စစ်ဆိုတာ မကောင်းတဲ့အရာမှန်း ကျွန်တော်တို့အားလုံးသိထားပြီးသားဖြစ်တယ်။ သေကြေပျက်စီးခြင်းတွေနဲ့အတူ လူသားတွေရဲ့သမိုင်းစာမျက်နှာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍအနေနဲ့ ခေတ်ရဲ့ပဲ့ကိုင်ရှင် နိုင်ငံခေါင်းဆောင်များ ပေါ်ပေါက်ခဲ့ပါတယ်။ 

ကျွန်တော်ဒီကဏ္ဍမှာ ရွေးထားတဲ့ စစ်ခေါင်းဆောင်တွေအကြောင်းကို သူငယ်ချင်းတို့ အနည်းနဲ့အများဆိုသလို သိထားပြီးသားဖြစ်ကြမှာဆိုတော့ သမိုင်းရဲ့ ခေါင်းစီးတစ်ခုကို စာရေးဆရာတွေ ၊ ဒါရိုက်တာတွေက ပြန်ဖန်တီးတဲ့အခါမှာ ကြည်ရှု့သူစိတ်ဝင်စားအောင်လုပ်ရင် မူရင်းသမိုင်းကို ဖျက်ဆီးရာရောက်ကြသလို ၊ သင်ရိုးအတိုင်းရိုက်မယ်ဆိုရင် ဇာတ်လမ်းက အလွန်ပျင်းစရာကောင်းသွားမှာပဲဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်ဘာဇာတ်ကားတွေကို ရွေးထားသလဲ ကြည့်ရအောင်ဗျာ

Che Guevara

ပထမဆုံးအပိုင်းအနေနဲ့ Che Guevara ကိုရွေးလိုပါတယ်။ အခုအချိန်မှာ အသက်၂၅ နဲ့အထက်လူတွေသာဆိုရင် ငယ်ငယ်ကခဏခဏမြင်နေကြ ဆေးရိုက်ထားတဲ့ အင်္ကျီတွေ ၊ Sticker တွေကို မျက်စိထဲမြင်လာမှာဖြစ်ပါတယ်။ 

အာနက်စတို ချီဂွေဗားရားကို ၁၉၂၈ ၊ ဇွန် ၁၄ မှာ အာဂျင်တီးနားနိုင်ငံ စန်တာဖီမြို့မှာမွေးဖွားခဲ့ပါတယ် ။ မွေးချင်း ၅ယောက်အနက် သူဟာအကြီးဆုံးသားဖြစ်ပါတယ်။ မူလက သူဟာဆေးပညာဘွဲ့ရ ဆရာဝန်တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ အရင်းရှင်စနစ်အခြေခံအမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ ကျုးဘားအစိုးရကို ဆန်ကျင်တဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ 

Che Guevara
Che Guevara ကို တစ်ကမ္ဘာလုံးက သိကြတာကတော့ ကျုးဘားတော်လှန်ရေးသမား၊ ပြောက်ကျားစစ်မှာတစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ စစ်ရေးပါရဂူ ၊ ထိုခေတ်က လူငယ်အားလုံးလေးစားရတဲ့ လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ်သိကြပါတယ်။  မုတ်စိပ်စစ ဆံပင်ရှည် နဲ့သူ့ခေါင်းဆောင်း ဒီပုံစံဟာ တစ်ကမ္ဘာလုံးက လူငယ်တွေ ရဲ့ အမြတ်တနိုးထား ဖော်ပြကြတဲ့ သူ့ရဲ့ ပုံစံပဲဖြစ်ပါတယ်။

ဒီတော့ ဇာတ်ကားအကြောင်းကိုပြောရအောင်ဗျာ ၂၀၀၈ မှာ ထွက်ခဲ့တဲ့ Che ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ Che Part One နဲ့ Che Part Two ဆိုပြီး ၂ပိုင်းခွဲထွက်ခဲ့ပါတယ်။ ချီဂွေဗားရားရဲ့နေရာမှာ မင်းသားကြီး Benicio del Toro က သရုပ်ဆောင်ထားပြီးတော့ Steven Soderbergh က ဘက်ဂျက် အမေရိကန်ဒေါ်လာ ၅၈ မီလီယံ အကုန်အကျခံ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

Che Part One

IMDb 7.2 , 6.9 အသီးသီးရထားတဲ့ ဒီဇာတ်ကားက Cannes Best Actor Award, Goya Awards တွေနဲ့ Nomination  အများအပြား လျာထားခံရတာဖြစ်ပါသည်။ ဒီနေရာမှာ ကျွန်တော်ပြောလိုတာက Biography တွေအကြောင်းရိုက်ထားတဲ့ဇာတ်ကားတွေကို ကြိုက်တဲ့သူတွေအတွက် ထွေထွေထူးထူးပြောစရာမလိုပါဘူး ခုမှကြည့်မယ့်သူတွေအတွက် ဒီဇာတ်ကားက နည်းနည်းရှည်ပါတယ် ဖြစ်ရပ်မှန်ဖြစ်တဲ့အတွက်ကြောင့်လဲ တချို့နေရာတွေက အက်ရှင်ကားတွေလို ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။ 

ဒီအပိုင်းမှာ ကျွန်တော်စာနည်းနည်းရှည်သွားတဲ့အတွက် ခေါင်းဆောင်တစ်ယောက်ခြင်းစီကို တစ်ပိုင်းဆီခွဲပြီး တင်ပေးပါမယ်။


အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

YHNL

Video ဖြင့်ကြည့်ရှု့လိုပါက



ကမ္ဘာကျော်စစ်ခေါင်းဆောင်တွေအကြောင်းရိုက်ကူးထားသော သမိုင်းဝင်ရုပ်ရှင်ကားများ - အပိုင်း၂

ကမ္ဘာကျော်စစ်ခေါင်းဆောင်တွေအကြောင်းရိုက်ကူးထားသော သမိုင်းဝင်ရုပ်ရှင်ကားများ - အပိုင်း၃


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။


Previous Post Next Post