တန်ပြန်ထိုးစစ်

နိုဝင်ဘာ၂၁ မဟာမိတ်တပ်များ ဆီဒီရဇတ် လေယာဉ်ကွင်းကို ပြန်လည်ရရှိရေး အရှေ့တောင်ဘက်မှ ထိုးစစ်စတင်။ အမြောက်တပ်၏ ပစ်အားအကူအညီယူ၍ တန်ပြန်ထိုးစစ်ဆင်ခြင်းဖြစ်သည်။ ဗြိတိသျှအမြောက်တပ်သည် အင်္ဂလန်တွင် လေ့ကျင့်မှု့အကောင်ဆုံးနှင့် စည်းကမ်း အကောင်းဆုံးတပ်ဖြစ်သောကြောင့် တိုက်ပွဲတွင် ပစ်မှတ်များကို ထိရောက်စွာ ပစ်ခတ်ခြေမှုန်းနိုင်ခဲ့သည်။

ရွန်းမဲလ်သည် ထိုတိုက်ပွဲတွင် ပါဝင်ခြင်းမပြုပဲ ထောက်လှမ်းရေးတပ်ဖွဲ့ အမှတ်၃ကိုသာ ကွပ်ကဲနေခဲ့သည်။ ထိုတပ်ဖွဲ့သည် ၈၈ မီလီမီတာ တင့်ကားပစ်အမြောက်များတပ်ဆင်ပြီး ဗြိတိသျှတို့ကို လျှပ်တပြတ်ထိုးစစ်ဆင်ခဲ့သဖြင့် ဗြိတိသျှတင့်ကားအမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့သည်။ အာဖရိကတပ်မကြီးသည် ထိုညတွင်ချင်းတပ်များကို အရှေ့ဘက်သို့ လျင်မြန်စွာ ရွှေ့ပြောင်းခဲ့ပြီး ဂမ်ဘတ်နယ်မြေတွင် တပ်များပြန်လည်စုစည်ခဲ့သည်။ အမှတ် ၁၅ တပ်မသည်လည်း ဂမ်ဘတ်တောင်ဘက်တွင် စုစည်းခဲ့သည်။

ဂျာမန်တို့၏အဓိကတိုက်ပွဲဝင် ပန့်ဇာတင့်


လေယာဉ်ကွင်းတိုက်ပွဲ

မည်သို့ပင်ဆိုစေကာမူ ဗြိတိန်တို့၏အနေအထားမှာ အင်အားကောင်းနေဆဲပင်ဖြစ်သည်။အမှတ်၇ သံချပ်ကာတပ်မသည် စနစ်တကျဖွဲ့စည်းထားသဖြင့် တင့်ကား၁၈၀မှာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။ သို့သော် ရွန်းမဲလ်သည် အမှတ် ၂၁ ပန့်ဇာတပ်မနှင့် ခြေလျင်တပ်များ၊ အမြောက်တပ်များပူးတွဲ၍ ဆီဒရဇတ် ကိုမြောက်ဘက်မှ ထိုးစစ်ဆင်ရန် အမိန့်ပေးခဲ့သည်။ထို တချိန်ထဲတွင် အမှတ်၅ ပန့်ဇာတပ်ရင်းကြီးကလည်း ၈၈ မီလီမီတာ အမြောက်များဖြင့် ထိုးစစ်ဆင်မည်ဖြစ်သည်။

ထိုတိုက်ပွဲတွင် ဗြိတိသျှတို့တွင် သံချပ်ကာနှင့် တင့်ကာများအများအပြားရှိသော်လည်း အလစ်အငိုက်ခံရပြီး ပျက်စီးမှု့များပြားခဲ့သည်။ တိုက်ပွဲဖြစ်နေစဉ် အမှတ်၅ ပန့်ဇာတပ်ရင်းသည် ပစ်ခတ်နေသည့်ကြားက လေယာဉ်ကွင်းကို ထိုးဖောက်ဝင်ရောက်ကာ ကစားကွက်ဖော်ခဲ့သည်။ ထို့နောက်အမှတ် ၄ သံချပ်ကာတပ် အမှတ် ၁၅ ပန့်ဇာတပ်ရင်းတို့သည်လည်း တိုက်ပွဲအတွင်းပါဝင်လာခဲ့သလို အမှတ်၂၁ ပန့်ဇာတပ်ရင်းသည်လည်း လေယာဉ်ကွင်းအနောက်ဘက်တွင် အခိုင်အမာ တပ်စွဲနိုင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်နှင့် သဲကန္တာရတိုက်ပွဲများ

