ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည်။ ဒီစာတန်းဟာ ဆေးလိပ်ဘူးတိုင်းရဲ့အပေါ်မှာ စိတ်မချမ်းသာဖွယ် ကင်ဆာဝေဒနာသည်တစ်ဦးပုံနဲ့ ယှဉ်တွဲပြီးမြင်နေကြဖြစ်ပါတယ်။ဆိုတော့ သတိပေထားတဲ့စာသားတွေဟာ တစ်ကယ်ရော ထိရောက်ပါရဲ့လား။ ခုမှဆေးလိပ်စသောက်မဲ့သူတွေအတွက်ရော  မသောက်မိတော့အောင် အမှန်တကယ်ရော တားဆီးပေးနိုင်ပါရဲ့လား။ ဆေးလိပ်ဖြတ်ချင်ရင် ပီကေဝါးရတယ် ဆိုတာရော တကယ်ဟုတ်လို့လား။ 

ဒီမေးခွန်းတွေရဲ့အဖြေကို ဆေးလိပ်ကိုစွဲလမ်းစွာသောက်တဲ့သူတစ်ယောက်အနေနဲ့ ဖြေပေးသွားမှာဖြစ်ပါတယ်။ ဒီအပိုင်းကိုမစခင် ကျွန်တော်တို့ ဆေးလိပ်ဘာလို့သောက်ကြသလဲ ဆိုတာကို အရင်အပိုင်းမှာတင်ပေးထားတာရှိပါတယ်။ အပေါ်ကစာသားအမည်းကို ထောက်ပြီး အရင်ဖတ်စေလိုပါတယ်။ ဒါမှသာလျှင် သင်ကိုယ်တိုင်(သို့) သင့်ချစ်သောလူသားတစ်ယောက် ဆေးလိပ်ဘာလို့စွဲနေသလဲဆိုတာကို အတိုင်းအတာတစ်ခုထိ သိရမှာဖြစ်ပါတယ်။

၁ပတ်အတွင်း ဆေးလိပ်ဘယ်လိုဖြတ်မလဲ

မေးခွန်းလေးတွေကို ဆက်သွားရအောင်ဗျာ - ပထမဆုံးအနေနဲ့ ဆေးလိပ်စွဲနေတဲ့သူတစ်ယောက်နေရာက ဖြေပေးခြင်ပါတယ်။ ဆေးလိပ်ဘူးမှာပါတဲ့စာသားကို ဥပမာတစ်ခုပေးကြည့်ပါမယ်။ သေနတ်အစစ်တစ်လက်ကို ဝယ်လိုက်ပြီဆိုပါစို့ဗျာ အဲသေနတ်အဖုံးပေါ်မှာ လူ(သို့)တိရိစ္ဆာန်ကို ပစ်ခတ်ပါက အသက်သေဆုံးနိုင်ပါသည်လို့ရေးထားမယ်ထင်ပါသလား။ ဆေးလိပ်စွဲနေတဲ့သူတစ်ယောက်အတွက်ကတော့ ဆေးလိပ်ကို ဘူးနဲ့ပါကင်မလုပ်ပဲ လူအရိုးခေါင်းအစစ်နဲ့ ပါကင်ထည့်ပေး ယခုအရိုးခေါင်းသည် ဆေးလိပ်သောက်ရင်းသေသွားသူ၏ အရိုးခေါင်းဖြစ်ပါသည် လို့စာသားထည့်ပေးရင်တောင် သောက်မှာပဲဖြစ်ပါတယ်။

