သဲကန္တာရတိုက်ပွဲများသည် လျင်မြန်စွာ လှုပ်ရှားစစ်ကစားရသော တိုက်ပွဲများဖြစ်သဖြင့် တင့်ကားများ၏အခန်းကဏ္ဍမှာ အလွန်အရေးပါသော အဆင့်မှပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမာန်ပန့်ဇာတင့်ကားတပ်များနှင့် မဟာမိတ်တင့်ကားတပ်များ သဲကန္တာရစစ်မျက်နှာတွင် အဆုံးအဖြတ်ပေးသောတိုက်ပွဲများကို အကြိတ်အနယ် ရင်ဆိုင်တိုက်ခဲ့ကြသည်။
သမိုင်းနောက်ခံ
နာဇီဂျာမနီတို့သည် ၁၉၃၉ ခုနှစ် စက်တင်ဘာ ၁ရက်နေ့တွင် ပိုလန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ စက်တင်ဘာ၃ ရက်နေ့တွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ဂျာမနီနိုင်ငံကို စစ်ကြေငြာခြင်းဖြင့် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားခဲ့သည်။
![]() |
ဒုတိယကမ္ဘာစစ် တင့်ကားတိုက်ပွဲ |
ထို့နောက် ဂျာမန်တို့သည် ၁၉၄၀ မေလ ၉ရက်နေ့တွင် ဒိန်းမက်ကိုသိမ်းပိုက်ခဲ့ပြီး နော်ဝေကိုလည်းဆက်လက်တိုက်ခိုက်ခဲ့သည်။ မေလ ၁၀ရက်နေ့တွင် ပြင်သစ်နိုင်ငံကို ဂျာမန်တပ်များကထိုးစစ်ဆင်ခဲ့ပြီး ဇွန်လ၁၄ရက်တွင် ပါရီမြို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။ အောက်တိုဘာလတွင် အီတလီနိုင်ငံက ဂရိနိုင်ငံကိုတိုက်ခိုက်ခဲ့သည်။ ၁၉၄၁ ဧပြီတွင် ဂျာမန်တပ်များသည် ယူဂိုဆလားဗီးယားနှင့် ဂရိတို့ကိုတိုက်ခိုက်ခဲ့သည်။
ဂျာမန်တို့သည် ဗြိတိန်ကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကြီးမားသော လေကြောင်းတိုက်ပွဲကြီးဖြစ်ပွားခဲ့ပြီး စစ်သမိုင်းတွင် ဗြိတိန်တိုက်ပွဲ ဟုထင်ရှားခဲ့သည်။ ထိုနောက် အာဖရိကစစ်မျက်နှာတွင် နှစ်ဘက်တပ်များသည် တင့်ကားတပ်များကို အဓိကထား၍ ဆက်လက်တိုက်ခိုက်ခဲ့သည်။
အာဖရိကအနောက်ပိုင်း စစ်မျက်နှာ
![]() |
ဖီးမာရှယ်အာဝင် ရွန်းမဲ |
နှစ်ဘက်အနေအထား
![]() |
ဒုတိယကမ္ဘာစစ်နှင့် သဲကန္တာရတိုက်ပွဲများ |