၂၀၂၁ ဟာအလွန်ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာ အပြောင်းအလဲများစွာဖြစ်ခဲ့သလို နိုင်ငံတကာရုပ်ရှင်ထုတ်လုပ်‌ရေးအပိုင်းမှာလည်း ခါတိုင်းနဲ့မတူတဲ့စိန်ခေါ်မှု့တွေကိုရင်ဆိုင်ခဲ့ကြပါတယ်။ ရုပ်ရှင်လုပ်ငန်းအများအပြားရပ်ဆိုင်းသွားခဲ့ပြီးဇာတ်ကားအသစ်ထွက်ဖို့ ပိုမိုအချိန်ကြံ့ကြာနေပါတယ်။

ဒီလိုအခြေအနေကြားထဲမှာ ရုပ်ရှင်ကားတချို့ကတော့  သမိုင်းတစ်လျောက်မှာအမြင့်ဆုံးလို့ပြောလို့ရတဲ့  Rating နဲ့ ထိုးဖောက်လာပါတယ်။

အားလုံးပဲမင်္ဂလာပါဗျာ ရန်ထီးနေလချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်။ 

အတီးအမှုတ်အကအခုံတွေကိုအသားပေးပြီး သိုင်းကွက်ပေါင်းစုံနဲ့ Slow motion ရိုက်ကြတဲ့အတွက် အိန္ဒိယရုပ်ရှင်ကားအများစုဟာ နိုင်ငံတကာမှာ အောင်မြင်မှု့ရဖို့ ကန့်သတ်ထားခံရသလိုဖြစ်နေပါတယ်။ကျွန်တော်ဒီအပိုင်းမှ အားလုံးနဲ့ကွဲထွက်နေတဲ့  ၂၀၂၁ ရဲ့ အကောင်းဆုံး ဖြစ်ရပ်မှန်ကုလားကား၃ ကားကိုရွေးပး မှာဖြစ်ပါတယ်

ပထမဆုံးကားအနေနဲ့ IMDb 9.1 ရထားတဲ့ Sardar Udham ကိုရွေးပေးမှာဖြစ်ပါတယ်။ ထူးခြားတဲ့အချက်က ဒီဇာတ်ကားဟာ လုပ်ကြံရေးသမားတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ rating အမြင့်ဆုံး ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့  ၁၉ရာစု အစောပိုင်းကာလ အင်္ဂလိပ်လက်အောက်ကျရောက်နေတဲ့  ပန်ဂျပ်ပြည်နယ်က လူငယ်တစ်‌ယောက်  အကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ အင်မတန်ချမ်းသာပြီးလူကုန်တန်လူတန်းစားတွေသာ ပညာသင်သွားကြတဲ့အင်္ဂလန်ပြည်ကို သွားဖို့ဆိုတာက သူ့အတွေးထဲမှာတောင်မရှိတဲ့အရာဖြစ်ပါတယ်။ သူသိတာက စကားမပြောတတ်တဲ့ သူ့ကောင်မလေးနဲ့ အလုပ်လုပ်တဲ့ရက္ကန်းရုံ ပဲဖြစ်ပါတယ်။ ၁၉၁၉ ပန်ဂျပ်ပြည်နယ်မှာ ဆန္ဒပြမှု့တွေဖြစ်ပွားနေပါတယ်။အဓိကတောင်းဆိုတာကတော့ ရိုးလက်အက်ဥပဒေကိုဖျက်သိမ်းပေးဖို့နဲ့ အဖမ်းခံထားရတဲ့ဆန္ဒပြခေါင်းဆောင်တွေကိုလွှတ်ပေးဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့တောင်းဆိုတဲ့ ရိုးလက်အက်ဥပဒေဆိုတာကို အကြမ်းဖျင်းရှင်းပြချင်ပါတယ်။ အရှည်ကတော့ Anarchical and Revolutionary Crimes of 1919 ဖြစ်ပြီးတော့ အိန္ဒိယတွေကတော့ Black Law လို့ခေါ်ပါတယ်။ ဒီဥပဒေက ဘာကိုအသားပေးထားလဲဆိုတော့ အင်္ဂလိပ်အစိုးရက အိန္ဒိယနိင်ငံသားဘယ်သူ့ကိုမဆို ဖမ်းဆီး‌ထောင်ချပိုင်ခွင့်ရှိမှာဖြစ်ပြီး အဖမ်းခံရသူဟာ တရားရုံးမှာ အယူခံဝင်ပိုင်ခွင့် ပြန်လည်ချေပိုင်ခွင့် နဲ့ ရှေ့နေငှားရမ်းပိုင်ခွင့်တွေကို ဆုံးရှုံးပြီး ထောင်တန်းကျမှာဖြစ်ပါတယ်။စာပေထုတ်ဝေရေးနဲ့ သတင်းစာတိုက်တွေရဲ့ လွတ်လပ်စွာရေးသားပိုင်ခွင့်ကို ကန့်သတ်ခံရမှာဖြစ်ပြီး အင်္ဂလိပ်ဆန့်ကျင်ရေးသားတဲ့စာတိုက်တွေကတော့ ဘာလျှောက်လဲခွင့်မှမရဘဲ ချက်ချင်းဖမ်းဆီးထောင်ချခံရမှာဖြစ်ပါတယ်။

