လက်အောက်ခံ ပဏ္ဏာဆက် -ငါဟဲ့တပင်ရွှေထီး အပိုင်း၂၁

အားလုံးပဲမင်္ဂလာပါ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

ယိုးဒယားတပ်များနှင့်တွေ့သော်လည်း မတိုက်နဲ့ဦး င့ါကိုငံ့ဦး ငါရောက်တော်မူမှ ကိုယ်တော်တိုင်တိုက်တော်မူမယ်

တပ်မှူးရဲယောဓာ မြင်းနဲ့ဒုန်းဆိုင်နှင်လာပြီး တပင်ရွှထီးရဲ့အမိန့်တော်ကို ဘုရင့်နောင်ဆီသယ်ဆောင်လာပါတယ်

ဆီုတော့တပင်ရွှေထီးရဲ့အမိန့်မှာ ဘာတွေအကျုံးဝင်နေပါသလဲ

ဒီအမိန့်ဟာဘုရင့်နောက်ကို ယိုးဒယားတပ်တွေဆီသွားမတိုက်ဖို့တားမြစ်ထားတာဖြစ်ပေမယ့် သေချာကြည့်မယ်ဆိုရင် အကယ်လို့ ရန်သူကလာတိုက်ခဲရင့်တောင် ဒီရှေ့ပြေးတပ်က တပင်ရွှေထီးမ‌ရောက်မချင်းပြန်တိုက်လို့မရဘူးဆိုတဲ့အဓိပ္ပါယ်သက်ရောက်နေပါတယ်

လက်အောက်ခံ ပဏ္ဏာဆက် -ငါဟဲ့တပင်ရွှေထီး အပိုင်း၂၁

ဘုရင့်နောင်အနေနဲ့ အမိန့်တော်ကိုရရခြင်း ချက်ချင်းတပ်တွေချီတက်နေတာကိုရပ်တန့်ပြီး ရေအင်းကြီးတွေရှိတဲ့တောထဲမှာ တပ်စခန်းချရပ်နားပါတယ်။ နောက်ကလိုက်လာတဲ့ဘုရင့်တပ်မကြီးကို ခရီးဦးကြိုဆိုဖို့ပြင်ဆင်သလို တစ်ဆက်တည်းမှာ ဘုရင့်နောင်အနေနဲ့တပင်ရွှေထီးကို ချပြဖို့ဗျူဟာတစ်ခုရှိနေပါတယ်။ ဒါကတော့ဟံသာဝတီ-ပြည်စစ်ပွဲမှာ စစ်ကူလာတဲ့သိုဟန်ဘွားရဲ့ဆင်တပ်တွေတိုက်ခိုက်သလို  ဟံသာဝတီတိုက်ဆင်တွေပေါ်မှာ အမြောက်ငယ်တွေဆင်ပြီး ခယင်းသုံးခွပုံစံတိုက်စစ်ဖွင့်ဖို့ဖြစ်ပါတယ်။ဒီစစ်ဗျူဟာအတွက် တိုက်ဆင်တွေကို ရေအင်းကြီးတွေမှာစိမ်ပြီးအနားယူစေသလို တပ်ဆင်မယ့်အမြောက်စိန်ပြောင်းတွေကိုလည်း အသင့်ပြင်ထားစေပါတယ်

ဘုရင့်နောင် အခုလိုတပ်မကြီးတစ်ခုလုံး စခန်းချရပ်နားနေချိန်မှာ ရန်သူ့အလစ်အငိုက်တိုက်ခိုက်တာမခံရစေဖို့ စစ်မျက်နှာအနှံကို ကင်းထောက်မြင်းတပ်တွေစေလွှတ်ပါတယ်။ အခုလိုစေလွှတ်လိုက်တဲ့အထဲမှာ အယုဒ္ဓယမြို့ဆီသွားတဲ့လမ်းကြောင်းကို ကင်းထောက်သွားကြတဲ့ မြင်းတပ်သား၃၀၀က ယိုးဒယားဘုရင်ကိုယ်တိုင်ဦးဆောင်တဲ့ပင်မတပ်မကြီးနဲ့ ထိပ်တိုက်တွေ့ပြီး သေပြေးရှင်ပြေးအသက်လုပြေးလာကြပါတယ်။

သို့ပေမယ့် စစ်သူရဲအများစုဟာ ယိုးဒယားတပ်ရဲ့အတင်းလိုက်တိုက်တာခံရတဲ့အတွက် အကုန်နီးပါးကျဆုံးပြီး အနည်းငယ်သာပြန်ရောက်ပါတယ်။ ဒဏ်ရာဗလပွနဲ့ရောက်လာတဲ့မြင်းစီးစစ်သူရဲတွေရဲ့လျှောက်တင်ချက်အရ ရှေ့မှာ အင်အားအလွန်များပြားတဲ့တပ်မကြီးတစ်ခုချီတက်လာပြီဆိုတာ ဘုရင့်နောင်သိရှိသွားပါတယ်။

ဒီကာလတွေအတွင်းမှာ ဘုရင့်နောင်ဟာ တောင်ငူတပ်တွေကိုဦးစီးပြီး သူ့ထက်အင်အားအဆမတန်များပြားတဲ့ ဟံသာဝတီ ပြည် အင်းဝတပ်တွေကို စစ်ဦးဘီလူးပါဆိုတဲ့အတိုင်းလက်သံပြောင်တဲ့အတွက် ဘုရင့်နောင်ရဲ့ရှေ့ပြေးတပ်ကို ဘယ်သူကမှ ရန်သွားမစရဲတဲ့အထိ အရှိန်အဝါကြီးမားပါတယ်။။ ဖြစ်ခဲ့တဲ့စစ်ပွဲတိုင်းမှာ နှစ်ဘက်အသေအချာပြင်ဆင်ပြီးတိုက်ကြတဲ့အတွက် စစ်မဖြစ်တဲ့ကာလတွေမှာ ပြည်သူပြည်သားတွေ လယ်ယာကျွန်းကိုင်း‌ဖြောင့်ဖြောင့်တန်းတန်းလုပ်ခွင့်ရကြပြီး စားဝတ်နေရေးပြေလည်ပါတယ်။ အခုဘုရင့်နောင်ရင်ဆိုင်နေတာဟာ ပဒေသရာဇ်နိုင်ငံတွေမဟုတ်ဘဲ အသေအချာအကွက်ချပြီးမှာလာတိုက်တဲ့ယိုးဒယား‌တပ်တွေဖြစ်နေတဲ့အတွက် စစ်ပွဲဟာကာလကြာရှည်ပြီး ဟံသာဝတီမှာစားရေိက္ခာရှားပါးမှု့ကို မလွှဲမသွေရင်ဆိုင်ရဖို့ရှိနေပါတယ်