ဒါဆို ဆေးလိပ်သောက်တဲ့သူတွေအကုန်ရူးသွားတာလား - ဟုတ်ပါတယ် အမှန်ကိုမြင်ရဲ့နဲ့ စွဲလမ်းရူးသွပ်ကုန်တာဖြစ်ပါတယ်။ အဖြေကို ရှာကြည့်ရအောင်ဗျာ အကြောင်းအရင်းကတော့ဆေးလိပ်ကြောင့်ရတဲ့ရောဂါတွေအားလုံးက ရောဂါလက္ခဏာတန်းမပြလို့ပဲဖြစ်ပါတယ်။ ဆေးလိပ်စမ်းသောက်တာကနေ အနည်းဆုံး လနဲ့ချီသောက်ကမှ နည်းနည်းမောလာတာတဲ့ အဆင့်ပဲရှိပါတယ် ။ နှုတ်ခမ်းတွေမဲလာလို့ စသတိထားမိတဲ့အချိန်ရောက်တော့ ဆေးလိပ်သောက်တာကစွဲနေပြီ ဖြတ်ရခက်တယ်ဆိုတာ အဲအချိန်မှသိတာပဲဖြစ်ပါတယ်။ 

၁ပတ်အတွင်း ဆေးလိပ်ဘယ်လိုဖြတ်မလဲ

မိဘတွေ၊ ဆရာသမားတွေ၊ကိုယ့်ကောင်မလေးစတဲ့ ပုဂ္ဂိုလ်တွေက သတိထားမိလာပြီ ။ အရင်လို ပူရှိန်းလေးဝါးလိုက်ရင် အနံကမပျောက်တော့ဘူး။ အနံကလက်ကြားတွေ ကိုယ်နံ့တွေပါစွဲတဲ့အဆင့်ရောက်ပါပြီ။ဒီအကြောင်းတွေက ဆေးလိပ်သောက်တဲ့သူတွေသိပြီးသားဆိုပေမယ့် ကိုယ့်မောင်နှမသားချင်း၊ ကိုယ့်ကောင်လေး ဆေးလိပ်သောက်တတ်တာကို သင်စသတိထားမိတဲ့အဆင့်ပဲဖြစ်ပါတယ်။ အဲအဆင့်မှာ သင်ဘာနဲ့ပဲခြိမ်းခြောက် သင့်ရှေ့မှာမသောက်တာပဲရှိမယ် ဖြတ်ရအခက်ဆုံးအဆင့်ဖြစ်ပါတယ်။ ဆိုတော့ ဆေးလိပ်ဘယ်လိုဖြတ်မလဲ?

ဆေးလိပ်ဖြတ်ရင် ပီကေဝါးရတယ်၊ ချိုချဉ်စားရတယ်ဆိုတဲ့ အတွေးအခေါ်တွေဟာ ဆေးလိပ်ကိုစွဲအောင်မသောက်ဘူးပဲဖြတ်ဖို့ပြောနေတဲ့သူတွေက အများဆုံးပြောလေ့ရှိတဲ့စကားပဲဖြစ်ပါတယ်။ ဒါဆို အဲအယူအဆကအမှားကြီးလား- အဖြေကဟုတ်ပါတယ် အဲလောက်လေးနဲ့မလုံလောက်ပါဘူး။ အခုကျွန်တော်ဆက်ပြောမယ့် နည်းလမ်းက ကျွန်တော်ကိုယ်တိုင်ဖြတ်ခဲ့တဲ့နည်းလမ်းကိုမျှဝေသွားမှာဖြစ်ပါတယ်။ 

အရေးအကြီးဆုံးက ဆေးလိပ်စွဲနေသူရဲ့ စိတ်ပဲဖြစ်ပါတယ်။ သူကိုယ်တိုင်ဆေးလိပ်မသောက်ချင်တော့ဘူး ဖြတ်ချင်နေပြီလို့ ခံယူချက်ရှိနေရပါမယ်။ အခြားလူတစ်ဦးတစ်ယောက်ဖြတ်စေချင်လို့ တွန်းအားပေးလို့မဖြစ်ရပါဘူး။ဒါမှ ရှေ့ဆက်ပြောပြမယ့်အကြောင်းအရာတွေကို လုပ်နိုင်မှာဖြစ်ပါတယ်။ 

