တနင်္လာသားသမီးများသည် စိတ်သဘောထားနူးညံ့သိမ်မွေ့ကြသည်။လူအများ၏ ယုံကြည်အားကိုခြင်းကိုခံကြရမည်။မိမိ၏စိတ်သဘောထားဖြူစင်မှု့ကို အခွင့်ကောင်းယူပြီး မိမိကိုကျောခိုင်းသွားသူများနှင့် မကြာခဏကြံတွေ့ရမည်။ မိမိသည်သူတပါးကိုကျွေးလိုစိတ် မွေးလိုစိတ်‌ပေးကမ်းလိုစိတ် အမြဲရှိသည်။ အပေါင်းအသင်းများကြောင့် ဘဝတွင် အမှားအယွင်းများ မကြာခဏကြုံတွေ့ရလိမ့်မည်။ အပေါင်းအသင်းများက မိမိကိုညာစားသွားတတ်ကြသည်။ မိမိသည်သူငယ်ချင်းမိတ်ဆွေများအတွက်မူအကျိုးရှိသူ ကောင်းကျိုးပြုနိုင်သူတစ်ဦးဖြစ်လိမ့်မည်။ လူတစ်ဘက်သားကို ထိထိရောက်ရောက်ကူညီနိုင်လျှင် ပျော်ရွှင်ချမ်းမြေ့တတ်သူတစ်ဦးဖြစ်သည်။

မိမိကစပြီးသူများကိုမစော်ကား မိမိကိုစော်ကားလာလျှင်တက်နိုင်သလောက်သည်းခံမည်။ သည်ခံစရာရှိလျှင် သူတစ်ပါးထက်ပိုပြီးသည်းခံမည်။ သည်းမခံနိုင်ချိန်ရောက်လာလျှင်သူတစ်ပါးထက်ပို၍ရက်စက်တတ်သည်။ လက်စား‌ချေတတ်သည်။စိတ်ချမ်းသာမှု့ကို မိမိဘာသာရှာဖွေတတ်သည်။တည်တည်ကြည်ကြည် ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သည်။ သို့သော်မပြတ်သားတတ်။ပညာနှင့်ပတ်သတ်သောအလုပ်အကိုင်များအကျိုးပေးပါလိမ့်မည်။ ပညာရေးကို မြင့်မားစွာမတတ်မြောက်ခဲ့သူဖြစ်လျှင် ဖြတ်ထိုးဉာဏ်ကောင်းရှိမည်။ လက်မှု့ပညာ‌ပိုင်းကိုစိတ်ဝင်စားမည်။ တီထွင်ရသော အလုပ်များကိုစိတ်ဝင်စားမည်။ အရာရာကိုနှံစပ်နားလည်သဖြင့်လုပ်ငန်းခွင်တွင်လက်အောက်ငယ်သားများကအထင်ကြီးပြီးအမြင်ကပ်မည်။ အထက်လူကြီးများက ယုံကြည်အားကိုးမည်။စိတ်ထက်မြက်ပြီး မဟုတ်မခံစိတ်အပြည့်ရှိမည်။

မိမိဘဝကို မိမိစိတ်တိုင်းကျပြုပြင်ဖန်တီးလိုသည်။သူတပါးချယ်လှယ်လွှမ်းမိုးခြင်းကို လုံးဝမကြိုက်ပေ။လူတစ်ဖက်သားကို အယုံမလွယ်ကြပါ။အားနည်းချက်မှာမိမိလျို့ဝှက်ချက်များကို မဆင်မချင်ဖွင့်ပြောတတ်ကြခြင်းဖြစ်သည်။အလုပ်တစ်ခုလုပ်လျှင်သူတစ်ပါးနှင့်တိုင်ပင်လိုစိတ်ရှိကြသည်။သူတစ်ပါး၏ချောက်တွန်းခြင်းကိုလည်း မကြာခဏခံတတ်ကြသည်။ထူးခြားသည်မှာ သင်၏စိတ်ကဝမ်းသာစရာရှိလျှင်လည်း သူများထက်ပိုသည်။ဝမ်းသားစရာရှိလျှင်လည်း သူများတကာထက်ပိုမည်။ အလုပ်တစ်ခုလုပ်စရာရှိလျှင် အချိန်အခါကို မစောင့်ဘဲ ချက်ချင်းထလုပ်ရမှကျေနပ်သူဖြစ်သည်။လူအများနှင့်ပူးပေါင်းလုပ်ကိုင်ရသောအလုပ်များ အကျိုးပေးမည်။

ဗုဒ္ဓဟူး၊ ကြာသာပတေး၊ တနင်္ဂနွေ သားသမီးများနှင့်ပူးပေါင်းလုပ်ကိုင်ပါ။အထူးအကျိုးရှိမည်။

တနင်္လာ၊အင်္ဂါ၊ စနေ၊သောကြာ နေ့သားသမီးနှင့်တွဲလုပ်လျှင် မိမိထသူများကသာ အကျိုးရှိမည်။

ပညာကိုတန်ဖိုးထားတတ်သူဖြစ်သည်။ ပညာရေးကိုလိုက်စားလျှင်သူများတကာထက်ပိုပြီး အောင်မြင်နိုင်သည်။

ငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်မကျအောင်ထိန်းသိမ်းပါ။ ၂၄နှစ်ထက်စော၍အိမ်ထောင်ပြုလျှင်မကောင်းပါ။ ၂၄နှစ်နောက်ပိုင်း အိမ်ထောင်ပြုလျှင်အိမ်ထောင်ရေးကံကောင်းတတ်သည်။

အလုပ်ကိုအပင်ပန်းခံလုပ်နိုင်သည်ဆိုသော်ငြား ဦးခေါင်းနှင့်ပတ်သတ်သောရောဂါရတတ်သဖြင့် သတိထားပါ။ရောဂါအလွန်အကျွံဖြစ်မှထုတ်ပြောချင်းမျိုးမလုပ်ပါနှင့် အိပ်ယာထဲလဲသွားသောရောဂါမျိုးအထိဖြစ်တတ်သည်။

၂၃ နှစ်မှ၂၆နှစ်အတွင့်ကံညံပြီးဆိုးဝါးမှု့များကြုံတွေ့ရတတ်သည်။ ၄၁.၄၂.၄၈.၄၉ နှစ်များတွင်လည်း အထူးသတိထားလုပ်ကိုင်ပါ။ ကံနိမ့်နေပြီးဖြစ်ချင်ရာဖြစ်ဟု လုပ်ကိုင်လိုစိတ်များပေါ်နေတတ်သည်။မလုပ်ပါနှင့် စိတ်ကိုထိန်းချုပ်ထားရမည့်နှစ်များဖြစ်သည်။


မင်းဒေဝ (ဘဝတစ်သက်တာဟောကိန်းများ)






Previous Post Next Post