ဒီတိုက်ပွဲနဲ့ပတ်သတ်ပြီး မြန်မာရာဇဝင်တွေကိုမကြည့်ဘဲ ယိုးဒယားဘက်ကဖော်ပြတာတွေကိုကြည့်မယ်ဆိုရင် သက္ကရာဇ်၉၁၀ခု တပင်ရွှေထီးယိုးဒယားကိုလာတိုက်တဲ့အကြောင်းကိုသာ အကျယ်တဝံ့ရေးသားကြတာဖြစ်ပြီး ထာဝယ်ကိုစလာတိုက်တဲ့အကြောင်းကိုတော့ အကျဥ်းချုံးသာဖော်ပြထားတာကိုတွေ့ရပါတယ်

ဆိုတော့ ဟံသာဝတီ-ယိုးဒယားစစ်ပွဲကိုသေချာလေ့လာကြည့်ရအောင်ဗျာ

 ခုနှစ်သက္ကရာဇ်တွေအရ ၉၁၀မှာ စစ်ပွဲစဖြစ်တယ်ဆိုပေမယ့် တကယ်တန်းကဒီထက်ပိုစောပါတယ် တပင်ရွှေထီးရခိုင်ကနေဟံသာဝတီကို ပြန်လာတဲ့ခုနှစ်ဟာ ၉၀၈ခုနှစ်ဖြစ်ပါတယ်။ သက္ကရာဇ် ၉၀၈ခုနှစ်နဲ့၉၀၉ခုနှစ်ကြားမှာ ယိုးဒယားကထားဝယ်ကိုလာကျူးကျော်ခဲ့ပြီး တပင်ရွှေထီးဟာ စောကွန်းအိမ်နဲ့ ဗညားဦးတို့ကိုစေလွှတ်ပြန်တိုက်ခဲ့တယ်ဆိုတာကို သက်သေပြဖို့ရှိနေပါတယ်။ အကြောင်းကတော့ တောင်ပပူတိုက်ပွဲမှာယိုးဒယားစစ်ဗိုလ်ချုပ်နှစ်ဦးကို အနိုင်တိုက်ပြီး တပ်တွေ ဟံသာဝတီကိုပြန်ရောက်တဲ့နောက် တပင်ရွှေထီးက ကျောင်းဆောက်ပဥ္စင်းခံတဲ့အကြောင်းကို မှန်နန်းရာဇဝင်ကြီး အတွဲ၂ စာမျက်နှာ ၂၃၉ မှာအခုလိုဖော်ပြထားတာလို့ပဲဖြစ်ပါတယ်

ဆိုတော့ယိုးဒယားဟာ ရခိုင်စစ်ပွဲကဟံသာဝတီတပ်တွေအဆုတ်မှာ သေချာစီစဥ်ပြီးတိုက်ခဲ့တယ်ဆိုတာအပြင် ၉၁၀ခုနှစ်မတိုင်ခင်ကတည်းက စစ်ပွဲကစဖြစ်တယ်ဆိုတာကိုသက်သေပြပြီးပြီဆိုတော့ ဘုရင့်နောင်ဆီပြန်သွားဖို့လိုလာပါပြီ

ဘုရင့်နောင်အနေနဲ့ယိုးဒယားဟာ တမင်အချိန်ကိုက်ပြီးထာဝယ်ကိုလာတိုက်တာဖြစ်တဲ့အပြင်  ဟံသာဝတီတပ်တွေရဲ့အင်အားကိုအကဲစမ်းနေတဖြစ်တယ်ယူဆပါတယ်။ စစ်စချီလာတုန်းက ရာဇထိန်အရပ်မှာစောင့်တိုက်တာအပြင် အခုတပင်ရွှေထီးကမန်ပိုက်ကိုတိုက်ဖို့သွားတဲ့အချိန်မှာ အနောက်ကလိုက်တိုက်တာကိုကြည့်ချင်ဖြင့် ယိုးဒယားဟာ ဟံသာဝတီအပေါ်ပမာမခံနဲ့သွေးတိုးစမ်းနေတာဖြစ်တယ်ဆိုတာပေါ်လွင်လာပါတယ်။ အခုလိုပြတ်ပြတ်သားသားမရှင်းဘဲဆို့နဆို့နတိုက်နေမယ်ဆိုရင် အကယ်လို့စစ်ပွဲမှာနိုင်ခဲ့မယ်ဆိုရင်တောင် အခွင့်အရေးရတာနဲ့ထကြွပုန်ကန်မှာဖြစ်တဲ့အတွက် ကျန်ရှိတဲ့ကာလတစ်လျှောက်လုံး ယိုးဒယားကိုအထပ်ထပ်အခါခါ လာတိုက်နေရဦးမှာဖြစ်ပါတယ်။ ဒါကြောင့်တစ်ခါတည်း ဟံဲသာဝတီဆိုတာနဲ့ မော်မဖူးရဲအောင် အပြတ်တိုက်သင့်ပြီဆိုတာဘု၇င့်နောင် ကောင်းကောင်းနားလည်သွားပြီး တိုက်ပွဲဝင်ဖို့ပြင်ဆင်ပါတယ်။ တိုက်ပွဲဝင်ဖို့ပြင်ဆင်တဲ့အခါ တပ်မှူတွေက ဘုရင့်နောင်အနေနဲ့ အခုတိုက်မယ်ဆိုရင် တပင်ရွှေထီးရဲ့အမိန့်ကို ၂ကြိမ်မြောက်မနာခံတာဖြစ်တဲ့အတွက် ပုန်ကန်မှု့မြောက်ပြီး မလွှဲမသွေ -ွပ်မျက်ခံရမှာဖြစ်တယ်လို့ လျှောက်တင်ကြပါတယ်။

ထိုအခါဘုရင့်နောင်က အရှင့် အမိန့်တော်အတိုင်းနာခံလျှင် ယိုးဒယားတို့က မြန်မာကိုအထင်သေး၍ သွေးနည်းသည်ဟု အထင်ရှိကြလိမ့်မည် ဒင်းတို့ကတိုက်၍ ကျုပ်တို့ကမတိုက်ရင် အောင်ပွဲကိုဒင်းတို့ရလိမ့်မည် ဘုရင်မင်းမြတ် အပြစ်တော်တင်လိုလျှင်တင်စေ -ွပ်မျက်လိုက -ွပ်မျက်စေ မြန်မာ့ဇာတိသွေးညံ့ဖျင်း၍ ရဲရင့်ခြင်းမရှိဟု အထင်လွဲမည်ကိုကား ကျုပ်မခံလိုပြီလို့မိန့်ကာ ဓားဝင့်ပြီး ယိုးဒယားတပ်တွေကို တိုက်ခိုက်ဖို့အမိန့်ပေးပါတယ်။

