စစ်ပွဲတွေနဲ့ပတ်သတ်ပြီး ပြောင်မြောက်တဲ့ မြန်မာစကားပုံတွေ အများကြီးရှိပါတယ်။ ဒီအထဲကမှ စစ်မရောက်ခင် မြှားကုန်နေတယ် လို့တစ်စုံတစ်ယောက်ကပြောလာပြီဆိုရင် အားမလိုအားမရဖြစ်တဲ့အငွေ့အသက်တွေအများကြီးပါနေတယ်ဆိုတာ ကျွန်တော်တို့တန်းသိကြပါတယ်။ ကောင်းပြီ ဒါဆိုရင် လက်နက်အပြည့်အစုံနဲ့ရန်သူတွေအသင့်စောင့်နေတဲ့တိုက်ပွဲထဲကို ဘာလက်နက်မှ မပါဘဲ ဝင်တိုက်မယ်ဆိုရင်ရော? အဖြေကတော့ သေလမ်းပဲရှိပါတယ်။ ဒီလိုလုံးဝမဖြစ်နိုင်တဲ့အခြေအနေအတွက် ကျွန်တော်ဒီတစ်ခေါက်ရွေးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်ဂျပန်ရှေ့တန်းစစ်မျက်နှာမှာ ဘာလက်နက်မှမကိုင်ပဲ ဝင်တိုက်ခဲ့တဲ့ အမေရိကန်စစ်သား ဒက်စ်မန်း ဒေါ့စ်အကြောင်းပဲဖြစ်ပါတယ်။ 

 Hacksaw Ridge 2016


ဒုတိယကမ္ဘာစစ်မှာ ဂျပန်က ပုလဲဆိပ်ကမ်းကိုဝင်တိုက်တဲ့အခါမှာ အမေရိကန်ဟာ စစ်အတွင်းပါဝင်ဝင်လာခဲ့ပြီး နာဇီဂျာမနီနဲ့ ဖက်ဆစ်ဂျပန်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ စစ်ပြန်အမေရိကန်စစ်သားတွေကို အကယ်လို့ ရန်သူဆီမှာ အဖမ်းခံရမယ်ဆိုရင် ဂျာမနီတွေဆီမှာ အဖမ်းခံမလား ဂျပန်တွေဆီမှာအဖမ်းခံမလားလို့ အင်တာဗျူးတဲ့ခါမှာတော့ ၉၂ ရာခိုင်နှုန်းက ဂျာမနီဆီမှာပဲအဖမ်းခံလိုတယ်ဖြေကြပါတယ်။ဆိုတော့ ဒုတိယကမ္ဘာစစ်မှာ  စစ်သုံ့ပန်းတွေအပေါ် ဂျပန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာ အမေရိကန်တွေ ကောင်းကောင်းကြီးသိတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီဆို သူက အဖမ်းခံရမှာကိုမမှုတာလား?

ဒက်စ်မန်း သောမက်စ် ဒေါ့စ်

ဒက်စ်မန်း သောမက်စ် ဒေါ့စ်ကို ၁၉၁၉ ဖေဖော်ဝါရီ ၇မှာ အမေရိကန်နိုင်ငံ ဗာဂျီနီးယားပြည်နယ် လင့်ချ်ဘတ်မြို့မှာ ဝီလီယံသောမတ်စ် ဒေါစ်နဲ့ ဘာသာအဒ်ဝက်ဒေါ့စ်တို့ကနေ မွေးဖွားခဲ့ပါတယ်။ သူရဲ့ကိုယ်ပိုင်အမှတ်ကတော့ ၃၃၁၅၈၀၃၆ ဖြစ်ပြီးတော့ စစ်အတွင်းမှာ Battle Of Guam, Battle of Leyte နဲ့ Battle of Okinawa တို့မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့ရဲ့ထူးချွန်ပြောင်မြောက်တဲ့စွမ်းဆောင်ရည်ကြောင့် အမေရိကန်ပြည်ထောင်စုက ချီးမြင့်တဲ့  Medal of Honor , Bronze Star Medal နဲ့ Purple Heart စတဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်တွေရရှိခဲ့ပါတယ်။


