အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်

တပင်ရွှေထီးရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်တဲ့အတွက် မုတ္တမမြို့စားစောဗညား ဟံသာဝတီနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ စောဗညားဟာ ဟံသာဝတီမှာ တပ်တွေလှုပ်ရှားနေကြတယ်ဆိုတဲ့သတင်းအရ ဒီကာလတွေမှာသူစုဆောင်းထားခဲ့တဲ့စစ်သည်ရဲမက်တွေကို ခံစစ်သုံးဆင့်ခွဲပြီး တပင်ရွှေထီးတို့ထိုးစစ်ကိုခုခံမှာဖြစ်ပါတယ်။ ပထမဦးစားပေးခံစစ်အနေနဲ့ မုတ္တမတပ်တွေ ရဲ့ပင်မစစ်အင်အားကို မြို့ရိုးခံတပ်ထဲမှာပဲထားရှိပြီး နောက်ဆုံးပေ်အဝေးပစ်အ‌မြောက်စိန်ပြောင်းတွေနဲ့တိုက်ကွက်ဖော်မှာဖြစ်ပါတယ်။

ဒုတိယစည်းအနေနဲ့ မြို့တံတိုင်းအပြင်က သံလွင်မြစ်ပေါ်မှာ ရေပေါ်ခံတပ်ကြီးတစ်ခု အခိုင်အမာဖွဲ့စည်းထားပါတယ်။ နိုင်ငံရပ်ခြားကကုန်သည်တွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ စောဗညားအနေနဲ့ လက်နက်ခဲယမ်းအလျှံပယ်ပိုင်ဆိုင်ထားတဲ့အပြင် နဂိုကတည်းကရေမှာကျင်လည်တယ့် မုတ္တမတပ်တွေအတွက် ရေလမ်းကြောင်းစစ်သင်္ဘောတွေနဲ့ လျင်မြန်စွာစစ်ကစားနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ 

နောက်ဆုံးခံစစ်စည်းကိုတော့ မြို့ရိုးရဲ့မလှမ်းမကမ်းမှာ မြေသားခံစစ်တည်ထားပြီး အတွင်းအပြင်စစ်ကူပေးနိုင်ဖို့ရည်ရွယ်သလို ရှေ့စစ်ပွဲတွေမှာ တပင်ရွှေထီးအသုံးပြုလေ့ရှိတဲ့ ဟံသာဝတီရဲ့ရှေ့ပြေးမြင်းတပ်ကို ထောင်ချောက်ဆင်ကာ အသေခံတိုက်ဖို့ပြင်ဆင်ထားပါတယ်။

ဟံသာဝတီ- မုတ္တမစစ်ပွဲ - ငါဟဲ့တပင်ရွှေထီး အပိုင်း၁၂

ဟံသာဝတီနဲ့တိုက်မယ့်စစ်ပွဲမှာ စောဗညားအနေနဲ့ သူပိုင်ဆိုင်ထားသမျှအကုန်ရင်းရမှာဖြစ်တဲ့အတွက် လက်အောက်ခံနယ်မြေတွေက ရရှိသမျှစစ်သည်ရဲမက်တွေကို မုတ္တမမှာစုစည်းထားပြီး စစ်ပွဲရဲ့အဆုံးအဖြတ်ပေးနိုင်တဲ့ စားနပ်ရိက္ခာဖူလှုံ့ဖို့ လက်နက်ခဲယမ်းထောက်ပံရေးလမ်းကြောင်းဘေးကင်းဖို့တို့ကို အဓိကဦးစား‌ပေးဆောင်ရွက်ပါတယ်။

 ဒီနေရာမှာ ထူးခြားချက်အနေနဲ့ သူ့ရဲ့စစ်ရေးမဟာမိတ်ဖြစ်တဲ့ ‌မော်လမြိုင်မြို့စားဗညားဦးနဲ့ဆက်ဆံရေးဖြစ်ပါတယ်။ တပင်ရွှေထီးရဲ့ထိုးစစ်ဟာ မုတ္တမကိုဦးတည်မှာဖြစ်တဲ့အတွက် စောဗညားဟာ ဗညားဦးရဲ့လက်အောက်ခံရဲမက်တွေကို သူနဲ့အတူပေါင်းတိုက်ဖို့အတွက် စစ်ကူတွေတောင်းထားပါတယ်။ နှမပေးယောက်ဖဖြစ်တဲ့ဗညားဦးဟာ ချက်ချင်းသူ့ရဲ့မော်လမြိုင်တပ်မတွေကို မုတ္တမဆီစေလွှတ်ကာ စောဗညားရဲ့အမိန့်ကိုနာခံဖို့ စစ်ဦးစီးတွေကိုအမိန့်ပေးလိုက်ပါတယ်။ မော်လမြိုင်တပ်တွေ စောဗညားဆီသစ္စာခံပြီးတဲ့နောက် မုတ္တမမှာရှိနေတဲ့ ဗညားဦးရဲ့အမျိုးတွေကို စစ်အတွင်းမှာ ဘေးကင်းစေဖို့ လို့ဆိုကာ နန်းတော်ကိုဆင့်ခေါ်လိုက်ပါတယ်။ အခုလို ‌နန်းတော်မှာအစောင့်အကြပ်တွေနဲ့ လုံခြုံ‌အောင်ထိန်းချုပ်လိုက်ခြင်းဟာ စောဗညားအနေနဲ့ အကယ်လို့မော်လမြိုင်မြို့စားသာ တပင်ရွှေထီးရဲ့ဟံသာဝတီတပ်ကို အညံခံပူးပေါင်းမယ်ဆိုရင် မုတ္တမမှာရှိတဲ့သူ့အမျိုးတွေကောင်းကောင်းကြီးဘေးသင့်တော့မယ်ဆိုတာ တနည်းအားဖြင့်အသိ‌ပေးထားခြင်းဖြစ်ပါတယ်

ဆိုတော့ မုတ္တမကို ခဏထားပြီး ဟံသာဝတီဘက်ကိုသွားလိုက်ရအောင်ဗျာ

တပင်ရွှေထီးရဲ့တပ်တွေ ကုန်းကြောင်းကချီတက်လာခဲ့တာ လမ်းခရီးမှာ ချုံခိုတိုက်ခိုက်ခံရမှု့တွေရှိခဲ့တယ် ဆိုပေမယ့် ကြီးကြီးမားမားဆုံးရှုံးမှု့မရှိဘဲ  မုတ္တမဆီ ဆိုက်ဆိုက်ကြီး‌ရောက်လာကြပါပြီ