ယခုတိုက်ပွဲမှာ ဟံသာဝတီတပ်မှူးတွေရဲ့တပ်စုဖွဲ့ပုံနဲ့သူတို့စီးတဲ့တိုက်ဆင်တွေအကြောင်းကို အသေးစိတ်မှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်

လက်ယာစစ်ကြောင်းမှာ တပ်မှူးစောလကွန်းအိန်က မဏိဇော်ကရတ်အမည်ရှိသောတိုက်ဆင် မင်းရဲသိင်္ခယာက စက္ကနီရဲအမည်ရှိသောတိုက်ဆင် သမိန်သံလိုက်က ဂဇသူရအမည်ရှိသောတိုက်ဆင် ဥပါကောင်းက ကွန်ဗြလ အမည်ရှိ‌သောတိုက်ဆင်တို့ကိုအသုံးပြုပြီး တပ်မ၅ခု တိုက်ဆင်၁၀၀ စစ်မြင်း၁၀၀၀ နဲ့စစ်သူရဲ၅၀၀၀၀ပါဝင်ပါတယ်

လက်ဝဲစစ်ကြောင်းမှာ သမိန်ရဲသင်ရံက ရွဿနှိုက်နဲတိုက်ဆင်  နန္ဒယောဓာက ဆဒ္ဒန်ပြောင်မွန်တိုက်ဆင် နန္ဒသင်္ကြန်က ရဲမြတ်စွာ နဲ့သီရီဓမ္မရတ်က ကွန်တယော်တိုက်ဆင်တီု့ကိုစီးပြီး တပ်မ၅ခု တိုက်ဆင်၁၀၀ စစ်မြင်း၁၀၀၀ နဲ့စစ်သူရဲ၅၀၀၀၀ ပါဝင်ပါတယ်

အလယ်မှာ ဘုရင့်နောင်ကဇေယပလ္လင်အမည်ရှိသောတိုက်ဆင် စစ်တောင်းစားမဟာကြီးက မာတင်ပြောင်ပွန်တိုက်ဆင် သမိန်ပရမ်းက ဇေယျသတ္တရုတိုက်ဆင်နဲ့ သမိန်အဲပရဲကစွယ်ပလင်တို့ကိုစီးပြီး တပ်မ၅ခု တိုက်ဆင်၁၀၀ စစ်မြင်း၁၀၀၀ နဲ့စစ်သူရဲ၅၀၀၀၀ပါဝင်ပါတယ်၊ ဒီနေရာမှာ ဘုရင့်နောင်ရဲ့သား ၁၃နှစ်အရွယ်ရှိတဲ့ ဇေယျသီဟက ရဲလုလင်လို့အမည်ရတဲ့တိုက်ဆင်ကိုစီးပြီး သူ့ဖခင်နောက်ကနေနေစ်လိုက်တိုက်တယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်

ဆိုတော့ တိုက်ပွဲဆီကိုသွားရအောင်ဗျာ

ဘုရင့်နောင်ဦးစီးတဲ့ရှေ့ပြေးတပ်၃ခုနဲ့ ယိုးဒယားဘုရင့်ရဲ့တပ်မကြီး၃ခု အတင်းချွန်းဖွင့်ပြီးဝင်တိုက်ကြတဲ့အတွက် တိုက်ပွဲဟာအကြိတ်အနယ်ရှိနေပါတယ်။အင်အားများတဲ့တပ်နှစ်ခုရင်ဆိုင်ကြဒီတိုက်ပွဲမှာ တပ်မှူးတွေရဲ့စီမံကွပ်ကဲမှု့အပြင် စစ်သူရဲတစ်ဦးချင်းဆီရဲ့အရည်အချင်းကစကားပြောလာပါတယ်။ ဒီနေရာမှာနိုင်ငံရပ်ခြားကလက်နက်အကူအညီအထောက်အပံ့နဲ့ဖွဲ့စည်းထားတဲ့ယိုးဒယားတပ်ဟာ အမြောက်စိန်ပြောင်းတွေနဲ့အဝေးကပစ်တဲ့နေရာမှာအားသာပေမယ့် လက်ရုံးချင်းအနီးကပ်ရင်ဆိုင်တဲနေရာမှာ တစ်ချိန်လုံးစစ်တိုက်လာတဲ့ဟံသာဝတီတပ်တွေကို မယှဥ်နိုင်ဘဲရှိနေပါတယ်။ အမြောက်စိန်ပြောင်းတွေရဲ့ပစ်ခတ်သံနဲ့အတူ ဟံသာဝတီမြင်းစီးတပ်ကအတင်းဖောက်ဝင်လာတဲ့အတွက် ယိုးဒယားတပ်မှူးတွေရဲ့ ရဲမက်တွေအပေါ်ကွပ်ကဲမှု့က အရာမထင်းဖြစ်လာပါတယ်။ အခုလိုဓားဓားချင်း တုတ်တုတ်ချင်းယှဥ်နေကြချိန်မှာ ဘုရင်နောင် သူပြင်ဆင်ထားတဲ့စစ်ဗျူဟာကိုအသက်သွင်းပါတယ်။ ရေအင်းကြီးတွေမှာ အနားရထားပြီး အလုံးအထည်ကြီးမားလှတဲ့တိုက်ဆင်ကြီးတွေမှာ အမြောက်ငယ်တွေတပ်ဆင်ပြီး အတင်းချွန်းဖွင့်ပြီးတိုက်တဲ့အတွက် ယိုးဒယားဘုရင့်သမက်တော်သြယားလကွန်းအိန်ဦးစီးတဲ့စစ်တောင်ပံက ပုံစံပျက်သွားပြီး ရဲမက်တွေထွက်ပြေးကုန်ပါတယ်

အခုလို ယိုးဒယားတပ်တွေတစ်ကွဲတစ်ပြားနောက်ဆုတ်နေတဲ့အချိန် သြယားလကွအိန်က တိုက်ပွဲမှာ အစောင့်အရှောက်မပါဘဲအတင်းဝင်တိုက်နေတဲ့ဘုရင်နောင်ကို တွေ့သွားပါတယ်။ ဒါကြောင့် သြယားလကွန်းအိန်ကတပ်ဆုတ်နေတာကြားကပြန်လှည့်ပြီး ဘုရင့်နောင်ဆီဆင်နဲ့ချွန်းဖွင့်ပြီးတစ်ဟုန်ထိုးဝင်တိုက်ပါတယ်