၁၉၁၉ အေပရယ် ၁၃ ပန်ဂျပ်ပြည်နယ် ဂျလီယမ်ဝါလာဘတ်မှာ ကလေးသူငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင်လူပေါင်း ၂သောင်းကျော်ဟာ ငြိမ်းချမ်းစွာစုဝေးလျက်ရှိပါတယ်။ ဂျလီယမ်ဝါလာဘတ်က မျက်နှာစာ၄ဘက်ရှိပြီးတော့ တစ်ပေါက်ထဲရှိတဲ့ လမ်းကျဉ်းလေးကသာကွင်းထဲကို အဝင်အထွက်လုပ်လို့ရပါတဲ့နေရာဖြစ်ပါတယ်။ ကျန်၃ ဘက်က လူနေအ‌ေဆာက်ဦးတွေ နံရံတွေနဲ့ကာထားတဲ့အတွက် ပြန်ထွက်လို့မရတဲ့နေရာဖြစ်ပါတယ်။ ဆိုတော့ ဂျလီယမ်ဝါလာဘတ်မှာ ဘာတွေဆက်ဖြစ်မှာပါလဲ ကျွန်တော် အစောပိုင်းကပြောခဲ့တဲ့ လူငယ်နဲ့ရောဘယ်လိုဆက်စပ်နေပါသလဲ။

သမိုင်းအကျဉ်းကိုပြောပြခဲ့ပြီးပြီဆိုတော့ ဇာတ်ကားဘက်ကိုသွားရအောင်ဗျာ Sardar Udham ကို ရိုက်ကူးဖို့အတွက် Shoojit Sircarရှူဂျစ်စာဆာကား က နှစ် ၂၀ ကျော် သမိုင်းအချက်အလက်တွေစုစည်းပြီးမှ ရိုက်ကူးခဲ့တာဖြစ်ပြီး Rising Sun Film ကထုတ်လုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ ရိုက်ကွင်းတော်တော်များများကို ရုရှားနဲ့ အိန္ဒိယမှာရိုက်ကူးခဲ့တာဖြစ်ပြီး တချို့အပိုင်းတွေကိုတော့ အင်္ဂလန်နဲ့ အိုင်ယာလန်မှာရိုက်ကူးခဲ့ပါတယ်။ မူလရွေးချယ်ထားတာကတော့ ဆာဒါးအူဒမ်နေရာမှာ မင်းသားကြီး Irrfan Khan အဖ်ဖာခန်း ကိုရွေးချယ်ထားတာဖြစ်ပါတယ်။ ၂၀၂၀ အေပရယ် ၂၉ မှာ အဖ်ဖာခန်းကွယ်လွန်သွားတဲ့အတွက် Vicky Kaushal ဗစ်ကီ‌ကာ်ရှယ်ခေါင်းဆောင်မင်းသားအဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

