တင့်ကားတိုက်ပွဲများ
ဂျာမန်တို့၏ တိုဘရွတ်ခ် ထိုးစစ်မှာ အောင်မြင်မှု့ မရရှိဘဲ ခံစစ်အဆင့်တွင်သာရပ်တန့်ခဲ့ရသည်။ မေလကုန်တွင် အာချီဘောဝေဗဲလ်၏ ဗြိတိသျှတပ်များသည် ဂျာမန်တို့ကို ပြန်လည်တိုက်စစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့။ ဇွန်လလည်တွင် စစ်ပုဆိန် အမည်ဝှက်ဖြင့် ပိုမိုအင်အားကောင်းသော ထိုးစစ်ကိုဆင်ပြန်သည်။ ထို့ကြောင့် ကာပူဇို နှင့် ဆီဒီအိုမာ ဝန်းကျင်တွင် တင့်ကားတိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။ ဂျာမန်တို့သည် ထိုတိုက်ပွဲတွင် အထိနာခဲ့ပြီး တင့်ကားအများအပြားဆုံးရှုံးခဲ့သည်။ သို့သော် ရွန်းမဲလ်၏ခေါင်းဆောင်မှု့အောက်တွင် အမှတ်၇ သံချပ်ကာတပ်မဖြင့် ဆက်လက်တိုက်ပွဲဝင်ခဲ့ရာ အောင်မြင်မှု့ရခဲ့သည်။ ဆီဒီအိုမာတောင်ပိုင်းတွင် ဗြိတိသျှတင့်ကားများသည် ဂျာမန်တို့၏ ၈၈မီလီမီတာ အမြောက်ဒဏ်ကို မခံနိုင်ဘဲ အဆုံးအရှုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ရသည်။
ဂျာမန်ပန့်ဇာတင့်ကား |
ထိုတိုက်ပွဲတွင် တင့်ကားစီးရေပိုများသောဗြိတိသျှတို့ကို ဂျာမန်တို့က အနိုင်တိုက်ခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှတို့သည် တင့်ကား၇၅၆စီး အသုံးပြုခဲ့ပြီး တင့်ကားများစွာအရန်ထားရှိသည်။ဂျာမန်နှင့် အီတလီတို့တွင် တင့်ကားစုစုပေါင်း၅၆၉စီးသာရှိသည်။ဂျာမန်တို့က တင့်ကား၏သံချပ်ကာထူထဲမှု့နှင့် ပစ်အားကောင်းမှု့တို့ကို အဓိကထားအနိုင်ယူတိုက်ခိုက်သွားခြင်းဖြစ်သည်။
ရွန်းမဲလ်သည် ထိုတိုက်ပွဲတွင် သူ၏သဲကန္တာရ ကျွမ်းကျင်မှု့ကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။ တပ်မှူးတစ်ယောက် အနေနဲ့ ရန်သူ၏အမှားကိုအခွင့်ကောင်းယူကာ မိမိ၏အမှားကိုပြင်ဆင်နိုင်ခဲ့သည်။ထို့ကြောင့် ရွန်းမဲလ် သည် ဗြိတိသျှတင့်ကားများနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အတွေ့အကြုံအများဆုံးနှင့် အရက်စက်ဆုံးစစ်ဗျူဟာများခင်းကျင်းသော ဂျာမန်ပန့်ဇာတပ်မှူးဖြစ်လာခဲ့သည်။
တပ်မှူးပြောင်းလဲခြင်း
ဒုတိယကမ္ဘာစစ်နှင့် သဲကန္တာရတိုက်ပွဲများ |
ဗြိတိသျှတို့၏တန်ပြန်ထိုးစစ်
ဒုတိယကမ္ဘာစစ်နှင့် သဲကန္တာရတိုက်ပွဲများ |
တင့်ကားပေါင်း၁၀၀၀ကျော်သည် လေတပ်၏အနီးကပ်ပစ်ကူပေးမှု့နှင့် အမြောက်တပ်၏ပစ်အားကို အကူအညီရယူကာ တဟုန်ထိုးတိုက်ပွဲဝင်ခဲ့ကြသည်။ ဗြိတိသျှဘက်မှ မာတီလ်ဒါနှင့် ဗလ်လင်တင်း အမျိုးအစားအကြီးစားတင့်ကားမျာကို အသုံးပြုခဲ့ကြသည်။ဗြိတိသျှတင့်ကားများမှာ ဂျာမန်မာခ်၃ တင့်ကားမျာထက်ခံနိုင်ရည်သာလွန်ကာသည်။ နိုဝင်ဘာ၁၉တွင် ဗြိတိသျှတပ်များ တိုဘရွတ်ခ် အရှေ့တောင်ဘက်ရှိ ဆီဒီရဇက်ကို သိမ်းပိုက်နိုင်ခဲ့သည်။