါတယ်။ တပင်ရွှေထီးဟာနှစ်သက်သဘေကျတဲ့အတွက်မုတ္တမစားစောလကွန်းအိမ်ကို ဆင့်ခေါ်ပြီး နေရပ်ကိုပြန်ကာ ဆင်ဖမ်းကျွမ်းကျင်တဲ့သူတွေကို
စစ်ဆေးခေါ်ဆောင်လာခဲ့ဖို့ အမိန့်ပေးပါတယ်။
ဒီနောက်ပိုင်းဘာဖြစ်ခဲ့သလဲဆိုတာကို
တပင်ရွှေထီးဝတ္ထုတော်ကြီး မှာအခုလို ဖော်ပြထားတာကိုတွေ့ရပါတယ်
သက္ကရာဇ်
၉၁၂ခု ကဆုန်လပြည့်ကျော် ၁ရက် ဗုဒ္ဓဟူးနေ့
တပင်ရွှေထီးဟာ
ညသုံးချက်တီးအချိန် စက်တော်ခေါ်နေချိန်မှာ သမိန်စောထွတ် ကိုယ်ရံတော်ဓားမှူးနှစ်ယောက်ရဲ့လုပ်ကြံမှုကြောင့်
နတ်ရွာစံခဲ့ပါတယ်။ လုပ်ကြံခံရပြီး နေ့တစ်ချက်တီးချိန်အထိ
တပင်ရွှေထီးရဲ့ဦးခေါင်းက မျက်တောင်ခတ်နေခဲ့ပါတယ်။
တွင်းသင်းတိုက်ဝန်မဟာစည်သူရေးတဲ့ မဟာရာဇဝင်သစ် - တောင်ငူဆက်ဒုတိယတွဲ စာမျက်နှာ၇၁/ မှန်နန်းမဟာရာဇဝင်ကြီး ဒုတိယအုပ် စာမျက်နှာ၂၅၇/ ဦးကုလားမဟာရာဇဝင်ကြီး ဒုတိယအုပ် စာမျက်နှာ ၁၉၆ တို့မှာ အခုလိုတွေ့ရမှာဖြစ်ပါတယ်
ကြည့်ရှု့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်
YHNL
ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။
ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။
This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.