ချီတက်လာတဲ့ ဟံသာဝတီတပ်တွေစုဖွဲ့နေရာချထားပြီးတဲ့နောက် တပင်ရွှေထီး မုတ္တမမြို့ကိုဝင်တိုက်ဖို့၊ ပြင်ဆင်ပါတယ် ဒီနေရာမှာတခါတည်း မုတ္တမမြို့ရဲ့ပထဝီတင်အနေအထား ကိုပြောပြလိုပါတယ်။ မုတ္တမဟာ တောင်မြောက်ရှည်လျားတဲ့မြို့ဖြစ်ပြီး မြို့ရဲ့အရှေ့ဘက်မှာ သံလွင်မြစ် အနောက်ဘက်မှာ တောင်တန်းတွေနဲ့ကာရံထားတဲ့ သဘာဝခံတပ်ကြီးဖြစ်ပါတယ်။ ဒီမြို့ဟာ တောင်ကိုအခြေပြုထားတဲ့အတွက် မြို့အနောက်ပိုင်းဟာ မြင့်ပြီး အရှေ့ပိုင်းကနိမ့်ပါတယ်။ သဘောကတော့ ရန်သူဟာ မုတ္တမကိုလုပ်ကြံမယ်ဆိုရင် အပေါ်ကိုမော့တိုက်ရမှာဖြစ်သလို အမြင့်ကနေပစ်ကွင်းကောင်းကာင်းရရှိထားတဲ့အတွက် ရန်သူဟာသဲကြီးမဲကြီးဖိတိုက်လေလေ ပိုပြီးအထိနာလေလေဖြစ်ပါတယ်။ 

ဆိုတော့ တပင်ရွှေထီးဘယ်လိုတိုက်မှာပါလဲ

စစ်အင်အား၁၃၀၀၀၀နဲ့စတင်မယ့်ဒီထိုးစစ်မှာ တပင်ရွှေထီး ခါတိုင်းနဲ့မတူတဲ့စစ်ဗျူဟာတစ်ခုကို ရေးဆွဲထားပါတယ်။ အကြိမ်ကြိမ်စစ်ထိုးခဲ့တဲ့တိုက်ပွဲတိုင်းမှာ တပင်ရွှေထီးဟာ ဘုရင့်နောင်ရဲ့ရှေ့ပြေးတပ်ကို အသုံးပြုပြီး ရန်သူ့စစ်ကစားပုံကိုဖျက်စီးပစ်ပါတယ်။ တိုင်းပြည်ကျဥ်းထဲကြပ်ထဲရောက်တဲ့အချိန်တိုင်းမှာ တပင်ရွှေထီးဟာ ဘုရင့်နောင်ကိုသုံးပြီး ထွက်ပေါက်ဖွင့်ပေမယ့် အခုစစ်ပွဲကတော့ ဟံသာဝတီဟာ ဘက်တူတဲ့ရန်သူနဲ့တွေ့ရမှာဖြစ်သလို ခါတိုင်းစစ်ပွဲတွေလိုစစ်ချီလာတာကလည်း မဆို့မပို့အင်အားမဟုတ်တော့ပါဘူး။ ဒါကြောင့် ဘုရင့်နောင်ကို ဘုရင့်တဲနန်းဆီဆင့်ခေါ်ကာ သူခင်းထားတဲ့စစ်ဗျူဟာကိုဆွေးနွှေးပါတယ်။ နောက်ပြီး ဘုရင်နောင်ကိုယ်တိုင်ကလည်း မျိုးဆက်သစ်တပ်မှူးတွေကို မြေထောင်မြှောက်နေရာပေးချင်တဲ့ဆန္ဒရှိတဲ့အတွက် တပင်ရွှေထီးရဲ့စစ်ဗျူဟာကို နာခံပြီး စစ်မြေပြင်ကွပ်ကဲရေးကိုသာအသားပေးဆောင်ရွက်တော့ မှာဖြစ်ပါတယ်။

တပင်ရွှေထီးရဲ့အမိန့်နဲ့ ခြေလျင်တပ်မကြီး၄ခု မြင်းတပ်မကြီး၂ခု နဲ့ဟံသာဝတီတပ်တွေ မုတ္တမကို တိုက်စစ်စဖွင့်ပါတယ်။ နောက်ချန်တပ်တွေရဲ့အမြောက်စိန်ပြောင်းတွေပစ်ကူပေးအပြီး ဟံသာဝတီတပ်တွေ မုတ္တမမြို့ရိုးကို အတင်းဝင်တိုက်ကြပါတယ်။

အခုထိုးစစ်ကိုဦးဆောင်မယ့် ဟံသာဝတီတပ်မှူးတွေအတွက် ဒီစစ်ပွဲဟာ ရှေးယခင်ကထက် ပိုအရေးကြီးနေပါတယ်။ အကြောင်းကတော့ ခါတိုင်းသူတို့ကိုဦးဆောင်တဲ့စစ်ဦးစီးဘုရင်နောင်ကိုယ်တိုင် မင်းတရားရွှေထီးနဲ့စစ်မြေပြင်မှာအကဲခတ်နေတဲ့အတွက် စစ်ဦးစီးရဲ့မျက်နှာကိုအိုးမဲမသုတ်ဘဲ အရှင့်ရှေ့မှာ ကောင်းကောင်းကြီးလက်စွမ်းပြလိုကြပါတယ်။

ဟံသာဝတီမြင်းစီးစစ်သူရဲတွေ တိုက်ကွက်ပုံစံချပြီးတာနဲ့ နောက်ကဆင်တပ်ခြေလျင်တပ်တွေစုဖွဲ့ကာ မုတ္တမမြို့ရိုးကိုဦးတည်ပြီး စစ်ဦးတန်းထိုးပါတယ်။ မုတ္တမစားစောဗညားကတော့ ဒီကောင်တွေဒီအကွက်ချည်းပဲ လှေရိုးထိုးနည်းအတိုင်းလုပ်နေပါ့ကလားလို့ ပြုံးကာ ဟံသာဝတီတပ်တွေ ပစ်ကွင်းထဲရောက်တဲ့အချိန်ကို စောင့်နေပါတယ်။

ဟံသာဝတီမြင်းတပ်တွေပစ်ကွင်းထဲရောက်တဲ့အခါ ထောင်ချောက်မှာ မြင်းတွေအတုန်းအရုံးကျကုန်ပြီး မြို့ရိုးအပြင်က အသင့်စောင့်နေတဲ့မုတ္တမတပ်တွေထတိုက်ကြတဲ့အတွက် ဟံသာဝတီမြင်းတပ် အကျအဆုံးများပြားပြီး စစ်ခေါင်းကွဲသွားပါတယ်။ ရှေ့ကမြင်းတပ်တွေတောက်လျောက်ကျဆုံးနေပေမယ့် နောက်မဆုတ်ဘဲ ဆင်တပ်ခြေလျင်တပ်တွေ နောက်ကအတင်းနင်းပြီးဆက်တိုက်ကြပါတယ်။ အဲဒိလို နှစ်ဘက်တပ်တွေ တစ်လုံးတစ်ထွေးထဲဖြစ်နေတဲ့အချိန် မြို့ရိုးပေါ်က အမြှောက်စိန်ပြောင်းတွေ သေချာချိန်ပစ်တဲ့အတွက် ဟံသာဝတီဆင်တပ်က တပ်မှူးအချို့ကျဆုံးကုန်ပါတယ်။ စောဗညားဟာ တပင်ရွှေထီးရဲ့စစ်သူရဲတွေအကြောင်း ရှေ့စစ်ပွဲတွေမှာ ကောင်းကောင်းလေ့လာထားတဲ့အတွက် ဟံသာဝတီသားတွေအတွက်  မြင်းနဲ့တိုက်စစ်ဖွင့်တဲ့ဗျူဟာဟာ သေတွင်းထဲကိုတန်းတန်းကြီးခုန်ဆင်းသလိုဖြစ်နေပါတယ်။

