၁။အနုစိတ်၍ မစီမံတတ်ခြင်း ခေါင်းဆောင်တို့မည်သည် မိမိနှင့်သက်ဆိုင်သော အလုပ်တာဝန်ကို "အလုပ်များလွန်း၍ ဂရုမစိုက်နိုင်ဟု" မရှိစေရ။ဤသို့ဆိုရာ၌ နေရာတကာတိုင်း ကိုယ်တိုင်ဆောင်ရွက်ရမည်ဟု ဆိုလိုခြင်းမဟုတ်။ အချို့ကိစ္စများကို ကျွမ်းကျင်သော လက်ထောက်များသို့ လွှဲအပ်တက်သော အလေ့အကျင့်ရှိစေရမည်။

၂။နုပ်ဖွဲသောအလုပ်မျိုးကို မလုပ်လိုတတ်ခြင်း ခေါင်းဆောင်တို့မည်သည် သူတစ်ပါးတို့စေခိုင်းသော အလုပ်မျိုးကို အရေးကြီးလျှင် ကိုယ်တိုင်လည်း ဆောင်ရွက်ရန် အသင့်ရှိစေရမည်။ အရေးပင်ကြီးသော်လည်း နုပ်ဖွဲသောကြောင့် ငါနှင့်မဆိုင် ငါမလုပ်နိုင်ဟု မရှိစေရ။

၃။ပညာကိုအသုံးချ၍ အလုပ်မလုပ်မီ ပညာတက်ရုံမျှနှင့် အကျိုးခံစားခွင့် မျှော်လင့်ခြင်း လောကကြီးသည် တက်ထားသော ပညာအတွက် အဖိုးမပေး ၊ ထိုပညာနှင့် ကိုယ်တိုင်ဖြစ်စေ သူတစ်ပါးကို အလုပ်လုပ်စေသည်ဖြစ်စေ သို့မှသာ အဖိုးရနိုင်၏။
ရွှေဥဒေါင်း - ခေါင်းဆောင်ဖြစ်ချင်ရင် ဒီအချက်တွေကိုရှောင်

၄။နောက်လိုက်လိုက်များ၏တုပြိုင်ခြင်းကို ကြောက်ရွံ့စိုးရိမ်ခြင်း နောက်လိုက်တစ်ယောက်က မိမိ၏ နေရာကိုလုလိမ့်မည်ဟု စိုးရိမ်တတ်သော ခေါင်းဆောင်သည် တစ်နေ့နေ့၌ ထိုစိုးရိမ်ချက်အတိုင်း ဖြစ်ရတော့မည်ဟု စိတ်ချလေလော့။ ကျွမ်းကျင်သော ခေါင်းဆောင်သည် လွှဲအပ်သင့်သော အသေးအဖွဲ့အလုပ်များကို လွှဲအပ်သင့်သော အသေးအဖွဲအလုပ်များကို လွှဲအပ်နိုင်ရန်အတွက် လက်ထောက်များကို သင်ပြပေးထား၏။ ဤနည်းအားဖြင့် မျက်စိတစ်ရာ နားတစ်ရာ ဖြစ်နိုင်၍ နေရာတကာတိုင်းအုပ်ချုပ်နိုင်၏။ ထိုသို့သော ခေါင်းဆောင်မျိုးသည် တစ်ကိုယ်ကို ဆယ်ကိုယ်ခွဲနိုင်ခြင်းနှင့်တူသောကြောင့် တို့၍ အလုပ်တွင်ကျယ်နိုင်၏။ ကျွမ်းကျင်သောခေါင်းဆောင်သည် မိမိ၏ ပညာနှင့်ဥပဓိရုပ်ကောင်းခြင်းကို တိုး၍ တွင်ကျယ်အောင် အလုပ်လုပ်စေနိုင်၏။

၅။စိတ်ကူးဉာဏ်ကင်းမဲ့ခြင်း စိတ်ကူးဉာဏ်မရှိခဲ့လျှင်ခေါင်းဆောင်တို့သည် အကျဉ်းအကျပ်အခက်အခဲနှင့် ကြုံတွေ့သည့်အခါ မတက်နိုင်အောင် ဖြစ်တတ်သည့်ပြင့် နောက်လိုက်များကိုလမ်းညွှန်ရန်အတွက် အကြံအစည်လည်းမထုတ်တတ်ချေ။
ရွှေဥဒေါင်း - ခေါင်းဆောင်ဖြစ်ချင်ရင် ဒီအချက်တွေကိုရှောင်

၆။တစ်ကိုယ်ကောင်းကြံတတ်ခြင်း အလုပ်တစ်ခု ထမြောက်သည့်အခါ နောက်လိုက်များကို မမြှောက်စားလိုဘဲ မိမိတစ်ဦးတည်းခံစားလိုသော ခေါင်းဆောင်မျိုးသည် နောက်လိုက်များ၏ ကျေနပ်ခြင်းကို မဖြစ်စေနိုင်ချေ။

