PUBG မှာ Player တွေရဲ့ battle အာရုံစူးစိုက်မှု့ကို ရယူတဲ့အနေနဲ့ Air Drop တွေကိုထည့်သွင်းခဲ့တာဖြစ်ပါတယ်။ Classic ပွဲတွေထဲမှာ ကျည်အများဆုံးတဆက်တည်းပစ်လို့ရတဲ့ တစ်ခုတည်းသောလက်နက်ကတော့ ကျွန်တော်တို့ အတောင့်တစ်ရာလို့ အတိုခေါ်ကြတဲ့ M249 တစ်လက်ပဲရှိပါတယ်။ ကျည်များများဆန့်တဲ့လက်နက်တွေရဲ့ အဓိကအားနည်းချက်တစ်ခုဖြစ်တဲ့ ကျည်ပြန်ဖြည့်ရတာကြာတယ်ဆိုတဲ့ အချက်ကို ဒီလက်နက်မှာမဖြစ်မနေတွေ့ရမှာဆိုပေမယ့် သူ့ရဲ့ အားသာချက်ကပဲ ဒီအချက်ကို အကောင်းဆုံးကာကွယ်ထားနိုင်ပါတယ်။
အနီးကပ်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို Aiming ထားပစ်လေ့ရှိတဲ့ Pro Player တွေလက်ထဲမှာသာဆိုရင် ဘာကျည်မှဖြည့်စရာမလို ဘာသေနတ်မှပြောင်းကိုင်စရာမလိုပဲ တဆက်တည်း ရန်သူ ၃,၄ ယောက်ကို တန်း knockout ဖြစ်သွားနိုင်စေသလို ကားချင်းBattle ဆိုင်တဲ့နေရာမှာ M249 ပါလာတဲ့ကားကတော့ တစ်ဖက်ရန်သူရဲ့ကားကို ဖျက်ဆီးဖို့အခွင့်အရေးပိုများတာပဲဖြစ်ပါတယ်။ ဂိမ်းအကြောင်းပြောလို့ပြီးသွားပြီဆိုတော့ အပြင်ကM249 ရဲ့နောက်ခံသမိုင်းကို လေ့လာကြည့်ရအောင်ရအောင်ဗျာ
ရှေ့တန်းစစ်မျက်နှာပြင်တွင် M249 တပ်ဆင်ထားသောစစ်သည် |
အပေါ့စား စက်သေနတ်ဖြစ်တဲ့ M249 ရဲ့ စစ်သုံးအခေါ်ကတော့ M249 Squad Automatic Weapon ( M249 SAW ) ပဲဖြစ်ပါတယ်။ မူလထုတ်လုပ်ခဲ့တာကတော့ ဘယ်ဂျီယံလက်နက်ကုမ္မဏီတစ်ခုဖြစ်တဲ့ FN Herstal ကပဲဖြစ်ပါတယ်။ PUBG မှာပါတဲ့ ScarL ကိုလည်း ဒီကုမ္မဏီကပဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၇၀နောက်ပိုင်းမှာ Design ဆွဲခဲ့ပြီး၁၉၇၄ မှာစတင်အသုံးပြုခဲ့တဲ့ FN Minimi ပေါ်မှာ M249 ကို အခြေခံတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ FN Herstal ဟာ နောက်ပိုင်းမှာ South Carolina ကိုပြောင်းရွှေ့ပြီး FN Manufacturing ဆိုပြီး အမေရိကန်စစ်တပ်အတွက် လက်နက်တွေ ထုတ်လုပ်ပေးခဲ့ပြီး M249 သည်လည်းတစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။
အီရတ် စစ်မျက်နှာတွင် M249 ကိုင်ထားသောအမေရိကန်စစ်သား |
M249 SAW အနီးကပ်တွေ့ရပုံ |
အမေရိကန်တပ်များပြောင်းရွှေ့နေပုံ |
YHNL ( ရန်ထီးနေလ )
ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။