အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

ဟံသာဝတီမုတ္တမစစ်ပွဲကြီးပြီးသွားပြီးတဲ့နောက် တပင်ရွှေထီးရာဇဘိတ်သိတ်ခံပါတယ်။ ရှေးမြန်မာဘုရင်တွေဘိတ်သိတ်ခံတဲ့အခါ တစ်ပါတည်းအဂ္ဂမဟေသီမိဖုရားခေါင်ကြီးတင်မြှောက်တာဟာ နန်းထုံးတမ်းဖြစ်ပါတယ်။ ဆိုတော့ တပင်ရွှေထီးမှာမိဖုရားဘယ်နှစ်ယောက်ရှိနေပါသလဲ ကိုယ်လုပ်တော်မောင်းမမိသံတွေထည့်မရေတွက်ဘဲ တပင်ရွှေထီးမှာ အထင်ကရမိဖုရားနှစ်ဦးရှိပါတယ်။ ပထမတစ်ဦးကအားလုံးနဲ့ရင်းနှီးပြီးသား အထိန်းတော်ကြီးမင်းရဲသီဟသူရဲသမီး ဘုရင့်နောင်ရဲ့ညီမခင်ဘုန်းဖြစ်ပြီး နောက်တစ်ဦးကတော့ အထိန်းတော်ကြီးသတိုးဓမ္မရာဇနဲ့သမီး ခင်မြတ်ဖြစ်ပါတယ်။ ဒီနေရာမှာ ခင်ဘုန်းနဲ့ခင်မြတ်ဘယ်သူကပိုလှသလဲဆိုတာကို သိချင်တဲ့အမျိုးသားတွေအတွက် သမိုင်းမှာပါတဲ့ အချက်အလက်ကလေးတစ်ခုကိုဖော်ပြပေးလိုက်ပါတယ်။ ဘုရင့်နောင်ရဲ့နှမ ခင်ဘုန်းဟာ တပင်ရွှေထီးရဲ့ကစားဖော်ငယ်သူငယ်ချင်းဖြစ်တဲ့အပြင် အပြောအဆိုရဲတင်းပွင့်လင်းပြီး မကြောက်မရွံ့ရဲရင့်တယ်လို့ဆိုပါတယ်။ အထိန်းတော်ကြီးသတိုးဓမ္မရာဇာရဲ့သမီး ခင်မြတ်ဟာ ရုပ်ရည်ရူပကာချောမောပြေပြစ်ပြီး နူးညံ့သိမ်မွေ့ကာ ချစ်ခင်မြတ်နိုးဖွယ်အမူအရာရှိတယ်လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။ ဆိုတော့ ဒီပွဲမှာ တပင်ရွှေထီးရဲ့ဘေးက အဂ္ဓမဟေသီမိဖုရားကြီးအဖြစ် ဘယ်သူ‌ရွှေလက်တွဲမှာပါလဲ

ရာဇဘိတ်သိတ်သွန်းခံမယ့်နေ့ မင်္ဂလာအချိန်ရောက်တဲ့အခါ နန်းရင်ပြင်တစ်ခုလုံး မင်းတရားရွှေထီးကိုဖူးဖို့ ပြည်သူပြည်သားတွေ သူ့ထက်ငါနေရာကောင်းကိုရဖို့ကြိတ်ကြိတ်တိုးစည်ကားနေပါတယ်။ အခါတော်ပေးပုဏ္ဏားတွေပြင်ဆင်ပြီးတာနဲ့တစ်ကွင်းလုံးအပ်ကျသံကိုမကြားရအောင်တိတ်ဆိတ်သွားပြီး တပင်ရွှေထီး မှူးမတ်သေနာပတိတွေခြံရံကာ မင်္ဂလာနေရာကိုကြွချီလာပါတယ်။ တပင်ရွှေထီးရဲ့ ဘယ်ညာနှစ်ဘက်လုံးဘယ်မိဖုရားမှမပါဘဲ တစ်ဦတည်းကြွလာပါတယ်။ အကြောင်းကတော့ အခုလိုတိုင်းပြည်စစ်ရေးကိုအသားပေးနေချိန်မှာ နန်းတွင်းမှာ စိတ်ဝမ်းမကွဲအောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ စစ်မှု့ရေးရာမှာ တပင်ရွှေထီးဟာ ဘုရင့်နောင်ကိုအသားပေးစီမံစေတယ်ဆိုပေမယ့် မိဖုရားခင်မြတ်ရဲ့ဖခင် အထိန်းတော်ကြီးသတိုးဓမ္မရာဇာဟာ သူ့ခမည်းတော်မင်းကြီးညိုလက်ထက်ကတည်းကစစ်တိုက်လာတဲ့ ဝါရင့်စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ရှေ့လာမယ့်စစ်ပွဲတွေမှာ ဘုရင့်နောင်ဟာ တပင်ရွှေထီးရဲ့လက်စွဲတော်ဓါးဖြစ်ပြီး အထိန်းတော်ကြီးတွေကတော့ ဘုရင့်ချပ်ဝတ်တန်ဆာတွေအဖြစ် ဆက်လက်တည်ရှိစေမှာရည်ပါတယ်။

