Greyhound

ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေကို စာရင်းလုပ်မယ်ဆိုရင် ဒုတိယကမ္ဘာစစ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ခဲ့ကြတဲ့ သမိုင်းဝင်စစ်ကားတွေကိုလည်း မပါမဖြစ်အခန်းကဏ္ဍအဖြစ်ထည့်သွင်းရမှာဖြစ်ပါတယ် ။ Midway, Saving Private Ryan, Pearl Harbor ရုပ်ရှင်ကားတွေဟာ ကျွန်တော်တို့မြန်မာတွေ အသည်းစွဲကြိုက်ကြတဲ့ စစ်ကားများပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ဆိုတာနဲ့ ကျွန်တော်တို့ မျက်လုံးထဲပြေးမြင်လာမှာကတော့ နာဇီဂျာမနီနဲ့ ဟစ်တလာရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်ဒီတစ်ခေါက်ရွေးပေးမှာတော့ သမိုင်းရဲ့နေမဝင်အင်ပါယာလို့သတ်မှတ်ခဲ့ကြတဲ့ အင်္ဂလိပ်တွေ နာဇီတွေကို မျက်နှာမဖော်ရဲလောက်အောင် ရှုံးခဲ့တဲ့ အတ္တလန်တစ်သမုဒ္ဓရာရဲ့ တွင်းနက်ကြီး "The Battle Of Atlantic "မှာ အမေရိကန်တွေနဲ့ နာဇီတွေထိပ်တိုက်တွေတဲ့အကြောင်းရိုက်ကူးထားတဲ့ Greyhound ပဲဖြစ်ပါတယ်။


IMDb 7/10 ရထားတဲ့စစ်ကားဆိုတော့ Rating ကောင်းပိုင်ဆိုင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ နောက်ဆုံးပေါ်နည်းပညာတွေသုံးရိုက်ထားတဲ့အတွက် တော်ပီဒိုထိတာတွေ၊ ပေါက်ကွဲတာတွေ၊ အသံပိုင်းလုပ်ဆောင်ချက်တွေက အရင်ကြည့်ဖူးနေကြ WW2 ဇာတ်ကားတွေနဲ့ကွဲပြီးတော့ ကိုယ်ကိုယ်တိုင် စစ်သင်္ဘောပေါ်ရောက်နေသလိုခံစားရမှာဖြစ်ပါတယ်။

ဒီတော့ဇာတ်လမ်းသမိုင်းကိုသွားရအောင်ဗျာ ။ ဒုတိယကမ္ဘာစစ် ဥရောပစစ်မျက်နှာမှာ အင်္ဂလိပ်၊ ပြင်သစ်တွေဦးဆောင်တဲ့မဟာမိတ်တွေ ခွက်ခွက်လန်အောင်ရှုံးနေတဲ့အချိန် ရှေ့တန်းမှာလိုအပ်တဲ့ ဆေးပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ၊ လောင်စာတွေနဲ့ ထောက်ပံရေးပစ္စည်းတွေကို အမေရိကန်တွေက အတ္တလန်တစ်သမုဒ္ဓရာကိုဖြတ်ပြီး မဟာမိတ်တွေဆီကိုပို့ပေးတယ်။ ဒါကိုကြိုရိပ်မိတဲ့ ဟစ်တလာက အတ္တလန်တစ် သမုဒ္ဓရာမှာ U-boat တွေ( ရေငုတ်သင်္ဘော) တွေချထားတယ်။ ဒီနေရာမှာဂျာမန် U-boat တွေအကြောင်းနည်းနည်းပြောလိုပါတယ်။ ဂျာမာန် U-Boat တစ်စီးရဲ့ စွမ်းဆောင်ရည်ဟာ ပထမကမ္ဘာစစ်အတွင်းမှာ သင်္ဘော ၁၉၄စီး ကိုနှစ်မြှပ်ခဲ့ပြီးတော့  နည်းပညာ အဆမတန် တိုးတက်လာတဲ့ ဒုတိယကမ္ဘာစစ်မှာ ၄၇ စီးအထိ စံချိန်တင် နှစ်မြှပ်နိုင်ခဲ့ပါတယ်။ ဆိုတော့ဂျာမန်ရေငုတ်သင်္ဘောတစ်စီးက ဒီလောက်တောင်ကြမ်းတယ်ဆိုတော့ The Battle Of Atlantics ရဲ့ရလဒ်ကရောဘယ်လိုရှိမလဲ တစ်ချက်ကြည့်ရအောင်ဗျာ။ မဟာမိတ်ဘက်က သင်္ဘောပေါင်း ၃၅၀၀ ကျော် နဲ့ သင်္ဘောသား ၇၂၂၀၀သေဆုံးခဲ့ပြီးတော့ နာဇီတွေဘက်က U-boat ၇၈၃ စီး ရေငုတ်သင်္ဘောသား ၃၀၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။

 The Battle Of Atlantics မဟာမိတ်ထောက်ပံရေးသင်္ဘောများ

သမိုင်းကိုပြောလို့ပြီးသွားပြီဆိုတော့ ဇာတ်ကားအကြောင်းပြောရအောင်ဗျာ။ Greyhound ရုပ်ရှင်ဟာ C.S Forester ရဲ့ The Good Shepherd ဝတ္ထုကိုအခြေခံထားတာဖြစ်ပြီး ဒီဇာတ်ကားမှာပါတဲ့ စကားဝှက် Greyhound ဆိုတာက ခွေးပြိုင်ပွဲတွေမှာတွေ့ရတဲ့ အပြေးမြန်တဲ့အမဲလိုက်ခွေးမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ရုပ်ရှင်က ၉၁ မိနစ်ကြာပြီး ၂၀၂၀ ဂျူလိုင် ၁၀မှာထွက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၅၀.၃  မီလီယံတောင် အကုန်အကျခံရိုက်ကူးထားတာဆိုတော့ စစ်ပွဲရဲ့ရသကိုအပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာကျော်ဇာတ်ကားအများအပြားကို ရိုက်ကူးခဲ့တဲ့ မင်းသားကြီး Tom Hunks က မဟာမိတ်ထောက်ပံရေးရေယာဉ်စုကို ကာကွယ်ရတဲ့ အမေရိကန် Fletcher အမျိုးအစားဖျက်သင်္ဘောရဲ့ Commander - Emest Krause နေရာကနေသရုပ်ဆောင်ထားပါတယ်။

မင်းသားကြီး တွန်ဟန့်

အချိန်အကုန်မခံပဲ ဇာတ်ကားကောင်းတွေကိုပဲ ကြည့်ချင်တဲ့သူငယ်ချင်းတွေအတွက် နောက်ထပ် ကျွန်တော်ဘာဇာတ်ကားတွေရွေးပေးမလဲ သိချင်ရင်တော့ ကျွန်တော့ YHNL Fb Page နဲ့ You Tube Channel ကို Like & Subscribe လုပ်ထားလိုက်တော့ဗျာ 

အဆုံးထိဖတ်ပေးတာကျေးဇူးဗျာ


Videoဖြင့်ကြည့်ရှု့လိုပါက


YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post