အခုလို ဟံသာဝတီရှေ့ပြေးတပ်တွေ တောက်လျောက်ကျဆုံးနေပေမယ့် တပ်မှူးတွေကတေ့ နောက်မဆုတ်ဘဲ လက်ကျန်တပ်အင်အားအကုန်သုံးပြီး မြို့ရိုးကိုအတင်းဆက်တိုက်ပါတယ်။ ဟံသာဝတီသားတွေ မုတ္တမြို့ရိုးကိုသဲကြီးမဲကြီးတိုက်နေတဲ့အချိန် မြစ်ကြောင်းကစစ်သင်္ဘောတွေ ဝိုင်းလာတာကို မရိပ်မိဘဲရှိနေပါတယ်။ စောဗညားရဲ့မုတ္တမ‌ရေတပ်မှာ နိုင်ငံခြားစစ်သင်္ဘောတွေပါ ဝင်တိုက်ကြတာဖြစ်ပြီး အသင့် နေရာယူပြီးတာနဲ့ မြေပြင်မှာလုံးထွေးနေကြတဲ့ဟံသာဝတီတပ်တွေအပေါ် အမြောက်ဗုံးစံတွေ မိုးရွာသလို တစ်လုံးတစ်ရင်းပစ်ခတ်ပါတယ်။ အခုလိုအမြောက်စိန်ပြောင်းတွေအပေါ်အောက်ပစ်နေတဲ့ကြားက ဟံသာဝတီသားတွေ အတင်းဝင်တိုက်ကြတဲ့အတွက် မုတ္တမမြို့ရိုးရှေ့မှာ တောင်ပုံရာပုံအကျအဆုံးအလွန်ထူထပ်သွားပါတယ်။

အခုလိုဟံသာဝတီတပ်တွေ မဆုတ်ဘဲဆက်တိုက်နေတဲ့အတွက် ဘုရင့်နောင် တပင်ရွှေထီးဆီ တပ်ဆုတ်မိန့်လျှောက်တင်ပါတယ်။ ဒီလိုနဲ့နောက်ဆုံးဘုရင့်အမိန့်နဲ့ ဟံသာဝတီတပ်တွေပြန်လည်ဆုတ်ခွာလာကြပြီး မုတ္တမြို့ကိုအဝေးကဝိုင်းထားကာ နောက်တန်းကလာမယ့်စစ်ကူကိုစောင့်နေကြပါတယ်။ 

ဒီစစ်ပွဲမှာ ဟံသာဝတီသား တွေအပြတ်အသတ်ရှုံးသွားတဲ့အတွက် မုတ္တမတပ်တွေ ဝမ်းသာအားရ အောင်ပွဲခံကြပါတယ်။ အဲလိုမုတ္တမမြို့တွင်းက တီးမှုတ်ကခုန်လေလေ အကွဲကွဲအပြဲပြဲဖြစ်ခဲ့တဲ့ ဟံသာဝတီတပ်တွေ ပိုဒေါသထွက်လေလေဖြစ်နေပါတယ်။ နောက်ဆုံးမခံမရပ်နိုင်ဖြစ်လာကြတဲ့အခါ တပ်မှူးနန္ဒ‌ကျော်သူဦးစီးတဲ့တပ်မှူး‌တွေ‌ ဘုရင့်နောင်ဆီ နောက်တစ်ကြိမ်စစ်ထိုးခွင့်ပေးဖို့ အသနားခံလျှောက်တင်ကြပါတယ်။

တပ်မှူးတွေရဲ့လျှောက်တင်ချက်ကိုသေချာ နားထောင်ပြီးတဲ့နောက် ဘုရင့်နောင် တပင်ရွှေထီးဆီအခစားဝင်ပါတယ်။ မုတ္တမမြို့စားဟာ ဟံသာဝတီတပ်ဖွဲ့တွေရဲ့စစ်ဦးထိုးပုံကိုကောင်းကောင်းလေ့လာထားတဲ့အပြင် ရေကြောင်းကုန်းကြောင်း အတွင်းအပြင်ညှပ်ပြီးတိုက်ကွက်ဖော်ခဲ့တဲ့အတွ် ဟံသာဝတီမြင်းတပ်တွေကောင်းကောင်းကောင်းလက်စွမ်းပြခွင့်မရကြဘဲ အတုံးအရုံးကျဆုံးကုန်ကြပါတယ်။

တပင်ရွှေထီးရဲ့အလိုက မှူးမတ်တွေရဲ့သဘောအတိုင်း ဘုရင့်နောင်ကိုစစ်ပွဲမှာ ဦဆောင်ခွင့်ပေးပြီး ဒီအရေးကိုမြန်မြန်အဆုံးသတ်ဖို့ရည်ရွယ်ပါတယ်။ သို့ပေမယ့် ဘုရင့်နောင်ရဲ့သဘောကတစ်မျိုးဖြစ်နေပါတယ်။ သူသာဒီစစ်ပွဲကိုဝင်တိုက်မယ်ဆိုရင် တိုက်ပွဲနိင်ဖို့အခွင့်အရေးပိုများသွားမယ်ဆိုပေမယ့် နောက်လိုက်တပ်မှူးတွေရဲ့အတွင်းစိတ်မှာ စစ်ပွဲတိုင်းဘုရင့်နောင်မပါဘဲတိုက်ရရင် ရှုံးမှာပဲဆိုတဲ့အတွေးကိုဖောက်ထုတ် ပစ်ချင်ပါတယ်။

 ဒီစစ်ပွဲမှာ ရန်သူဟာ မိမိတို့တိုက်စစ်ဖော်ပုံက နေတန်ပြန်အသုံးချသွားတာကို သူ့ရဲ့စစ်တပ်မှူးတွေသင်ခန်းစာယူပြီး ရန်သူကိုအနိုင်ယူစေချင်ပါတယ်။ ဘုရင့်နောင်အနေနဲ့ မုတ္တမစားဟာ မြို့ရိုးကနေအမြှောက်တွေနဲ့ အကာကွယ်ယူခံစစ်ပြင်ထားပေမယ့် တကယ်တန်းဝှက်ဖဲအဖြစ်အသားပေး လက်နက်တပ်ဆင်ထားတာဟာ မြစ်ကြောင်းက ပစ်ကူပေးနေတဲ့စစ်သင်္ဘောတွေဖြစ်တယ်ဆိုတာ ကောင်းကောင်းကြီးသဘောပေါက်ပါတယ်။