ကျွန်တော်ရွေးပေးထားတဲ့ ယခုကားကတော့ Battle Of Okinawa အကြောင်းကို အဓိကထားအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ကတော့ သံဖြတ်လွှကုန်းမြေ လို့အဓိပ္ပာယ်ရတဲ့ Hacksaw Ridge ပဲဖြစ်ပါတယ်။အိုကီနာဝါတိုက်ပွဲဟာ ၁၉၄၅ မတ် ၂၆ကနေ ဇူလိုင် ၂ရက်နေ့အထိ ၃လနဲ့ ၆ရက်ကြာမြင့်ခဲ့တာဖြစ်ပြီး ဒီတိုက်ပွဲတစ်ခုထဲမှာတင် အမေရိကန်စစ်သား ၂သောင်းကျော်သေကြေခဲ့တာပဲဖြစ်ပါတယ်။ တိုက်ပွဲကဘာလို့အဲလောက်ပြင်းထန်တာလဲဆိုတော့ အမေရိကန်တွေ ဂျပန်တွေနဲ့ထိပ်တိုက်တွေ့အခါမှာ ခါတိုင်းကြုံနေကြတိုက်ခိုက်မှု့မျိုးမဟုတ်ပဲ ဂျပန်နိုင်ငံထဲမှာတိုက်တာဖြစ်နေတာရယ် ဂျပန်တွေကသူတို့အမိမြေကို အသေခံကာကွယ်တာမျိုးတွေကြုံရတဲ့အတွက် နှစ်ဘက်အသေအပျောက်များခဲ့တာဖြစ်ပါတယ်။ Hacksaw ကုန်းမြေနဲ့ အိုကီနာဝါဘယ်လိုပတ်သတ်လဲဆိုတော့ Hacksaw ကိုသိမ်းနိုင်ရင် အိုကီနာဝါကို အမေရိကန်တွေရပြီ အိုကီနာဝါကိုရရင် ဂျပန်တစ်နိုင်ငံလုံးကိုရပီပဲ။ဂျပန်တွေကလည်း လက်ကျန်စစ်သည်အင်အားအကုန်နီးပါးကို ဒီတိုက်ပွဲမှာ ခုခံဖို့အသုံးပြုထားတာဆိုတော့ နှစ်ဘက်စလုံးတစ်ကွက်မှအမှားခံလို့မရတဲ့ အခြေအနေပဲဖြစ်ပါတယ်။

အိုကီနာဝါတိုက်ပွဲ

သမိုင်းကိုပြောလို့ပြီးသွားပြီဆိုတော့ ဇာတ်ကားအကြောင်းကို လှည့်ရအောင်ဗျာ IMDb 8.1 ရထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ စစ်ကားတွေရဲ့ Rating က ပုံမှန်ဇာတ်ကားတွေနဲ့မတူပါဘူး။ Rating ကောင်းကောင်းရဖို့အလွန်ခက်ပါတယ် ဘာလို့လဲဆိုတော့ စစ်ကားတွေကို လူတိုင်းမကြိုက်တာအပြင် စစ်ရဲ့မြင်ကွင်းတွေကို ပီပြင်အောင်ပြသရတာတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အခု IMDb 8.1 ဆိုတာကတော့ စစ်ကားတွေထဲမှာ အမြင့်ဆုံးအတန်းအစားထဲမှာ ပါတာဖြစ်ပါတယ်။


ကြာမြင့်ချိန် ၁၃၆ မိနစ်ရှိပြီး ၂၀၁၆ နိဝင်ဘာ မှာထွက်ခဲ့တာဖြစ်ပါတယ်။ ဘက်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ ၄၀ မီလီယံသာကုန်ကျခဲ့ပြီး ၁၈၀ မီလီယံပြန်ရခဲ့တာဆိုတော့ ထိုခေတ်က စံချိန်တင်ဝင်ငွေချိုးခဲ့တာပဲဖြစ်ပါတယ်။ ဝင်ငွေကောင်းရုံသာမကပဲ ဆုအများအပြားနဲ့ နိုမီနေရှင်းအများအပြားလျာထားခံခဲ့ရတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒက်စ်မန်း ဒေါ့စ်နေရာမှာ မင်းသား Andrew Garfield ကသရုပ်ဆောင်ထားပြီး Mel Gibson ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Andrew Garfield 


ဒီဇာတ်ကားနဲ့ပတ်သတ်ပြီးပြောလိုတာကတော့ ဇာတ်လမ်းရဲ့ ၃ပုံ၁ပုံက ဒက်စ်မန်းငယ်ဘဝအကြောင်း သူဘာလို့စစ်တပ်ထဲဝင်တာလဲ ဘာလို့သေနတ်မကိုင်တာလဲဆိုတာနဲ့ စစ်တပ်ထဲကသူ့အခက်အခဲတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကျန်တဲ့ Battle Sense ရိုက်ကူးချက်တွေကတော့ ပြောစရာမလိုအောင် ရိုက်ချက်ကောင်းပါတယ်။ သူဘာကြောင့် ဆုချီးမြင့်ခံရတာလဲဆိုတာကို သိချင်ရင်တော့ ခုပဲကြည့်လိုက်ဖို့ အကြံပေးလိုပါတယ်။


အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

YHNL ( ရန်ထီးနေလ)


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။


Previous Post Next Post