၁၉၅၀ ဇူလိုင် ၁၈ မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဘလက်ဟသ် မှာ ဆာ ရစ်ချက်ချားလက်စ် နီကိုးလက်စ်ဘရစ်ဆန် ကို အက်ဝါဒ်ဂျိမ်းနဲ့ အိဗ်ဟန်တလေတို့ကနေ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ရှေ့နေဖြစ်ပြီး မိခင်ကတော့လေယာဉ်မယ်တစ်ဦးဖြစ်ပါတယ်။ ရစ်ချက်မှာမွေးချင်း ၃ယောက်ရှိပြီး သူကတော့အကြီးဆုံးဖြစ်ပါတယ်။ သူ့မှာ မွေးရာပါ Dyslexia ဆိုတဲ့ စာဖတ်ပြီးသွားတဲ့အခါ အဲစာကို အဓိပ္ပါယ်မဖော်နိုင်တဲ့ ရောဂါရှိနေတာဖြစ်ပါတယ်။ စဉ်းစားဉာဏ်နဲ့ မှတ်ဉာဏ်ကို မထိခိုက်ပေမယ့် စာရေးစာဖတ်ဖို့ အခက်အခဲရှိနေခဲ့ပါတယ်။
Virgin Group ပိုင်ရှင် ဆာရစ်ချက်ဘရစ်ဆန် |
အသက် ၁၆ နှစ်မှာကျောင်းကထွက်ပြီး သူငယ်ချင်းတွေနဲ့ပေါင်းပြီး Student ဆိုပြီး စာဆောင်ကိုထုတ်ဝေပါတယ်။ စာအရေးအသားက တအား Professional မဆန်ပေမယ့် လူငယ်တွေကြိုက်တဲ့အကြောင်းအရာတွေကို အဓိကထားဖော်ပြတာမလို့ လူငယ်တွေကြားမှာ ရေပန်းစားပြီး လူကြိုက်များလာခဲ့ပါတယ်။နောက်ပိုင်းမှာ သူတို့စာဆောင်မှာ ကုမ္မဏီတွေကကြေငြာတွေထည့်သွင်းလာပြီး ငွေကြေးပိုင်းအရပါ အောင်မြင်လာခဲ့ပါတယ်။
၁၉၆၆မှာ လူငယ်တွေဟာ ဂီတပေါ်အရူးအမူးဖြစ်လာတာကို ရစ်ချက်သတိထားမိလာပြီး သီချင်းဓာတ်ပြားတွေကို စာဆောင်ကနေ မှာလို့ရအောင် စီစဉ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဓာတ်ပြားမှာယူမှု့တွေများလာတဲ့အခါမှာတော့ လန်ဒန်မှာ Vrigin ဆိုပြီး ဓာတ်ပြားရောင်းဆိုင်နဲ့ တေးသံသွင်းစတူဒီယို ဖွင့်လှစ်လိုက်ပါတယ်။အဲအချိန်မှာ ရစ်ချက် ဟာ ၂၂ သာရှိသေးတာဖြစ်ပါတယ်။
Virgin ဓာတ်ပြားအရောင်းဆိုင် |
Virgin Record ရစ်ချက်နဲ့ မိုက်ကိုတွဲလျက်တွေ့ရပုံ |
Necker Island |
YHNL ( ရန်ထီးနေလ )
ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။