DP-28   ဆိုဗီယက်စစ်သားတွေနာမည်ပေးထားတဲ့ ဓာတ်ပြားသေနတ်အကြောင်း

PUBG game ထဲမှာ ပုံမှန်သေနတ်တွေနဲ့မတူပဲ design ဆန်းဆန်းရှိတဲ့DP အကြောင်းကို ကိုင်ဖူးတဲ့သူတဲ့ သဘောကျတာများပါတယ် အထူးသဖြင့် အိန္ဒိယနဲ သီရိလင်္ကာက player အများစုရဲ့ အသဲစွဲလည်းဖြစ်ပါတယ် ဒီသေနတ်ရဲ့ အဓိကအားသာချက်ကတော့ Mid range ပစ်တဲ့အပိုင်းမှာ ပစ်မှတ်ကိုတော်တော်လေးတိကျစွာ  ပစ်ခတ်နိုင်တာဖြစ်ပါတယ်၊ 

ကျွန်တော်ဆိုရငိ Game ထဲမှာကျည်ပြင်းအားကောင်းတဲ့ ၇.၆၂ ကျည်သုံးတဲ့သေနတ်တွေကို တော်တော်လေးကြိုက်တဲ့အတွက်ကြောင့်ပဲ AK နဲ့ DP သို့မဟုတ် M762 နဲ့ DP ကိုတွဲပြီးအများဆုံးကိုင်ပါတယ် လက်နက်တိုင်းမှာကိုယ်စီအားသာချက် အားနည်းချက်ရှိကြတာဆိုပေမယ့် DP ရဲ့ ကျည်ဖြည့်တာကြာတယ်ဆိုတဲ့ အချက်ကို ဘယ်လိုမှကျော်သွားလို့မဖြစ်နိုင်ပါဘူး ဒါကြောင့် သူငယ်ချင်းတွေ အနေနဲ့ DP ကို sniper နဲ့တော့တွဲမကိုင်ဖို့အကြံပေးလိုပါတယ် solo ဆော့ရင် ပြသနာမရှိပေမယ့် Duo တို့ Squad တို့ဆော့မယ်ဆိုရင် ကျည်ဖြည့်တဲ့အချိန်က ကိုယ့်ရဲ့ အားအနည်းဆုံးအချိန်ဖြစ်သွားနိုင်လို့ပါပဲ Game အကြောင်းပြောလို့ပြီးသွားပြီဆိုတော့ DPရဲ့ သမိုင်းကြောင်းနဲ့ ဘယ်သူကတီထွင်ခဲ့တာလဲ တီထွင်ရတဲ့မူလအကြောင်းက ဘာလဲ စတာတွေကိုလေ့လာကြည့်ရအောင်ဗျာ

ဆိုဗီယက်တပ်နီစစ်သည်တစ်ဦးကို DP နဲ့အတူတွေ့ရပုံ

ကျွန်တော်တို့ DP လို့အတိုကောက်ခေါ်နေကြတဲ့ လက်နက်ရဲ့ မူလအမည်ကတော့ Degtyaryov machine gun DP-27 ပဲဖြစ်ပြီးတော့ စတင်ထုတ်လုပ်ခဲ့တာကတော့ ဆိုဗီယက်ပြည်ထောင်စု ယခု ရုရှားပဲဖြစ်ပါတယ်။ လက်နက်ဖန်တီးသူကတော့ Vasily Degtyaryov ဖြစ်ပြီး ၁၉၂၀ ပြည်နှစ်တွေကတည်းက စမ်းသပ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ 