၇။ကြူးလွန်းတတ်ခြင်း နောက်လိုက်တို့သည် အစားကြူးခြင်း၊ အအိပ်ကြူးခြင်း၊ အသောက်ကြူးခြင်းမှစ၍ ကာမဂုဏ်ကြူးခြင်းစသော လွန်ကြူးခြင်းမျိုးကို မဆင်ခြင်နိုင်သော ခေါင်းဆောင်မျိုးကို ကြည်ညိုခြင်း မရှိတတက်ချေ။ မည်သို့လွန်ကြူးခြင်းမှု့မျိုးဖြစ်စေ အပင်ပန်းခံနိုင်သော သတ္တိကို ဖျက်ဆီးတတ်၍ အသက်နေ နည်းစေတတ်၏။

၈။သစ္စာမရှိခြင်း မိမိ၏အထက်လူ၊ အောက်လူ တန်းတူလူများအပေါ်၌ သစ္စာမရှိသော ခေါင်းဆောင်တစ်ယောင်သည် ကြာရှည်စွာ ခေါင်းဆောင်မဖြစ်နိုင်၊ ထိုသူမျိုးသည် လူတိုင်း၏ ကဲ့ရဲ့ရှုတ်ချခြင်းကိုခံရ၏။ မည်သည့်အလုပ်အကိုင်မျိုးတွင်မျှ ကြီးပွားခြင်းမရှိနိုင်ချေ။
ရွှေဥဒေါင်း - ခေါင်းဆောင်ဖြစ်ချင်ရင် ဒီအချက်တွေကိုရှောင်

၉။အာဏာကို အသုံးပြုလွန်းခြင်း ခေါင်းဆောင်တို့မည်သည် နောက်လိုက်များ အပေါ်တွင် အာဏာပြခြင်းအားဖြင့် ရွံကြောက်အောင်မပြုလုပ်ဘဲ အားပေးအားမြောက်ပြုခြင်းအားဖြင့် အလုပ်ကို တွင်ကျယ်အောင် ဆောင်ရွက်တတ်၏။ အာဏာပြတတ်သော ခေါင်းဆောင်မျိုးသည် အတင်းအဓမ္နခေါင်းဆောင်ရာရောက်၏။ ခေါင်းဆောင်အစစ်တို့မည်သည် အာဏာကို အသုံးပြုရန်မလို မလုပ်ကိုနားလည်ခြင်း ၊ တရားသဖြင့် မျှမျှတတသဘောထားခြင်း၊ထောက်ထားစာနာတတ်ခြင်းစသော အပြုအမူတို့ဖြင့် တပည့်များကို လိုရာရောက်အောင် ဆောင်ကြည်းသွားတတ်၏။

၁၀။ဘွဲ့ထူး ၊ ဂုဏ်ထူးကို အလေးဂရုပြုလွန်းခြင်း ဘွဲ့ထူးရမှ နောက်လိုက်များ ရိုသေသည်ဟု အယူရှိသောသူသည် ခေါင်းဆောင်စစ်မဟုတ်သေးချေ။ ဘွဲ့ထူးကို မြတ်နိုးလွန်းသော လူတစ်ယောက်သည် အခြားမြတ်နိုးဖွယ်ရာသောအရည်အချင်းမျိုး မိမိ၌ မရှိကြောင်း ဖော်ပြ၏။

အထက်ပါ ချွတ်ယွင်းချက်များသည် မကြီးပွားသော ခေါင်းဆောင်များ၌ တွေ့ရတတ်သော ချွတ်ယွင်းချက်များဖြစ်၏။ ၎င်းချွတ်ယွင်းချက်မျိုးအားလုံးပြည့်စုံမှ ပြုတ်၍ကျတတ်သည်မဟုတ်။ ၎င်းတို့အနက် ချွတ်ယွင်းချက်တစ်ခုခုဖြစ်ခဲ့လျှင်ပင် ခေါင်းဆောင်အရာမှပြုတ်ကျတတ်လေသည်။ ထိုကြောင့် ခေါင်းဆောင်ဖြစ်လိုခဲ့လျှင် အထက်ပါ ချွတ်ယွင်းချက်စာရင်းကို သေချာစွာစစ်ဆေးဖတ်ရှု့၍ ထိုအပြစ်မျိုးတစ်ခုမျှမရှိရအောင် ကြိုးစားရမည်။



ရွှေဥဒေါင်း အကြံဉာဏ်ဖြင့်ကြီးပွားရေး



YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။3

Previous Post Next Post