ပထမပိုင်းနဲ့ ဒုတိယပိုင်းအနေနဲ့ ချီဂွေဗားရားနဲ့ မော်စီတုန်းကို ကျွန်တော်ပြောပြခဲ့ပြီးပြီဆိုတော့ တတိယပိုင်းအနေနဲ့ သမိုင်းရဲ့ ဗီလိန်ကြီး ဟစ်တလာကို မိတ်ဆက်ပေးချင်ပါတယ်။ အမှန်တကယ်က ဟစ်တလာဆိုတာနဲ့ ရှင်းပြစရာမလိုအောင် အဓိပ္ပာယ်ဖွင့်ဆိုထားပြီးသား လူသားအားလုံးနားလည်တဲ့ စကားလုံးတစ်ခုပဲဖြစ်ပါတယ်။  ဒါဆိုဘာလို့ ထပ်ရှင်းပြဦးမှာလဲ? ၊ သမိုင်းပညာရှင်တွေ ၊ လူသားဝါဒီတွေအားလုံးက ရှုံ့ချထားတဲ့ ဒီလူကို ကျွန်တော် တခြားအမြင်တစ်မျိုးနဲ့ပြောပြသွားမှာဆိုတော့ ခုဏက လူသားဝါဒီများ ပါနေခဲ့ရင် ကျော်သွားနိုင်ပါပြီ။ ဘာလို့လဲဆိုတော့ ဟစ်တလာကို မျိုးချစ်သူရဲကောင်းအဖြစ် ဇာတ်ညွှန်းအသစ်နဲ့ ရေးတော့မှာမလို့ပဲဖြစ်ပါတယ်။

ဟစ်တလာရဲ့ဂျူးတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့တာတွေ၊ စစ်ရာဇဝတ်မှု့များစွာ ကျူးလွန်ခဲ့တာတွေ စတဲ့အမှန်တရားတွေကို သူအကြောင်းပြောတဲ့အခါ ထိန်ချန်ထားလို့ မဖြစ်နိုင်ပါဘူး။ဒါပေမယ့် ကျွန်တော်ဒါတွေကို ထည့်ပြောမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအကြောင်းတွေဟာ အားလုံးသိထားပြီးသားအကြောင်းအရာများပဲဖြစ်ပါတယ်။ဆိုတော့ ကျွန်တော် မေးခွန်းနည်းနည်းမေးပြီးတော့ လိုရင်းကိုဆက်သွားကြတာပေါ့ဗျာ။ 



ပထမကမ္ဘာစစ်ရော၊ ဒုတိယကမ္ဘာစစ်ရောကို ဘယ်နိုင်ငံတစ်ခုတည်းကစတိုက်ခဲ့တာလည်း?
။ ရှင်းပါတယ် ဂျာမနီပဲပေါ့။ ပထမကမ္ဘာစစ်မှာ စစ်ရှုံးတယ် တိုင်းပြည်က အကြွေးတွေထဲနစ်နေတယ်၊ ကုန်းကောက်စရာမရှိအောင် နိုင်ငံက ပြာပုံထဲရောက်နေတယ်။ အလုပ်လက်မဲ့တွေပဲပြည့်နေတဲ့ ဂျာမနီကို ပထမကမ္ဘာစစ်မှာစစ်နိုင်ထားတဲ့ နိုင်ငံတွေထက် ပြင်းပြတဲ့ မျိုးချစ်စိတ်၊ သာလွန်တဲ့ နည်းပညာ၊ များပြားတဲ့ စစ်တပ်အရေအတွက် ဒါတွေရအောင် ဘယ်သူလုပ်ပေးခဲ့တာလဲ  အဖြေကလည်းရှင်းပါတယ် ဟစ်တလာပဲရှိပါတယ်။