 ဒါကြောင့် ဘုရင်နောင် ဟံသာဝတီနန်းတော်မှာကျန်ခဲ့တဲ့ ဘုရင့်တော်ဝင်ရေတပ်ကိုဆင့်ခေါ်ပြီး ရေကြောင်းကနေ မုတ္တမစစ်သင်္ဘောတွေကိုအရင်ရှင်းပစ်ဖို့ တပင်ရွှေထီးထံလျှောက်တင်ပါတယ်။ မင်းတရားရွှေထီး ဘုရင့်နောင်ရဲ့လျှောက်တင်ချက်ကို သဘောတူပြီးတဲ့နောက် ခြေမြန်ဆက်သားတစ်ဦး ဘုရင့်အမိန့်ကိုသယ်ဆောင်ပြီး ဟံသာဝတီနန်းတော်ကိုထွက်ခွာသွားပါတယ်။

ဘုရင့်တဲနန်းရဲ့အပြင်က အိုးစားစစ်သည်တွေစုဖွဲ့တဲ့နေရာမှာ ရဲမက်တွေ စစ်သွေးစစ်မာန်ကြွပြီး တိုက်ခိုက်လိုစိတ်အလွန်ပြင်းပြနေကြပါတယ်။ ဘုရင်နောင်ဲဲ ဒီကစားပွဲမှာကိုယ်တိုင်ဝင်မပါပေမယ့် အခြေအနေအားလုံးကိုသုံးသပ်ပြီး ရန်သူအနှစ်နှစ်အလပြင်ဆင်ထားတဲ့စစ်မြေပြင်မှာ  မုတ္တတပ်တွေရဲ့ဟာကွက်ကိုရှာနေပါတယ်။

စစ်ဗျူဟာကျမ်းတွေမှာ ထိုးစစ်ဖြစ်ဖြစ် ခံစစ်ဖြစ်ဖြစ် နှစ်ဖက်တပ်တွေအပေါ်အလွှမ်းမိုးနိုင်ဆုံးအချက်ဟာ စာနပ်ရိက္ခာနဲ့ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ပါတယ်။ မုတ္တမြို့ဟာ စားနပ်ရိက္ခာပေါများတဲ့ခံတပ်မြို့ဖြစ်ပေမယ့် အခုလိုစစ်ရေးကာလမှာ ရဲမက်ဗိုလ်ပါသိန်းချီပြီး မြို့တွင်းမှာစုနေတဲ့အတွက် စစ်ပွဲကြာလာတာနဲ့အမျှ စားနပ်ရိက္ခာဟာ အသက်သွေးကြောဖြစ်လာပါတယ်။ 

အခုလို စစ်ပွဲရဲ့အရေးအကြီးဆုံး စားရေရေက္ခာဖြည့်တင်းရေးဟာ စောဗညားမသိဘူးဆိုရင်တေ့ အမှားကြီးမှားသွားပါလိမ့်မယ်။

ဟံသာဝတီဘုရင်သုရှင်တကာရွတ်ပိနဲ့ တပင်ရွှေထီးစစ်ပွဲစဖြစ်ကတည်းက မုတ္တမဟာရိက္ခာခဲယမ်းတွေကို အပြင်းအထန်စုဆောင်းသလို နိုင်ငံရပ်ခြားကလည်းမှာယူထားပါတယ်။ နောက်ပြီးစစ်ပွဲဟာ ဘယ်လောက်ကြာမယ်မသိတဲ့အတွက် သူ့ယောက်ဖမော်လမြိုင်စားကိုစားနပ်ရိက္ခာတွေစစ်ကူတောင်းထားပြီးဖြစ်သလို သံလွင်မြစ်လမ်းကြောင်းကိုအသုံးပြုပြီးဖြည့်တင်းနိုင်‌ဖို့ အသေးစိတ်ပြင်ဆင်ထားပါတယ်။ နောက်ပြီးတပင်ရွှေထီးရဲ့ဟံသာဝတီတပ်တွေလာတိုက်တဲ့အခါ အချိန်ကြာစစ်ပွဲရင်ဆိုင်နိုင်ဖို့ ရေတပ်က စစ်သင်္ဘောတွေမှာ ရက်ရှည်အတွက်ရိက္ခခဲယမ်း‌တွေထားရှိပါတယ်

အခြားတစ်ဖက်မှာ ဟံသာဝတီကအတင်းရွက်လွှင့်လာတဲ့ ဘုရင့်တော်ဝင်ရေတပ် တိုက်လှေအစင်းပေါင်း၃၀၀နဲ့ တပင်ရွှေထီးဆီ အခစားဝင်ပါတယ်။ ကုန်းတပ်ရေတပ်တွေ အဆင်သင့်ဖြစ်တာနဲ့ ဟံသာဝတီတပ်တွေ မုတ္တမကိုနှစ်ဘက်ညှပ်တိုက်ဖို့ပြင်ဆင်ပါတယ်။ ဟံသာဝတီဆင်တပ် မြင်တပ်တွေအနေနဲ့ ဒီတစ်ခါအရင်တစ်ခေါက်လို ‌ရှေ့ဆုံးစစ်ဦးမဖွင့်ဘဲ ခြေလျင်တပ်တွေကိုအရင်သုံးမှာဖြစ်ပါတယ်။ ခြေလျင်တပ်တွေမြို့ရိုးကိုတက်သိမ်းနေချိန် ဆင်တပ်မြင်းတပ်တွေဟာ နောက်ကပစ်ကူပေးမယ့်အမြောက်တပ်မကြီးတွေကိုကာကွယ်ထားပြီး မြို့တံခါးပွင့်တာနဲ့ အတင်းဝင်တိုက်ဖို့ပြင်ဆင်ထားတယ်။ ခြေလျင်တပ်တွေမြို့ကိုလုပ်ကြံနေတဲ့အချိန် ဘုရင့်ရေတပ်ဟာ သံလွင်မြစ်ကြောင်းအတိုင်း မုတ္တမစစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးမှာဖြစ်ပါတယ်။

ဆိုတော့ တိုက်ပွဲဆီကိုသွားလိုက်ရအောင်ဗျာ

မြို့သိမ်းစစ်ပွဲတိုက်ဖို့အတွက် လက်နက်ကိရိယာတွေပြင်ဆင်ပြီးတာနဲ့ ဟံသာဝတီတပ်တွေ ဗျူဟာ အတိုင်း မုတ္တမမြို့ရိုးကိုတိုက်စစ်ဖွင့်ပါတယ်။ ပထမပွဲမှာ ရှေ့ပြေးတပ်တွေကိုကောင်းကောင်းဒုက္ခပေးခဲ့တဲ့ မြေသားခံစစ်ကို အကျအနပိုက်စိပ်တိုက်ရှင်းပါတယ်။ အခုလိုခြေလျင်တပ်တွေ မြို့ရိုးကိုချဥ်းကပ်လာတဲ့အချိန် ဟံသာဝတီတပ်တွေရဲ့အနောက်ကပစ်ကူပေးနေတဲ့ အမြောက်တပ်တွေကို ဖြိုဖျက်ဖို့  မုတ္တမရေတပ်မြစ်ကြောင်းအတိုင်း ချီတက်လာကြပါတယ်။ မုတ္တမစစ်သင်္ဘောတွေစုဖွဲ့ပြီးချဥ်းကပ်လာတဲ့အခါ ဟံသာဝတီရေတပ်နဲ့ထိပ်တိုက်တွေ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပါတယ်။ နှစ်ဘက်စစ်သင်္ဘောတွေ အချိန်အတော်ကြာ တိုက်ပွဲဖြစ်အပြီး မုတ္တမရေတပ်ကအထိနာတဲ့အတွက် နောက်ကိုရွက်ကုန်ဖွင့်ဆုတ်ပြေးကြပါတယ်။