အခြားတစ်ဘက်မှာဘုရင့်အမိန့်ကိုကျော်လွန်ပြီးတိုက်နေတာဖြစ်တဲ့အတွက် အခုပွဲမှာ ဘုရင်နောင်အနိုင်ရဖို့ပိုပြီးအားထုတ်နေပါတယ်။ ယိုးဒယားတပ်တွေရဲ့စစ်ဗျူဟာပုံစံကိုဖျက်ဖို့တပ်မှူးတွေကိုကွပ်ကဲနေချိန် အရှိန်ပြင်းပြင်းနဲ့အရတစ်ခုပြေးဝင်လာတာခံစားရတဲ့အတွက် ချက်ချင်းဆင်ခေါင်းတည်ပြီးခံပါတယ်။ ယိုးဒယားတပ်တွေနဲ့ကွယ်ပြီးအတင်းချွန်းဖွင့်ပြီးဝင်လာတဲ့ သြယားလကွန်းအိန်ရဲ့တိုက်ဆင်ဇေယျနုဘတ်ဟာ ရုတ်တရုတ်ခေါင်းတည်ပြီးခံတဲ့ ဘုရင်နောင်ရဲ့တိုက်ဆင်အစွယ်နဲ့ထိုးမိပြီ အာဂေါင်မှာစိုက်ဝင်သွားသလို ဘုရင်နောင်ကလည်းအရှိန်နဲ့အဆောင့်ခံရတဲ့အတွက် မထိန်းနိုင်ဘဲနောက်ကိုတေ်တော်‌‌ရောက်သွားတယ်

အခုလိုဘုရင့်နောင်ပုံစံပျက်သွားတာနဲ့ သြယားလကွန်းအိမ်က ဆင်ပေါ်ကနေနေရှည်နဲ့ထိုးဖို့ပြင်နေတဲ့အချိန် မလှန်းမကမ်းမှာရှိနေတဲ့ဇေယျသီဟက သူ့အဖေအထိနာသွားမှန်းသိတဲ့အတွက် ‌ ရဲလုလင်ဆင်နဲ့ အတင်းဝင်လာပြီးကန့်လန့်ဖြတ်ဖြတ်တိုက်ပါတယ် သြယားလကွန်းအိမ်အနေနဲ့အသာစီးရထားရာက ကန်လန့်ဖြတ်ဝင်တိုက်ခံရပြီး ဆင်ရဲ့မုန်အိုးကိုပါထိုးမိသွားတဲ့အတွက် ချက်ချင်းလှည့်ပြီးပြန်ပြေးတယ်

အခုလိုသြယားလကွန်းအိန်ထွက်ပြေးတာကို ဇေယျသီဟကနောက်ကအတင်းလိုက်တဲ့အတွက် ပြေးမိပြေးရာပြေးရင်း နောက်ဆံးဆင်ကမခံနိုင်တော့တဲ့အတွက် ရေအင်းကြီးမှာရေဆင်းစိမ်ရာကနေ နေသာဝတီတပ်တွေရဲ့ဖမ်းဆီးခြင်းကိုခံရပါတယ်

ဒီတိုက်ပွဲမှာ ယိုးဒယားအမတ်အောက်ဗြစက္ကိကရွတ်တပိတုန်တိုက်ဆင်ကိုစီးပြိး သမိန်ရဲသင်ရံရဲ့ ရွတ်ကသိနိုက်ဆင်နဲ့စီးချင်းထိုးရာက ဆင်ရောလူပါအသက်ကုန်ပါတယ် 

အခုလိုတိုက်ပွဲဟာ အခြေအနေမဟန်မှန်းသိသွားတဲ့အခါ ယိုးဒယားဘုရင့်ညီတော်သြယားပိဿလောက်က စီးနေတဲ့ဆင်ပေါ်ကနေနေန်ချပြီး မြင်းနဲ့ပြေးတဲ့အတွက် လူကိုမရဘဲ သြယားပိဿလောက်စီးသောကြိုစက္ကဝတ်ဆင်ကို ဟံသာဝတီတပ်ကရလိုက်ပါတယ်။

 ဒီနေရာမှာ ယိုးဒယားဘုရင်ဟာတပ်မတစ်ခုကိုဦးဆောင်ပြီး တိုက်ပွဲမှာဝင်မတိုက်ဘဲ အနောက်ကစောင့်ကြည့်နေရာက ရဲမက်တွေထွက်ပြေးလာတာကိုတွေ့ရတဲ့အတွက် ချက်ချင်းတပ်ပြန်ဆုတ်ပြီး မြို့တော်ကိုတန်းပြေးပါတယ်

အခုတိုက်ပွဲမှာ ကင်းထောက်သွားတဲ့မြင်းစီးစစ်သူရဲတွေကျဆုံးတဲ့အပေါ်  ဒေါသတကြီးဟံသာဝတီတပ်တွေ အတင်းဝင်တိုက်တဲ့အတွက် ယိုးဒယားတပ်တွေအကျအဆုံးအတော်များပြားသွားပါတယ်။ စစ်ပွဲအပြီး ဖမ်းဆီးရမိတဲ့လူသူလက်နက်ဆင်မြင်းတွေကိုသိမ်းဆည်းပြီးတဲ့နောက် ဘုရင့်နောင်တိုက်ပွဲဖြစ်တဲ့နေရာမှာ တပင်ရွှေထီးကိုဆက်သဖို့စောင့်ဆိုင်းနေပါတယ်

တပင်ရွှေထီးဟာ မြင်းတပ်မှူး‌လွှတ်ပြီးတားထားတဲ့ပေမယ့် အမြောက်ပစ်ခတ်သံတွေကြားကြားခြင်းအတင်းနှင်လာခဲ့တဲ့အတွက် များမကြာသောအချိန်မှာ ဘုရင့်နောင်တို့ဆီကို‌ရောက်ပါတယ်

ဘုရင့်တပ်တွေရောက်လာတဲ့အခါ ဘုရင့်နောင်က ဖမ်းဆီးထားတဲ့ဆင်မြင်းသုံ့ပန်းတွေဆက်သ‌ဖို့ပြင်ဆင်ပါတယ်။ ထိုအခါ တပင်ရွှေထီးက မှူးမတ်ဗိုလ်ပါအစုံအညီအရှေမှာ ယိုးဒယားတို့နှင့်တွေ့လျှင်အမြန်မတိုက်နဲ့ ငါ့ကိုငံ့ဦး ငါရောက်မှတိုက်တော်မူမည်လို့ မြင်းစေကျော်လွှတ်၍ အမိန့်ပြန်သည်ကို ငါ့အမိန့်တော်ကို မနာခံဘဲတိုက်နှင့်သည် ငါ့ပွဲတေ်ကိုဖျက်စီးရသည်မဟုတ်လား ဒေါသတကြီးမိန့်ပါတယ်

