အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကနေပြန်လည်ကြိုဆိုပါတယ်
ကမ္ဘာ့အင်အားအကြီးဆုံးစစ်တပ်ကိုပိုင်ဆိုင်ထားတဲ့
အမေရိကန်ဟာ သမိုင်းမှာ လူအပြောများဆုံးအခိုက်အတန့်တွေ အများကြီးရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်ခဲ့တာ၊
လကမ္ဘာပေါ်လူသားတွေခြေချနိုင်ခဲ့တာအပြင် ယနေ့ခေတ်မှီတဲ့ကမ္ဘာကြီးကိုပုံဖော်ခဲ့တဲ့
နည်းပညာအများစုကို အမေရိကန်နိုင်ငံမှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ နည်းပညာရောငွေအင်အားပါအလျှံပယ်သုံးနိုင်တဲ့နိုင်ငံကြီးတစ်ခုက
အမှားအယွင်းဖြစ်ခဲ့တယ်ဆိုရင်တော့ သူရဲ့ကြီးကျယ်တဲ့ဂုဏ်သတင်းနဲ့အတူ ဝေဆာတဲ့လှောင်ပြောင်မှု့တွေကို
ရရှိမှာဖြစ်ပါတယ်။ အဆိုးဆုံးရလဒ်တွေရခဲ့တဲ့ ဗီယက်နမ်စစ်ပွဲနဲ့ နှစ်
၂၀လုံးတိုက်ခဲ့တဲ့ အာဖဂန်ရဲ့တာလီဘန်တိုက်ပွဲတွေမှာ အမေရိကန်တွေရဲ့
ဂုဏ်သတင်းအဆိုးရွားဆုံးကျဆင်းခဲ့ပါတယ်။ ဒါနဲ့အတူထွက်လာတဲ့သတင်းတစ်ခုကတော့
အမေရိကန်တွေရဲ့ သမိုင်းဝင်စစ်မြင်းကြီးတွေဖြစ်တဲ့ Humvee တွေကို အစားထိုးတော့မယ်ဆိုတဲ့သတင်းပဲ
ဖြစ်ပါတယ်။ ဒီတော့ အမေရိကန်တွေ အာဖဂန်မှာစစ်ရှုုံးရတာ Humvee တွေကြောင့်လား
ဘာတွေနဲ့အစားထိုးမှာလဲစတာကို ကျွန်တော်တို့အဖြေရှာကြည့်ရအောင်ဗျာ
US Humvee |
US M151 Jeep |
Humvee တွေကို ၁၉၈၃ မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိ အစီးရေ ၂ သိန်း ၈သောင်း၁ထောင်ထုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။
အလေးချိန်အနေနဲ့ ယာဉ်အမျိုးအစားနဲ့ တပ်ဆင်ထားတဲ့ သံချပ်ကာပေါ်မူတည်ပြီး ပေါင် ၅၂၀၀
ကနေ ၈၅၀၀ ထိရှိမှာဖြစ်ပါတယ်။ အမြင့် ၆ပေ အလျား ၁၅ပေ ပေ အနံ၇ပေရှိတဲ့ Humvee တစ်စီးဟာ တိုက်ပွဲဝင်စစ်သည် ၈ဦးအထိလိုက်ပါနိုင်ပြီး ၁နာရီကို မိုင်၇၀ကျ်ောသွားနိုင်တယ်လို့သိရပါတယ်။
ဘက်စုံသုံး Humvee |
လျင်မြန်စွာစစ်ကစားနိုင်ဖို့အဓိကရည်ရွယ်ထားတဲ့
Humvee တွေဟာ ကမ္ဘာအနှံကစစ်ပွဲတွေမှာ ကောင်းစွာခြေစွမ်းပြနိုင်ခဲ့ပေမယ့် အသေခံဗုံးခွဲတိုက်ခိုက်တာတွေ၊
မြို့ပြတိုက်ပွဲတွေအပြင် ဘယ်ကပစ်မှန်းမသိတဲ့ RPG နဲ့ Sniper တွေရဲ့ရန်က ကာကွယ်ပေးနိုင်စွမ်းအားနည်းတာကို အမေရိကန်တွေ သတိထားမိသွားပါတယ်။
ပေါ့ပါးပြီးဘက်စုံသုံးလို့ရတဲ့Model အစား ပိုပြီးအကြမ်းခံတဲ့ပုံစံနဲ့အစားထိုးဖို့ အမေရိကန်စစ်တပ်ဟာ နမူနာပုံစံတွေကိုစတင်ရှာဖွေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွေမှာ
တိကျတဲ့ပြောင်းလဲမှုမရှိခဲ့ပေမယ့် ၂၀၂၁ အစောပိုင်းလတွေမှာတော့ Humvee တွေကိုအစားထိုးခံရတော့မယ်ဆိုတာသေချာသွားခဲ့ပါတယ်။ ပုံစံအသစ်အနေနဲ့ အော့ရှ်ကော့ရှ့် Oshkosh
Corporation ရဲ့ JLTV တွေကိုအစားထိုးတပ်ဆင်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် လုံးဝအစားထိုးသွားမှာမျိုးမဟုတ်ပဲ JLTV
တွေနဲ့ပေါင်းစပ်ပြီး တပ်ဖွဲတွေကို ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
JLTV and Humvee |
ကြည့်ရှု့ပေးတဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်
ရုပ်သံကိုကြည့်ရှု့ရန်