 ရှေ့ပွဲတွေမှာ အကြီးအကျယ်ဒုက္ခပေးခဲ့ဒီလှေတွေကို ကောင်းကောင်းကြီးဆုံးမလိုတဲ့အတွက် ဟံသာဝတီရေတပ်ကတပ်မှူးတွေ ထွက်ပြေးလို့အလွတ်အောင် နောက်ကအတင်းလိုက်တိုက်ပါတယ်။ အခုလိုရေတပ်ကအရေးနိမ့်နေတဲ့အခါ မုတ္တမြို့စားစောဗညား မြို့ရိုးပေါ်ကအစောင့်ရဲမက်ကို အချက်ပြစစ်ဗုံတီးပြီး အလံထောင်ဖို့အမိန့်ပေးလိုက်ပါတယ်။ စစ်ဗုံတီးတဲ့အတွက် တံတိုင်းနောက်ကနေရာယူထားတဲ့ မုတ္တမတပ်တွေ မြို့တွင်းအမြင့်ပိုင်းနေရာမှာ အသင့်ပြင်ထားတဲ့အမြောက်တွေနဲ့ မြို့ရိုးကိုကျော်ပြီး ဟံသာဝတီတပ်တွေကို ဒလဆက်ပစ်ပါတယ်။ ဟံသာဝတီခြေလျင်တပ်တွေ မြို့တံတိုင်းပေါ်အတင်းတွယ်တက်တိုက်နေကြပေမယ့် နောက်ကလိုက်မယ့်တပ်တွေ မုတ္တမအ‌မြောက်တွေအောက်မှာ မရှု့မလှကျဆုံးပြီး ခါးဆစ်ပြတ်သွားပါတယ်။

ဒီနေရာမှာ စစ်ပွဲကိုအဆုံးအဖြတ်ပေးမယ့်ဝှက်ဖဲတစ်ခုကို စောဗညားသေချာပြင်ဆင်ထားပါတယ်။ ဒါကတော့ မြစ်ကြောင်းကဆုတ်ခွာနေတဲ့မုတ္တမရေတပ်ဟာ တပ်ပျက်ပြီးပြေးတာမဟုတ်ဘဲ မြစ်ကြောင်းကျဥ်းတဲ့ဘက်ကို တမင်အဆုတ်ပြနေတာဖြစ်ပါတယ်။ အနောက်ကအတင်းလိုက်လာတဲ့ဟံသာဝတီရေတပ်တွေ သတ်မှတ်နေရာကိုရောက်တဲ့အခါ ဒီစစ်ပွဲတစ်ခုလုံးမှာ ဘာအရိပ်အခြေမှမရှိဘဲ ငြိမ်သက်နေတဲ့ ရေလည်ကျွန်းတွေပေါ်က မုတ္တမအ‌မြောက်တပ်တွေ နောက်ကလိုက်လာတဲ့ဟံသာဝတီစစ်သင်္ဘောတွေကို ဒလဆက်ပစ်ပါတယ်။ 

မုတ္တမစားစောဗညားဟာ တပင်ရွှေထီးတစ်နည်းနည်းနဲ့ သူ့ရေတပ်ကိုရှင်းဖို့ တိုက်လှေတွေလွှတ်မယ်ဆိုတာသိတဲ့အတွက် ရေလည်ကျွန်းတွေအပေါ်စာနပ်ရိက္ခာအပြည့်နဲ့ အမြောက်တပ်တွေ အယောင်ဖျောက်ပြီးကင်းပုန်းချထားတာဖြစ်ပါတယ်။ မြစ်ကြောင်းကကျဥ်းတဲ့အတွက် လှေတွေအချင်းချင်းတိုက်မိပျက်စီးကုန်သလို ဘေးကနေပစ်ကွင်းကောင်းကောင်းနဲ့ ချက်ကောင်းကိုချည်းပစ်နေတဲ့အမြောက်တွေအောက်မှာ ဟံသာဝတီရေတပ်အပျက်အစီးများပြားပြီး နောက်ကိုအတင်းဆုတ်ခွာလာခဲ့ကြပါတယ်။

ဒီလိုနဲ့အချုပ်ပြောရရင် မုတ္တမကိုဒုတိယအကြိမ်စစ်ထိုးတဲ့ ဟံသာဝတီကုန်းတပ်ရေတပ်နှစ်ခုစလုံး အကျအဆုံးများပြားပြီး တပ်ဆုတ်လာကြပါတယ်။ အခုလိုနှစ်ကြိမ်လုံးရှုံးတဲ့အတွက် မှူးမတ်တွေ တပင်ရွှေထီးဆီတပ်ဆုတ်ဖို့လာလျှောက်တင်ကြပါတယ်။ မှူးမတ်တွေရဲ့အလိုကတော့ အခုလိုစစ်ရေးမလှတဲ့နေရာမှာ အချိန်ဆွဲတိုက်ရင် ပိုပြီးအထိအခိုက်အကျအဆုံးများပြားလာမှာဖြစ်သလို မုတ္တမမြို့တွင်းက ပင်မတပ်တွေထွက်တိုက်တဲ့အခါ အရေးနိမ့်မှာကိုစိုးရိမ်တဲ့အတွက် တပ်ဆုတ်ပြီးဟံသာဝတီမှာ တပ်အင်အားပြန်လည်ဖြည့်တင်းသင့်တယ်လို့ယူဆကြပါတယ်။

