မင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။
ငယ်ငယ်ကတည်က ကာတွန်းစာအုပ်တွေ ပုံပြင်စာအုပ်တွေနဲ့ကြီးပြင်းလာတဲ့ Generation တွေအတွက် ကျွန်တော်အခုပြောပြမယ့်စာအုပ်ကို တော်တော်လေးမှတ်မိနေမယ်လို့ထင်ပါတယ်။ ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် ဆိုတဲ့စာအုပ်ဟာ ကလေးတွေအတွက် ပိုက်ဆံကိုစုဘူးထဲစုတတ်စေတဲ့ အလေ့အကျင့်တွေမွေးဖွားပေးသလို လူကြီးတွေအတွက်လဲကြီးပွားချမ်းသာရေးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ပုံမှန်တက်လမ်းစာပေတွေနဲ့မတူတဲ့အချက်ကတော့ စာအုပ်ရဲ့အဓိကအကြောင်းအရာတွေကို ပုံပြင်ဇာတ်လမ်းတစ်ခုလိုပြောပြထားတာပဲဖြစ်ပါတယ်။ဒါကြောင့်လဲ စာအုပ်တွေ့တိုင်းပြန်ဖတ်ချင်တဲ့အောင် ဆွဲဆောင်နိုင်စွမ်းရှိတဲ့ စာအုပ်တစ်အုပ်ဆိုတာကို ဖတ်ဖူးသူတိုင်းလက်ခံကြမှာဖြစ်ပါတယ်။ ဆိုတော့ ဒီစာအုပ်ပါတဲ့ ဘေဘီလုံဆိုတာ အမှန်တကယ်ရောရှိရဲ့လား ပုံပြင်တွေထဲကပုံပြင်တစ်ခုပဲလားဆိုတာကို ကျွန်တော်တို့အတူရှာကြည့်ရအောင်ဗျာ
![]() |
မူရင်းစာအုပ် |
![]() |
မက်ဆိုပိုတေးမီးယားဒေသ |
သမိုင်းကို ရှာဖွေကြည့်တဲ့အခါ ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ဥပဒေတစ်ခုကိုလည်းတွေ့ရပါတယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး နားတစ်ဖက်အတွက်နားအဖက် အလျော်ပေးရမယ်ဆိုတဲ့ ကိုဓ ဥပဒေဟာ ၁၇၉၂ ဘီစီကနေ ၁၇၅၀ ဘီစီထိ ဘေဘီလုံကိုအုပ်ချုပ်ခဲ့တဲ့ ဟမ်မူရာဘီဘုရင်ကြီကချမှတ်ခဲ့တာဖြစ်ပါတယ်။ဟမ်မူရာဘီဘုရင်ကြီးလက်ထက်မှာ တိုင်းပြည်ဟာ အလွန်ချမ်းသာကြွယ်ဝပြီး အတတ်ပညာတွေတိုးတက်လာခဲ့ပါတယ်။ဒါပေမယ့် ဘုရင်ကြီးကွယ်လွန်သွားတဲ့အခါမှာ တိုင်းပြည်ဟာ အုပ်ချုပ်မှု့ယို့ယွင်းပြီး တစစီကွဲကုန်ပါတယ်။
![]() |
ဟမ်မူရာဘီဘုရင်ကြီး |
![]() |
Hanging Gardens Of Babylon |
ဒီလိုကြီးကျယ်ခန်းနားတဲ့
ဘေဘီလုံဟာ ဘီစီ ၅၃၉ ရောက်တဲ့အခါမှာတော့ ပါရှားအင်ပါယာယနေ့ အီရန်ကသိမ်းပိုက်လိုက်တဲ့အခါမှာ
မြေကြီးအောက်ကိုတူးရှာရတဲ့အထိ သမိုင်းစာမျက်နှာကနေ စုတ်ဖြဲခံလိုက်ရပါတယ်။
အခုကျွန်တော်ပြောပြခဲ့တာကတော့ ဘေဘီလုံရဲ့သမိုင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာတစ်လက်စတည်း စာအုပ်ထဲမှာပါတဲ့ ဘယ်လိုကြွယ်ဝချမ်းသာလာအောင်လုပ်ရမလဲ နည်းဥပဒေသ ၇ရပ်နဲ့ ရွှေဥပဒေသ၅ရပ်တို့ကို ဖော်ပြပေးလိုက်ပါတယ်။
အမျိုးတွေငွေကြေးအခက်အခဲကလွန်မြောက်ပြီး ချမ်းသာကြွယ်ဝပါစေဗျာ
ကြည်ရှု့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။
အပြည့်အစုံကို Video တွင်ကြည့်ရှု့နိုင်ပါသည်။
Video ကြည့်ရှု့ရန်