အင်္ဂါသားသမီးများသည်  စိတ်ထက်မြက်ကြသည်။စိတ်သဘောကောင်းမွန်ကြသည်။ကူညီပေးလိုစိတ် ပေးကမ်းလိုစိတ်ရှိကြသည်။ စိတ်ဓာတ်မာကျောကြသည်။အလုပ်တစ်ခုကိုလုပ်ချင်စိတ်ပေါ်လာပြီဆိုလျှင် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေလုပ်လိုက်ရမှ ကျေနပ်ကြသူများဖြစ်သည်။စိတ်မြန်လက်မြန်လည်းရှိကြသည်။ပျော်ရွှင်စရာဖြစ်စေ နောင်တရစရာဖြစ်စေ ကြာရှည်မခံစားတတ်ကြပါ။ ခံစားချက်ပြင်းပြင်းထန်ထန် မထားဘဲ ခပ်ပေါ့ပေါ့လုပ်တက်ခြင်းကြောင့် ဘဝတွင် အမှားများကိုမကြာခဏကြုံတွေ့ရမည်။ဘဝတွင် မထင်မှတ်သောအတွေ့အကြုံများစွာကို ခံစားတွေ့ကြုံရမည်။

စကားပြောရာတွင် ပွင့်လင်းသည်။အားမနာတမ်းပြောဆိုတတ်သည်။ဘဝအဖြစ်အပျက်များတွင် မိမိစိတ်နှင့်မိမိကိုယ်ဆောင်ရွက်ရသည့်အပိုင်းများရှိသကဲ့သို့ တပါးသူ၏စေခိုင်းချက်နှင့်လုပ်ကိုင်ရသည့် အလုပ်များလည်းလုပ်ရတတ်ပါသည်။ 

ရပ်ရေးရွာရေး အများအကျိုးကိုထက်မြက်စွာလုပ်ကိုင်တတ်သည်။အမျးအကျိုးကိုလုပ်ဆောင်ရင်းမှ နာမည်ကျော်ကြားလာတတ်သည်။သင်သည် မည်သည့်အလုပ်မဆို အသေးစိတ်အောက်ခြေသိမ်းလုပ်ကိုင်နိုင်စွမ်းရှိသည်။မအောင်မြင်မခြင်းဇွဲနှင့်လုပ်ကိုင်တတ်သည်။ သို့သော်အစမပြုမိသေးခင်အထိ ပျင်းရိနေတတ်သည်။ စိတ်ချမ်းသာစရာ စိတ်ပျော်ရာကိုဦးစားပေးလုပ်ကိုင်တတ်သူဖြစ်သည်။ အနာဂတ်အရေးကိုအမြဲတမ်းစဥ်းစားနေတတ်သူဖြစ်သည်။ မည်သည့်အကြောင်းအရာကိုမဆို စူးစမ်းလေ့လာလိုစိတ် အမြဲရှိသည်။

သူများမလုပ်ရဲသောအလုပ် စွန့်ပစ်သွာသောအလုပ်ကိုလုပ်ကိုင်ပြီး အောင်မြင်တတ်သည်။ သင့်ကိုလူကြီးများကအမြဲယုံကြည်အားကိုးတတ်ကြသည်။သင့်ကိုအပြင်ပန်းကကြည့်လျှင် ပျင်းသည်ခပ်ပေါ့ပေါ့နေတတ်သည်ဟုထင်မြင်ကြသည်။ အပြင်ပန်းကအေးသည်ထင်ရသော်လည်း စိတ်ထဲတွင် အမြဲအလုပ်လုပ်နေတတ်သည်။ စိတ်တိုဒေါသထွက်လွယ်တတ်ကြသော်လည်း စိတ်ပြေလွယ်တတ်ကြပါသည်။

ဘဝတွင် အလုပ်အကိုင်၅ခုထက်မနည်းပြောင်းလည်းလုပ်ကိုင်ရတတ်သည်။ လုပ်ငန်းလုပ်ကိုင်လျှင် စပ်တူမလုပ်သင့်ပါ။ သင်ကပင်ပန်းပြီးသူများက အချောင်စားသွားမည်။အလုပ်လုပ်ရာတွင် ကြွားဝါပြောဆိုလိုစိတ်ကိုလျော့ပါ။နည်းနည်းလုပ်ပြီးများများပြောဆိုတတ်ခြင်းကိုရှောင်ပါ။ တစုံတယောက်ကယုံကြည်သဖြင့် ပြောပြလာသောအကြောင်းအရာများကို ဘယ်တော့မှမပေါက်ကြားနုတ်လုံသောသဘာဝရှိသည်။ အယူသည်းသော စိတ်တယူသန်သောစိတ်ကိုဖျောက်ပါ။သွားသွားလာလာလုပ်ကိုင်နေထိုင်မှသာ ကျန်းမာသောသဘာဝရှိသည်။တစ်နေရာတည်းတွင် တိတ်ဆိတ်စွာနေလာရလျှင် ပျင်းရိလာပြီးစိတ်ဓာတ်ကျဆင်းလာတတ်သည်။ စိစစ်သုံးစွဲသော်လည်း လက်ထဲတွင်‌ငွေမမြဲတတ်ပါ။

စနေ၊ဗုဒ္ဓဟူး၊တနင်္ဂနွေ၊အင်္ဂါ သားသမီးများနှင့် ရှယ်ယာလုပ်ငန်းစပ်တူလုပ်ကိုင်ပါက မိမိကသာပင်ပန်းပြီးသူတပါးကအကျိုးရှိသွာမည်။

တနင်္လာ၊ကြာသာပတေး၊သောကြာ သားသမီးများကသင့်ကို အထင်ကြီးကြမည်။ ၎င်းတို့နှင့်ပူး‌ပေါင်းလုပ်ကိုင်ပါက အကျိုးရှိမည်။

အိမ်ထောင်ရေးနှင့်ပတ်သတ်ပြီး ၂၁နှစ်ဝန်းကျင်တွင် မပြုသင့်ပါ။စိတ်အနှောက်အယှက်များကြုံရမည်။အမျိုးသမီးဘက်မှဆွေမျိုးများနှင့် မသင့်မတင့်ဖြစ်ရတတ်သည်။ ၂၉နှစ်နောက်ပိုင်းပြုလျှင် အိမ်ထောင်ရေးအထူးကောင်းမွန်ပါသည်။

ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆီးရောဂါ,ဆီးချို,ဝမ်းဗိုက်ပိုင်းနှင့်ပတ်သက်သောရောဂါများဖြစ်တတ်သည်။

အသက် ၂၄မှ ၂၉နှစ်အတွင်းကံညံ့နေလိမ့်မည်။ထို့အတူ ၄၀,၄၁,၄၈,၄၉ နှစ်များတွင် အစစအရာရာ မအောင်မြင်ဘဲ နှောင့်နှေးကြန့်ကြာနေတတ်သည်။ စိတ်ရှည်သည်းခံပြီးလုပ်ပါ။


မင်းဒေဝ ( ဘဝတစ်သက်တာဟောကိန်းများ)




Previous Post Next Post