ဆိုတော့ စစ်ဦးစီးရဲ့ဘုရင့်နောင်ရဲ့ သဘောကရော ဘယ်လိုရှိပါသလဲ

ဒီစစ်ပွဲမှာနှစ်ဘက်တပ်တွေ အပြင်းအထန်တိုက်နေကြတဲ့အချိန် ဘုရင့်နောင် မုတ္တမတပ်တွေရဲ့ဟာကွက်ကို ကွင်းကွင်းကွက်ကွက်ကြီးမြင်လိုက်ပါတယ်။ ဟံသာဝတီရေတပ်အကျအဆုံးများပြားသွားပေမယ့် မုတ္တမရေတပ်ကိုပါအင်အားချိနဲ့သွားအောင်လုပ်ခဲ့နိုင်တဲ့အချက်ကို တင်ပြပြီး မြစ်ကြောင်းမှာစစ်ကစားနေတဲ့ ဒီမုတ္တမစစ်လှေတွေဟာ ပုံမှန်အရှိန်ထက်ပိုနှေးကွေးနေတဲ့အချက်ကို ထောက်ပြပါတယ်။  ဟံသာဝတီစစ်လှေတွေဟာ ရေတပ်သားတွေနဲ့ ရည်တိုလက်နက်ရိက္ခာတွေသာတင်ဆောင်ထားတဲ့အတွက် ပိုအရှန်မြန်မြန်ရွေ့လျားနိုင်ပေမယ့် မုတ္တတိုက်လှေတွေကတော့ ရက်ရှည်စစ်ပွဲအတွက် စားနပ်ရိက္ခာ လက်နက်ခဲယမ်းတွေအပြည့်သယ်ဆောင်ထားတဲ့အတွက် ပိုနှေး‌နေရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ 

နောက်ပြီး မုတ္တမစားအခုလိုတင်းခံနိုင်တာဟာ မော်လမြိုင်ဘက်က စားနပ်ရိက္ခာတွေ ထောက်ပံ့နေတဲ့အတွက် ကောင်းကောင်းကြီးဗိုက်ဖောင်းပြီးတိုက်နိုင်နေတာဖြစ်တယ်။ အကယ်လို့ မြို့ကိုသာ ရေကြောင်းကုန်းကြောင်းနှစ်လက်လုံးကသာ ပိတ်ဆို့နိုင်ရင် မုတ္တမဟာ ဂွေးသင်းခံရတဲ့နွားသိုးသလို မာန်ကျပြီးအလွယ်ရနိုင်တယ်လို့ လျှောက်တင်ပါတယ်။ တပင်ရွှေထီးဟာ ဘုရင့်နောင်ရဲ့ထောင်ပြချက်ကိုသဘောကျတဲ့အတွက် မြစ်ကြောင်းကမုတ္တမစစ်သင်္ဘောတွေကိုဖြိုဖျက်ဖို့ စစ်ဗျူဟာတစ်ခုကို ပြင်ဆင်ကြပါတယ်၊

 အခုလိုစစ်ရေးညီလာခံဆွေးနွေးနေချိန်မှာ စစ်သူရဲသမိန်ပရူက သူ့ကိုလုပ်ပိုင်ခွင့်အာဏာအပြည့်အဝပေးမယ်ဆိုရင် မြစ်ကြောင်းက မုတ္တမရေတပ်ကို အမြစ်ပြတ်ရှင်းလင်းပေးနိုင်တယ်လို့လျှောက်တင်လာပါတယ်။ သမိန်ပရူရဲ့လျှောက်တင်ချက်ကို တပင်ရွှေထီးသဘောတူပြီးတဲ့နောက် ဘုရင်နောင်ကိုမုတ္တမကို စားနပ်ရိက္ခာပိတ်ဆို့ဖို့ တပ်တွေနေရာချထားစေပါတယ်။ စစ်ရေးညီလာခံပြီးစီးသွားတဲ့အခါ တပင်ရွှေထီး ဘုရင့်နောင်နဲ့တိုင်ပင်ကာ မော်လမြိုင်မြို့စားဗညားဦးဆီ စာချွန်လွှာပေးပို့ပါတယ်။ စာချွန်မှာရေးထားတာက

 

တပင်ရွှေထီးစေလွှတ်လိုက်တဲ့သံတမန်တွေ မော်လမြိုင်ကိုရောက်တဲ့အခါ ဗညားဦးက နေရာချထားပြီး စာချွန်လွှာတစ်ဆောင်ပြန်ပို့ပါတယ်။

 

 

လို့ပါရှိကာ လက်ဆောင်ပဏ္ဏာတွေဆက်သပါတယ်။

စစ်ရေးမဟာမိတ်ဖြစ်တဲ့ မော်လမြိုင်မြို့စားရဲ့သစ္စာခံမှု့ကိုရရှိထားသလို အဘက်ဘက်ကပိတ်ဆို့ထားလိုက်တဲ့အတွက် မုတ္တမဟာ အစာရေစာပြတ်လပ်မှု့ကို စတင်ခံစားလာရပါပြီ 

ဆိုတော့ ရေကြောင်းက စစ်သင်္ဘောတွေကို သမိန်ပရူဘယ်လိုရှင်းမှာပါလဲ

တပင်ရွှေထီးရဲ့အမိန့်ရတဲ့အခါ သမိန်ပရူ ရေတပ်သားတွေကိုဦးစီးပြီး သံလွင်မြစ်ညာပိုင်း လကွန်းမြို့ထိအောင်ဆန်တက်သွားပါတယ်၊ သစ်ဝါးတွေပေါများတဲ့အရပ်ရောက်တဲ့အခါ ရဲမက်တွေကိုခုတ်လှဲစေပြီး အလျားအလံတစ်ရာ( အတောင်လေးရာ) အနံအလံငါးဆယ်( အတောင်နှစ်ရာ) ရှိတဲ့ ဖောင်ကြီးတစ်ခုဖွဲ့ပါတယ် ဖောင်ပေါ်မှာ မီးလောင်လွယ်တဲ့သစ်တွေကို လောင်စာသစ်စေးတွေသုတ်လိမ်းထားပါတယ်။ တပင်ရွှေထီးဝတ္ထုတော်ကြီးမှာဖော်ပြထားတာက ဒီဖောင်ကို စစ်သုံးအခေါ် မီးဖောင်စကြာကြီးလို့သုံးစွဲထားတာကိုတွေ့ရပါတယ်။

ဖောင်ကို မျက်လုံးထဲမြင်အောင်ပြောရမ်ဆိုရင် တစ်တောင်ဟာ တစ်ပေခွဲနဲ့ညီမျှပါတယ် တစ်လံမှာ ၄တောင်ပါတဲ့အတွက် ၆ပေဖြစ်ပါတယ် ဆိုတော့ အခုခေတ်ယူနစ်အရ မီးဖောင်ကြီးဟာ အလျားပေ၆၀၀ အနံပေ ၃၀၀ရှိပါတယ်