သင်ဆေးလိပ်သောက်တဲ့အရေအတွက်နဲ့ အချိန်ကို လျော့ချပါ - အရင်က တစ်နေ့ဆေးလိပ်၁၀လိပ်သောက်တယ်ဆိုပါဆို့။စဖြတ်မဲ့နေမှာ ထက်ဝက် ၅လိပ်ပဲသောက်ပါ။ စီးကရက်ဘူးဆိုရင်လည်း ၅လိပ်ပဲထည့်ထားပါ။ကျန်တာအကုန်သိမ်းထားပါ။ ဆေးလိပ်သောက်တဲ့အချိန် ဘာမှမလုပ်ပါနဲ့ ဂိမ်းလည်းမဆော့ပါနဲ့ ဆေးလိပ်တစ်မျိုးထဲကိုသာ အာရုံစိုက်ပြီး ငါနောက်ဆုံးသောက်ရမယ့်အလိပ်လိုသဘောထားပါ။ ဒီနေရာမှာအရေးကြီးတာက ထမင်းစားပြီးအချိန် အိပ်ရာနိုးခါစအချိန်တွေမှာ ဆေးလိပ်လုံးဝမသောက်ဖြစ်အောင်လုပ်ပါ။ အဲအချိန်တွေက ဖြတ်ရတအားခက်ပါတယ်။ အကယ်၍ မနေနိုင်ဘူးဆိုရင် ထမင်းမစားခင် သောက်ပါ။ အိပ်ရာထပြီး တစ်နာရီလောက်ကြာမှသောက်ပါ။ ၃ရက်လောက်လေ့ကျင့်ပြီးရင် ဆေးလိပ်အရေအတွက်ကိုထပ်လျော့ပါ။

၁ပတ်အတွင်း ဆေးလိပ်ဘယ်လိုဖြတ်မလဲ

သင့်ပတ်ဝန်းကျင်ကိုပြောင်းလဲပါ - ကျွန်တော့တို့မြန်မာ့လူမှု့အသိုင်းအဝိုင်းမှာ မိဘအများစုဟာဆေးလိပ်သောက်တာကို ပြင်းထန်စွာ ရှုံချပါတယ်။ ထို့အတူ ကျွန်တော်တို့ကလည်း မိဘတွေရှေ့မှာဆေးလိပ် မသောက်ကြပါဘူး ။ဆယ်ကျော်သက် မိဘနဲ့နီးတဲ့လူငယ်တစ်ယောက်အနေနဲ့ မိဘ(သို့) ကိုယ်ဆေးလိပ်သောက်တာမကြိုက်တဲ့သူနဲ့အချိန်ပေးပြီးနေပါ ။ သူတို့အလုပ်ကိုဝင်လုပ်ပါ။ လုပ်ငန်းခွင်ကလူတစ်ယောက်အနေနဲ့ကတော့ သင့်ဆေးလိပ်သောက်ဖော်တွေနဲ့မတွေ့အောင်ရှောင်ပါ။ ဂိမ်းစုဆော့တာမျိုးမလုပ်ဘဲ ကိုယ့်အခန်းမှာပဲဆော့ပါ။ ၃ရက်လောက်မတွေ့အောင်ရှောင်တာနဲ့ သင်ဆေးလိပ်သောက်တာ သိသာစွာနည်းသွားပါလိမ့်မယ်။

