ချောင်းကလေး


တောင်ရိုးပေါ််က  အခြေစ၍

နိုးထဆင်းလာ ရေစီးသာနှင့်

ရပ်ကျိုးရွာကျိုး ဆောင်သယ်ပိုးသည့်

အဖိုးတန်သော ချောင်းကလေး


သည်ချောင်း‌ကငါး ငါတို့စား၏

သည်ချောင်းရေပေါက် တို့သုံးသောက်၏

သည်ချောင်းရေလျှံ  နုန်းတင်ကျန်တွင်

သီးနှံမျိုးစုံ တို့စိုက်ကုန်၏

သည်ချောင်းငယ်ကား တို့ရွာများ၏

အားထားဖွယ်ရာ ကျေးဇူးရှင်


ဒိုက်နှင့်သရော ရေစုန်မျောက

မကောရန်ဆည် ကမ်းစွယ်ကမ်းပါး

ပြိုမသွားအောင် လုပ်အားကိုသုံး တို့စုရုံးမည်


ချောင်းဆုံးချောင်းစ မခွဲကြပဲ

ဖို့ကြဆည်ကြ တားဆီးကြမည်

သည်ချောင်းအရေး အသက်ပေး၍

တုံ့နှေးမဆ ဖြေရှင်းကြမည်

ညနေ့ချိန်ခါ မဟူတည်း


                                        ဘုတလင်ချစ်လေး


ချောင်းကလေး - ဘုတလင်ချစ်လေး


Previous Post Next Post