ဘိသတ်ပွဲကြီးပြီးစီးပြီးတဲ့နောက် တပင်ရွှေထီး မှူးကြီးမတ်ရာတွေနဲ့ အစည်းအဝေးပြုလုပ်ပါတယ်။ ဟံသာဝတီဘုရင်သူရှင်တကာရွတ်ပိနဲ့စစ်ထိုးနေတဲ့ကာလမှာ ထားရှိခဲ့တဲ့အဓိဌာန်အတီုင်း ဒဂုန်ဆံတော်ရှင်ကိုပြုပြင်မွမ်းမံဖို့ မှူးမတ်တွေစုဝေးခြင်းဖြစ်ပါတယ်။ အပိုင်း၆မှာပါပါတယ်

တပင်ရွှေထီး ဒဂုန်ဆံတော်ရှင်ကိုပြုပြင်မွမ်းမံပြီး အလှူတော်ပွဲကြီးပြုလုပ်မယ့်အကြောင်းကို မှူးမတ်တွေအားလုံးဝမ်းသာအားရထောက်ခံကြပါတယ်။ ဒီနေရာမှာထူးခြားချက်အနေနဲ့ လောကုတ္တရာဆရာတော်တွေရဲ့မိန့်ကြားချက်ဟာ သမိုင်းမှာအရေးပါလာပါတယ်။ ဆရာတော်တွေရဲ့မိန့်ကြားချက်က မင်းတရားရဲ့နာမည်မှာ ရွှေထီးပါတဲ့အပြင် အခုဒဂုန်ဆံတော်ရှင်ရဲ့ထီးတော်တွေဟာဟောင်းနွမ်းနေတဲ့အချိန်နဲ့တိုက်တဲ့အတွက် ဒီအချိန်မှာသာ ရွှေထီးလှူမယ်ဆိုရင် တပင်ရွှေထီးရဲ့ဘုန်းအရှိန်အဝါဟာ ရှေ့ကိုတိုးပြီးပွင့်လင်းလာလိမ့်မယ်လို့မိန့်ပါတယ်။

တပင်ရွှေထီး ဆရာတော်တွေရဲ့မိန့်ကြားချက်ကိုနှစ်သက်သဘောျတဲ့အတွက် ဒဂုန်ဆံတော်ရှင်မှာထီးတင်ဖို့ ပြင်ဆင်ပါတယ်။ သမိုင်းမှာတပင်ရွှေထီးတင်ခဲ့တဲ့ထီးတော်ဟာ အတွင်းဘက်မှာကြေးနဲ့ဖွဲ့စည်းပြီး အပြင်က ရွှေစင်ရွှေသားအတိနဲ့ပြုလုပ်ထာကာ နဝရတ်ကိုးပါးနဲ့ စီချယ်မွန်းမံထားတယ်လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

သက္ကရာဇ် ၉၀၃ ခု ဝါဦးကာလ မှာ တပင်ရွှေထီး ကုန်းကြောင်းရေကြောင်း နဲ့ဒဂုန်ဆံတော်ရှင်ကို ထီးတင်ဖို့ထွက်တော်မူပါတယ်။ ဘုရင့်နောင်ဟာ ကုန်းကြောင်းက  ဆင်တပ်မြင်းတပ်တွေဦးစီးချီတက်ပြီး တပင်ရွှေထီးကရေတပ်နဲ့လိုက်ပါပါတယ် ဘုရင့်ရေတပ်စုဖွဲ့ပုံဟာရှေ့ဆုံးက ရွှေထီးတင်ထားတဲ့ထီဖြူရုံဖောင်တော်ကြီး နောက်က ရဟန်သံဃာတွေပါဝင်တဲ့ဖောင်တော်ကြီးပါဝင်ပြီး အနောက်မှာဟံသာဝတီရေတပ် အဲဒိနောက်မှာမှ တပင်ရွှေထီးရဲ့ဘုရင့်လှေတော်နဲ့ စစ်လှေတွေပါဝင်ပါတယ်။ ထီးတင်ပွဲကိုသွားတဲ့နေရာမှာ ရေလမ်းကြောင်းတစ်လျှောက်လုံးတူရိယာအစုံတီးမှုတ်ပြီး မင်းခမ်းမမ်းနားအပြည့်အစုံနဲ့ သယ်ဆောင်လာခဲ့တယ်လို့ဆိုပါတယ်။ ဒဂုန်ဆံတော်ရှင်ဘုရားထီးတင်ပွဲမှာ အနယ်နယ်အရပ်ရပ်ကရဟန်းပြည်သူတွေလာရောက်ကြတဲ့အတွက် အင်မတန်စည်ကားတယ်လို့ အခုလိုဖော်ပြထားတာကိုတွေ့ရပါတယ်။