အဒေါ့ဖ် ဟစ်တလာ
နိုင်ငံတိုင်း နိုင်ငံတိုင်း လူမျိုးတိုင်း လူမျိုးတိုင်းမှာ အထင်ကရခေါင်းဆောင်တွေရှိကြပါတယ်။ အရေးကြီးတာကခေါင်းဆောင်တွေရဲ့ အရည်အသွေးက တိုင်းပြည်ရဲ့အခြေအနေပေါ်မူတည်ပြီး ကွဲပြားတဲ့ ခေါင်းဆောင်တွေပေါ်ထွက်လာကြတယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဥပမာတစ်ခုပေးကြည့်ရအောင်ဗျာ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီကို ဂျာမနီပို့ ၊ ဟစ်တလာကို အိန္ဒိယပို့ကြည့်ရအောင်၊ ဒါဆိုရင် သမိုင်းရဲ့ ဗီလိန်ဟာ နာဇီအိန္ဒိယ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် မဟတ္တမ ဂန္ဒီ ဂျာမနီကိုခေါင်းဆောင်ရင်တော့ သမိုင်းအခြေအနေတွေ ဇောက်ထိုးဖြစ်ကုန်ကြမှာပါ။ဒါဆိုရင်တော့ သဘောတူလောက်ပြီထင်ပါတယ်။ ငရဲမှာမွေးမှတော့ ငရဲသားပဲထွက်လာမှာပါ ။  ဆိုတော့ နိုင်ငံတွေအားလုံးပေါင်းပြီး ငရဲကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ ချောင်ပိတ်ရိုက်မှတော့ ပြန်ကိုက်ရုံကလွဲပြီး ဟစ်တလာမှာ ရွေးစရာမရှိခဲ့ပါဘူး။ ကဲ ဟစ်တလာရဲ့ အကြောင်းကို ဆက်သွားရအောင်ဗျာ
အဒေါ့ဖ် ဟစ်တလာ

အဒေါ့ဖ် ဟစ်တလာကို ၁၈၈၉ အေပရယ် ၂၀ မှာ ဩစတီးယားနိုင်ငံ ဘရာနှော မြို့မှာ  အလွိုက်ဟစ်တလာနဲ့ ကလာရာပေါဇ်လ်တို့ကနေ မွေးဖွားခဲ့ပါတယ်။ငယ်စဉ်ကတည်းက ပန်းချီပညာကို စိတ်ဝင်စားပြီး လေ့လာလိုက်စားခဲ့ပါတယ်။ ပထမကမ္ဘာစစ်ဖြစ်တဲ့အခါမှာတော့ စစ်တပ်မှာ အမှု့ဝင်ထမ်းခဲ့ပြီး စစ်အတွင်းမှာ တိုင်ပြည်ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်တံဆိပ်ရရှိထားတဲ့သူလဲဖြစ်ပါတယ်။ စစ်ပြီးသွားတဲ့အခါမှာတော့ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာပြီး နာဇီပါတီဝင်ဖြစ်လာခဲ့ပါတယ်။ ဒီအကြောင်းတွေက အားလုံးသိထားပြီးသားဖြစ်သလို ကျွန်တော်ရွေးပေးမဲ့ ဇာတ်ကားတွေကို အရသာပျက်မှာစိုးတဲ့အတွက် ကိုယ်ရေးအကျဉ်းကို ရပ်လိုက်ပြီး ဇာတ်ကားဘက်ကို သွားရအောင်ဗျာ

ဒီနေရာမှာနည်းနည်းပြောလိုတာကတော့ သမိုင်းကို ဘယ်သူကရိုက်ကူးသလဲဆိုတာကလည်း အလွန်အရေးပါပါတယ်။ ဥပမာအနေနဲ့ တောင်နဲ့မြောက်ပြည်တွင်းစစ်ဖြစ်နေတဲ့ ဗီယက်နမ်ကို အမေရိကန်ကဝင်ပါပြီး ကျူးကျော်တိုက်ခိုက်မှု့လုပ်ပါတယ်။ ဗီယက်နမ်မှာ  စစ်ရှုံးပြီး အမေရိကန်တွေထွက်ပြေးရတာက သမိုင်း အစစ်ဖြစ်ပါရဲ့နဲ့ ဗီယက်နမ်စစ်ကားတွေကို အမေရိကန်တွေရိုက်ကူးတဲ့အခါမှာတော့ တစ်ကမ္ဘာလုံးကကြည့်တဲ့ပရိတ်သတ်တွေရဲ့စိတ်ထဲမှာ ကိုယ်တိုင်းပြည်ကိုကာကွယ်တဲ့ ဗီယက်နမ်တွေကို အလွန်ရွံစရာကောင်းတဲ့ကောင်တွေ ၊ ချောင်းမြောင်းပစ်တဲ့ကောင်တွေ၊ သေသင့်တဲ့ကောင်တွေလို ခံစားရအောင်ရိုက်ထားတယ်ဆိုတာ ကျွန်တော်တို့အားလုံးအသိဖြစ်ပါတယ်။ 

