ယနေ့ခေတ်လူ့ပတ်ဝန်ကျင်က  ယောက်ျားသား၁၀ယောက်ကို ကြည့်လိုက်မယ်ဆိုရင် ဆေးလိပ်သောက်တဲ့လူ အနည်းဆုံး ၁ယောက်ပါတယ်ဆိုတာကို ချွင်းချက်မရှိလက်ခံရတော့မှာဖြစ်ပါတယ်။ လူစုလူဝေးတွေ၊ အခမ်းအနားတွေ၊ အထူးသဖြင့် Bus ကားမှတ်တိုင်တွေမှာ အမြဲတမ်းဆိုသလိုတွေ့ရမဲ့ လူတန်းစားတစ်ရပ်ပဲဖြစ်ပါတယ်။ ဆေးလိပ်သောက်တာက ပတ်ဝန်ကျင်အသိုင်းအဝိုင်းကလူတွေ မကြိုက်ကြဘူး၊ ဆေးလိပ်သောက်တာ မိမိကျန်းမာရေးရော တစ်ပါးသူကိုရော ဆိုးရွားစွာထိခိုက်စေနိုင်တယ်။ ဒါတွေကို ဆေးလိပ်သောက်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့သိတယ်။ အဲဒါဆို ဘာကောင်းကျိုးမှမရှိတဲ့ ဆေးလိပ်ကို ဘာလို့ဆက်သောက်နေတာလဲ? ။ အဖြေက မသောက်ရမနေနိုင်လို့ပါဗျာ

ကျွန်တော်ရှေ့ဆက်ပြောမယ့် အကြောင်းတွေက ကျွန်တော် ဘာလို့ဆေးလိပ်သောက်တာလဲဆိုတဲ့အကြောင်း ကျွန်တော့အမြင်ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးရှု့ထောင်တွေ လူမှု့ရေးရှု့ထောင့်တွေနဲ့ လုံးဝမကိုက်ညီနိုင်တဲ့ အချက်တွေဖြစ်တယ်ဆိုတာ အရင်ပြောလိုပါတယ်။ 

ကျွန်တော်တို့ ဆေးလိပ်ဘာလို့သောက်ကြတာလဲ

ဆေးလိပ်တစ်နေ့ကို ဘယ်နှစ်လိပ်သောက်လဲ
- ကျွန်တော်တစ်နေ့ကို စီးကရက်တစ်ဘူးကုန်ပါတယ်။ ဘယ်သူကိုတိုက်တာမှမပါဘူး ကျွန်တော်တစ်ယောက်ထဲသောက်တာပါ။ ကျွန်တော်အကြိုက်ဆုံးတံဆိပ်ကတော့ MEVIUS Original Blue , သူ့အရသာကမိုက်တယ် သောက်ရင်စတိုင်ကျတယ်လို့ ခံစားရလို့လဲပါပါတယ်။ ကျွန်တော့ဆေးလိပ်ကောင်းကောင်းသောက်တတ်တဲ့ အချိန်ကစပြီးတော့ စည်းကမ်း၂ခုချထားပါတယ်။ ကတော့သူများသောက်ပြီးသားဆေးလိပ်ဆိုရင်ဘယ်တော့မှ မသောက်ဘူး၊ က ဖက်ကြမ်းလုံးဝမသောက်ဘူးပဲဖြစ်ပါတယ်။ ရီစရာအနေနဲ့ပြောရရင် အဲစည်းကမ်း၂ခုဟာ ၂လပဲခံလိုက်ပါတယ်။ 