သမိန်ပရူ မီးဖောင်ကြီးပြင်ဆင်ပြီးတဲ့နောက် မြို့ဖောင်စကြာကြီးလို့ခေါ်တဲ့ စစ်ဖောင်တစ်မျိုးကိုတည်ဆောက်ပါတယ်။ အလျားအလံ၃၀၀ ( ပေ၁၈၀၀) အနံအလံ၅၀၀ ( ပေ ၃၀၀၀)ရှိတဲ့ဒီဖောင်ပေါ်မှာ အမြောက်စိန်ပြောင်းဒဏ်ခံဖို့ မီးမစွဲလွယ်အောင်စီရင်ပြီး မုတ္တမမြို့ရိုးထက်ပိုမြင့်တဲ့ သစ်လုံးခံတပ်ကိုတည်ဆောက်ပါတယ်။ ခံတပ်ပေါ်မှ အမြောက်တွေတပ်ဆင်ပြီး ရဲမက်ဗိုလ်ပါတွေသယ်ဆောင်ကာ တပင်ရွှေထီးတို့ဆီ မြစ်ကြောင်းအတိုင်းစုန်ဆင်းလာကြပါတယ်။ စစ်ဖောင်တွေကို ရန်သူတွေကို ရန်သူတွေမမြင်နိုင်တဲ့အရပ်မှာ ဝှက်ထားပြီး ပထမဆုံးဖောင်ဖြစ်တဲ့မီးဖောင်ကို မုတ္တမစစ်သင်္ဘောတွေဆီ မီးကိုချိန်သားကိုက်အောင်ရှို့လိုက်ပါတယ်။ လေလမ်းကြောင်းကိုချိန်ပြီး ဒီရေနဲ့အတူတရှိန်ထိုးဝင်လာတဲ့အတွက် ဒီဖောင်ဟာ အလွန်မြန်သလို မီးတောက်ဟာ တစ်ခဏအတွင်း အလွန်ကြီးသွားပါတယ်။

မုတ္တမမြို့တံတိုင်းနားမှာ ကျောက်ချထားတဲ့စစ်သင်္ဘောတွေ ဒီမီးဖောင်ကိုရှောင်ဖို့ အလျင်အမြန်ကြိုးစားကြပေမယ့် သင်္ဘော၃စီးကတော့ အခါနှောင်းသွားတဲ့အတွက် လှေထဲမှာသိမ်းထားတဲ့လက်နက်ခဲယမ်းတွေရဲ့ပေါက်ကွဲတာနဲ့အတူ အကြီးအကျယ်မီးလောင်ပျက်စီးသွားပါတယ်။ စစ်လှေတွေမီးလောင်နေတဲ့အတွက် မုတ္တမတပ်တွေ မြို့ပြင်ထွက်မီးငြိမ်းဖို့ထွက်လာကြတဲ့အခါ တပင်ရွှေထီးရဲ့ဟံသာဝတီတပ်တွေကဝိုင်းပစ်တဲ့အတွက် သ‌င်္ဘောတွေပေါ်ကခုန်ဆင်းတဲ့ ရေတပ်သားတွေနဲ့အတူ အကျအဆုံးများပြားသွားပါတယ်၊ မီးစွဲသွားတဲ့ပထမဆုံးစစ်သင်္ဘောဟာ ကျောက်ဆူးကြိုးပြတ်ပြီး ရေစီးအတိုင်းမျောသွားတဲ့အတွက် ထွက်ဖို့ပြင်ဆင်နေတဲ့ တခြားစစ်လှေတွေကိုပူးက်သွားပြီး မုတ္တမရေတပ်က စစ်သင်္ဘောကြီး၇စီး မီးလောင်ပျက်စီးသွားပါတယ်။ နောက်ပြီးမီးဖောင်ဟာ စစ်လှေတွေကိုတိုက်ချပြီး ရေစီးအတိုင်းမျောသွားတဲ့အတွက် မုတ္တမအနီးကမြစ်ပြင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်ကာ ကျိုက္ခမီတိုင်အောင် မီးအညွှန့်မကျိုးဘဲရှိတယ်လို့ဆိုပါတယ်။ မီးဖောင်နဲ့စတိုက်တဲ့အချိန်ဟာ မနက်စောစော နေမထွက်မီအချိန်ဖြစ်ပြီး စောဗညားရဲ့မုတ္တမရေတပ်နဲ့အတူ နိုင်ငံခြားစစ်သင်္ဘောတွေအများအပြားမီးလောင်ပျက်စီးသွားတယ်လို့ တစ်ဆက်တည်းဖော်ပြထားတာကိုတွေ့ရပါတယ်

မုတ္တမတပ်တွေမီးလောင်နေနေအတွက် အလန့်တကြားပြာပြာသလဲဖြစ်နေချိန် နောက်ထပ်စစ်ဖောင်ကြီးတစ်စီးကပ်လာပြီး ဖောင်ပေါ်သစ်လုံးခံတပ်က အမြောက်တွေအပေါ်စီးက ပစ်တာကြောင့် မြို့တံတိုင်းပေါ်ကအစောင့်တွေအတုံးအရုံကျဆုံးကုန်ပါတယ်။ သစ်ဖောင်ပေါ် အမြောက်တွေပစ်ခတ်ပြီး ဟံသာဝတီတပ်တွေ မြို့ရိုးကိုအတင်းဖောက်တဲ့အတွက် အချိန်တိုအတွင်း မုတ္တမမြို့တံခါးပွင့်သွားပါတယ်။

မြို့တံခါးကျိုးသွားတဲ့အခါ စောဗညားဟာ မုတ္တမတပ်တွေကိုပြန်စုစည်းပြီး အထဲဝင်လာတဲ့ဟံသာဝတီတပ်တွေကို ရှေ့ကနေဆင်စီးပြီးစောင့်တိုက်ပါတယ်။ အနီးကပ်နှစ်ဘက်တပ်တွေရင်ဆိုင်ကြတဲ့အခါ တိုက်ပွဲဟာအင်မတန်ပြင်းထန်ပြီး အကျအဆုံးများပြားလာပါတယ်။ ‌စစ်ပွဲမှာဒီလိုအခြေအနေမျိုးရောက်တဲ့အခါ တိုင်းဘုရင်တွေဟာ နောက်ချန်တပ်ဆုတ်ခွာလေ့ရှိပေမယ့် စောဗညားကိုယ်တိုင်တပ်တွေ ဦးစီးပြီးတိုက်တဲ့အတွက် မြို့တံခါးပွင့်သွားပေမယ့် အထဲဝင်လာတဲ့ ဟံသာဝတီတပ်တွေ အတော်ကျဆုံးလာပြီး နောက်ဆုံးမြို့တံခါးကိုပြန်ပိတ်နိုင်မယ့်အထိဖြစ်လာပါတယ်။ အခုလိုဟံသာဝတီတပ်တွေ တစ်ယောက်ပြီးတစ်ယောက်ဆက်တိုက်ကျဆုံးပြီး မြို့တံခါးကိုမကျော်နိုင်ဖြစ်နေတဲ့အချိန် ဆင်စွယ်အကောက်နဲ့ဆင်စီးစစ်သူရဲဟာ စောဗညားဆီတန်းတန်းကြီးဝင်လာပြီး စီးချင်းထိုးပါတယ်။ စောဗညားလည်းအခြေအနေမလှတဲ့အတွက် ဆင်နဲ့ နောက်ကိုအတင်းပြန်ဆုတ်ပြေးပါတယ်၊ သို့ပေမယ့် ဆင်စီးတဲ့ဟံသာဝတီစစ်သူရဲက သူပြေးတဲ့နောက် တောက်လျောက်လိုက်နေတဲ့အတွက် နောက်ဆုံးအရှင်အဖမ်းခံရပြီး မုတ္တမတပ်တွေ လက်နက်ချ အညံခံကြပါတယ်၊

