ရည်ရွယ်ချက်ထားရှိခြင်း စည်းကမ်းသတ်မှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
လေ့လာတွေ့ရှိချက်များအရ အောင်မြင်သူတွေရဲ့ ၃ရာခိုင်နှုန်းဟာ မိမိတို့ထားရှိထားတဲ့ရည်မှန်းချက်အတိုင်း တစိုက်မတ်မတ် ဖြောင့်ဖြောင်းတန်းတန်းလုပ်ကြတာကိုတွေ့ရတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ကြတယ် အချိန်ဖြုန်းပြီး လေလွင့်နေတာမျိုးမရှိဘူး မျှော်လင့်ချက်ကောင်းတွေ အလိုဆန္ဒတွေရှိကြတယ်။ တစ်နည်းပြောရရင် စွမ်းအင်ကောင်းတွေနဲ့တည်ဆောက်ထားတဲ့ ရည်မှန်းချက်ကိုပိုင်ဆိုင်ထားတဲ့သူတွေပဲဖြစ်ပါတယ်
ရည်မှန်းချက်ကိုတိုးတက်အောင်မြင်စေသည့် အဆင့် ၇ဆင့်
၁ သင်ဘာလိုချင်လဲဆိုတာကို တိတိကျကျ ဆုံးဖြတ်ပါ
သင်မှာတိကျတဲ့ ရည်မှန်းချက်တစ်ခုခုထားရှိပါ အကယ်၍ ချမ်းသာခြင်သည် အောင်မြင်ခြင်သည်ဆိုပါက အသေးစိတ်ကို တိကျစွာ သတ်မှတ်ပါ။ တစ်နှစ်ငွေဘယ်လောက်ရှာရမယ် ဘယ်လောက်စုရမလဲဆိုတာကို အတိအကျ ထားရှိပါ၊
၂ သင့်အစီအစဉ်များကို စာရွက်တွင် ချရေးပါ
ရည်မှန်းချက်အား စာရွက်တွင် ရေးချပေးရုံမျှဖြင့် ဘာတွန်းအား ဘာအကျိူးသက်ရောက်မှု့ ဘာစွမ်းအင်မှ ရောက်လာမည် မဟုတ်ပါ။ သို့သော် မိမိနေ့စဉ်၊ လစဉ်အလိုက် ကြိုးစားဆောင်ရွက်ချက်များကို လစဉ် အချိန်ကာလကြာသည်နှင့်အမျှ မိမိစီစဉ်ထားတဲ့ အစဉ်အစဉ်များ မည်သို့ရှိသည် မည်မျှနီးစပ်နေပြီ ဖြစ်ကြောင်းကို ကိုယ်တိုင် စီစစ်နိုင်ပြီး လမ်းကြောင်းလွဲနေပါက အချိန်မှီတဲ့မှတ်နိုင်မှာဖြစ်ပါတယ်။
၃ သင့်ရည်မှန်းချက်အတွက် သတ်မှတ်ကာလထားရှိခြင်း
သင့်ရည်မှန်းချက် အကောင်အထည်ဖော်နိုင်မယ့် အချိန်အတွက် ကျိုးကြော်းဆီလျော်မှု့ရှိသည့် ကာလတစ်ခုသတ်မှတ်ပါ။ မိမိရည်မှန်ချက်အရ လုပ်ငန်းသဘာဝသက်ရောက်မှု့ပေါ်မူတည်ပြီး သတ်မှတ်ကာလ အတိုင်းအတာ အဆင့်ဆင့်ကို စာရွက်ပေါ်တွင် ချရေးထာပါ။ မိမိရည်မှန်းချက်ကို မသိစိတ်ထဲတွင် တစ်စိုက်မတ်မတ်ရှိပြီး အလိုအလျောက်သတိရသည်အထိ ကြိုးစားပါ။
၄ သင့်ရည်မှန်းချက်အတွက် တိုးတက်နိုင်ခြေရှိသည်များအား စာရင်းပြုလုပ်ပါ
-ရည်မှန်းချကအောင်မြင်ရေးအတွက် ကြိုးစားအကောင်အထည်ဖော်ရာမှာ ရင်ဆိုင်ကျော်လွှာရမယ့် အခက်အခဲ အတားအဆီး များကို စာရင်းပြုလုပ်ပါ။