ထိုအခါ ဘုရင့်နောင်ကလက်အုပ်ချီမိုးလျက် ကျွန်တော်မျိုးသည် အမိန့်တော်အတိုင်း ဗိုလ်ပါဆင်မြင်းအသင့်ပြင်ဆင်ကာ ဘုန်းတော်ကြီးလှသောဘုရားကို မျှော်ငံ့စောင့်ဆိုင်း၍ နေကြောင်းပါဘုရား။မျှော်ငံ့နေရင်းပင် ယိုးဒယားတပ်များစစ်သုံးကြောင်းခွဲ၍ ကျွန်ုပ်တို့တပ်ရှိရာ အတင်းချီတက်လာကြပါသည်။ အမိန့်တော်အတိုင်း မတိုက်ဘဲနေပါလျှင် ယိုးဒယားတို့က သတ္တိညံဖျင်း၍ ရဲသွေးမရှိ ကြောက်ကြလိမ့်မည်ဟုဆိုကြပါလိမ့်မည် မတိုက်ဘဲနေလျှင် ဒီစစ်ပွဲကို အောင်မြင်နိုင်လိမ့်မည်လည်းမဟုတ်ပါ ယိုးဒယားတို့ကအောင်ပွဲရသွားလျှင် ကျွန်ုပ်တို့မြန်မာများမှာ နောင်အစဥ်အမည်ပျက်စီးရန်ဖြစ်ပါသည်။သူရဲကောင်းတို့သဘောမှာ စစ်ချင်းဆိုင်လျှင်နိုင်အောင်တိုက်ဖို့ကိုသာ အရေးကြီးစွာအားထုတ်ရစမြဲဖြစ်ပါသည် ဤအကြောင်းကို မျှော်ထောက်စဥ်းစားမိသည်နှင့် ငါ့အားရာဇဝတ်တော်နှင့်စီရင်စေတော့ သည်စစ်ပွဲမှာအသက်ရှင်လျက်ရှုံးခြင်းထက် အောင်ပွဲရ၍ ‌‌‌သခြင်းကမြတ်သည်  ထို့သို့နှလုံးပိုက်လျက် အမိန့်တော်အတိုင်းမတည်ဘဲ တိုက်ခိုက်မိပါသည်ဘုရား အရှင့်အမိန့်တော်ကို လွန်ဆန်မှု့ကြောင့် စီရင်တော်မူလိုပါက အခုဗိုလ်ပါအလယ်မှာ ကျွန်တော်မျိုးအားစီရင်တော်မူပါလို လျှောက်တင်ပါတယ်။

ဘုရင့်နောင်ရဲ့လျှောက်တင်ချက်ကိုကြားတဲ့အခါ တပင်ရွှေထီးက အမျက်ကြေအေးပြီး အမိန့်တော်ကိုလွန်ဆန်သည်ကား ထိုက်သည်။ ဒါ့အပြင် အမှု့တော်ကိုမလစ်ဟင်းအောင်းစွမ်းဆောင်ကြိုးစားတဲ့အတွက် အပြစ်တင်ဖို့မရှိလို့မိန့်ပြီး တပ်မှူးရဲမက်တွေအလယ်မှာ ဆုတော်လာဘ်တွေချီးမြှင့်ပါတယ်။

တပင်ရွှေထီးဘုရင့်နောင်ကိုချီးမြှင့်တဲ့ဆုလာဘ်တွေက

၁-ပတ္တမြားစီးသော သင်းကျစ်တော်

၂-ပတ္တမြားစီသော လက်ဘက်အိုး ကွမ်းခွက် ရေတကောင်းဖုံး

၃-ရွှေထီးလေးစင်း

၄-ကိုယ်တော်တိုင်ဝတ်တော်မူသော ကတ္တီပါဝတ်လုံ

၅-လက်နှစ်ဘက်တွင်ဝတ်တော်မူသော ပတ္တမြားလက်ကောက် ပတ္တမြားလက်စွပ်များ

၆-သဥ္စလီနှင့်တကွစီးတော်မူသော နာဂဝရဆင်တော်ကြီး

၇-ရွှေကကြိုးအစုံနှင့်စီးတော်မူသော မြင်းတော် တို့ဖြစ်ပါတယ်

ဒီနေရာမှာ တပင်ရွေထီးဘုရင့်နောင်ကိုပေးတဲ့နာဂဝရဆင်ဆိုတာက ဟံသာဝတီ-ပြည်စစ်ပွဲမှာ ပြည်ဘုရင်မင်းခေါင်က စစ်ပြေငြိမ်းဖို့ဒီတိုက်ဆင်ကြီးကိုဆက်သပြီး ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို ငါဟဲ့တပင်ရွှေထီး အပိုင်း၁၄ သူလျို၅ယောက်အခန်းမှာဖော်ပြထားပါတယ်

အခုလိုဘုရင့်နောင်ကိုချီးမြှင့်ပြီးတဲ့နောက် ဒီစစ်ပွဲမှာရွံရွံချွံချွံတိုက်ခဲ့ကြတဲ့ တပ်မှူးရဲမက်တွေကို တပင်ရွှေထီးက ရာထူးတွေနဲ့ဆုတော်လာဘ်တွေပေးသနားတော်မူပါတယ်။ ဘွဲ့ရာထူးတွေအသီးသီးချီးမြှင့်ပြီးတဲ့အခါ တပ်မှူးတွေက ဘုရင့်နောင်ရဲ့သားဟာ ဒီတိုက်ပွဲမှာရဲလုလင်ဆိုတဲ့တိုက်ဆင်ကိုစီးပြီး ရန်သူ့တပ်ကိုအတင်းဝင်တိုက်တဲ့အပြင် ယိုးဒယားဘုရင့်သမက်တော်သြယားလကွန်းအိမ်ကို ဝင်စီးချင်းထိုးပြီး အရှင်ဖမ်းဆီးနိုင်တဲ့အမှု့ တေ်မှာ အရေးပါတယ်လို့လျှောက်တင်ပါတယ်.