ပထမဆုံး ထုတ်ပယ်လိုက်တဲ့အချက်ကတော့ ဖက်ကြမ်းမသောက်ဘူးဆိုတဲ့အချက်ပါ။ ညပိုင်းတစ်ခုဗျ မိုးကရွာနေတော့ အပြင်လဲထွက်မဝယ်ချင်ဘူး ၊ အဆောင်ကသူငယ်ချင်းတွေကြည့်လိုက်တော့ လစာမထုတ်ရသေးဘူး စီးကရက်မကပ်နိုင်ဘူး အကုန်လုံးလက်ထဲမှာ ဖက်ကြမ်းတွေနဲ့ ဒါတောင် ဖက်ကြမ်းအစီးလိုက်ဝယ်ထားတဲ့ကောင်ဆီက ကပ်သောက်နေကြတာ ကျွန်တော်ကလည်းတော်တော်ဖြစ်နေပြီ ။ ဆိုတော့ သွားတောင်းသောက်တယ်ပေါ့ဗျာ နည်းနည်းတော့ပြောခံလိုက်ရတာပေါ့ ကိုယ်ကအရင်ကချေချေပဲ စီးကရက်ပဲသောက်မယ် သေတောင်ဖက်ကြမ်းမသောက်ဘူးလို့ ကြွေးကျော်ထားတာကိုးဗျ။ ဒါနဲ့ဖက်ကြမ်းထဲမှာတော့ တော်ဝင်နဲ့ စောင်းကောက်ကိုတော့ အကြိုက်ဆုံးပေါ့ဗျာ။ နောက်ဘယ်လောက်ထိအခြေအနေဆိုးသွားလဲဆိုတော့ ဖက်ကြမ်းတောင်နပ်မမှန်တော့ဘူး ဂိမ်းဆော့ရင်းနဲ့ ဘေးနားကသောက်တဲ့ကောင်ဆီက တောင်းသောက်တတ်တာလာတယ်။ ဆိုတော့ သံမဏိစည်းကမ်းနှစ်ခုလုံး ကျိုးကုန်တယ်ပေါ့ဗျာ

ကျွန်တော်တို့ ဆေးလိပ်ဘာလို့သောက်ကြတာလဲ

ဘယ်အရွယ်ကစသောက်တတ်တာလဲ - ငယ်ငယ်ကတည်က မိဘကစည်းကမ်းတင်းကြပ်တော့ ဆေးလိပ်သောက်ဖို့နေနေသာသာ အိမ်ထဲကအိမ်ပြင်တောင်မထွက်ရဲဘူး။ ၁၀ တန်းအောင်တယ် တက္ကသိုလ်တက်တယ် ၊ ဘွဲ့ရတဲ့အထိဆေးလိပ်သောက်ဖို့နေနေသာသာ ဆေးလိပ်ငွေ့တောင်မခံနိုင်ဘူး။ ဆေးလိပ်သောက်နေတဲ့ကောင်နားဖြတ်သွားရင် အသက်အောင့်ထားရတာအမော။ ဘွဲရ ရန်ကုန်လာအလုပ်လုပ် အဆောင်မှာနေ အဲမှာအပေါင်းအသင်းစုံသွားတယ် မိဘကလည်း ဖုန်းနဲ့ပြောရုံဆိုတော့ အားလုံးလွတ်လပ်သွားတယ်။ 

အဲမှာပြသနာကစတာပဲ သူငယ်ချင်းတွေနဲ့ Dota ခုတ်တယ် Mobile Legend ဆော့တယ် PUBG ပစ်တယ် ။ နောက်ပိုင်းသတိထားမိတဲ့ အချက်တစ်ချက်ကတော့ အာရုံစိုက်ပြီး စိတ်ပါလက်ပါဆော့ရတဲ့ ဂိမ်းကို စွဲလမ်းတဲ့သူတွေအများစုက ဆေးလိပ်သောက်တတ်တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ နောက်တော့ ဂိမ်းစုဆော့ရင်း ကျွန်တော်ဆေးလိပ်နံမခံနိုင်တာကစပြီး ဆေးလိပ်စမ်းသောက်ဖို့ဖြစ်လာတယ်။ဆေးလိပ်မသောက်တတ်ခင်အချိန်မှာ ဆေးလိပ်တိုက်မယ့်သူ့တွေက တန်းစီနေတာပဲ တကယ်လည်းသောက်တတ်ရော စောဏကမိတ်တွေကြီးများ ဘယ်ရောက်ကုန်တယ်မသိဘူးဗျာ

ဒီနေရာမှာကျွန်တော်ဆေးလိပ်သောက်တတ်တဲ့အဓိကအချက်ကတော့ မိဘအုပ်ထိန်းမှု့လွတ်သွားတာရယ်၊ လူငယ်တွေပြောကြတဲ့ လွတ်လပ်မှု့ဆိုတာကြီးရယ်၊ ဂိမ်းကိုအရမ်းစွဲလမ်းတယ်ဆိုတဲ့ အချက်တွေက အခြေခံအကျဆုံးဖြစ်ပါတယ်။