ဆိုတော့ ဒီနေရာမှာ တပင်ရွှေထီးတို့ကိုခဏထားပြီး ပြည်ဘက်ကိုသွားရအောင်ဗျာ

ပြည်ဘုရင်မင်းခေါင်အနေနဲ့ ဟံသာဝတီသံတမန်တွေကို ပြန်လွှတ်လိုက်ကတည်းက သူဟာ ဒီကစားပွဲမှာ အဓိကဇာတ်ကောင်အနေနဲ့ကစားရတော့မယ်ဆိုတာ ကောင်းကောင်းကြီးသဘောပေါက်ထားပါတယ်။ အကိုတော်ပြည်ဘုရင်နရပတိနတ်ရွာစံပြီးမှ ဘုရင်ဖြစ်တယ်ဆိုပေမယ့် သူဟာတပင်ရွှေထီးကိုတိုက်ဖို့ ဘုရင်မဖြစ်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှု့တွေလုပ်ထားပါတယ်၊ တပင်ရွှေထီးတို့အရင်အခေါက် ပြည်ကိုလုပ်ကြံတုန်းကအတွေ့အကြုံအရ ပြည်ဘုရင်မင်းခေါင် သုံးပြည်ထောင်စစ်ခေါင်းဆောင်တွေရဲ့ဗျူဟာခင်းကျင်းပုံကို သေချာလေ့လာထားပါတယ်။ စစ်ဘုရင်တွေထဲမှာ သူ့အကိုနရပတိနဲ့သူ့ရှင်တကာရွတ်ပိကွယ်လွန်ပျောက်ကွယ်သွာကြးပြီဖြစ်ပေမယ့် အင်းဝစားသိုဟန်ဘွားကတော့ ရှေးကထက်ကိုစစ်အင်အားတောင့်တင်းလာတဲ့အတွက် တပင်ရွှေထီးနဲ့တိုက်မယ့်အခုစစ်ပွဲမှာ စစ်ရေးအရရင်းနှီးတဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ ပြည်ဘုရင်လိုအပ်နေပါတယ်။ နောက်ပြီး ရှေ့စစ်ပွဲမှာ ပြည်တပ်တွေစစ်အင်အားအရ အလွန်အသာစီးရခဲ့တယ်ဆိုပေမယ့် ဟံသာဝတီတပ်ကို ဒဲ့ချင်းယှဥ်ချတဲ့အတွက် စစ်ရှုံးရတယ်လို့ယူဆပါတယ်။ ဒါကြောင့် ပြည်ဘုရင်မင်းခေါင် ဒီတစ်ခါတပင်ရွှေထီးလာတိုက်တဲ့အခါ ပညာသားပါပါပြန်ချဖို့ လျို့ဝှက်စစ်ဗျူဟာတစ်ခုရေးဆွဲထားပါတယ်။

တပင်ရွှေထီးရဲ့ဟံသာဝတီတပ်မှာ စွမ်းရည်အမြင့်မားဆုံးတပ်ဟာ ဘုရင့်နောင်ရဲ့ရှေ့ပြေးတပ်ဖွဲ့တွေဖြစ်ပြီး အများဆုံးသုံလေ့ရှိးတဲ့စစ်ဗျူဟာက မြင်းတပ်နဲ့တိုက်စစ်စဖွင့်တာဖြစ်ပါတယ် ။ သို့ပေမယ့် ပြည်ဘုရင်ဟာ ဟံသာဝတီမြင်းတပ်ကိုဂရုစိုက်မှာမဟုတ်သလို ဘုရင့်နောင်ကိုလည်းအလေးထားနေှာမဟုတ်ပါဘူး အခုလိုလိပ်ခဲတည်းလည်းဖြစ်နေတဲ့အခင်းအကျင်းမှာ တပင်ရွှေထီးရောဘုရင့်နောင်ကိုရောပါ ပြည်မှာထောင်ဖမ်းနိုင်ရင် သူ့အနေနဲ့ ဟံသာဝတီပိုင်တဲ့အောက်ပိုင်းနယ်မြေတွေရရှိမှာဖြစ်ပြီး တစ်ချက်တည်းနဲ့ဧကရာဇ်မင်းတန်းဖြစ်ဖို့ရည်ရွယ်ထားပါတယ် ဒါကြောင့် ပြည်ဘုရင်မင်းခေါင်ဟာ ဟံသာဝတီကိုသွားတိုက်မယ့်အစား ပြည်ကိုလာတိုက်အောင်လုပ်ပြီး တစ်ချက်တည်းနဲ့အမိဖမ်းတော့မှာဖြစ်ပတယ်