ထိုအခါ တပင်ရွှေထီးက ၁၃နှစ်သားက ယိုးဒယားဘုရင့်သမက်ကိုဝင်တိုက်ကြောင်းကြားရတဲ့အတွက် အလွန်နှစ်ထောင်းအားရဖြစ်ပြီးပြုံးရယ်ကာ င့ါတူတော် ဇေယျသီဟက ‌ရှေးအင်းဝဘုရင်မင်းခေါင်ရဲ့သားတော် မင်းရဲကျော်စွာကဲ့သို့ အရွယ်နဲ့မလိုက်အောင် ရဲရင့်ပါ့ကလားလို့ ချီးမွှန်းပြီး သီးခြားဆုတော်လာဘ်တော်တွေနဲ့ မင်းရဲကျော်စွာဘွဲ့ကိုပေးသနားတော်မူပါတယ်။ဒီနေရာမှာ မင်းရဲကျော်စွာဘွဲ့ရတဲ့၁၃နှစ်သား ဇေယျသီဟဆိုတာက နောင်တချိန်ဘဝရှင်မင်းတရားကြီးဘုရင်နောင်ကျော်ထင်နော်ရထာနောက် ဆက်ခံတဲ့ နန္ဒဘုရင်ကိုဆိုလိုတာဖြစ်ပါတယ်။

ဒါကိစ္စကိုတခြားဘက်ကကြည့်မယ်ဆိုရင် ၁၃နှစ်ကတည်းက လက်ရုံးရည်ထူးခြားသာလွန်ပြီး စစ်ပွဲကြီးတွေမှာ လက်စွမ်းပြနေတဲ့နန္ဒဘုရင်ဟာ သူ့ခမည်းတော်ဘုရင့်နောင်မင်းတရားကြီးရဲ့ ဒုတိယမြန်မာနိုင်ငံတော်အင်ပါယာကြီးကို ဆက်ခံခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် နန္ဒဘုရင်ကောင်းကောင်းမအုပ်ချုပ်နိုင်ခြင်းကိုကြည့်ခြင်းအားဖြင့် ဘုရင့်‌နောင်ဟာ ဘယ်လောက်တောင်လက်ရုံးရည်နှလုံးရည်ထူးခြားသာလွန်တဲ့စစ်ဘုရင်ဖြစ်တယ်ဆိုတာ အထင်းသားကြီး တွေ့ရမှာဖြစ်ပါတယ်။

တိုက်ပွဲအပြီး ရှေ့ဆက်ဆောင်ရွက်မယ့်အစီအမံတွေကိုဆွေးနွေးဖို့ ဘုရင့်တဲနန်းမှာ မှူးမတ်စစ်ကဲတွေ ‌ရောက်ရှိနေကြတယ် တပ်မှူးတွေစုံလင်တဲ့အခါ တပင်ရွှေထီက ယခုယိုးဒယားတပ်ကြီး၃ကြောင်းကိုနှိမ်နှင်းလိုက်သည်ကား အလွန်အရေးပါ၍ ဒင်တို့ရှုံးချက် အလွန်နာသွားခဲ့ပြီ အယုဒ္ဓယမြို့ရင်းကို ဆက်တိုက်သင့်သလော သို့နည်းမဟုတ် ကမန်ပိုက်စသောမြို့ရံများကိုတိုက်ရန်သင့်သလောလို့ အမေးတော်ရှိပါတယ်

စစ်တောင်းမြို့စားမဟာကြီး ကလျှောက်တင်သည်ကား ယခင်ကျွန်တော်မျိုးတို့စစ်ချီလာစဥ် ရာဇထိန်အရပ်မှာ ဆီးကြိုတိုက်သော ယိုးဒယားတပ်များကိုနိုင်လိုက်သည်ကတစ်ကြိမ် ယခုတစ်ကြိမ် နှစ်ကြိမ်တိုင်အောင် အောင်ပွဲရရှိခဲ့ပါပြီ ယိုးဒယားဘုရင့်သားသမက်မှစ၍ မှူးမတ်ဗိုလ်ပါဆင်မြင်းများကိုလည်းရရှိပါပြီ ယိုးဒယားဘုရင်မှာ ကိုယ်လွတ်ရုံး၍ ထွက်ပြေးလေသောကြောင့်သာလျှင် ရွှေလက်တော်ကလွတ်ရသည်။ ယိုးဒယားတို့ရှုံးချက်နာလှသဖြင့် လွန်စွာကြောက်လန့်ကြလေပြီ သို့အတွက် ယခုအကြိမ်မြို့ရင်းကိုပြန်တိုက်တော်မူပါလျှင် လွယ်ကူစွာအောင်မြင်တော်မူမည်မှာ အမှန်ပင်ဖြစ်ကြောင်းပါဘုရား

စစ်တောင်းမြို့စားရဲ့အဆိုကို တပ်မှူးစောလကွန်းအိမ်နဲ့ရဲသင်ရံတို့က ထောက်ခံကြောင်း လျှောက်တင်ပါတယ်

ပြည်ဘုရင်ခံသတိုးဓမ္မရာဇာလျှောက်တင်သည်က ယိုးဒယားမြို့သည် တခြားမြို့များနှင့်မတူ ချောင်းမြောင်းမြစ်များ ပတ်လည်ဝန်းရံလျက်ရှိသောကြေင့် စစ်တလင်းမသာယာကြောင်းပါဘုရား မြစ်အတွင်းမှာ နိုင်ငံရပ်ခြားကလာရောက်ကြသော သင်္ဘောတွေများကလည်းများလှပါသည် နိုင်ငံခြားသားများလည်း သူတို့ပိုင်ဆိုင်သောလက်နက်အင်အားနဲ့ခုခံလျက်ရှိကြပါသည်။ ပျက်စီးဘူးသောမြို့မဟုတ်သောကြောင့် အလွယ်တကူနှင့်အောင်မြင်ရန် ခဲယဥ်းလှပါသည်။ မြို့ကိုရ‌အောင် ကြိုးစားမည်ဖြစ်ပါက ယိုးဒယားမြို့ထက်မြင့်အောင့် မြို့ရိုးအခိုင်အခံ့တည်ဆောက်မှသာ ဖြစ်နိုင်ကြောင်းပါ ဤကဲ့သို့ကြာရှည်စွာ ဝန်းရံနေလျှင် စစ်ရိက္ခာများမလုံလောက်မည်ဖြစ်ကြောင်းပါဘုရား သည်တစ်ကြိမ်မှာစစ်သည်ရဲမက်များ စစ်ပမ်းနေပြီဖြစ်သဖြင့် နေပြည်တော်သို့ပြန်ပြီး အင်းဝ စစ်ကိုင်း နဲ့ကျန်နယ်မြေများကို လက်တော်အောက် သိမ်းပိုက်ပြီးမှသာ ယခုထက်များပြားသော ဗိုလ်ပါအင်အားနဲ့နောက်တကြိမ်ချီတက်လုပ်ကြံသင့်ကြောင်းပါဘုရား