Vasily Degtyaryov ကို ၁၈၈၀ ဇန်နဝါရီ ၂ မှာဆိုဗီယက်ပြည်ထောင်စု တူလာမြို့မှာမွေးဖွားခဲ့ပါတယ်။ သူဟာစစ်လက်နက်ဆိုင်ရာ ပါရဂူဘွဲ့ရ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး စက်သေနတ်များ၊ လေယာဉ်ပစ်လက်နက်များ ၊ တင့်ကားပစ်သေနတ်များစွာကို တီထွင်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲဆိုဗီယက်ပြည်ထောင်စုကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်တွေဖြစ်တဲ့ Order of Suvorov, Order of Lenin, Order of Red Star စတဲ့ဆုတံဆိပ်တွေအပြင် အခြားဆုတံဆိပ်များစွာလည်း ရရှိခဲ့ပြီး ၁၉၄၉ ဇန်နဝါရီ ၁၆ သူ့အသက် ၆၉ မှာသေဆုံးသွားခဲ့ပါတယ်။

DP တွေရဲ့မူလတာဝန်က စစ်လေယာဉ်တွေမှာတပ်ဆင်ပြီး ရန်သူ့လေယာဉ်ကို ပြန်လည်ပစ်ခတ်ဖို့ဖြစ်သော်လည်း သူ့ရဲ့ စွမ်းဆောင်ရည် ကိုင်တွယ်ရလွယ်ကူခြင်း လျင်မြန်စွာရွှေ့ပြောင်းနိုင်ခြင်း ပစ်မှတ်ကိုပိုမိုတိကျစွာ ခြိမ်းခြောက်နိုင်ခြင်းတို့ကြောင့် နောက်ပိုင်းမှာ တင်ကားတွေနဲ့ ခြေလျင်စစ်သည်တွေမှာတပ်ဆင်လာတဲ့အထိ တွင်ကျယ်စွာအသုံးပြုလာခဲ့ကြပါတယ်။
DP-28 ကိုဆိုဗီယက် ခြေလျင်စစ်သည်တစ်ဦးကျည်ဖြည့်နေပုံ

၁၉၂၈ ကနေ ၁၉၅၀ ကျော်အထိ ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်နက်ရေ ၇၉၅၀၀၀ ကျော်ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

လက်နက်ကိုကြည့်မယ်ဆိုရင် ၇.၆၂ တစ်မျိုးတည်းကိုသာ အသုံးပြုတာဖြစ်ပြီး အလေးချိန်အနေနဲ့ကတော့ ကျည်မဖြည့်ထားဘဲ သေနတ်ချည်းပဲဆိုရင် ပေါင်၂၀ ၊ ကျည်ဖြည့်ထားရင် ၂၅ပေါင်ထိလေးပါတယ်။

သေနတ်ရဲ့အရှည်ကတော့ လက်မ၅၀, ၄ပေနဲ့ ၂လက်မကျော်ရှည်ပါတယ်။

Rate Of Fire ကတော့ တစ်မိနစ်ကျ ၅၀၀ rpm ထွက်ပါတယ်

Effective Fire Range အနေနဲ့ကတော့ ကိုက် ၈၇၀ ကျော်ထိ‌ကောင်းစွာသက်ရောက်တာဖြစ်ပါတယ်။

တရုတ်တပ်များအား DPကို စစ်ပွဲအတွင်း အသုံးပြုတိုက်ခိုက်နေပုံ

DP နဲ့ သူရဲ့ မျိုးကွဲတွေကို အများဆုံးအသုံးပြုတဲ့စစ်ပွဲတွေကတော့ ဒုတိယကမ္ဘာစစ်၊ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ၊ တရုတ်ပြည်တွင်းစစ်နဲ့ ဗီယက်နမ်စစ်ပွဲတို့ပဲဖြစ်ကြပါတယ်

တပ်ဆင်အသုံးပြုခဲ့တဲ့နိုင်ငံ့တွေကတော့  နာဇီဂျာမနီ၊ တရုတ်၊ အီဂျစ်၊ ဆီးရီးယား၊ မြောက်ကိုရီးယား အပါအဝင် ကမ္ဘာအနှံကနိုင်ငံပေါင်း ၄၃ နိုင်ငံမှာ တပ်ဆင်အသုံးပြုခဲ့ကြပါတယ်။

Video ဖြင့်ကြည့်ရှု့လိုပါက



YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။



Previous Post Next Post