ဆိုတော့ သူဆင်ထားတဲ့စစ်ဗျူဟာကိုတစ်ချက်ကြည့်လိုက်ရအောင်ဗျာ

အပိုင်း ၁၃ ဟံသာဝတီ-ပြည်စစ်ပွဲ ငါဟဲ့တပင်ရွှေထီး


ပြည်ဘုရင်မင်းခေါင်နန်းတက်ချိန်ကတည်း စစ်သည်ရဲမက်လက်နက်ရိက္ခာတွေ အပြင်းအထန်စုဆောင်းတဲ့အတွက် သူ့အကိုတော်နရပတိလက်ထက်ကစစ်အင်အားလောက်မတိမ်းမယိမ်းရှိနေပါပြီ။ သို့ပေမယ့်သူရဲ့စစ်အင်အားကိုသုံးပြီး တပင်ရွှေထီကိုတိုက်မယ်လို့ထင်နေရင်တော့ မှားသွားပါလိမ့်မယ့်။ ပြည်တပ်မှာ စစ်သွေးစစ်မာန်ကြွတဲ့တပ်မှူးတွေကို အနေအေးတဲ့တပ်‌မှူးတွေနေရာမှာ အစားထိုးပြီး သူအပိုင်စားတဲ့နယ်မြေတွေက တိုက်နိုင်ခိုက်နိုင်တဲ့လူငယ်လူရွယ်တွေအကုန်ဆင့်ခေါ်ကာ မြို့ရိုးထဲမှာ လိုအပ်တဲ့စစ်အင်အားချက်ချင်းရဖို့ စစ်ရေးလေ့ကျင့်ထားစေပါတယ်။ ခံစစ်အတွက်စားနပ်ရိက္ခာဖြည့်တင်းခြင်း မြို့ရိုးကျုံးမြောင်းခိုင်ခံအောင်ပြင်ဆင်ခြင်း အမြောက်စိန်ပြောင်းတွေမှာယူတပ်ဆင်ခြင်းတွေပြုလုပ်ပြီးတဲ့နောက် ပြည်ဘုရင်မင်းခေါင် သူ့ရဲ့လျို့ဝှက်ဗျူဟာကိုစတင်အသက်သွင်းပါပြီ

ဟံသာဝတီတပ်တွေလာတိုက်လို့ ပြည်သာစစ်ရှုံးသွားမယ်ဆိုရင် တပင်ရွှေထီးရဲ့နောက်ခြေလှမ်းဟာ ကျန်ရှိတဲ့မြို့စားနယ်စားတွေကိုမလွှဲမသွေဦးတည်မှာဖြစ်တယ်။ ဒါကြောင့်မိမိတို့ပိုင်ဆိုင်တဲ့နယ်မြေတွေကို ဘေးကင်းစေချင်တယ်လိုဆိုရင် အခုလိုတပင်ရွှေထီးကိုထိပ်တိုက်ရင်ဆိုင်ရဲတဲ့ ပြည်ဘက်ကနေဝင်တိုက်ပြီး အနိုင်ယူမယ်ဆိုရင် တပင်ရွှေထီးရဲ့နယ်မြေတွေကိုအညီအမျှခွဲဝေယူကြမယ်လို့ ပတ်ဝန်းကျင်မြို့စားနယ်စားတွေဆီစာချွန်လွှာတွေပေးပို့ပါတယ်။ နယ်မြေအသီးသီးက စစ်ခေါင်းဆောင်တွေအနေနဲ့ ပြည်ဘုရင်ရဲ့စာလွှဟာာ ကျိုးကြောင်းဆီလျော်တဲ့အပြင် ရရှိမယ့်ဝေစုကိုပါဖော်ပြထားတဲ့အတွက် ဒီပွဲမှာရေကုန်ရေခမ်းတိုက်ဖို့ လူသူလက်နက်ရိက္ခာတွေနဲ့ ပြည်ဆီစစ်ကူလာကြပါတယ်၊ ဒီနေရာမှာထူးခြားချက်အနေနဲ့ ပြည်ဘုရင်စာလွှာမှာ အကယ်လို့စစ်ကူလာမယ်ဆိုရင် အမြောက်စိန်ပြောင်းအဝေးပစ်လက်နက်ကြီးတွေသယ်ဆောင်လာဖို့ တောင်းဆိုထားပါတယ်။

ဆိုတော့သုံးပြည်ထောင်စစ်ခေါင်းဆောင် အင်းဝဘုရင်သိုဟန်ဘွားဘယ်လိုတုန့်ပြန်မှာပါလဲ

သူ့အနေနဲ့ ပြည်ဘုရင်မင်းခေါင်ဟာ မနေ့တစ်နေ့ကမှဘုရင်ဖြစ်ပေမယ့် အကြံကတေ့ကြီးပါ့ကလားတွေးကာ ပြုံးစစရှိပါတယ်။ ပြည်ဘုရင်ရဲ့သူများလက်နဲ့မြွေဖမ်းမယ့်အကြံကိုသိပေမယ့် ဒီအရေးမှာသာ ပြည်ကိုလွှတ်ထားလိုက်မယ်ဆိုရင် တပင်ရွှေထီးရဲ့နောက်တစ်လှမ်းဟာ သူ့ဆီတန်းတန်းကြီးလာမယ်ဆိုတာ သဘောကောင်းကောင်းကြီးပေါက်ပါတယ်။ ဒါကြောင့် ပြည်ဘုရင်ဆင်တဲ့အကွက်မှာအမိခံပြီး အင်းဝတပ်တွေ ပြည်ဘက်ကဝင်ပြီး တပင်ရွှေထီးတို့ကိုအပြတ်တိုက်တော့မှာဖြစ်ပါတယ်။ သူပိုင်စားတဲ့နယ်မြေအသီးသီးကရှမ်းစော်ဘွားတွေဆင့်ခေါ်ကာ အလွန်ကြီးမားတဲ့စစ်တပ်ကြီးတစ်ခုတည်ဆောက်ပါတယ်။ ဒီတပ်မကြီးကို နှစ်ဖွဲ့ခွဲထားပြီး ပထမအဖွဲ့ပြည်ကိုစစ်ကူသွားမယ့် ရှေ့ပြေးအဖွဲ့ကို ဆင်မြင်းအင်အားအများအပြားနဲ့စုဖွဲ့ထားကာ ဒုတိယအဖွဲ့ကတော့ အင်းဝမှာနောက်ချန်ထိုင်မယ့်ခြေလျင်တပ်မတွေဖြစ်ကြပါတယ်။ ဆိုတော့ အင်းဝစားသိုဟန်ဘွားက ဒီတစ်ကြိမ် သူပိုင်ဆိုင်တဲ့စစ်အားတွေကို ပြည်အတွက်အကုန်ထုတ်သုံးတော့မှာပါလား။