 ဗြိတိသျှ တို့မှာ အခြေအနေကို အကြီးအကျယ်အံအားသင့်နေသဖြင့် ပြန်လည်တိုက်ခိုက်ရန် နှောင့်နှေးခဲ့ကြသည်။ တင့်ကားနှင့်သံချပ်ကာကားများမှာ မောင်းပြေးရန်ကြိုးစားကြသော်လည်း အများစုမှာ  လက်နက်ကြီးဒဏ်ကြောင့် မီးလောင်ပျက်စီးသွားကြသည်။ တိုက်ပွဲမှာ ညပိုင်းတွင်ဖြစ်သော်လည်း စစ်မြေပြင်တစ်ခုလုံးပေါက်ကွဲမှု့များကြောင့် နေ့အလားလင်းထိန်သွားခဲ့သည်။


တင့်ကားပစ် အမြောက်စနစ်


ဂျာမန်တပ်များအခြေအနေ

နိုဝင်ဘာ ၂၃  ဗြိတိသျှတို့၏လေယာဉ်ကွင်အနီး ထိုးစစ်ဆင်တိုက်ခိုက်မှု့တွင် ဂျာမန်တပ်များ အထူးသဖြင့် ခြေလျင်တပ်များ အထိအခိုက်အကျအဆုံးများပြားခဲ့သည်။ အမှတ်၅ ပန့်ဇာတပ်ရင်းကြီးတွင် တင့်ကား၁၅၀ ရှိသည့်အနက် ၇၀ ပျက်စီးသွားသည်။ထိုပမာဏမှာ တိုက်ပွဲတစ်လျောက် အကြီးမားဆုံးဆုံးရှုံးမှု့ဖြစ်သလို ဂျာမန်တို့၏ သံချပ်ကာတပ်ဖွဲ့ အရေအတွက်ကိုလည်းလျော့နည်းစေခဲ့သည်။

ရွန်းမဲလ်၏ထူးခြားချက်မှာ မည်မျှပင်အခြေအနေဆိုးရွားနေစေကာမူ လက်ခံရန် ဝန်လေးခြင်းဖြစ်သည်။ ရိက္ခာများရယူရန်ရည်ရွယ်ပြီး ဒီဇင်ဘာ၄ရက်နေ့တွင် အာဖရိကတပ်မကြီးကို ဘာဒီးယားသို့ချီတက်ရန်အမိန့်ပေးခဲ့သည်။ သို့သော်လည်းအာဖရိကတပ်မကြီးမှာ ဆီဒီဇရတ်အတွင်းသာရှိနေသဖြင့် ဘာဒီယားသို့ချီတက်ရန် မဟာမိတ်တို့၏ခြံခိုတိုက်ခိုက်မှု့များကြောင့် ကြံ့ကြာမှုများစွာရှိနေသည်။ 

ဒီဇင်ဘာ၁၁ မှ ၁၅ အတွင်း ဂါဇာလာတ္ငင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် ဝင်ရိုးတန်းတပ်များသည် ဗြိတိသျှတပ်များကို ဖြိုခွဲနိုင်ခဲ့သော်လည်း ဂျာမန်စစ်သားများ စစ်ပင်ပန်းပြီး လက်နက်ခဲယမ်းလည်း အလ္နန်နည်းပါးနေပြီဖြစ်သည်။

YHNL ( ရန်ထီးနေလ ) - နိုင်ငံတကာရေးရာ

ဒုတိယကမ္ဘာစစ်နင့်သဲကန္တာရတိုက်ပွဲများ - ၅ သိမ်း

ဒုတိယကမ္ဘာစစ်နှင့်သဲကန္တာရတိုက်ပွဲများ - ၃


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post