ကျွန်တော်ပထမပိုင်းမှာ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချီဂွေဗားရားကို ပွဲထုတ်ခဲ့ပြီးပြီဆိုတော့ ဒီအပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်ကြီး မော်စီတုန်းအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ ဒီအမည်ဟာ ယနေ့ခေတ်လူငယ်တွေကြားမှာ သိပ်ကြားလေ့ကြားထရှိတဲ့ နာမည်မျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ခေတ်မဟုတ်တော့လို့ပဲဖြစ်ပါတယ် ။ ဆိုတော့ သူတို့ခေတ်ကရော အခြေအနေဘယ်လိုရှိမလဲ လေ့လာကြည့်ရအောင်ဗျာ။ 

 မော်စီတုန်း
ကျွန်တော်တို့မြန်မာတွေကတော့ မော်စီတုန်းလို့ခေါ်ကြပါတယ်။ ဒါပေယ့် တရုတ်တွေကတော့ ခေါင်းဆောင်ကြီးမော်၊ ဥက္ကဌကြီးမော်လို့ တလေးတစားခေါ်ကြပါတယ်။ထိုခေတ်က သူရေးသားထားတဲ့ ကွန်မြူနစ်ကျမ်းစာအုပ်တွေဟာ တရုတ်လူမျိုးတိုင်းဆောင်ထားကြပြီး သမ္မာကျမ်းစာအုပ်လို အလွတ်ကျက်ပြီးလိုက်နာခဲ့ကြတာပါ။ ယနေ့ခေတ် ကျွန်တော်တို့အားလုံးသိထားတဲ့ ခေတ်မှီတိုးတက်နေတဲ့ တရုတ်ကို ဖန်ဆင်းတဲ့နေရာမှာ မော်စီတုန်းဟာ အဓိကကျတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်။


ဘုရင်စနစ်နဲ့အုပ်ချုပ်တဲ့ တရုတ်နိုင်ငံ၊ အစိပ်စိပ်အမွှာမွှာပျက်ပြားနေတဲ့ လူမျိုးရေး၊ ပြည်ပအန္တရယ်ဖြစ်တဲ့ ဂျပန်တို့ရဲ့ ကျူးကျော်အနိုင်ကျင့်မှု့တွေ စတဲ့ အခြင်းအရာတွေနဲ့အတူ စားစရာတောင်မရှိလို့ ငတ်သေနေကြတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ခေတ်သစ်တရုတ်ပြည်ကို ရအောင်တည်ထောင်ခဲ့တာဆိုတော့ တရုတ်တွေအတွက်ကတော့ ရာစုသစ်ရဲ့ ဘုရားတစ်ဆူလို ကိုးကွယ်လိုက်နာကြခဲ့တာပဲဖြစ်ပါတယ်။

 မော်စီတုန်း

ဒါကြောင့်လည်းတရုတ်ပြည်မကြီးမှာ မော်စီတုန်းနဲ့ပတ်သတ်တဲ့ အထိမ်းအမှတ်များစွာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သမိုင်းကိုသေချာသိတဲ့သူတွေကတော့ ကျွန်တော်ခုပြောနေတာကို ကန့်ကွက်ကြမှာဖြစ်ပါတယ်။ ဘာလို့လဲ.. အကြောင်းအရင်းကတော့ အခုလိုကမ္ဘာ့ထိပ်သီးနိုင်ငံဖြစ်အောင်လုပ်ခဲ့တာက မော်စီတုန်းမဟုတ်လို့ပါပဲ ။မော်စီတုန်းခေတ်မှာ တရုတ်ပြည်ဟာ တံခါးပိတ်ဝါဒနဲ့ တိုင်းပြည်ဆင်းရဲတွင်းနက်ခဲ့ပါတယ်။ သူ့နောက်တက်လာတဲ့ ခေါင်ဆောင်တိန့်ရှောင်ဖိန့်လက်ထက်ကျမှ နိုင်ငံခြားတိုင်းပြည်တွေနဲ့ စီးပွားကူးသန်းတဲံ တံခါးဖွင့်ဝါဒကိုကျင့်သုံးပြီး စီးပွားရေးကိုဇောက်ချဦးတည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်က ပုံမှားရိုက်နေတာလား? 

