သေနတ်ဆိုတာနဲ့ ဘာလို့ဒီသေနတ်ကိုပဲလူတိုင်းက မျက်လုံးထဲတန်းမြင်လာကြတာလဲ

ဒုတိယကမ္ဘာစစ်ကတည်းက ဖန်တီးခဲ့ပြီး ယနေ့ခေတတ်အထိ ဆက်တိုက်ကိုင်လာကြတဲ့ တစ်ခုတည်းသော AR သေနတ်ဆိုတာနဲ့ AK တွေကိုပဲ ပွဲထုတ်ပေးရမှာဖြစ်ပါတယ်။ Ak-47 လို့ကျွန်တော်တို့အများစုသိထားတဲ့ သေနတ်ရဲ့မူလအမည်ကတော့ အော်တိုမတ် ကလာရှိနီကိုဗာ  လို့ရုရှားလိုခေါ်ကြတဲ့ Kalashnikov ပဲဖြစ်ပါတယ်။ ရုရှားလက်နက်ပညာရှင် မီခေးကလာရှိကော့ဗ် ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာပဲ ဒီလက်နက်ကို ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး ၁၉၄၉ မှာ ဆိုဗီယက်ယူနီယံမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တိုင်းနီးပါးကို Standard Rifle အနေနဲ့ပြောင်းလဲတပ်ဆင်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ 
Ak -47    သေနတ်ဆိုတာနဲ့ ဘာလို့ဒီသေနတ်ကိုပဲလူတိုင်းက မျက်လုံးထဲတန်းမြင်လာကြတာလဲ

ရိုးရှင်းတဲ့ပုံစံ ကျစ်လစ်မာကျောပြီး အကြမ်းခံတဲ့ Design တွေကြောင့် AK တွေကို အဲခေတ်အခါက ဘယ်သေနတ်ကမှ မယှဉ်နိုင်ခြင်းပဲဖြစ်ပါတယ်။

ယနေ့အချိန်ထိ ကမ္ဘာတစ်လွှားမှာ AK-47 လက်နက်ရေ ၇၅ သန်းကျော်ထုတ်လုပ်ခဲ့ပြီး ၎င်းရဲ့မျိုးကွဲတွေကတော့ သန်း၁၀၀ အထိတပ်ဆင်အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်

ရာစုနှစ်ရဲ့သမိုင်းဝင်အစိတ်အပိုင်းဖြစ်လာခဲ့ပြီး မိုဇမ်ဘစ်နိုင်ငံမှာဆိုရင် နိုင်ငံတော်အလံထဲမှာပါထည့်သွင်းရေးဆွဲလာကြတဲ့အထိ သမိုင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းဖြစ်လာခဲ့ပါတယ်

Ak -47    သေနတ်ဆိုတာနဲ့ ဘာလို့ဒီသေနတ်ကိုပဲလူတိုင်းက မျက်လုံးထဲတန်းမြင်လာကြတာလဲ

လက်နက်ကိုကြည့်မယ်ဆိုရင် ယမ်းအားကောင်းပြီး ထိချက်ပြင်းတဲ့၇.၆၂ ကျည်တစ်မျိုးထဲကို အသုံးပြုပါတယ်

ကျည်ကဒ်မပါဘူးဆိုရင် ၇.၇ပေါင်လေးပါတယ် ၊ အရှည်အနေနဲ့ကတော့ တပ်ဆင်ထားတဲ့ သစ်သား Stock နဲ့ ၎င်းရဲ့ မျိုးကွဲပေါ်မူတည်ပြီး ၂၅ လက်မကနေ ၃၅ လက်မအထိ ရှည်ပါတယ်

Rate Of Fire အ‌နေနဲ့ကတော့ ၁မိနစ်ကို Round 600 အထိထွက်ပါတယ်

Effective Fire Range ကတော့ ကိုက်၃၈၀ အတွင့်း အနီးကပ်နဲ့ Mid range အတွက် အထူး Design ဆွဲထားတာပဲဖြစ်ပါတယ်
 
တပ်ဆင်အသုံးပြုတဲ့နိုင်ငံတွေကတော့ တရုတ် ၊ ချီလီ၊ အိန္ဒိယ၊ မြောက်ကိုရီးယား အပါအဝင် ကမ္ဘာနိုင်ငံပေါင်း ၁၀၀ ကျော်မှာ တပ်ဆင်သုံးစွဲခဲ့ကြတာဖြစ်ပါတယ်

အများဆုံး အသုံးပြုတဲ့စစ်ပွဲတွေ အနေနဲ့ကတော့ ဗီယက်နမ်စစ်ပွဲ၊ ကမ္ဘာဒီးယားပြည်တွင်းစစ်၊ အီရန်-အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတို့ပဲဖြစ်ပါတယ် တာလီဘန်တွေနဲ့ IS စစ်သွေးကြွတွေအများစုကိုင်တဲ့လက်နက်အမျိုးအစားပဲဖြစ်ပါတယ်


ရုပ်ရှင်အနေနဲ့ ကြည်မယ်ဆိုရင် ၂၀၂၀ မှာထွက်ခဲ့ပြီးသားဖြစ်တဲ့ Kalashnikov ဇာတ်ကားကိုကြည့်ဖို့အကြံပေးလိုပါတယ်။ IMDb 6.5 ရထားတဲ့ဖြစ်ရပ်မှန် အတ္ထုပတ္တိဇာတ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ AK 47 ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်

Video ဖြင့်ကြည့်ရှု့လိုပါက

 


YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post