ကျွန်တော်တို့ ဆေးလိပ်ဘာလို့သောက်ကြတာလဲ

ယောက်ျားလေးတစ်ယောက်ဆေးလိပ်မသောက်ဘူးဆိုတာက တော်တော်ခမ်းနားတဲ့ရှာဖွေတွေ့မှု့ကြီးတစ်ခုဖြစ်ပါတယ်။ သေချာလေ့လာကြည့်ရအောင်ဗျာ လက်ဖက်ရည်ဆိုင်ထိုင်မယ် ကိုယ်ကဘာမှမမှာခင် Ruby ၂လိပ်က ခုံပေါ်ကဘူးထဲမှာထည့်ပြီးသား။ လမ်းဘေးကမုန့်ဆိုင်မှာ မုန့်ဝယ်မယ် ၁၀၀ လောက်ပိုတာနဲ့ ဆေးလိပ်ကတန်းအမ်းပြီးသား။ သူငယ်ချင်းတွေစုံတယ် ဆေးလိပ်ဘူးချပြီး သောက်တဲ့ကောင်ကပါပြီးသား။ ယောက်ျားလေးတွေဆိုတော့ အက်ရှင်ကားကြည့်မယ် စောက်ရမ်းမိုက်တဲ့ဘဲကြီးက အထာကျကျသောက်ပြတဲ့အခန်းတွေ ပါပြီးသား။ ဆိုတော့ ကျွန်တော်တို့ထိတွေ့တဲ့အရာတိုင်းနီးပါးမှာ ဆေးလိပ်နဲ့ကင်းတာရှားပါတယ် ။ 

ယောက်ျားလေးတွေ ဘယ်တော့မှဖွင့်မပြောတဲ့ အမှန်တရားတစ်ခုကို ကျွန်တော်ပြောပြပါ့မယ်။ ဆယ်ကျော်သက်အရွယ်မှာ အပြင်မှာပဲဖြစ်ဖြစ် ရုပ်ရှင်ထဲမှာပဲဖြစ်ဖြစ် ခပ်လန်းလန်းဘဲကြီးတစ်ယောက် ဆေးလိပ်သောက်ပြရင် စောက်ရမ်းမိုက်တယ် စော်ကြည်တယ်ဆိုတဲ့ ခံစားရတာဖြစ်ပါတယ်။ဒီလိုအတွေးမှားတွေက သတိမထားမိတဲ့အချိန်မှာပဲ ကျွန်တော်တို့ မှတ်ဉာဏ်ထဲမှာစွဲထင်နေတာပဲဖြစ်ပါတယ်။

ဆေးလိပ်သောက်လို့ရတဲ့ဆိုးကျိုးတွေကတော့ အားလုံးအသိပဲဆိုတော့ ကျွန်တော်ထွေထွေထူးထူးမပြောတော့ပါဘူး။

ကျွန်တော်တို့ ဆေးလိပ်ဘာလို့သောက်ကြတာလဲ

ဒီနေ့ကစပြီး လမ်းမှာ ဆေးလိပ်ကို အထာကျကျသောက်နေတဲ့ ငမိုက်သားတစ်ယောက်ကိုတွေ့ရင် ပြုံးပြလိုက်ပါဗျာ။ အဲအချိန်တုန်းက ကျွန်တော်လည်း စောက်ရမ်းမိုက်လို့ လူတွေကြည့်နေကြတယ်လို့ထင်နေခဲ့တာဖြစ်ပါတယ်။

ဘယ်လောက်ပဲသတိပေးပေး မှားတဲ့အရာမှန်းသိသိ ထို့ကြောင့်ကျွန်တော်တို့ ဆေးလိပ်သောက်ကြပါသည်။

ကျွန်တော်ဒီအပိုင်းမှာ နည်းနည်းရှည်သွားတဲ့အတွက် ဆေးလိပ်ဘယ်လိုဖြတ်မလဲဆိုတာကို နောက်အပိုင်းမှာတင်ပေးသွားမယ်

၁ပတ်အတွင်း ဆေးလိပ်ဖြတ်နည်း

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

YHNL( ရန်ထီးနေလ)


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post