စနေသားသမီးများသည် ပင်ကိုဗီဇကောင်းတတ်ကြသည်။စိတ်ရင်းကောင်းပြီးလူတိုင်းကိုခင်ခင်မင်ပေါင်းသင်းဆက်ဆံတတ်သည်။တည်ကြည်ပြီးလူကြီးလူကောင်းဆန်သည်။အရာရာကိုစိတ်အေးလက်အေး စဉ်းစားလုပ်ကိုင်တတ်သည်။ပင်ကိုယ်ဗီဇကောင်းသော်လည်း ပတ်ဝန်းကျင်အခြေအနေမကောင်း၍ မိမိမှာမကောင်းဖြစ်တတ်သည်။ဗဟုသုတစုံလင်တတ်ပြီးဘက်စုံရသူတစ်ဦးဖြစ်သောကြောင့် ကြီးသူကဖြစ်စေ ငယ်သူကဖြစ်စေ လေးစားတတ်ကြသည်။

သူတစ်ဖက်သားကိုလိုက်လျောကြင်နာမှု့လွန်ကဲမည်။လူတိုင်းကိုစိတ်ချမ်းသာအောင်ထားလိုမည်။ မိမိအပူကိုသူတစ်ပါးကိုမကူးစက်စေလိုပဲ မိမိတစ်ယောက်တည်းကြိတ်ခံစားမည်။ အလုပ်လုပ်လျှင် ခင်မင်ရင်းနှီးသူများနှင့်တိုင်တိုင်ပင်ပင်လုပ်လိုသည်။ ပညာရပ်တိုင်းလိုလိုကို စိတ်ဝင်စားတတ်သည်။သင်ကြားလိုသည်။သူများလုပ်ပြီး မဖြစ်ဖူးဆိုသည့် အလုပ်မျိုးကိုဖြစ်အောင်လုပ်ပြလိုစိတ်ရှိမည်။ ဘဝတွင်ထိပ်တန်းသို့ရောက်နိုင်မည့် အခွင့်အရေးမျိုးကိုမကြာခဏရရှိတတ်သော်လည်း မိမိကပိုင်ပိုင်နိုင်နိုင်အသုံမချနိုင်ပဲရှိမည်။ စိတ်ထဲတွင်လောဘကြီးသော်လည်း ရသမျှနှင့်တင်းတိမ်ရောင့်ရဲတတ်မည်။ လူအများကိုဆွဲဆောင်နိုင်စွမ်းရှိမည်။စကားကိုဘုဘောက်ပြောပစ်တတ်သည်။ရေပတ်မဝင်ပြောနိုင်စွမ်းရှိသည်။စေတနာကောင်းသောကြောင့်မကြာခဏဒုက္ခကြုံရမည်။လူအများကိုဆွဲဆောင်နိုင်စွမ်းရှိသောကြောင့် လူထုနှင့်စပ်ဆက်သော အလုပ်မျိုးကိုလုပ်ကိုင်သင့်သည်။ဇွဲရှိသည်။အလုပ်တစ်ခုကိုဖြစ်ဖြစ်အောင်လုပ်တတ်သည် ဆိုသော်လည်း တကယ်တမ်း ပင်ပန်းလာလျှင်ကျန်းမာရေးချို့ယွင်းတတ်သည်။မပင်ပန်းဘဲကြီးပွားမည့်ကံ့မျိုးပါသည်။ မည်သူ့ကိုမဆို သံယောဇဉ်ကြီးတတ်သည်။သူတစ်ပါးစကားနားထောင်ခြင်းထက် မိမိကသာပြောလိုသောသဘာဝရှိသည်။ တော်ရုံတန်ရုံနှင့်စိတ်မညစ်တတ်ပါ။စိတ်ညစ်မိလျှင်လည်းတော်တော်နှင့်မဖြေပျောက်နိုင်ဘဲရှိတတ်သည်။အရှက်အကြောက်ကြီးတတ်သည်။အမြှောက်အပင့်ကြိုက်တတ်သည်။ပွဲလန့်တုန်းဖျာခင်းဆိုသလို လုပ်ကိုင်တတ်ပြီး တစ်ခါတစ်ရံတစ်ကိုယ်ကောင်းဆန်းတတ်သည်။သို့သော် တစ်ဖက်သားနစ်နာအောင်မပြုလုပ်တတ်ပါ။ ပင်ကိုယ်ဗီဇမှာ နောက်တွန့်တတ်သော်လည်း လက်တွေ့အရေးနှင့်အကြောင်းနှင့်ကြုံလာလျှင် အစွမ်းအစများပေါ်ထွက်လာပြီး ဖြေရှင်းလုပ်ကိုင်တတ်သည်။

တနင်္လာ၊ အင်္ဂါ၊သောကြာနေ့သားသမီးများအကျိုးပေးမည်။ကျန်နေ့သားသမီးများက သင့်ကိုအထင်ကြီးချင်ယောင်ဆောင်ပြီး အခွင့်အရေးများရယူသွားကြပါလိမ့်မည်။

ပညာရေးနှင့်ပတ်သတ်လျှင်ပေါ့မည်။သို့သော်စာမေးပွဲကိုလွယ်လွယ်ကူကူအောင်မြင်ပါလိမ့်မည်။မှတ်ဉာဏ်အထူးကောင်းမွန်ပြီး အရိပ်ပြလျှင် အကောင်မြင်တတ်သူဖြစ်သည်။ပညာ‌ရေးကိုသိပ်စိတ်မဝင်စားဘဲစီးပွားရေးဘက်ကိုသာအလေးသူသူဖြစ်သည်။

အိမ်ထောင်ရေးကံကောင်းတတ်သည်။၂၉နှစ်ကျော်မှအိမ်ထောင်ပြုလျှင် မိမိထက်ငယ်ရွယ်သူနှင့်ပေါင်းဖက်ရပြီး ပိုမိုချမ်းမြေ့ရတတ်သည်။သားသမီးများကို စိတ်ပူနေတတ်မည်။ အားတော့မကိုးတတ်ပါ။အထင်အမြင်သေးပြီးတခါတရံလစ်လျူရှုတတ်သည်။ဘုရား၊တရား၊ ကံကိုအထူးယုံကြည်တတ်ပြီးလောကီပညာများကို လေ့လာလိုက်စားတတ်သည်။

ကျန်းမာရေးနှင့်ပတ်သတ်ပြီး အစာမကြေရောဂါ,လေနာရောဂါများရှိတတ်သည်။ သွေးလေမညီညွတ်ခြင်းဖြစ်တတ်သည်။

ကံဇာတာညံ့သောနှစ်များမှာ ၁၆,၁၇,၂၉မှ၃၂ ထိ ၃၆,၃၇,၄၀,၄၁,၄၈,၄၉ နှစ်များဖြစ်သည် အစစအရာရာ သတိထားပြီးလုပ်ကိုင်ဆောင်ရွက်ပါ။

 

မင်းဒေဝ - ဘဝတစ်သက်တာဟောကိန်းများ




Previous Post Next Post