ပြည်ဘုရင်မင်းခေါင်ဆင်တဲ့အကွက်အတိုင်း အင်းဝတပ်တွေ တပင်ရွှေထီးရဲ့ဟံသာဝတီတပ်ကို အင်ပြည့်အားပြည့်အားကုန်ထုတ်တိုက်တော့မှာဖြစ်ပါတယ်။ တပင်ရွှေထီးရဲ့ သာဝတီတပ်တွေကိုချေမှုန်းပြီးတာနဲ့ သူ့ရဲ့ရှမ်းတပ်တွေကို သိုဟန်ဘွားလျိုဝှက်အမိန့်တစ်ခုပေးထားပါတယ်။ ပြည်မှာရှိတဲ့တပ်ဖွဲ့တွေ ဟံသာဝတီနယ်မြေတွေကိုသိမ်းဖို့ စစ်ချီထွက်တာနဲ့ ရှမ်းတပ်တွေ ပြည်ကိုတန်းသိမ်းမှာဖြစ်ပါတယ်။ သိုဟန်ဘွားအတွက် တပင်ရွှေထီးဟာ အဓိကရန်သူဖြစ်ပေမယ့် သူ့ပိုင်ဆိုင်ထားနဲ့နယ်မြေတွေနဲ့ မဟာဗျူဟာမြောက်ဆက်စပ်နေတဲ့ ပြည်ကိုသိမ်းနိုင်မယ်ဆိုရင် သူ့ရဲ့ရှမ်းတပ်တွေ အလွယ်တကူ လျင်မြင်စွာစစ်ကားနိုင်မှာဖြစ်သလို လိုအပ်စားနပ်ရိက္ခာ‌ရွှေငွေရတနာတွေအလွယ်တကူရနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နောက်ချန်ခြေလျင်တပ်မတွေ ဒီစစ်ပွဲကို တန်းလိုက်မလာပဲ ပြည်မှာနန်းသိမ်းမယ့်ရှမ်းတပ်တွေကို စစ်ကူပေးဖို့တမင် အင်းဝမှာ တပ်တွေစုဖွဲထားမှာဖြစ်ပါတယ်။

 ပြည်မှာ ဘုရင်မင်းခေါင်နန်းတက်တာမကြာသေးတဲ့အတွက် သူ့ရဲ့အာဏာလွှမ်းမိုးမှု့ဟာ မခိုင်မာသေးသလို ရှမ်းတပ်တွေပြည်ကို အကြိမ်ကြိမ်ချီတက်လာဖူးတဲ့အတွက် နယ်မြေအခြေအနေစစ်အင်အားစုဖွဲ့ပုံကိုရင်းနှီးထားပြီးသားဖြစ်ပါတယ် နောက်ကလိုက်လာမယ့် အင်းဝကခြေလျင်တပ်မကြီးတွေအနေနဲ့ ဘာတားဆီးမှု့မှရှိမှာမဟုတ်ဘဲ စစ်ကူလာတဲ့သဘောနဲ့အသာအယာ ပြည်ခံတပ်တွေကို သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။ သူ့ရန်သူဖြစ်တဲ့ တပင်ရွှေထီးရဲ့စစ်အင်အားကို ဒီပွဲမှာဖျက်ဆီးပစ်မှာဖြစ်တဲ့အတွက် အင်းဝစားသိုဟန်ဘွားပြည်ကိုသိမ်းမယ့်အကြံဟာ ခဲတစ်လုံးတည်းနဲ့ငှက်နှစ်ကောင်ရမှာဖြစ်ပါတယ်။ အခုလိုရှမ်းတပ်တွေလှုပ်ရှားနေချိန်မှာ အင်းဝနန်း‌တော်မှာ မင်းကြီးရန်နောင်နဲ့ယုံကြည်စိတ်ချရတဲ့ရှမ်းအမတ်တွေ နန်းစောင့်ကျန်ခဲ့မှာဖြစ်ပါတယ်