တပ်မှူးနန္ဒသင်္ကြန်ရဲ့လျှောက်တင်သည်က ယိုးဒယားဘုရင်သည် ရှုံးချက်နာလှသဖြင့် အလွန်ပင်ကြောက်လန့်နေပါပြီ။ သားသမက်နဲ့မှူးမတ်ဆင်မြင်းသုံ့ပန်းအများအပြားအဖမ်းခံထားရသည့်အတွက် ဒီထက်ပိုပြီးတင်းမာနိုင်မည်မဟုတ်ကြောင်းပါဘုရား ကျွန်တော်မျိုး၏ယူဆချက်အရ များမကြာသောအချိန်မှာ ယိုးဒယားဘုရင်ဟာ အောက်ကြို့ခံ၍ ချေငံသာယာသောစကားဖြင့်အလျင်အမြန်ပင်လျှောက်တင်လာမည်ဖြစ်ကြောင်းပါ ယိုးဒယားမြို့တော်ကို အပင်ပန်းခံတိုက်တော်မမူရဘဲ အရှင့်ဖဝါးတော်အောက် အလိုလိုကျရောက်ရပါလိမ့်မည်ဘုရား သို့ရာတွင်ယခုလည်းစစ်တိုက်ရန်အချိန်ရှိသေးသောကြောင့် နေပြည်တော်သို့တိုက်ရိုက်ပြန်တော်မမူသေးဘဲ ကမန်ပိုက်စသောမြို့ရံများကိုတိုက်ခိုက်သင့်ကြောင်းပါ ထိုမြို့မျာကိုအလွယ်တကူတိုက်ခိုက်သိမ်းယူနိုင်မှာဖြစ်တဲ့အတွက် ရတော်မူပါက ဗိုလ်ပါအင်အားအခိုင်အခံ့ထား၍ ရိက္ခာရအောင် မိုးတွင်းမှာလယ်လုပ်စေ၍ စားနပ်ရိက္ခာဖြည့်တင်းသင့်ကြောင်းပါဘုရား

ဆိုတော့ဘုရင့်နောင်ရဲ့သဘောကရောဘယ်လိုရှိနေပါသလဲ

ဘုရင့်နောင်ဟာ အခုအစည်းအဝေးမှာသီးခြားအဆိုမတင်သွင်းဘဲ နန္ဒသင်္ကြန်ရဲ့လျှောက်တင်ချက်ကို ထောက်ခံကြောင်းလျှောက်တင်ပါတယ် ဒီနေရာမှာတပင်ရွှေထီးနဲ့တပ်မှူးစစ်ကဲတွေဆွေးနွေးကြတဲ့ညီလာခံအဆက်ဆက်မှာ ဘုရင့်နောင်ရဲ့သဘောနဲ့ ပြည်ဘုရင်ခံသတိုးသတိုးဓမ္မရာဇာသဘောက များသောအားဖြင့်ကွဲလွဲတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဘုရင့်နောင်ဟာ တပ်အင်အားကိုအမြဲလှုပ်ရှားပြီး ရန်သူ့ဟာကွက်ရှာလေ့ရှိပြီး ပြည်ဘုရင့်ခံသတိုးဓမ္မရာဇာကတော့ ဘေးကင်းရေးကိုအသားပေးပြီး ရဲမက်အင်အားအမဆုံးရှုံးအောင်စစ်ဗျူဟာခင်းကျင်းလေ့ရှိတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ အနီးစပ်ဆုံးပုံစံတူအနေနဲ့ ပြည်ဘုရင်ခံရဲ့စစ်ဗျူဟာက သူ့ရှင်တကာရွတ်ပိရဲ့အမတ်ကြီးတွေဖြစ်တဲ့ဗညားလောနဲ့ ဗညားကျန်းရဲ့ခံစစ်အသားပေးတဲ့ဗျူဟာနဲ့ခပ်ဆင်ဆင်တွေ့ရမှာဖြစ်ပါတယ်

တပ်မှူးတွေရဲ့သဘောကိုကြားတဲ့အခါ တပင်ရွှေထီက ကိုယ်တိုင်လည်း ကမန်ပိုက်ကိုသိမ်းလိုတဲ့ဆန္ဒရှိတဲ့အတွက် နန္ဒသင်္ကြန်ရဲ့လျှောက်တင်ချက်အတိုင်း တိုက်ခိုက်ဖို့အမိန့်ချပါတယ်

အယုဒ္ဓယမြို့ရဲ့အခြေအနေကိုစောင့်ကြည့်ဖို့ကင်းထောက်အိုးစားတပ်အနည်းငယ်ချထားပြီးတဲ့နောက် တပင်ရွှေထီးတပ်အင်အားအလုံးအရင်းနဲ့ ကမန်ပိုက်ကိုအပြင်းစစ်ချီပါတယ်။ အခုလိုဟံသာဝတီတပ်တွေ ချီတက်လားတဲ့အခါ ကမန်ပိုက်မြို့စားက မခံဝံ့တဲ့အတွက် မြို့စောင့်တပ်တွေခေါ်ပြီး ဘေးလွတ်ရာကိုပြေးပါတယ် ဒါကြောင့် တပင်ရွှေထီးဟာ ကမန်ပိုက်ကိုအလွယ်တကူသိမ်းယူနိုင်ပြီး တပ်မတွေကိုခွဲပြီး သောက္ကတဲကိုဆက်တိုက်ဖို့စေလွှတ်ပါတယ်။

ဆိုတော့ဟံသာဝတီ-ယိုးဒယားစစ်ပွဲတွေမှာပါနေကြဖြစ်တဲ့ပိဿလောက် သောက္ကတဲ ကမန်ပိုက်မြို့တွေက ဘယ်နေရာမှာရှိတာပါလဲ လေ့လာကြည့်ရအောင်ဗျာ

ပိဿလောက်အကြောင်းရှာကြည့်တဲ့အခါ တိုက်ရိုက်ဖော်ပြထားတာမတွေ့ရတဲ့အတွက် သူနဲ့ဆက်စပ်တဲ့အကြောင်းအရာတစ်ခုကနေဆွဲရှာကြည့်မှာဖြစ်ပါတယ်။ ဘုရင့်နောင်မင်းတရာကြီးလက်ထက်မှာ အယုဒ္ဓယကိုတိုက်ပြီးတဲ့နောက် မင်းသားနှစ်ပါးကိုပဲခူးကိုခေါ်ဆောင်လာခဲ့ပါတယ်၊ ဒီမင်းသားနှစ်ပါးထဲက မင်းသားမဲလိုခေါ်တဲ့ မြန်မာလို ဗြနရာဇ် ထိုင်းလိုနရဲစွမ်က နောင်တချိန် နန္ဒဘုရင်လက်ထက်မှာ ပုန်ကန်ခြားနားပါတယ်။ ဒီနေရာမှာ နရဲစွမ်အကြောင်းကိုပြောမှာမဟုတ်ဘဲ သူမွေးတဲ့နေရာအကြောင်းကိုပြောမှာဖြစ်ပါတယ်။ နရဲစွမ်ကို မြန်မာလိုပိဿလောက် ထိုင်းလို Phitsanulok လို့ခေါ်တဲ့နေရာမှာ မွေးဖွားခဲ့တယ်လို့ဆိုတဲ့အတွက် ပိဿလောက်ဟာ Phitsamulok လို့ယူဆလို့ရပါတယ်၊