အမြစ်ဖြတ်ခြင်း - နောက်ဆုံးအဆင့် အခက်ခဲဆုံးအပိုင်း /သင်ဆေးလိပ်တစ်နေ့ကို တစ်လိပ်ပဲသောက်တဲ့အချိန်- တစ်နေ့ကိုတစ်ဝက်ပဲသောက်အောင်လေ့ကျင်ပါ။ တစ်ရက်ပဲနေနိုင်ရင်ကိုရပါပြီ။ အချိုဓာတ်များတဲ့ဖျော်ရည်များများသောက်ပါ။ ဆေးလိပ်စွဲတဲ့သူအများစုဟာ ရေသောက်နည်းပါတယ်။ ရေများများသောက်ပါ။ နောက်နေ့ကစပြီး ပီကေဝါးပါ အချိုဓာတ်ကုန်သွားလည်းဆက်ဝါးပါ ။ ဒီနေရာရဲ့ အရေးကြီးဆုံးအပိုင်းက ဆေးလိပ်ဖြတ်ချင်ရင် ကွမ်းဝါးပါဆိုတဲ့အတွေးအခေါ်ပါ။ လုံးဝမှားယွင်းတဲ့အယူအဆပဲဖြစ်ပါတယ်- ဆေးလိပ်လည်းမပြတ်သလို ကွမ်းပါစွဲသွားပါမယ်။ ဒီနည်းအတိုင်းလုပ်ရင် သေချာပေါက် ၁ပတ်အတွင်းပြတ်မှာဖြစ်ပါတယ်။ ကျွန်တော်ဘာလို့ရက်တွေ အတိအကျမပြောသလဲဆိုတော့ လူတိုင်းသောက်တဲ့ပမာဏမတူလို့ဖြစ်ပါတယ်။ ဆေးလိပ်တစ်နေ့တစ်ဘူး သောက်တဲ့ကျွန်တော် ၈ရက်မြောက်နေ့မှာ လုံးဝပြတ်သွားပါတယ်။ ကျွန်တော့ထက် Skill ကြမ်းတဲ့သူတွေ ၊ သောက်တာသက်တမ်းနှစ်ချို့တဲ့ ရဲဘော်များကတော့ အချိန်ပိုယူလိုက်ပါ။

၁ပတ်အတွင်း ဆေးလိပ်ဘယ်လိုဖြတ်မလဲ

အဆိုးဆုံးဆေးလိပ်ဖြတ်နည်း - ၁ရက်အတွင်းပြတ်နည်း

ဤနည်းလမ်းဟာ အန္တရယ်အများဆုံးနဲ့ အမှားနိုင်ဆုံးဖြစ်တဲ့အတွက်မလုပ်ဖို့အကြံပေးလိုပါတယ်။ နောက်ပြီး ဒီနည်းလမ်းဟာ ကွမ်းတစ်ခါမှမစားဖူးတဲ့သူအတွက်သာ အသုံးတည့်မှာဖြစ်ပါတယ်။ ကွမ်းစဝါးတဲ့သူက ကွမ်းကိုလုံးဝမကြိုက်ပါဘူး အထူးသဖြင့် ကွမ်းရွက်ကရတဲ့အနံနဲ့ ထည့်ထားတဲ့ဆေးတွေကြောင့်ဖြစ်ပါတယ်။ ဆေးလိပ်စွဲပြီး ကွမ်းလုံးဝမကြိုက်တဲ့သူအတွက်ကတော့ ကိုယ်လုံးဝမကြိုက်တဲ့ ဆေး(သို့မဟုတ်) အပြင်းစားဆေးနဲ့ ကွမ်းယာတစ်ထောင်ဖိုးဝယ်လိုက်ပါ။ ဆေးလိပ်သောက်ချင်တိုင်းကွမ်းယာဝါးပါ မပြတ်ဝါးပါ။ သေချာပေါက် သင်ကွမ်းမူးပါလိမ့်မယ်။ အရက်မူးတာလောက်မပြောနဲ့ ကွမ်းမူးတာခံရအဆိုးဆုံးပဲဖြစ်ပါတယ်။ဘာလုပ်လုပ်မပြေပါဘူး။ ဆိုလိုတာကတော့ သင်တစ်နေ့လုံးကွမ်းမူးပြီး အိပ်ရာထဲကထနိုင်မှာမဟုတ်ပါဘူး။ နောက်နေ့ သင်ကွမ်းနံလည်းမခံနိုင်သလို ဆေးလိပ်လည်းမသောက်ချင်တော့ပါဘူး။ တစ်ခါတည်းပြတ်သွားမှာဖြစ်ပါတယ်။ ထပ်ပြောပါမယ် ဒီနည်းလမ်းဟာ ကွမ်းစွဲသွားဖို့နည်းစပ်တဲ့အတွက် ကိုယ်မကြိုက်ဆုံးနဲ့အပြင်းဆုံးဆေးနဲ့ဝါးရမှာဖြစ်ပါတယ်။ 


အားလုံး ကျန်းမာကြပါစေ. .

YHNL ( ရန်ထီးနေလ)


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post