မုတ္တမကိုအောင်နိုင်ပြီးတဲ့နောက် တပင်ရွှေထီး စစ်တပ်မှူးတွေနဲ့နန်းညီလာခံကျင်းပပါတယ်။ ဒီစစ်ပွဲမှာ လက်စွမ်းပြခဲ့ကြတဲ့စစ်သူရဲတွေကို ဘွဲထူးရာခံတွေချီးမြှင့်မြှောက်စားပါတယ်။ မီးဖောင်နဲ့စစ်သင်္ဘောတွေကို ဖျက်စီးနိုင်ခဲ့တဲ့ စစ်သူရဲသမိန်ပရူကို စောဗညားပိုင်ဆိုင်တဲ့ရွှေငွေရတနာတွေကို ချီးမြှင့်ပြီး မြောင်းမြမြို့ကို အပိုင်စားပေးပါတယ်။

သက်ဆိုင်ရာတပ်မှူးတွေကိုအသီးသီးချီးမြှင့်ပြီးတဲ့နောက် ပြသနာကစပါတယ်။အကြောင်းကတော့ မုတ္တမစစ်ပွဲမှာ တပ်မှူးအသီးသီးတာဝန်ခံတိုက်ကြပြီး ဘွဲ့ချီးမြှင့်ခံကြရပေမယ့် မုတ္တမစားစောဗညားကို ဘယ်သူဝင်ဖမ်းသွားမှန်း မသိဘူးဖြစ်နေပါတယ်။ ဒါကြောင့် ဘုရင်နောင်ကိုယ်တိုင်စုံစမ်းကာ စောဗညားကို အသင့်ကို ဘယ်သူကစီးချင်းထိုးသလဲလို မေးပါတယ်။

 စောဗညား - အမည်ကိုတော့ကျွန်ုပ်မသိ ၊ သို့ပေမယ့် အသွင်အပြင်ကိုကျွန်ုပ်မှတ်မိတယ်။ ကျွန်ုပ်ကိုစီးချင်းထိုးတဲ့သူဟာ အသားနီနီ ပါးမုန်းမွေးရှိပြီး အစွယ်ကောက်တဲ့ဆင်ကိုစီးတယ် လိုဆိုပါတယ်။

ထိုအခါ ဘုရင်နောင်က ပြုံးစစရှိပြီးဆင်စီးတဲ့သူကို ကျွန်ုပ်ပြရင် အသင်မှတ်မိနိုင်သလားလို့မေးပါတယ် မှတ်မိနိုင်တယ်လို့ဖြေတဲ့အတွက် ဘုရင်နောင် စောဗညားကိုခေါ်ပြီး စစ်သူရဲတွေစုဝေးနေတဲ့နန်းဆောင်ကိုသွားကြပါတယ်။

ဘုရင်နောင်ဟာ စောဗညားကိုဘယ်သူဖမ်းတယ်ဆိုတာဘွင်းဘွင်းကြီးသိပေမယ့် ရာထူးဘွဲ့ခံချီးမြှင့်တဲ့အရေးမှာ သေချာလိုတဲ့အတွက် မျက်မြင်အတည်ပြုစေတာဖြစ်ပါတယ်။ စောဗညားလက်ညိုးညွန်ပြတဲ့သူဟာ သူထင်တဲ့အတိုင်းဖြစ်တဲ့အတွက် ပြုံးကာ တပင်ရွှေထီးနန်းဆောင်ဆီ အခစားဝင်ဖို့ဆက်သွားပါတယ်။

တပင်ရွှေထီးရဲ့တပ်မှာ အစွယ်ကောက်ကောက်ကြီးရှိတဲ့ဆင်ဟာ တိုက်ဆင်စွယ်ကောက် ဖြစ်ပြီး စီးတဲ့စစ်သူရဲဟာ ဘုရင့်ခြေလျင်တပ်တော်ကတပ်မှူး စစ်သူရဲနန္ဒကျော်သူပဲဖြစ်ပါတယ်။

တပင်ရွှေထီးဟာ နန္ဒကျော်သူရဲ့ရဲစွမ်းကို အားရသဘောကျတဲ့အတွက် ဘွဲ့အသစ် မင်းရဲကျော်ထင်ဘွဲချီးပေးကာ ဆင်ပေါက်၁၀စီး မြင်း၅၀ ကျွန်၁၀၀ ချီးမြှင့်ပါတယ်။ နောက်ပြီး တပင်ရွှေထီးက မုတ္တမမှာရှိတဲ့သူဌေးသူကြွယ်တွေကို ငါ့ကျွန်တော် မင်းရဲကျော်ထင်ဟာ သင်တို့မုတ္တမဘုရင်ကို နိုင်အောင်စီးချင်းထိုးနိုင်တယ် သတ္တိနဲ့တန်အောင်လက်ဖွဲ့ရမယ်လို့ မိန့်တဲ့အတွက် မုတ္တမကသူကြွယ်တွေ ငါးရက်တိုင်လက်ဆောင်ပဏ္ဏာတွေဆက်သကြတယ်လို့ဖော်ပြထားပါတယ်။ နောက်ပြီး တပင်ရွှေထီးဟာ မင်းရဲကျော်ထင်ကိုတွေ့တဲ့အခါ အသားနီနီ ပါးမုန်းမွေးလို့ ကျီစယ်ပြီးခေါ်လေ့ရှိတယ်လို့သိရပါတယ်

မုတ္တမစစ်ပွဲကိုအဆုံးသတ်ပြီးတဲ့နောက် မော်လမြိုင်မြို့စားဗညားဦး တပင်ရွှေထီးထံတော်ကို ကျန်ရှိတဲ့မြို့စားနယ်စားတွေခြံရံပြီး လက်ဆောင်ပဏ္ဏာတွေဆက်သပြီး သစ္စာခံပါတယ်။

လစ်လပ်သွားတဲ့ မုတ္တမမြို့စားနေရာမှာ သုရှင်တကာရွတ်ပိရဲ့ယောက်ဖအငယ် စောလကွန်းအိမ်ကို အဆောင်အယောင်အခမ်းအနားနဲ့ချီးမြှောက်တယ်လို့ဖော်ပြထားပါတယ် 

ကြည့်ရှု့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်

နောက်အပိုင်းများမှာပြန်တွေ့ကြပါမယ်ခင်ဗျာ

YHNL


ရုပ်သံကိုကြည့်ရှု့လိုပါက အောက်က YouTube channel စာသားကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါသည်။

ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာတင်ထားတဲ့အပိုင်းတွေကို You Tube မှာ Video တင်ပေးထားပါတယ်။


This site is for educational purposes only!! Copyright Disclaimer under section 107 of the Copyright Act 1976, allowance is made for “fair use” for purposes such as criticism, comment, news reporting, teaching, scholarship, education and research..

Previous Post Next Post