သောက္ကတဲကိုတေ့ မြန်မာလို သုခေါဒယပြည်လို့သုံးနှုန်းပြီး ထိုင်းလို  Sukhothai Kingdom လို့ဖော်ပြထားတာတွေ့ရပါတယ် သောက္တတဲကမြို့တစ်ခုဆိုတာထက်မြို့ပြနိုင်ငံတစ်ခုလိုဖော်ပြရင်ပိုသင့်တော်ပါတယ်။ ၁၃၇၈ မှာ အယုဒ္ဓယဘုရင်တာမာရာဂျာက ဆူခိုထိုင်းကိုကျူးကျော်တဲ့အတွက် ယိုးဒယားအောက်ကျရောက်သွားတယ်လို့ဆိုပါတယ်။ ဒီသောက္တနယ်မြေရဲ့မြို့တော်ကို Phitsamulok လို့ဖော်ပြထားတာကိုတွေ့ရသလို ဆူခိုထိုင်းကိုသာ သောက္တတဲလို့သုံးစွဲတာတွေလည်းကိုတွေ့ရပါတယ်

တစ်ဆက်တည်းပြောရမယ်ဆိုရင် ကမန်ပိုက်ဆိုတာက ထိုင်းလို Kamphaeng phet ဇင်းမယ်ဆိုတာက ချင်းမိုင် လင်ဇင်းဆိုတာက အခုလာအိုနယ်မြေတွေကိုဆိုလိုတာဖြစ်ပါတယ်

ဆိုတော့ ကျုပ်အသံထွက်မပီတဲ့ဒီမြို့တွေကိုခဏထားပြီး တပင်ရွှေထီးဆီကိုပဲပြန်သွားရအောင်ဗျာ

တပင်ရွှေထီး သူ့တပ်တွေကိုကမန်ပိုက်ကနေ သောက္ကတဲကိုတိုက်ဖို့လွှတ်လိုက်တဲ့အချိန်မှာ အယုဒ္ဓယမြို့တေ်မှာ ဘုရင်နဲ့မှူးမတ်စစ်ကဲတွေ အစည်းအဝေးပြုလုပ်နေပါတယ်။ ဒီအစည်းအဝေးရဲ့ရလဒ်အနေနဲ့ ယိုးဒယားဟာ ဟံသာဝတီဆီမှာ အကြွင်းမဲ့လက်နက်ချအညံ့ခံမှာဖြစ်ပါတယ် ဒီအရေးကိုအကောင်အထည်ဖော်ဖို့ သံတမာန်မှူးမတ်နှစ်ဦးကိုစေလွှတ်ကာ ချစ်ကြည်ရေးစာလွှာပေးပို့ပါတယ် အခုလိုယိုးဒယားဘုရင်ပေးပို့တဲ့စာလွှအကြောင်းကို မှန်းနန်းရာဇဝင်ကြီး ဒုတိယတွဲ စာမျက်နှာ၂၅၀ မှာ အခုလိုဖော်ပြထားတာတွေ့ရပါတယ်။

 

စာလွှာကိုဖတ်ပြီးတဲ့အခါ တပင်ရွှေထီးက စိတ်နှလုံးပျော့ပြောင်းသွားတဲ့အတွက် ယိုးဒယားဘုရင်ရဲ့ချစ်ကြည်ရေးကမ်းလှမ်းမှု့ကိုလက်ခံပြီး စစ်ချီထွက်သွားတဲ့တပ်မတွေကို ချက်ချင်းနောက်ပြန်ဆုတ်ဖို့ အမိန့်ပေးပါတယ်။ အဲဒိနောက် တပင်ရွှေထီးက သံအမတ်တွေကို ငါ့အမှု့တော်ကိုထမ်းမည်ဟူသောစကားသည် အရေးပါသည် ငါလည်းဘုရားဆုကိုပန်သော ယောကျ်ားမြတ်ဖြစ်တော်မူသည်အတိုင်း သစ္စာတော်ခံ၍ အမှု့တော်ကိုထမ်းလျှင် ယိုးဒယားပြည်ကိုချမ်းသာပေးတော်မူမယ်လို့ မိန့်ပါတယ် ။သံအမတ်တွေလည်း အမိန့်ကိုနာခံပြီးပြန်လည်ထွက်ခွာသွားပြီးတဲ့နောက် တပင်ရွှေထီးက နန္ဒသင်္ကြန်အမတ်ကိုဆင့်ခေါ်ကာ  နောင်ရေးကိုမြင်တတ်လှတယ်လို့ချီးမွှမ်းပြီး လက်တော်နှစ်ဘက်မှာဝတ်ထားတဲ့ပတ္တမြားလက်ကောက် လက်စွပ်ရတနာတွေအပြင် ဆင်မတစ်စီးကိုပေးတော် မူပါတယ်။

သံမတ်တွေ ယိုးဒယားဘုရင်ဆီပြန်ရောက်ပြီး လျှောက်တင်တဲ့အကြောင်းကို တပင်ရွှေထီးဝတ္တုတော်ကြီးမှာ အခုလိုဖော်ပြထားပါတယ်


 

အခုလိုချစ်ကြည်ရေးကိုဆောင်ရွက်ပြီးတဲ့နောက်  တပင်ရွှေထီးယိုးဒယားကနေတပ်တွေပြန်ဆုတ်လာခဲ့ပြီး သက္ကရာဇ် ၉၁၀ ခု တန်ခူးလဆန်း ၃ရက်နေ့မှာ ဟံသာဝတီမင်းနေပြည်တော်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်၊

အခုအကြောင်းအရာတွေဟာ မြန်မာဘက်ကအထောက်အထားတွေနဲ့ဖော်ပြသွားတာဖြစ်ပြီး ဘေးအိမ်ကတော့ တပင်‌ရွှေထီးဟာ အင်အားအလုံးအရင်းနဲ့ကျူးကျော်လာခဲ့ပေမယ့် အယုဒ္ဓယမြို့ကိုနိုင်အောင်မတိုက်နိုင်ဘဲ ပြန်ဆုတ်သွားတယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ် ။

ဆိုတော့ အမျိုးတွေရောဘယ်လိုထင်ပါသလဲ 

ကြည့်ရှု့ပေးတဲ့အတွက်အာလုံးကိုကျေးဇူးတင်ပါတယ်

YHNL


ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research.

Previous Post Next Post