G 36C, MK-47 လူမကြိုက်ဆုံးသေနတ်များရဲ့ လူသိနည်းတဲ့ အချက်များ / PUBG AR သေနတ်တို့ရဲ့ နောက်ဆုံးအပိုင်း
ပထမပိုင်းအနေနဲ့ အမေရိကန်ထုတ် semi-auto အမျိုးအစားဖြစ်တဲ့ MK-47 အကြောင်းပဲဖြစ်ပါတယ်။ သေနတ်ရဲ့မူရင်း အခေါ်ကတော့ CMMG Mk47 Mutant ဖြစ်ပြီး CMMG ( Central Missouri Machine Guns) ကနေထုတ်လုပ်ခဲ့တာဖြစ်ပါတယ် ၂၀၁၄ကနေစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၇.၆၂ ကျည်သုံးတဲ့ ဘယ်ကျည်ကဒ်ကိုမဆို ကျည်ထိုးပြီးပစ်ခတ်လို့ရအောင် အဆင့်မြှင့်တင်ထားတာကိုတွေ့ရပါတယ်။
ယုံကြည်စိတ်ချရပြီး ပေါက်ကွဲအားပြင်းထန်တဲ့ ရိုင်ဖယ်တွေလိုအပ်ချက်အရ CMMG ရဲ့ Production Manager တစ်ဦးဖြစ်တဲ့ Tyson Branshaw က MK-47 တွေကိုတီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။
သိသာထင်ရှားတဲ့မျိုးကွဲတွေအနေနဲ့ကတော့ ပစ္စတို အနေနဲ့ထွက်ခဲ့တဲ့ Mk-47 mutant ဖြစ်ပြီး တခြားမျိုးကွဲများကိုတွေ့ရှိနိုင်မှာဖြစ်ပါတယ်။
ဒုတိယပိုင်းအနေနဲ့ကတော့ ဂျာမနီလက်နက်ဖြစ်ပြီး M416 ကိုထုတ်လုပ်ခဲ့တဲ့ Heckler & Koch Company ကထုတ်ခဲ့တဲ့ G36C အကြောင်းပဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ ၇.၆၂ ကျည်သုံးတဲ့ G3 မောင်းပြန်ရိုင်ဖယ်တွေနေရာမှာ ပိုမိုကျစ်လစ်ပေါ့ပါးပြီး ကျည်များများဆန့်လာတဲ့ Design လိုအပ်ချက်အရ G36 တွေပေါ်ပေါက်လာခြင်းဖြစ်ပါတယ်
၁၉၉၇မှာတော့ Bundeswehr လို့ခေါ်တဲ့ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနကနေ G3 ရိုင်ဖယ်တွေနေရာမှာ G36တွေနဲ့ တရားဝင်ပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။ G36 model ကတော့ ကျည်၃၀ နဲ့ ကျည်၁၀၀ ဆန့်တဲ့ ကျည်ကဒ်တွေတပ်ဆင်လို့ရတာကိုတွေ့ရပါတယ်။
လက်နက်ကိုကြည့်မယ်ဆိုရင် model ပေါ်မူတည်ပြီး ၆ပေါင်ကနေ ၈ပေါင်အထိလေးမှာဖြစ်ပြီး အရှည်ကတော့ တပ်ထားတဲ့ stock ပေါ်မူတည်ပြီး လက်မ၂၀ကနေ ၄၀ အထိရှိပါတယ်။
Effective Fire Range ကတော့ ၈၇၀ ကိုက်ကနေ ၃၁၃၀ အထိ ဒီအတန်းအစား model တွေဟာပစ်ခတ်နိုင်စွမ်းရှိတာကိုတွေ့ရမှာဖြစ်ပါတယ်
၂၀၀၁ ကနေ စတင်ထုတ်လုပ်ခဲ့တဲ့ G36C ကတော့ ကိုက်၂၂၀ အထိသာပစ်ခတ်လို့ရတာပဲဖြစ်ပါတယ်
ယနေ့အချိန်ထိ ကမ္ဘာတစ်လွှားမှာ G36 မျိုးကွဲပေါင်း ၂သိန်း၇သောင်းကျော်ထုတ်လုပ်ခဲ့တယ်လို့ H&K ကနေတရားဝင်ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်
အများဆုံးတပ်ဆင်သုံးစွဲခဲ့တဲ့ စစ်ပွဲတွေအနေနဲ့ကတော့ ကိုဆိုဗိုစစ်ပွဲ ၊ ဆော်ဒီအာရေဗျနဲ့ ရီမင်အရေးအခင်း၊ မက္ကစီကိုမူးယစ်စစ်ပွဲနဲ့ အီရတ်စစ်ပွဲတို့ပဲဖြစ်ပါတယ်
ဒိန်းမက်၊ အီဂျစ်၊ ဟောင်ကောင်၊ နော်ဝေ အပါအဝင်နိုင်ငံပေါင်း ၄၀ကျော်မှာ ယနေ့အချိန်ထိ တပ်ဆင်သုံးစွဲလျက်ရှိတာကိုတွေ့ရပါတယ်
Video ဖြင့်ကြည့်ရှု့လိုပါက
YHNL ( ရန်ထီးနေလ )
ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။