များစွာသော ခေါင်းဆောင်ကြီးတို့သည် နောက်လိုက်အဖြစ် အစပြုကြရ၏။ ၎င်းတို့သည်ဉာဏ်ရှိသော  နောက်လိုက်များဖြစ်ကြသည့်အတွက်ကြောင့် ခေါင်းဆောင်အဖြစ်သို့ရောက်ကြရ၏။ နောက်လိုက်ကောင်းတစ်ယောက်မဖြစ်ပဲ ထူးကဲသောခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်သူ အလွန်နည်းပါး၏။နောက်လိုက်ကောင်းကောင်းတက်လျှင်‌ ခေါင်းဆောင်ဖြစ်ဖို့လျှင်မြန်၏။ ဉာဏ်ရှိသော နောက်လိုက်တစ်ယောက်သည် ခေါင်းဆောင်ထံမှ ဗဟုသုတပညာရရန်ရှိသောကြောင့် အခွင့်ကောင်းတစ်ခုရှိသည်ဟု မှတ်အပ်၏။

ခေါင်ဆောင်၏အရည်အချင်းများ

၁။ မိမိအစွမ်းနှင့် မိမိအလုပ်ကို နားလည်ခြင်းအပေါ်တွင် အခြေခံသည့်မယိမ်းယိုင်သော သတ္တိရှိခြင်း  ကိုယ့်အစွမ်းနှင့် ကိုယ့်သတ္တိကို ယုံကြည်အားမကိုးသော ခေါင်းဆောင်တစ်ယောက်ထံတွင် မည်သူကမျှ နောက်လိုက်မလုပ်ချေ။ ဉာဏ်ရှိသောနောက်လိုက်တစ်ယောက်သည် ထိုသို့သောခေါင်းဆောင်တစ်ယောက်ထံတွင် ကြာရှည်စွာနောက်လိုက်လုပ်မည် မဟုတ်ချေ။

ရွှေဥဒေါင်း- ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းများ


၂။ မိမိကိုယ်ကို မိမိနိုင်နင်းခြင်း မိမိကိုယ်ကို မိမိနိုင်နင်းအောင်မအုပ်ချုပ် မထိန်းသိမ်းနိုင်သောသူတစ်ယောက်သည် သူတစ်ပါးတို့ကိုနိုင်နင်းအောင် အုပ်ချုပ်နိုင်မည်မဟုတ်ချေ။ ကိုယ့်ကိုယ်ကိုယ် နိုင်နင်းခြင်းသည် နောက်လိုက် ငယ်သားများအတွက် ကောင်းမြတ်သော နမူနာတစ်ခုဖြစ်၍ ဉာဏ်ရှိသော နောက်လိုက်များက အားကျ အတုယူကြပေလိမ့်မည်။

၃။ တရားသဖြင့် သဘောထားတတ်ခြင်း တရားသဖြင့် မျှတသော စိတ်သဘောထားမျိုးမရှိခဲ့လျှင် မည်သည့်ခေါင်းဆောင်မျှ ငယ်သားများ၏ကြည်ညိုရိုသေခြင်းကို ခံရမည်မဟုတ်ချေ။

၄။ ပိုင်းခြားဆုံးဖြတ်နိုင်သော သတ္တိရှိခြင်း ပိုင်းပိုင်းခြားခြားပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ရန် မတက်နိုင်သောသူတစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ် စိတ်မချကြောင်းထင်ရှား၏။ ထိုသူသည် သူတစ်ပါးတို့ကို အောင်မြင်စွာ ခေါင်ဆောင်ခြင်းငှာ မတက်နိုင်ချေ။

ရွှေဥဒေါင်း- ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းများ


၅။ အကြံအစည် အစီအစဉ်ကိုသေချာသတ်မှတ်ခြင်း ခေါင်းဆောင်ကောင်းတို့မည်သည် မိမိ၏အလုပ်ကို စီစဉ်ထား၍ အစီအစဉ်အတိုင်း အလုပ်လုပ်ရချေမည်။ သတ်မှတ်ထားသော လုပ်ငန်းအစီအစဉ်မရှိဘဲ ပုံဖော်သလို ရော်ရမ်းမှန်းဆကာဖြင့် အလုပ်လုပ်သောခေါင်းဆောင်သည် တက်မပါသော လှေနှင့်တူသောကြောင့် ကျောက်ဆောင်များနှင့် တိုက်တက်ချေသည်။

၆။ မတွယ်ကပ်ဘဲ အလုပ်လုပ်တက်ခြင်း ခေါင်းဆောင်ကောင်းတို့မည်သည် နောက်လိုက်ငယ်သားများထက်ပို၍ အလုပ်လုပ်ရန် အသင့်ရှိရမည်။

၇။ နှစ်သက်ဖွယ်ကောင်းသော ဥပဓိရုပ်ရှိခြင်း သပ်သပ်ရပ်ရပ် ဝတ်စားတက်ခြင်းမရှိသူသည် ပထမတန်းခေါင်းဆောင်တစ်ယောက် မဖြစ်နိုင်ချေ။ ခေါင်းဆောင်တို့ မည်သည် နောက်လိုက်တို့၏ ကြည်ညိုရိုသေခြင်းကိုခံရမည်ဖြစ်ရာ ဥပဓိရုပ်ညံ့သူတစ်ယောက်ကို နောက်လိုက်များက ကြည်ညိုရိုသေနိုင်မည် မဟုတ်ချေ။

ရွှေဥဒေါင်း- ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းများ


၈။ထောက်ထားနားလည်တက်ခြင်း ခေါင်းဆောင်တို့ မည်သည်နောက်လိုက်ငယ်သားများ၏ အခက်အခဲများကို နားလည်ထောက်ထား စာနာတက်သော သဘောရှိရချေမည်။

၉။ ကွက်စိပ်ရိုက်၍ နားလည်ခြင်း ခေါင်းဆောင်တို့မည်သည် မိမိ၏ အခြေအနေကို အနုစိပ်ဖြာ၍ သိရှိနားလည်ထားရန် လိုပေမည်။

၁၀။ လုံးဝတာဝန်ယူခြင်း ခေါင်းဆောင်တို့မည်သည် နောက်လိုက်ငယ်သားများ၏ မှားယွင်းချက်များအတွက် လုံးဝ တာဝန်ယူရမည်။ တာဝန်မယူဘဲ အပြစ်ကိုသူတစ်ပါးအပေါ်သို့လွှဲချတက်လျှင် ခေါင်းဆောင်ဖြစ်နိုင်မည်မဟုတ်နိုင်ချေ။ နောက်လိုက်တစ်ယောက်၏ ညံ့ဖျင်းမှု့ကြောင့်အမှားအယွင်းရှိခဲ့လျှင် ခေါင်းဆောင်သည် မိမိလိုသည်ဟု မှတ်ယူတက်ရမည်။

၁၁။ ခေါင်းဆောင်သည် တွဲဖက်ဆောင်ရွက်ခြင်း၏ နည်းစနစ်ကို နားလည်၍ အသုံးချတက်ရမည့်အပြင် မိမိ၏ငယ်သားများအားလုံး ဤနည်းအတူဖြစ်စေဖို့ပြုပြင်တက်ရမည်။


ရွှေဥဒေါင်း - အကြံဉာဏ်ဖြင့်ကြီးပွားရေး


YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post