မြောက်အာဖရိက စစ်မျက်နှာ

၁၉၄၁ နှစ်ကုန်ပိုင်းတွင် မြောက်အာဖရိကစစ်မျက်နှာမှ ဂျာမန်စစ်ဆင်ရေးများ၏အဓိကပြဿနာမှာ ထောက်ပံ့ရေးပြဿနာဖြစ်ပြီး ဝင်ရိုးတန်နိုင်ငံမျာ၏ စစ်ဆင်ရေများကို တစ်လပြီးတလ ရွေ့ဆိုင်းခဲ့ရသည်။

ထိုအချိန်တွင် ရွန်းမဲလ်သည် ရနိုင်သမျှသော သံချပ်ကာကားများကိုစုစည်းပြီ စစ်ပွဲအတွက်ပြင်ဆင်မှု့များပြုလုပ်နေခဲ့သည်။ ဗြိတိသျှတို့ဘက်မှလည်း တန်ပြန်ထိုးစစ်များဆင်လာမည်ကိုလည်း ဂျာမန်များအသင့်အနေအထားဖြင့်စောင့်ဆိုင်းနေကြသည်။ ဂျာမန်ရှေ့တန်းစစ်မျက်နှာမှာ ဆိုလမ် မှ ဆီဒီအိုမာအထိ ၂၅ မိုင် ကျယ်ပြန့်သည်။မိုင်းကွင်းများထူထပ်စွာချထာပြီး ၈၈မီလီမီတာ တင့်ကားပစ်အမြောက်များဖြင့် စောင့်ကြပ်လျက်ရှိသည်။

ဒုတိယကမ္ဘာစစ်နှင့် သဲကန္တာရတိုက်ပွဲများ
ရွန်းမဲလ်သည် အမှတ်၂၁ ပန့်ဇာတပ်မဖြင့် တိုဘရွတ်ကို တိုက်ခိုက်၍ မရကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် ထိုတပ်မကို တောင်ဘက်သို့ရွေ့ပြောင်းပြီး ဗြိတိသျှတပ်များကို စောင့်ကြည့်နေစေခဲ့သည်။ အစီအစဉ်အရ အမှတ်၁၅ ပန့်ဇာတပ်မနှင့် အသစ်ဖွဲ့စည်းထားသော အာဖရိကတပ်မကြီးတို့က တိုဘရွတ်ကိုတိုက်ခိုက်မည်ဖြစ်သည်။ ဂျာမန်ထောက်လှမ်းရေးတပ်ဖွဲ့ များက ဘာအဲလ်ဂူဘီ နှင့် ဆီဒီအိုမာကြားတွင် တပ်စွဲ၍ ရန်သူ့သတင်းများထောက်လှမ်းရန်ဖြစ်သည်။

ထိုးစစ်အနေအထား

နိုဝင်ဘာ၁၆ တွင် ရွန်းမဲလ်၏ အမှတ်၁၅ပန့်ဇာတပ်မသည် တိုဘရွတ်အရှေ့တောင်ပိုင်းတွင် စတင်လှုပ်ရှာခဲ့သည်။ အာဖရိကတပ်မကြီးသည်လည်း ခံတပ်ကိုထိုးစစ်ဆင်ရန် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေခဲ့သော်လည်း ထိုနေ့တစ်နေ့လုံး လေမုန်တိုင်းများတိုက်ခတ်ပြီး မိုးများရွာသွန်းခဲ့သဖြင့် တံတားများမျောပါကာ လေယာဉ်ကွင်းပြေးလမ်းများ ရေလွှမ်းမိုးလျှက်ရှိသည်။

ရွန်းမဲလ်သည် ရာသီဥတုအခြေအနေဆိုးရွားနေသည့်ကြားက တိုဘရွတ်ကိုထိုးစစ်ဆင်ရန် လိုအပ်သောပြင်ဆင်မှု့မျာဆက်လက်ဆောင်ရွက်နေခဲ့သည်။ နိုဝင်ဘာ ၁၉ တွင် အာဖရိက တပ်မမှူးက ကင်းထောက်တပ်များ ဗြိတိသျှတင့်ကားတပ်များ၏ တိုက်ခိုက်ခြင်ခံခဲ့ရကြောင်း သတင်းပို့ခဲ့သည်။ အမှတ် ၂၁ ပန့်ဇာတင့်ကားတပ်မကို ရှေ့သို့ဆက်လက်ချီတက်စေပြီး ညနေပိုင်းတွင် အမှတ် ၁၅ ပန့်ဇာတပ်မကို ဂမ်ဘတ် တောင်ပိုင်းဒေသတွင် ပြန်လည်စုစည်းစေခဲ့သည်။

