ဗုဒ္ဓဟူးသားသမီးများသည် စိတ်ထားထက်မြက်ပြီးတဇွတ်ထိုးလုပ်ကိုင်တတ်သူဖြစ်သည်။ စိတ်ရင်းကောင်းပြီးစေတနာနှင့်ပြည့်ဝသည်။ အများ၏ချစ်ခင်မှု့အထင်ကြီးမှု့ကိူခံကြရမည်။ နှုတ်ထွက်ချိုသာကြပြီး အများစွဲမက်အောင်ပြောဆိုနိုင်ကြသူများဖြစ်သည်။ တစ်ဖက်သားကို စိတ်ချမ်းသာအောင်ပြောဆိုတတ်သည်။နှစ်သိမ့်အားပေးတတ်မည်။

စေတနာကောင်းကြသည်။ ယဉ်ကျေးပြီးသန့်ရှင်းသောစိတ်ထားရှိကြသည်။စိတ်ဓာတ်ပြည့်ဝပြီး ဖြစ်သမျှကို လက်ခံတင်းတိမ်နိုင်ကြသည်။ ခွင့်လွှတ်နိုင်စွမ်းရှိကြသည်။ မိမိအကြောင်းမသိသူများက မိမိနှင့်ပေါင်းသင်းလို့ရမည်မဟုတ်။အပေါင်းအသင်းများအပေါ်မိမိကအနစ်နာခံပြီးပေါင်းသင်းတတ်သော်လည်း မိမိကိုကျေးဇူးကန်းသူများနှင့်ကြုံတွေ့ရတတ်သည်။

များသောအားဖြင့် လုပ်ကိုင်သမျှအလုပ်တိုင်းထင်သလောက်အကျိုးမပေးတတ်ပါ။ မျှော်မှန်းထားသည်ထက် အမြဲတမ်းလျော့တတ်သည်။လူအပင်ပန်းခံနိုင်တတ်သော်လည်း စိတ်အပင်ပန်းမခံနိုင်ကြပါ။ လုပ်ငန်းလုပ်ကိုင်ရာတွင် တခုခုအဖြေမထွက်မခြင်းမကျေနပ်နိုင် သရေကိုလက်မခံနိုင်ကြ။စိတ်ဆိုးလွယ်တတ်သော်လည်း လက်တွေ့တွင်မရက်စက်နိုင်ကြပါ။ ဖြတ်ထိုးဉာဏ်၊ထိုးထွင်းဉာဏ်ကောင်းကြသူများဖြစ်သည်။လခစားအလုပ်နှင့်ရောကိုယ်ပိုင်အလုပ်နှင့်ပါအကျိုးပေးပါမည်။ အလုပ်ကိုသူများထက်ပိုလုပ်နိုင်ကြပြီး တိုးတက်သွားသောအခါ မိမိလောက်မလုပ်သူများက တိုးတက်သွားသဖြင့် စိတ်ပင်ပန်းပြီးကျန်ရစ်ခဲ့တတ်သည်။မိမိတိုးတက်ပြီဆိုလျှင်လည်း အများတကာ အံသြသွားသည်အထိတဟုန်ထိုးတိုးတက်မည်။ တစ်ယူသန်စိတ်ရှိသည်။ ထို့ကြောင့်တစ်ခါတစ်ရံပြဿနာများကြုံမည်။ရောက်ရှိနေသောဘဝနှင့်မိမိတွေးခေါ်မှု့ဆန်းသစ်မှု့များမှာ အံမဝင်သလိုရှိတတ်သည်။ မိမိအတွေးအခေါ်ကမြင့်မားသောကြောင့်ဖြစ်သည်။သူများကိုသိပ်ငဲ့ညှာလွန်းသည်။သူများပြဿနာကို ကိုယ့်ပြဿနာဖြစ်အောင်ဝင်ပြီးကြားဝင်တတ်သည်။ထို့ကြောင့်အစွပ်စွဲခံရတတ်သည်။ရှောင်ပါ။

ငွေကြေးကိုစိစစ်သုံးစွဲတတ်သည်။သို့သော်စုဆောင်းမည်ဟုရည်ရွယ်လိုက်တိုင်း ငွေကုန်မည့်အကြောင်းများပေါ်ပေါက်လာတတ်သည်။ငွေအစုလိုက်အပုံလိုက်ရတတ်သည့်ကံမျိုးပါရှိပါသည်။အကြွေးတင်မှာကိုကြောက်တတ်သော်လည်း အမြဲလိုလိုအကြွေးနှင့်မကင်းဘဲဖြစ်နေမည်။ငွေတွေကလည်ပတ်နေသောကြောင့်ဖြစ်သည်။ဆွေမျိုးများနှင့်ပတ်သတ်ပြီး ကံအကောင်းကြီးမဟုတ်ပါ။မိမိကသံယောဇဉ်ကြီးသော်လည်း ဆွေမျိုးများကအမြဲလိုလိုအားမလိုအားမရဖြစ်နေတတ်ကြသည်။ကဲ့ရဲ့အပြစ်တင်တတ်ကြသည်။

စနေ၊သောကြာ နေ့သားသမီးများကအကျိုးပေးမည်။

တနင်္ဂနွေ၊တနင်္ဂလာ၊ဗုဒ္ဓဟူး၊ကြာသာပတေးနေ့သားသမီးများနှင့်အကျိုးမပေးပါ။

အိမ်ထောင်ရေးနှင့်ပါတ်သတ်ပြီး သင့်ကိုချစ်ခင်သောမြတ်နိုးသောအိမ်ထောင်ဖက်နှင့်ရမည်။မိမိသည် အိမ်အပြင်တာဝန်တွေကျေနေတတ်ပြီး အိမ်တွင်းတွင်လက်လွတ်စပယ်နေကာတာဝန်လစ်ဟင်းတတ်သည်။ အိမ်ထောင်ဖက်မှာအပြင်ကကြည့်လျှင်အေးသော်လည်း တကယ်တန်းတွင်မူထက်မြက်သူတစ်ဦးဖြစ်သည်။

ကျန်းမာရေးပတ်သတ်ပြီး လိပ်ခေါင်းရောဂါ၊ဗရင်ဂျီနာ၊သားအိမ်ရောဂါ၊အဆစ်အမြစ်ရောဂါများဖြစ်တတ်သည်။

ကံနိမ့်သဖြင့် သတိထားရမည့်နှစ်များမှာ ၁၈,၂၄,၂၅,၂၇ နှစ်များဖြစ်သည်။၃၆ မှ ၃၉နှစ်များကိုလည်းသတိထားပါ။၄၇မှ၅၂ ၅၆မှ၅၈ နှစ်များသည်လည်းအကောင်းကြီးမဟုတ်သဖြင့် အစစအရာရာတွင် သတိထားလုပ်ကိုင်ပါ။

 

မင်းဒေဝ ( ဘဝတစ်သက်တာဟောကိန်းများ)






Previous Post Next Post