ပြည်ဘုရင်မင်းခေါင်အနေနဲ့က ပတ်ဝန်းကျင်နယ်ပယ်တွေကလူသူလက်နက်စစ်ကူရရှိထားပြီးသားဖြစ်ပေမယ့် စစ်ရေးမဟာမိတ်ဖြစ်တဲ့အင်းဝဘုရင်သိုဟန်ဘွားအပေါ် အလုံးစုံအားကိုးအားထားပြုနေတဲ့အဖြစ်ကို မလိုလားပါဘူး။ အကြောင်းကတော့ သူ့အကိုနရပတိလက်ထက်စစ်ပွဲတွေမှာ သိုဟန်ဘွားစစ်အင်အားအလုံးအရင်းသုံးရမယ့်အရေးတွေကိုရှောင်ပြီး အကဲစမ်းတဲ့သဘောသာ ဟံသာဝတီနဲ့ဝင်တိုက်ခဲ့ပါတယ်။ သို့ပေမယ့် ဒီတစ်ခေါက်မှာတော့ ရှောရှောရူရူချက်ချင်းလက်ခံတဲ့အပြင် အင်းဝမှာစုဖွဲ့ထားတဲ့တပ်အင်အားဟာ အင်အားမတန်တဆကြီးများပြားနေတဲ့အတွက် ပြည်ဘုရင်မင်းခေါင် အကယ်၍ဆိုတဲ့အခြေအနေအတွက် အခြားအင်းအားကြီးစစ်ရေးမဟာမိတ်ရဖို့လိုအပ်နေပါတယ်။ ဖြစ်လာနိုင်တဲ့အခြေအနေအားလုံးမှာ ပြည်အတွက်ယုံကြည်စိတ်ချရစေဖို့ ဘုရင်မင်းခေါင် ဒီတစ်ခေါက်မဟာမိတ်အသစ်ကို သွေးနဲ့စာချုပ်ချုပ်မှာဖြစ်ပါတယ်

ပြည်ရဲ့စစ်ရေးမဟာမိတ်အဖြစ်ရွေးချယ်လိုက်တဲ့သူကတော့ အခုလိုအတိုင်းတိုင်းအပြည်ပြည် စစ်ခင်းနေတဲ့အချိန်မှာ ဝင်မပါဘဲ အသင့်အနေအထားနဲ့စစ်အားအားစုစည်းထားတဲ့ ရခိုင်ဘုရင်ဖြစ်ပါတယ်။ ပြည်ဘုရင်မင်းခေါင်ဟာ နှမတော်ပဲခူးမိဖုရားကို ရခိုင်ကိုမင်းခမ်းမင်းနားနဲ့ဆက်သပြီး မဟာမိတ်ဖွဲ့ပါတယ်။ ပဲခူးမိဖုရားဟာ ရုပ်ဆင်းပြေပြစ်ချောမွေ့တဲ့အတွက် နောက်ပိုင်း ရခိုင်ဘုရင်ရဲ့ချစ်ခင်နှစ်သက်ခြင်းခံရပြီး တန်ဆောင်းမိဖုရားလို့အမည်တွင်ပါတယ်။ ဒီနေရာမှာပြောစရာရှိတာက ပဲခူးမိဖုရားဟာ ဟံသာဝတီဘုရင်သူရှင်တကာရွတ်ပိရဲ့မိဖုရားဖြစ်ပြီး သမိုင်းမှာပထမဆုံးအကြိမ်အနေနဲ့ မြန်မာဘုရင်က ရခိုင်ဘုရင်ဆီဆက်သတဲ့မိဖုရားဖြစ်တယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်။

ဆိုတော့ပြည်ကိုခဏထားပြီး ဟံသာဝတီဘက်ကိုသွားရအောင်ဗျာ

ဟံသာဝတီဘုရင့်အိမ်တော်မှာ ဘုရင့်နောင်နဲ့ထိပ်တန်းစစ်ဦးစီးတွေ တိတ်တဆိတ် တွေ့ဆုံးနေကြပါတယ်။ အတွင်းအပြင်သူလျိုတွေပေးပို့တဲ့သတင်းအရ အင်းဝဘုရင်သိုဟန်ဘွားဟာ အင်အားမဆမတန်များပြားတဲ့တပ်မကြီးတစ်ခု ဖွဲ့စည်းနေတဲ့သတင်းနဲ့အတူ ပြည်ဘုရင်ရဲ့စားနပ်ရိက္ခာ အပြင်းအထန်ဖြည့်တင်းနေတဲ့အကြောင်းကို ဘုရင့်နောင် တပင်ရွှေထီးဆီလျှောက်တင်ပါတယ်။ ယခင်ကတည်းကစစ်ရေးမဟာမိတ်ဖြစ်တဲ့ သိုဟန်ဘွားဟာ ပြည်ဘက်ကဝင်တိုက်မယ်ဆိုတာ တပင်ရွှေထီးကြိုတွေးပြီးသားဖြစ်ပေမယ့် အခုလိုတပ်မဟာကြီးတစ်ခုဖွဲ့စည်းနေတာဟာ နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုခုရှိလိမ့်မယ့်လို့ရိပ်မိကြပါတယ်။

