The Eight Hundred
မင်္ဂလာပါဗျာ ကျွန်တော်ဒီတစ်ပတ်ရွေးပေးမဲ့ဇာတ်ကားကတော့ ခါတိုင်းရွေးပေးနေကြနဲ့မတူပဲ တရုတ်စစ်ကားတစ်ကားတစ်ကားပဲဖြစ်ပါတယ်။ IMDb 7.2 ရထားပြီး ၂၀၂၀ရဲ့အကောင်းဆုံးစစ်ကားတစ်ကားလို့ နာမည်ကြီး Website တွေမှာဖော်ပြထားခြင်းခံရတာကိုလည်းတွေ့ရပါတယ်။ကျွန်တော့လို ဘေအကုန်ခံပြီးမှ Down ကြည့်တဲ့သူငယ်ချင်းတွေအတွက်ကတော့ IMDb 7.2 ဆိုတာက တော်တော်လေးကောင်းတဲ့ Rating ဆိုတော့ ဘေကုန်ခံရကျိုးနပ်မှာပါ။ ကဲဇာတ်ကားအကြောင်းသွားရအောင်ဗျာ
ဇာတ်ကားရဲ့ နာမည်ကကို ရှစ်ရာဆိုတော့ သေချာတာတော့ ဇာတ်ကားထဲမှာတော့ ရှစ်ရာနဲ့ပတ်သတ်တာ သေချာပေါက်တစ်ခုခုတော့ ပါမှာပဲ။ မေးစရာက ဘယ်ကရှစ်ရာလဲ ၊ ဘာလို့သမိုင်းမှတ်တမ်းမှာ အရေးကြီးတဲ့ အခန်းကပါနေတာလဲ ၊ တရုတ်တွေကဒါကိုဘာလို့ငွေအတော်ကုန်ကြခံရိုက်ကြတာလဲ ? လေ့လာကြည့်ရအောင်ဗျာ
The Eight Hundred, 2020 - ဖြစ်ရပ်မှန်တရုတ်စစ်ကား |
ဇာတ်ကားရဲ့ သမိုင်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ် ဒုတိယဆိုင်နို-ဂျပန်စစ်ကာလအတွင်းမှာ တရုတ်စစ်တပ်တွေဟာ အပျက်အစီးဆုံးရှုံးမှု့များစွာနဲ့ ဂျပန်တပ်တွေကို မယှဉ်နိုင်ပဲ ဆက်တိုက်ဆုတ်ခွာခဲ့ကြပါတယ်။ ဒီလိုနဲ့ဂျပန်တွေဟာ ရှန်ဟိုင်းကိုကျူးကျော်တဲ့အခါမှာတော့ တရုတ်ပြည်ရဲ့ခေတ်သစ်သမိုင်းမှာ အကျော်ကြားဆုံး The Battle Of Shanghai ဆိုတာပေါ်ပေါက်လာခဲ့ပါတယ်။
ရှန်ဟိုင်းကိုဂျပန်တွေသိမ်းတဲ့အချိန် တံတားရဲ့တစ်ဖက်မှာကတော့ အင်္ဂလိပ်၊ ပြင်သစ်စတဲ့ နိုင်ငံတကာကအဖွဲ့အစည်းတွေအခြေစိုက်ထားတဲ့ နယ်မြေရှိပါတယ်။ ဒီနယ်မြေကိုတော့ဂျပန်တွေ လုံးဝမထိဘူးဆိုပေမယ့် တံတားရဲ့အခြားတစ်ဖက်မှာ ဂျပန်ဘုရင့်တပ်တော် အမှတ်၃တပ်မစစ်သည် ၂သောင်းနဲ့ တရုတ်စစ်သားအနည်းငယ်ဟာတရုတ်ပြည်သူအများအပြားနဲ့ပိတ်မိနေတာပဲဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်စစ်သား ၄၅၂ ယောက်သာပါတဲ့ အမှတ်၈၈ တရုတ်လွတ်မြောက်ရေးတပ်ဟာ တံတားထိပ်က Sihang ဂိုဒေါင်ကနေ တရုတ်ပြည်သူတွေ တံတားတစ်ဖက် နိုင်ငံတကာကအဖွဲ့အစည်းတွေဆီကိုမကူးနိုင်ခင် စစ်သည်၂သောင်းပါတဲ့ အမှတ်၃ဂျပန်တပ်မကိုခုခံတိုက်ဖို့ဖြစ်ပါတယ်။
Sihang ဂိုဒေါင် |
ဒီတိုက်ပွဲကို အကြောင်းပြုပြီး ဂျပန်မြင်တာနဲ့ ဒူးတွေတုန်ကြောက်လန့်ပြီး ပြေးတဲ့တရုတ်စစ်သားတွေအတွက် ဂျပန်တွေကို ပြန်တိုက်ခိုက်ဖို့ မျိုးချစ်စိတ်တွေဖြစ်စေခဲ့ပြီးတော့ တရုတ်ပြည်သူတွေကို တသားတည်းကျစေခဲ့ပါတယ်။
ကဲ သမိုင်းကြောင်းကိုပြောပီးသွားပြီဆိုတော့ ဒီဇာတ်ကားဘယ်လောက်အောင်မြင်လဲကြည့်ရအောင်
၂၀၂၀ ဩဂုတ် ၂၁ မှာထွက်ခဲ့တာဖြစ်ပြီး ဇာတ်ကားကုန်ကျစာရိတ်က အမေရိကန်ဒေါ်လာ ၈၀ မီလီယံ ဆိုပေမယ့် ၄၆၄မီလီယံအထိ ပြန်ရတာဆိုတော့ တော်တော်လေးအောင်မြင်တာဖြစ်ပါတယ်။
သိမ်းငှက်သူရဲကောင်းမင်းသားပါပါတယ်ဆိုတော့ တော်တော်လေးမိုက်နေပါပြီ ။ ဒါရိုက်တာတွေ တခြားမင်းသားတွေကတော့ သိချင်ရင် Google မှာရှာကြည့်ပေါ့ဗျာ
သိမ်းငှက်သူရဲကောင်းမင်းသား Huang Xiaoming |
Bonus အနေနဲ့ကတော့ Channelmyanmar မှာ down ရင် ဖိုင်size 1.04 Gb ဒါမှမဟုတ် 344 MB ရှိမှာဖြစ်ပါတယ် ။ ထုံးစံအတိုင်း Link မသေခင် မြန်မြန်သွား down ကျပေါ့ဗျာ။
အချိန်အကုန်မခံပဲ ဇာတ်ကားကောင်းတွေကိုပဲ ကြည့်ချင်တဲ့သူတွေအတွက် နောက်အပတ်တွေမှာ ကျွန်တော်ဘာဇာတ်ကားတွေရွေးပေးမလဲ သိချင်ရင်တော့ ကျွန်တော့ YHNL Fb Page နဲ့ You Tube Channel ကို Like & Subscribe လုပ်ထားလိုက်တော့ဗျာ
အဆုံးထိဖတ်ပေးတာ ကျေးဇူးဗျာ CU
Video ဖြင့်ကြည့်ရှု့လိုပါက
YHNL ( ရန်ထီးနေလ )
ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။