သေချာပြန်စဉ်းစားကြည့်ရအောင်ဗျာ တိုင်းပြည်မှာရှိတဲ့ ပုန်ကန်မှု့တွေ ၊ ပြည်ပရန်စွယ်တွေ ကိုအရင်ရှင်းထုတ်ပြီးထားတဲ့ မြေသားအပြန့်မှာ တိန့်ရှောင်ဖိန် မျိုးစေ့ချရတာဆိုတော့ အရာရာကမလွယ်ပေမယ့် အရင်ကလိုတော့ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေမျိုးတော့ မဟုတ်တော့ပါဘူး။ ဆိုတော့ တိန့်ရှောင်ဖိန်လည်း အရေးပါသလို မော်စီတုန်းကိုလည်း ကျော်သွားဖို့က မဖြစ်နိုင်ပါဘူး။

တရုပ်အမျိုးသားလှုပ်ရှားမှု့

မော်စီတုန်းကို ၁၈၉၃ ဒီဇင်ဘာ ၂၆ မှာ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဆီယန်တန်ရွာမှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၈နှစ် အရွယ်ကတည်းက ဒေါက်တာဆွန်ယက်ဆင်ရဲ့ တော်လှန်ရေးတပ်ကိုဝင်ခဲ့ပြီး နောက်ပိုင်းမှာ ပါတီခွဲရဲ့ အတွင်းရေးမှူး၊ နိုင်ငံရေးအကြံပေးခေါင်းဆောင် စသဖြင့်အသီးသီးတာဝန်ယူခဲ့ပြီး ၁၉၃၁ ဒီဇင်ဘာမှာ ပါတီရဲ့ ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။

မော်စီတုန်းရဲ့ သမိုင်းအကျဉ်းကို‌ ပြောပြီးသွားပြီဆိုတော့ ဇာတ်ကားအကြောင်းကို လှည့်ရအောင်ဗျာ။ ဇာတ်ကားရဲ့ နာမည်ကတော့ Mao Zedong 1949 ဖြစ်ပါတယ်။ ၂၀၁၉ စက်တင်ဘာ ၂၀ မှာထွက်ခဲ့တာဖြစ်ပြီး IMDb 5.4 ရထားပါတယ်။ မော်စီတုန်းရဲ့နေရာမှာ မင်းသားကြီး Tang Guoqiang ကသရုပ်ဆောင်ထားပြီး တခြားနာမည်ကျော်သရုပ်ဆောင်များလည်းပါဝင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

Mao Zedong 1949

သူတို့ခေါင်းဆောင်ရဲ့ အထ္ထုပတ္တိကိုပြန်ရိုက်တာဆိုတော့ နည်းနည်းအေးတယ်ဆိုပေမယ့် အမှားအယွင်းမပါအောင် သေချာရိုက်ထားတာကို ခံစားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ နည်းနည်းဖြည့်စွက်လိုတာက ဇာတ်ကားနာမည်ကကို Mao Zedong 1949 ဆိုတော့ မော်စီတုန်းရဲ့ ငယ်ဘဝတွေ ပါမှာမဟုတ်ပါဘူး။ သူတို့ရဲ့ခမ်းနားတဲ့သမိုင်း စာမျက်နှာတစ်ရွက်ကိုချပြထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။


ဒီအပိုင်းမှာ ကျွန်တော်ရွေးပေးတဲ့ ဇာတ်ကားနဲ့ပတ်သတ်ပြီး သူငယ်ချင်းတွေရဲ့ အမြင်ကို Comment မှာလာရောက်ဆွေးနွေးနိုင်ပါတယ်။


အဆုံးထိဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်


YHNL

Video ဖြင့်ကြည့်ရှု့လိုပါက



ကမ္ဘာကျော်စစ်ခေါင်းဆောင်တွေအကြောင်းရိုက်ကူးထားသော သမိုင်းဝင်ရုပ်ရှင်ကားများ - အပိုင်း၁

ကမ္ဘာကျော်စစ်ခေါင်းဆောင်တွေအကြောင်းရိုက်ကူးထားသော သမိုင်းဝင်ရုပ်ရှင်ကားများ - အပိုင်း၃


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။





Previous Post Next Post