-မိမိရှာမှီးထားတဲ့ ပညာဗဟုသုတများနှင့် ကျွမ်းကျင်မှုများအား ရည်မှန်းချက်တိုးတက်ရေးအတွက် လိုသလို အသုံးချနိုင်ရန် စာရင်းပြုစုထားပါ။
-ရည်မှန်းချက် အကောင်အထည်ဖော်ရာမှာ အထောက်အကူဖြစ်စေမယ့် မိမိနဲ့အတူ တွဲဖက်လုပ်ကိုင်မယ့်သူများကို စာရင်းလုပ်ပါ။
-သင်လက်တွေ့လုပ်ကိုင်မယ့် အစီအစဉ်တွေကို အဆင့်အလိုက်ချရေးပါ။ မိမိရည်မှန်းချက်နှင့်ပတ်သတ်၍ မိမိတာဝန်ယူဆောင်ရွက်ရမယ့်အပိုင်းကို တိကျစွာသတ်မှတ်ပါ။
၅ ထပ်တိုးဆောင်ရွက်ရမယ့် အစီအစဉ်များ ဦးစားပေးဆောင်ရွက်ရမည့်အချက်များကို ထည့်သွင်းပါ
ထပ်တိုးဆောင်ရွက်ရမည့်ကိစ္စများအတွက် သင့်ရဲ့ဦးတည်ချက်တွင် သင်အလိုအပ်ဆုံးအရာကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ပထမဦးစားပေး ဒုတိယဦးစားပေးစသည်ဖြင့် မိမိလိုအပ်ချက်ကို အဆင့်သတ်မှတ်ပြီး စာရင်းပြုစုပါ။
ဦးစားပေးဆောင်ရွက်ရမည့် အချက်များကို မိမိအစီအစဉ်တွင် အရေးအကြီးဆုံနဲ့ အရေးပါမှု့အနည်းဆုံတို့ကိုခွဲခြားပါ။ ထပ်တိုးဆောင်ရွက်ရမယ့်အချက်များနှင့် ဦးစားပေးရမည်များကို ယှဉ်တွဲပြီးအဆင့်သတ်မှတ်ပါ။
၆ သင့် အစီအစဉ်များကို အလျင်အမြန် အရေးယူဆောင်ရွက်ပါ
ဘဝရဲ့အောင်မြင်မှု့နဲ့ ကျရှုံးမှုကို အဓိကပိုင်းခြားထားတာကတော့ အောင်မြင်သူတွေဟာ လုပ်ကိုင်ဆောင်ရွက်ချက်တွေကို အလေးပေးဆောင်ရွက်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ရည်မှန်းချက်ကိုအောင်မြင်လိုသူဆိုရင် ပထမခြေလှမ်းစတာနဲ့ အတက်နိုင်ဆုံး အမြန်အကောင်အထည်ဖော်ဆောင်ရွက်ပါ။
၇ နေ့စဉ် မိမိရည်မှန်းချက်ဆီ အနည်ဆုံး တစ်လှမ်းလှမ်းပါ
သင့်ရည်မှန်းချက် အောင်မြင်မှု့အတွက် တိကျတဲ့အာမခံချက်ကိုရယူလိုလျှင် နေ့စဉ် ဆောင်ရွက်ချက်များကို အလေးပေးပါ။ ရည်မှန်းချက်အတွက် အထောက်အကူဖြစ်စေမည့် အလုပ်တစ်ခုခုကို နေ့စဉ်ပြုလုပ်ပါ။ ဒါမှ သီတင်းပတ်အလိုက် လအလိုက် နှစ်အလိုက် ထူခြားတဲ့ ရလဒ်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်
ဂျွန် (မြန်မာပြန်) ဆင်ခြေမပေးနဲ့ စာအုပ်မှကောက်နှတ်သည်
ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။