၁၆၂ မိနစ်ရှိတဲ့ ဒီဇာတ်ကားကို ၂၀၂၁ အောက်တိုဘာ ၁၆မှာထွက်ခဲ့တာဖြစ်ပါတယ်။

Sardar Udham

ဒုတိယကားအနေနဲ့  အိန္ဒိယ- ပါကစ္စတန် ဖြစ်ရပ်မှန် စစ်ကားတစ်ကားကိုရွေးပေးမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Lion King လို့အဓိပ္ပါယ်ရတဲ့ Shershaah ဖြစ်ပါတယ်။ IMDb 8.7 ရထားတဲ့ ဒီဇာတ်ကားဟာ အိန္ဒိယစစ်တပ်မှာ အမြင့်ဆုံးစွမ်းဆောင်ရည်ဆုဖြစ်တဲ့ Param Vir Chakra ပါရမ်ဗီချကရာဆုရရှိထားတဲ့ Captain Vikram Batra အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ အတိုကောက် PVC လို့ခသုံးပါတယ်။ဗြိတိသျှအင်ပါယာရဲ့လက်အောက်ခံနိုင်ငံဖြစ်ခဲ့တဲ့ အိန္ဒိယဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေမှာ အင်္ဂလိပ်တွေဘက်ကဝင်တိုက်ခံပါတယ်။ထူးချွန်တဲ့စစ်သားတွေကို ဗြိတိသျှအစိုးရက Gold Medals, Order of Meritမယ်ရစ်, Indian Order Of Merit ဆိုပြီးဆုတံဆိပ်တွေချီးမြင့်ခဲ့ပါတယ်။နောက်ပိုင်းမှာ ဗြိတိသျှအင်ပါယာရဲ့ အမြင့်ဆုံးလို့ပြောလို့ရတဲ့ Victoria Cross – VC တွေကိုပါ ချီးမြှင့်ခဲ့ပါတယ်။   လွတ်လပ်ရေးရပြီး‌ေနာက်မှာ‌ေတာ့ အိန္ဒိယဟာ စစ်တပ်ဖွဲ့စည်းပုံတွေကို ကိုယ်ပိုင်ဟန်ပြောင်းလဲခဲ့ပါတယ်။ဝန်ကြီးချုပ်နေရူးလက်ထက်မှာ ဂျမူးနဲ့ကက်ချ်ရှမီးယားအရေးအခင်းတွေကို အစပြုပြီး PVC တွေစတင်ပေးအပ်ခဲ့ပါတယ်။  အင်္ဂလိပ်လို Wheel of the Ultimate Brave လို့အဓိပ္ပါယ်ရပါတယ်။ ဒီဆုဟာ အင်္ဂလန်က Victoria Cross , အမေရိကန်က Medal Of Honor တို့နဲ့တန်းတူဖြစ်ပါတယ်။  လူဦးရေ ၁.၃၉ ဘီလီယံရှိတဲ့ အိန္ဒိယမှာ ဆုတံဆိပ်ရရှိတဲ့သူဟာ ယနေ့အချိန်ထိ ၂၁ ဦးသာရှိတယ်လို့သိရပါတယ်။ ပထမဆုံးရရှိခဲ့တာက Major Somnath Sharma စွန်နတ်ရှမာ ဖြစ်ပြီးနောက်ဆုံးရခဲ့တာကတော့ ဒီဇာတ်လမ်းရဲ့အဓိကမင်းသားဖြစ်တဲ့ Captain Vikram Batra ပဲဖြစ်ပါတယ်။    

၁၉၉၉ မေကနေဂျူလိုင်အထိဖြစ်ပွားခဲ့တဲ့Jamu & Kashmir က Kargil စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီး Vikram  ရဲ့ ငယ်ဘဝကနေ ရိုက်ကူးထားပါတယ်၊ ဒီတိုက်ပွဲဟာ ပါကစ္စတန်တွေသိမ်းထားတဲ့တောင်ပေါ်ကို တက်သိမ်းရတာဖြစ်တဲ့အတွက် အိန္ဒိယတွေအထိနာခဲ့သလို နှစ်ဖက်လုံး အကျအဆုံးများခဲ့ပါတယ်။ ဒီနေရာမှာတစ်ခုပြောလိုတာကတော့ ပေ‌သောင်းချီမြင့်တဲ့ကျောက်တောင်တွေပေ်  တက်ပြီးတိုက်တဲ့အတွက် Saving Private Ryan လိုစစ်သားတွေအများကြီးနဲ့ထိုးစစ်ဆင်တာမျိုးကို တွေ့ရမှာ မဟုတ်ပါဘူး။ နောက်ပြီးဒီဇာတ်ကားဟာ Kargil တိုက်ပွဲတစ်ခုလုံးကိုရိုက်ပြထားတာမဟုတ်ပဲ Captain Vikram ဘာကြောင့် PVC ဆုကိုရသလဲဆိုတာကိုပေါ်အောင်ရိုက်ထားတာပဲဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၃၅ မိနစ်ရှိတဲ့ဒီဇာတ်ကားဟာ ၂၀၂၁ သြဂုတ် ၁၂ မှာထွက်ခဲ့တာဖြစ်ပြီး Amazon မှာလူကြည့်အများဆုံးဇာတ်ကားတစ်ကားအဖြစ်မှတ်တမ်းဝင်ထားပါတယ်။ Captain Vikram  နေရာမှာ Student of the year ထဲကမင်းသား Sidharth Malhotra စစ်ဟမဟွတ်တရာ ကရိုက်ကူးထားပြီး တခြားနာမည်ကြီးသရုပ်ဆောင်တွေလဲပါဝင်တဲ့ အတွက်  ကြည့်လို့ကောင်းတဲ့စစ်ကားတစ်ကားဖြစ်ပါတယ်။

