တနင်္ဂနွေသားသမီးများသည် စိတ်နှလုံးဖြူစင်၍ သဘောထားပြည့်ဝမည်။စိတ်ရှည်စိတ်ကောင်းရပြီး မိဘ၊ဆရာသမားများကိုရိုသေမည်။သူတစ်ပါးကိုပေးကမ်းကျွေးမွေးလိုစိတ်ရှိမည်။မိတ်ဆွေအပေါင်းအသင်းဝန်းကျင်ကို အထင်ကြီးတတ်မည်။ သူငယ်ချင်းအပေါင်းအပေါ် အနစ်နာခံပြီးပေါင်းသင်းတတ်သည်။ခင်မိမင်မင်မိပြီဆိုရင် ကိုယ်ရောစိတ်ပါနှစ်ပြီးခင်မင်ပေါင်းသင်းတတ်သည်။

မိမိအပေါ််မကောင်းကြံသူကို မဖြစ်ဖြစ်သည့်နည်းနှင့် လက်စားချေတတ်ကြသူများဖြစ်သည်။ မုန်းမိပြီဆိုလျှင်လည်း ဘယ်လိုမှကို မျက်နှာမကြည့်ချင်လောက်အောင်ကိုမုန်းတီးတတ်ကြသည်။ စိတ်ဆိုးမိလျှင်ဘယ်သူချော့ချော့ မရတော့၊ မိမိဘာသာ သူ့အလိုလို အချိန်တန်လျှင်ပြေသွားတတ်ကြသည်။ စိတ်ဆိုးလျှင် ဘာကိုမှမကြည့်ဇွတ်လုပ်တတ်ကြသည်။ လုပ်ပြီးမှ နောင်တတွေရနေတတ်သည်။ရသည့်နောင်တကလည်းကြာရှည်မခံတတ်ကြပေ။

အလုပ်လုပ်ရာတွင် အေးအေးဆေးဆေးလုပ်တတ်ကြသည်။ အချိန်ယူစဉ်းစားပြီးလုပ်ကိုင်တတ်ကြသည်။ထို့ကြောင့် ဘဝတွင် အောင်မြင်မှု့တွေရရှိတတ်သလို တခါတလေတွင် မိမိ၏နှောင့်နှေးကြန့်ကြာမှု့ကြောင့် ဆုံးရှုံးမှု့တွေကြုံတွေရတတ်သည်။အလုပ်လုပ်ရာတွင် ကိုယ်ကျိုးတခုတည်းဘယ်တော့မှမကြည့်တတ် သူ့ဘက်ကိုယ့်ဘက် မျှအောင်ကြည့်တတ်သူများဖြစ်သည်။ ငွေချေးပြီးပြန်တောင်းရန် အားနာနေတတ်ကြသည်။အားနာတတ်ကြသဖြင့်လူလိမ်လူကောက်များနှင့်ဆုံရမည်။ဘဝရည်မှန်းချက်မြင့်မားကြသည်။ဘဝတွင် အဆင့်အတန်းမြင့်မားစွာနေထိုင်လိုစိတ်ပြင်းပြကြသည်။ဘဝလမ်းခရီးတွင် အလှည့်အပြောင်းအတက်အကျများစွာ ကြံတွေ့ရလိမ့်မည်။ မိမိ၏အားနာတတ်မှု့ကြောင့် မိမိခံစားခွင့်များကို သူတပါးကဝင်၍ ရယူခံစားသွားလိမ့်မည်။

ဗုဒ္ဓဟူး၊စနေ၊အင်္ဂါနေ့သားသမီးများ အကျိုးပေးလိမ့်မည်။

တနင်္လာ၊ကြာသာပတေး၊သောကြာ၊တနင်္ဂနွေ နေ့သားသမီးများနှင့်ဆက်ဆံရာတွင် သတိထားပါ။ ဆွေမျိုးများနှင့်ပါတ်သတ်ပြီးအကျိုးမပေးပါ။ မိဘပေါ််တွင်ထင်သလောက် မပြုစုရတတ်ပါ။တရားထိုင်ခြင်း၊ပုတီးစိတ်ခြင်းတို့ကိုပြုလုပ်ဆောင်ရွက်လိုသည်။ တတိယအရွယ််ရောက်လျှင်စိတ်ကြိုက်လုပ်နိုင်မည်။ပညာရေးနှင့်ပတ်သတ်ပြီးဇွဲလုံ့လရှိမည်။ ပညာရေးကိုစိတ်ဝင်စားသော်လည်းသိပ်အထင်မကြီးတတ်ပါ။ပညာရေးတပိုင်းတစဖြစ်သွားတတ်သည်။အလုပ်လုပ်လိုစိတ်ကများနေမည်။တီထွင်လိုစိတ်အမြဲရှိတတ်သည်။အိုဇာတာကောင်းတတ်သည်။

၂၅နှစ်မတိုင်မီအိမ်ထောင်ပြုလျှင်မကောင်းတတ်ပါ။၂၅နှစ်နောက်ပိုင်းမှပြုလျှင်ကောင်းပါသည်။အထူးသဖြင့် ၂၉နှစ်တွင်ပြုလျှင် အိမ်ထောင်ရေးအထူးကောင်းတတ်ပါသည်။ သို့သော်မိမိမှာ အိမ်ထောင်ဘက်နှင့်တစ်နာရီပြည့်အောင်စကားပြောဖို့ပင်မလွယ်၊ပြောပြန်လျင်လည်းတစ်ယောက်နှင့်တစ်ယောက်စကားနိုင်လုနေကြသဖြင့် တကျတ်ကျတ်ဖြစ်နေမည်။

ကျန်းမာရေးနှင့်ပတ်သတ်ပြီးပေါ့လျော့စွာနေထိုင်တတ်သည်။မျက်စိနှင့်ပတ်သတ်သောရောဂါဝေဒနာများခံစားရတတ်သည်။လေနာဒူးနာဖြစ်တတ်သည်။

အသက်၂၁နှစ်မှ၂၄နှစ်အတွင်းကံညံနေတတ်သည်။ဆိုးဆိုးဝါးဝါးကြုံတွေရတတ်သည့်ကာလဖြစ်သည်။

၃၀နှစ်မှ ၃၆နှစ်အတွင်းအဆိုးကြီးမဟုတ်သော်လည်း သတိနှင့်လုပ်ဆောင်သင့်သည့်ကာလဖြစ်သည်။

အသက်၄၀အဝင်တွင်လည်း ဂုဏ်သတင်းညှိုးကျစရာများကြုံတတ်သည်။

၄၆နှစ်မှ ၄၉နှစ်အတွင့်အနှောက်အယှက်များကြုံတွေ့ရမည်။သတိနှင့်သွားလာလုပ်ကိုင်ပါ။အိုဇာတာကောင်းပြီး အမွေအနှစ်များပေးနိုင်လိမ့်မည်။


မင်းဒေဝ (ဘဝတစ်သက်တာ‌‌ဟောကိန်းများ)




Previous Post Next Post