သောကြာသားသမီးများသည် အရာရာတွင်လိုက်လျောပြီး လူအများ၏လေးစားမှု့ကိုရရှိအောင်ဖန်တီးနိုင်ကြသူများဖြစ်သည်။စိတ်သဘောထားမြင့်မြတ်ကြသည်။စကားကြွယ်ပြီး၊သူတစ်ပါးနှစ်လိုအောင် ပီယဝါစာပြောဆိုတတ်ကြသူများဖြစ်သည်။

ဘာသာတရားကိုင်းရှိုင်းတတ်ကြပြီး၊ပုတီးစိတ်ခြင်း၊တရားထိုင်ခြင်းတို့ကိုပြုလုပ်ဆောင်ရွက်လိုကြသည်။ထို့အပြင် ဘာသာရေးအယူလည်းသည်းတတ်ကြသည်။ကိုယ့်ထက်ပညာတတ်သူအဆင့်အတန်းမြင့်မားသူများကို အမြဲတမ်းအတုယူတတ်သည်။အမြဲတမ်းအတုယူတတ်သည်။အမြဲတမ်းလှုပ်ရှားသွက်လက်သောအမူအယာရှိနေတတ်သည်။မည်မျှဆိုးဝါးသောအခြေအနေမှာဖြစ်စေ စိတ်မပျက်တတ်မျက်နှာမပျက်တတ် တည်တည်ကြည်ကြည်နေတတ်မည်။ မိမိစိတ်ဓာတ်ကျမိလျှင်လည်း သူများထက်ပိုဆိုးသည်။ စိတ်ဆောင်သည့်အတိုင်းလိုက်ပါလုပ်ဆောင်တတ်မည်။အလုပ်တစ်ခုလုပ်လျှင် စိတ်တိုင်းကျစီစဉ်ဆောင်ရွက်လုပ်ကိုင်တတ်သည်။အလုပ်ကိုမစတင်ခင် သေသေချာချာစဉ်းစားမည်။အလုပ်လုပ်သောအချိန်ထက် စဉ်းစားသောအချိန်ကပိုများနေတတ်သည်။ တကယ်တမ်းလုပ်ကြည့်သောအခါ ထင်တာထက်ပိုပြီးလွယ်ကူနေသည်ကိုတွေ့ရတတ်သည်။လိုအပ်တာထက်ပိုပြီး စဉ်းစားတတ်သောကြောင့် ထင်သလောက်အကျိုးမခံစားတတ်ရတတ်ပါ။

မိမိကလည်း သူတစ်ပါးကိုမတရားမလုပ်တတ်သလို မိမိကိုမတရားလုပ်လာလျှင်လည်း အလွန်‌ဒေါသထွက်တတ်မည်။လူဖြောင့်စိတ်တိုဆိုတာမျိုးဖြစ်မည်။ပညာရပ်တစ်ခုကို စိတ်ဝင်စားမိလျှင် မတတ်တတ်အောင်လေ့လာလိုက်စာတတ်မည်။ မိမိ၏အပေါင်းအသင်းဆံ့မှု့ကြောင့် စီးပွါးရေးအလုပ်များတွင် မကြာခဏအကူအညီရမည်။ပျော်ပျော်နေတတ်ပြီး ပွဲလမ်းသဘင်ဝါသနာပါသည်။ခရီးနှင့်အကျိုးပေးမည်။ပညာတစ်ခုကိုလိုချင်၊တတ်ချင်မိပြီဆိုလျှင် အောက်ကျခံ၊အနစ်နာခံပြီး သင်ယူတတ်သည်။

လူအများက သင့်ကိုအမြဲတမ်းပျော်ရွှင်နေတတ်သူဟုထင်ရလောက်အောင်ပင်မျက်နှာမှာ အမြဲပြုံးချိုနေတတ်သည်။ဒုက္ခမဖြစ်ခင်ကတွေးကြောက်နေတတ်သော်လည်း တကယ့်လက်တွေ့တွင် ရဲရင့်စွာရင်ဆိုင်တက်သူဖြစ်သည်။ဆရာသမားကံပါတတ်သည်။သူတစ်ဖက်သားကိုသြဇာလွှမ်းမိုးနိုင်ကြသည်။

တနင်္ဂလာ၊ကြာသာပတေး၊တနင်္ဂနွေ သားသမီးများအကျိုးပေးမည်။

ဗုဒ္ဓဟူး၊အင်္ဂါ၊သောကြာ၊စနေ သားသမီးများကိုမိမိကအထင်ကြီးသလောက် ၄င်းတို့ကသင့်ကိုပြန်အကျိုးပေးမည်မဟုတ်။

စပ်စုတတ်သော၊အရာရာကိုစိတ်ဝင်တစားရှိသော အိမ်ထောင်ဖက်မျိုးနှင့်ရတတ်သည်။သင့်ကိုအထူးဂရုစိုက်မည်။သင်နှင့်စကားနိုင်လုရင်းမကြာခဏရန်ဖြစ်တတ်သည်။နောက်ဆုံးတော့သင့်ကိုအလျော့‌ပေးပါလိမ့်မည်။

ပညာရေးနှင့်ပတ်သတ်ပြီးသံယောဇဉ်ကြီးမည်။ပညာကိုကျိုးစားပမ်းစားသင်လျှင် အောင်မြင်နိုင်သောကံပါသည်။အသက် ၂၁ မှ ၂၄ အတွင်းပညာရေးညံတတ်သည်။ထိုနှစ်ပိုင်းအတွင်းအိမ်ထောင်ရေးကိုစိတ်ဝင်စားပြီးစိတ်လေနေမည်။

ကျန်းမာရေးနှင့်ပတ်သတ်ပြီးဂရုစိုက်မည်။မိမိကိုယ်ကာယလှပစေရန် အထူးပြုပြင်တတ်သည်။ရောဂါကြီးကြီးမားမားမရှိတတ်ပါ။နည်းနည်းဖြစ်လျှင်တောင်မှကြောက်လန့်တတ်သူမျိုးဖြစ်သည်။သွားနှင့်ပတ်သတ်သောရောဂါဝေဒနာ၊ရင်ကြပ်ရောဂါ၊လေနာရောဂါတို့ဖြစ်တတ်သည်။

အသက်၂၂ နှစ်အဝင်တွင်ကံညံ့တတ်သည်။၂၄,၂၇,၃၂,၃၃,၄၀,၄၂,၄၇ နှစ်များတွင်လည်းကံနိမ့်သဖြင့် သတိထားလုပ်ကိုင်ဆောင်ရွက်ပါ။

 

မင်းဒေဝ - ဘဝတစ်သက်တာဟောကိန်းများ



Previous Post Next Post