 တကယ်လို့အခုချိန်မှာသာ ဟံသာဝတီအနေနဲ့ထိုစစ်းအဖြစ်ဦးအောင်စမတိုက်ဘူးဆိုရင် သေချာပေါက် တပင်ရွှေထီးတို့ ရန်သူလာတိုက်တာခံရတော့မှာ ဖြစ်ပါတယ်။ နောက်ပြီးပြည်ကမိဖုရားတစ်ဦး ရခိုင်ကိုသွားတယ်လို့ သတင်းရထားတဲ့အတွက် ပြည်နဲ့ရခိုင်ဟာ စစ်ရေးမဟာမိတ်တွေဖြစ်လာကြတော့မယ့် အခြေအနေရှိနေပါတယ်။ အခြားတစ်ဘက်ကတွေးရင် တပင်ရွှေထီးနဲ့ရခိုင်ဘုရင်ကြားမှာ ဘာရန်ငြိုးရန်စမှမရှိတဲ့အတွက် လာတိုက်စရာမရှိလို့တွေးစရာမရှိပေမယ့် ရှေ့စစ်ပွဲတွေမှာ အင်းဝစားသိုဟန်ဘွားလည်း ထိုနည်းအတိုင်းပြည်ဘက်ဝင်တိုက်တဲ့သဘောရှိတဲ့အတွက် ဒီအရေးဟာမပေါ့ဆသင့်တဲ့အကြောင်း တပင်‌ရွှေထီးဆီလျှောက်တင်ပါတယ်။ 

တပင်ရွှေထီးရဲ့သဘောကတော့ ဒီစစ်ပွဲဟာမလွှဲမသွေတိုက်ကြတော့မှာဖြစ်တဲ့အတွက် ကိုယ့်ဘက်ကစတိုက်ပြီး ရန်သူကို စစ်ဦးမှာအသာစီးရယူဖို့ရည်ရွယ်ပါတယ်။ ဟံသာဝတီ-မုတ္တမစစ်ပွဲရဲ့အတွေ့အကြုံအရ ရန်သူဟာ ဟံသာဝတီမြင်းတပ်ကိုအဓိက ဦးတည်ဖျက်ဆီးဖို့ ကြံစည်တာကို သင်ခန်းစာယူပြီး ဒီတစ်ခေါက်ဟံသာဝတီရှေ့ပြေးတပ်ရဲ့စစ်ဗျူဟာကိုပြင်ဆင်ဖို့ တပင်ရွှေထီး ဘုရင့်နောင်နဲ့ လျို့ဝှက်ဆွေးနွေးကြပါတယ်

တပင်ရွှေထီးရဲ့ဘုရင့်အိမ်တော်မှာ စစ်ဦးစီးတွေစုဝေးကြအပြီးမှာ ဟံသာဝတီတပ်ဖွဲ့တွေ ပြည်ကိုတိုက်ဖို့ ပြင်ဆင်ကြပါပြီ။ လိုအပ်တဲ့စားနပ်ရိက္ခာ လူသူလက်နက်တွေအသင့်ဖြစ်တာနဲ့ ဟံသာဝတီဘုရင့်တပ်တော်ကြီး တိုက်ပွဲဝင်ဖို့အသင့်အနေအထားရောက်ရှိပါပြီ။ ဖြစ်ပေါ်လာတဲ့အခြေအနေတွေအရ တွက်ဆထားတဲ့အချိန်ထက်စောပြီး သက္ကရာဇ် ၉၀၃ခု တန်တောင်မုန်းလဆန်းမှာ ဟံသာဝတီတပ်တွေ ကုန်းကြောင်းရေကြောင်းနဲ့ပြည်ကို စစ်ချီကြပါတယ်။ တပ်အင်အားစုဖွဲ့ပုံကိုကြည့်မယ်ဆိုရင် ကုန်းတပ်မှာ ခြေလျင်တပ်မကြီး၅ခု မြင်းတပ်မ ၅ခု ဘုရင့်နောင်ဦးစီးတဲ့ပင်မတပ်မကြီးတစ်ခု အားလုံးပေါင်း ၁၁ခုပါဝင်ပါတယ်။ ဒီတပ်မကြီး ၁၁ခုမှာ တိုက်ဆင် ၃၀၀ စစ်မြင်း ၂၅၀၀ စစ်သူရဲ ၈၀၀၀၀ ပါဝင်ပါတယ်။

ဟံသာဝတီတော်ဝင်ရေတပ်ကို တပင်ရွှေထီးကိုယ်တိုင်ဦးစီးမှာဖြစ်ပြီး တပ်မကြီး ၁၃ခုနဲ့ဖွဲ့စည်းထားပါတယ်။ ပြည်ကိုတိုက်မယ့်အခုစစ်ပွဲမှာ တပင်ရွှေထီးဟာ ဘုံ၁၁ဆင့်ရှိတဲ့ရွှေဖောင်ကြီးကို အသုံးပြုတယ်လို့ သမိုင်းမှာဖော်ပြထားပါတယ်။ ရှေ့ပြေးတပ်မ ၆ခု နောက်ချန်တပ်မ၆ခု အလယ်ကတပင်ရွှေထီးရဲ့ပင်မစစ်လှေအုပ်စုကိုအကာကွယ်ပြုပြီး ပြည်ကိုချီတက်ပါတယ်။ စစ်အင်အားကိုကြည့်မယ်ဆိုရင် ဟံသာဝတီတော်ဝင်ရေတပ်ဟာ စစ်လှေအစင်းပေါင်း ၁၃၇၀ ရေတပ်သားပေါင်း ၉၀၀၀၀ ပါဝင်ပါတယ်။