Hitler; The Rise Of Evi

ဟစ်တလာဇာတ်ကားတွေအများစုမှာလည်းပဲ ဒီသဘောတရားအတိုင်းပဲ ရိုက်ခဲ့တဲ့ဇာတ်ကား တော်တော်များများက လှောင်ပြောင်တဲ့သဘော ၊ ရက်စက်တဲ့အကြောင်းတွေကိုသာ အဓိကအခြေခံရိုက်ကူးထားတဲ့ မဟာမိတ်နိုင်ငံတွေကဇာတ်ကားတွေဖြစ်ကြပါတယ်။ ဒါကို အားမလို အားမရဖြစ်နေတဲ့သူငယ်ချင်းတွေ အတွက် ကျွန်တော်ဇာတ်ကား၂ကားကို ရွေးပေးချင်ပါတယ်။ ပထမကားကတော့ ၂၀၀၃ ခုနစ်ကထွက်ခဲ့တဲ့ Hitler; The Rise Of Evil ပဲဖြစ်ပါတယ်။ IMDb 7.3 ရထားပြီးတော့ ကျွန်တော်အားအရဆုံး ဟစ်တလာကားပဲဖြစ်ပါတယ်။ ပန်းချီတွေဆွဲပြီး အညတရဘဝကနေ နိုင်ငံခေါင်းဆောင်ဖြစ်တဲ့အထိ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီးတော့ ဟစ်တလာရဲ့ပြောဟန်ဆိုဟန်တွေ သရုပ်ဆောင်ချက်တွေက အလွန်အသက်ပါပြီး ကိုယ်ကိုယ်တိုင် ဟစ်တလာကို အနီးကပ်တွေ့နေရသလို ရသပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်။

Downfall 

ဒုတိယကားအနေနဲ့ကတော့ လိုင်းပေါ်မှာအများဆုံးTroll ကျတဲ့ ဇာတ်ဝင်ခန်းပါတဲ့ Downfall ပဲဖြစ်ပါတယ်။ ဗဟုသုတအနေနဲ့သာ တင်ပေးတာဖြစ်ပြီး ပထမကားနဲ့ဆိုင်ရင် အမြဲတမ်းပြာတာပြီး ကုန်းအော်နေတဲ့ ဟစ်တလာကလွဲပြီး တခြားအနှစ် ဘာမှသိပ်မပါဘူး။ Downfall မှာတော့ ဘာလင်ကို ရုရှားတွေဝိုင်းထားပြီး ဟစ်တလာရဲ့ နောက်ဆုံးအချိန်တွေကို အဓိကထားရိုက်ထားတာဖြစ်ပါတယ်။ 


ဒီတစ်ခေါက် ကျွန်တော် ရွေးပေးတဲ့ဇာတ်ကားတွေနဲ့ပတ်သတ်ပြီး သူငယ်ချင်းတွေရဲ့အမြင်ကို Comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ စာနည်းနည်းရှည်သွားတဲ့အတွက် ဒီမှာပဲရပ်လိုပါတယ်ဗျာ

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်


YHNL( ရန်ထီးနေလ)


Video ဖြင့်ကြည့်ရှု့လိုပါက



ကမ္ဘာကျော်စစ်ခေါင်းဆောင်တွေအကြောင်းရိုက်ကူးထားသော သမိုင်းဝင်ရုပ်ရှင်ကားများ - အပိုင်း၁

ကမ္ဘာကျော်စစ်ခေါင်းဆောင်တွေအကြောင်းရိုက်ကူးထားသော သမိုင်းဝင်ရုပ်ရှင်ကားများ - အပိုင်း၂


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။


Previous Post Next Post