Shershaah 

 
နောက်ဆုံးအနေနဲ့ တမီးဘာသာနဲ့ပြောတဲ့ရုပ်ရှင်ကားတစ်ကားကို ဖော်ပြပေးမှာဖြစ်ပါတယ်။ IMDb ထဲမှာ အမြင့်ဆုံးက ၁၀ ဖြစ်ပါတယ်။အခုကျွန်တော်ပြောပြမယ့်ဇာတ်ကားက IMDb 9.7 ရထားတယ်ဆိုတော့ ဇာတ်ကားကောင်းကြိုက်တဲ့သူတွေအတွက်ကတာ့ သတင်းကောင်းပေါ့ဗျာ။  
ဆိုတော့ ဘာတွေထူးခြားနေသလဲကြည့်လိုက်ရအောင်‌ဗျာ။

ဇာတ်ကားနာမည်က Jai Bhim ဖြစ်ပြီး ၂၀၂၁ နိုဝင်ဘာ ၂ရက်နေ့မှာ ထွက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ စကား‌ေပြာမှားသွားရင် Shawshank Redemption ကို နောက်ဆုံးခန်းကိုကြိုပြောပြီး ကြည့်ခိုင်းသလိုဖြစ်နေပါလိမ့်မယ်။ ကျွန်တော်အများဆုံးပြောလို့ရတာကတော့ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ရှေ့နေကားဖြစ်ပါတယ်။  ၁၉၉၃ မှာဖြစ်ပွားခဲ့တဲ့ Irular အီရူလာလူမျိုးလင်မယားနှစ်ယောက်အကြောင်းရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ T.J Gnanavel နန်နာဗဲလ် ဖြစ်ပါတယ်။နာမည်ကြီးမင်းသားတွေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် ဒီဇာတ်ကားဟာ လုံးဝကြည့်ရတာတန်မယ့်ကားတစ်ကားဖြစ်ပါတယ်။ အိန္ဒိယရဲ့ကျေးလက်ဒေသရှု့ခင်းတွေအပြင် ရိုးသားတဲ့အခြေခံလူတန်းစားတွေအကြောင်း ကိုပီပြင်အောင်ရိုက်ကူးထားတာကိုတွေ့ရပါတယ်။ မိတ်ဆွေ ဒီဇာတ်ကားကြည့်ပြီးရင် တရားဥပဒေကို သေချာနားလည်နေရမယ်ဆိုတဲ့ Message ကိုအပီအပြင်ရမှာဖြစ်ပါတယ်။ဆိုတော့ သမိုင်းတလျောက် အမြင့်ဆုံး Rating ရထားတဲ့ဒီဇာတ်ကားဟာ ဘာတွေထူးခြားနေလဲဆိုတာကို သိချင်ရင်တော့ ကိုယ်တိုင်ကြည့်ဖို့ပဲ အကြံပေးလိုပါတယ်။

Jai Bhim

အခုကျွန်တော်ရွေးထားတဲ့ ရုပ်ရှင်၃ကားက ဖြစ်ရပ်မှန်ဇာတ်ကားတွေဖြစ်တဲ့အပြင် ပုံမှန်ကုလားကားတွေလို အတီးအမှုတ်အကတွေနဲ့ ပါဝါရိမ်းဂျားဆန်ဆန် တိုက်တဲ့အခန်းတွေမပါဘူးဆိုတာကို သတင်းကောင်းပါးလိုက်ပါတယ်

ကုလာသီးသန့်ကြိုက်တဲ့အမျိုးတွေအတွက် ၂၀၂၁ မှာ သြဂုတ် ၁၃ မှာထွက်ခဲ့တဲ့ Bhuj : The Pride Of India ဇာတ်ကားကို Bonus အနေနဲ့ရွေးပေးလိုက်ပါတယ်။ ကျွန်တော်တို့ရင်းနှီးပြီးသားဖြစ်တဲ့ Drishyam ဒရစ်ရှမ် ထဲ က Ajay Devgn အဂျေးဒီဗင်ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားတဲ့ အိန္ဒိယ-ပါကစ္စတန်စစ်ကားပဲဖြစ်ပါတယ်။ IMDb 4.8 ရတာကတော့ Battle ဖြစ်တဲ့အခန်းတွေ နည်းနည်းrealistic မဆန်တာ Fighting ခန်းတွေမှာ စွမ်းအားတွေများနေတာကြောင့်ဖြစ်မယ်လို့ထင်ပါတယ်။

Bhuj : The Pride Of India
အခုကျွန်တောပြောသွားတဲ့ ဇာတ်ကား တွေကို အမျိုးတွေကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်

ဘယ်ဇာတ်ကားက မိတ်ဆွေ အကြိုက်ဆုံးဖြစ်တယ်ဆိုတာကိုလည်း comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်

နောက်Video တွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ

ကြည့်ရှုပေးတဲ့အတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်

ရုပ်သံကိုကြည့်ရှု့ရန်



Previous Post Next Post