အခုလိုဟံသာဝတီတပ်တွေ ပြည်ကိုထိုးစစ်ဆင်နေချိန်မှာ အထိန်းတော်ကြီးသတိုးဓမ္မရာဇာနဲ့ အမတ်ကြီးသက်ရှည်ကျော်ထင်တို့က ဟံသာဝတီနန်းတော်ကိုကာကွယ်ဖို့ မြို့စောင့်ကျန်ခဲ့မှာဖြစ်ပါတယ်

အခြားတစ်ဘက်မှာ ပြည်ဘုရင်မင်းခေါင် ဟံသာဝတီတပ်တွေချီတက်လာတဲ့သတင်းအရ မြို့ရိုးကို ခံစစ်အပြည့်အသင့်နေရာယူထားပြီး သူ့ရဲ့အင်အားကြီးမဟာမိတ်တွေဖြစ်တဲ့ အင်းဝနဲ့ရခိုင်ဘုရင်တို့ဆီ စစ်ကူတောင်းဖို့ မြင်းစီးဆက်သားတွေစေလွှတ်ပါတယ်။

အင်းဝဘုရင်သိုဟန်ဘွားအတွက် ဒီပွဲဟာ သူတောင်းတောင်းတတလိုချင်တဲ့ပွဲဖြစ်တဲ့အတွက် ဝမ်းသာအားရအလျင်အမြန် တပ်တွေစုဖွဲ့ပြီး ပြည်ကိုစစ်ကူပေးဖို့ပြင်ဆင်ပါတယ်။ လက်အေက်ခံနယ်မြေတွေကိုတပ်လှန့်ပြီးတဲ့နောက် သိုဟန်ဘွား သူ့ရဲအင်းဝတပ်တွေနဲ့အတူ အုန်းပေါင်စော်ဘွား နောင်မွန်စော်ဘွား ရပ်စောက်စော်ဘွား သုံးဆယ်စော်ဘွားတို့ကိုဦးစီးပြီး ပြည်ကိုအတင်းစစ်ချီလာခဲ့ကြပါတယ်။သိုဟန်ဘွားအနေနဲ့ သူ့အကြံအစည်အကောင်အထည်ပေါ်ဖို့အတွက် အရေးအကြီးဆုံးအချက်ဟာ တပင်ရွှေထီးကိုအမိအရရှင်းရမှာဖြစ်ပါတယ်။ တပင်ရွှေထီးရဲ့ဟံသာဝတီမြင်းတပ်ကိုဖြိုဖျက်ဖို့ ပြည်ရေကြောင်းတိုက်ပွဲကပြန်လာကတည်းက အင်းဝမှာ ရှမ်းတပ်တွေကို ပြန်လည်စုစည်းပြီး မြင်းတပ်ကိုအသားပေးတည်ဆောက်ထားပါတယ်။ စစ်အင်အားကိုကြည့်မယ်ဆိုရင် သိုဟန်ဘွားရဲ့ပြည်ကိုစစ်ကူလာတဲ့ရှေ့ပြေးတပ်မှာ တိုက်ဆင် ၈၀၀ စစ်မြင်း၁၀၀၀၀ နဲ့ခြေမြန်စစ်သူရဲ၁၆၀၀၀ ပါဝင်ပြီး ကုန်းကြောင်းက ချီတက်လာမှာဖြစ်ပါတယ်။

ပဒေသရာဇ်နိုင်ငံတွေထဲမှာ တိုက်ရည်ခိုက်ရည်အမြင့်ဆုံးလို့ပြောလို့ရတဲ့ ဟံသာဝတီကုန်းတပ်မှာ တိုက်ဆင် ၃၀၀ စစ်မြင်း၂၅၀၀ သာရှိပြီး ရှမ်းတပ်တွေမှာ တိုက်ဆင် ၈၀၀ စစ်မြင်း၁၀၀၀၀ ဆိုတော့ သိုဟန်ဘွား တပင်ရွှေထီးကိုတိုက်ဖို့ ဘယ်လောက်ထိပြင်ဆင်ထားတယ်ဆိုတာ ပေါ်လွင်နေနေတယ်

ပြည်မှာအသင့်စောင့်နေတဲ့ ဘုရင်မင်းခေါင်ရဲ့တပ်မကြီးတွေအပြင် အင်းဝကရှမ်းတပ်တွေ စစ်ပွဲရဲ့မဟာဗျူဟာကျတဲ့ ဆင်တပ် မြင်းတပ်မကြီးတွေးပူးပေါင်းအားဖြည့်မှာ ဖြစ်တဲ့ဒီစစ်ပွဲဟာ တပင်ရွှေထီးအတွက် အနိုင်ရမယ့်စစ်ပွဲရေားဖြစ်ရဲ့လား

အခုလို တပ်မကြီးတွေအသီးသီးပြည်ကို ဦးတည်ပြီးချီတက်နေချိန် ရခိုင်ရိုးမဘက်မှာလည်း ကြီးမားတဲ့စစ်ရေးလှုပ်ရှားမှု့တွေရှိနေပါတယ်

ဆိုတော့ နောက်အပိုင်းမှာ ပြန်တွေ့ကြပါမယ်ခင်ဗျာ

ကြည့်ရှု့ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။

YHNL


ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research..

Previous Post Next Post