ထိုအချိန်တွင် ဗြိတိသျှသံချပ်ကာတပ်၁တပ်သည် ရှေ့တန်းစစ်မျက်နှာများကိုကျော်လွန်ကာ မြောက်ဘက်သို့ချီတက်သွားကြောင်းသတင်းရရှိခဲ့ပြီး အခြားဗြိတိသျှတပ်များမှာ ဂျာမန်ရှေ့တန်စစ်ကြောင်းများနှင့် ထိပ်တိုက်အနေအထားတွင် ရှိနေကြသည်။
ဂျာမန် ပန့်ဇာတင့်ကားများ

အမှတ်၂၁ ပန့်ဇာတပ်မ

အမှတ်၂၁ ပန့်ဇာတပ်မကို အမှတ်၅ ပန့်ဇာတပ်ရင်းကြီးပါဝင်သောတိုက်ခိုက်ရေးတပ်ဖွဲ့ပူးပေါင်းပြီး အသင့်ပြင်ဆင်နေခဲ့သည်။ အမှတ်၅ ပန့်ဇာတပ်ရင်းကြီးကို အမြောက်ကြီး ၁၂လက်နှင့် ၈၈မီလီမီတာ အမြောက်၄ လက် ထည့်သွင်းအားဖြည့်ထားသည်။ ထိုတပ်ဖွဲ့သည် ဗြိတိသျှတပ်များနှင့်ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကာ ဂျာမန်တို့ဘက်မှ မာခ်၂, ၃ အမျိုးအစားတင့်ကား ၂စီးသာဆုံးရှုံးခဲ့ပြီး ဗြိတိသျှတို့ဘက်မှ တင့်ကား၂၃ စီးပျက်စီးခဲ့သည်။

ရွန်းမဲလ်သည် နိုဝင်ဘာ၂၀ တွင် အမှတ် ၂၁ ပန့်ဇာတပ်မကို ဆီဒရဇတ်သို့ ချီတက်ရန် အမိန့်ပေးခဲ့သည်။ တိုဘရွတ်အနီးဝန်းကျင်ရှိ မဟာမိတ်တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းရန်ဖြစ်သည်။

ကန္တာရမြေခွေး ရွန်းမဲလ် နှင့် အမှတ် ၂၁ ပန့်ဇာတပ်ရင်း

စစ်ဆင်ရေး အခြေအနေမှာအလွန်ခက်ခဲသဖြင့်အာဖရိကတပ်မကြီးက ၈၈မီလီမီတာ တင့်ကားပစ်အမြောက်များဖြင့် နောက်တန်းက ပစ်ကူပေးထားသည်။ ထို့ကြောင့်မြောက်ဘက်သို့ဦးတည်ထိုးဖောက်လာသော ဗြိတိသျှတပ်များ အဆုံးအရှုံးများပြားခဲ့သည်။မွန်းတည့်ချိန်တွင် ဗြိတိသျှတပ်မဟာ၂ခုလုံး တင့်ကားများဆီဖြည့် တိုက်ပွဲနားနေချိန် ဂျာမန်အမှတ် ၁၅ နှင့် အမှတ်၂၁ ပန့်ဇာတပ်များက  အမြောက်တပ်များအကူအညီဖြင့်  ဝင်ရောက်တိုက်ခိုက်ကာ ဆီဒရဇတ်သို့ တဟုန်ထိုး ချီတက်နိုင်ခဲ့ကြသည်။ထို့ကြောင့် ဗြိတိသျှတပ်များ ပြိုကွဲကုန်ပြီး အမှတ် ၇သံချပ်ကာတပ်မမှ တင့်ကားများ အဆုံးအရှုံးများပြားခဲ့သည်။ ဂျာမန်တို့၏ပန့်ဇာတပ်မနှစ်ခုမှာ ဆီဒရဇတ် လေယာဉ်ကွင်းကို အပေါ်စီးမှမြင်ရသော ကုန်းမြင့်ပေါ်တွင် အောင်မြင်စွာ တပ်စွဲထားနိုင်ခဲ့သည်။

YHNL ( ရန်ထီးနေလ ) - နိုင်ငံတကာရေးရာ
 


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။
Previous Post Next Post