M762 - ရန်သူနဲ့ထိပ်တိုက်တွေ့ရင် ကိုင်ထားတဲ့လက်နက်ကဘယ်လောက်ထိစိတ်ချရနိုင်သလဲ

နိုင်ငံခြားက Solo Pubg Youtuber တွေကို တစ်ချက်လောက်လေ့လာကြည့်မယ်ဆိုရင် ဥပမာ Levinho နဲ့ Tacaz ဆိုပါစို့ဗျာ နှစ်ယောက်လုံးက solo vs squad ဆော့တဲ့ player တွေပဲဖြစ်ပါတယ်။ အနီးကပ်ပစ်ဖို့ က ARအတွက်ဆိုရင် အားလုံးတွေ့နေကြအတိုင်းပဲ AK, M762နဲ့ Groza တွေကိုပဲကိုင်တာပဲဖြစ်ပါတယ်။ Groza က AirDrop ထဲမှာသာပါတာဆိုတော့ အဲကောင်ကိုချန်ထားလိုက်တာပေါ့ AK နဲ့ M762 က ၇.၆၂ ကျည်သုံးတာချည်းတူပေမယ့် M762ကိုတွေ့တာနဲ့ ကိုင်ထားတဲ့ AK တို့ M416 တို့ကို ချပစ်တာများပါတယ် ။

ဘာလို့လဲ .. Game ထဲမှာဆိုရင်တော့ Damage ကပြောရလောက်တဲ့အထိမကွာပေမယ့် ပြသနာက ကျည်ထွက်နှုန်းကြောင့် AK ကိုချပြီး M762 ကို ကိုင်ကြခြင်းပဲဖြစ်ပါတယ်။ ကောင်းပီ ကျွန်တော်တို့က သေနက်တွေကို Game ထဲမှာသာ အထိအတွေ့ရှိတာဆိုတော့ တကယ့်အပြင်ကစစ်သားတွေကိုင်တဲ့ M762 ရဲ့အကြောင်းကို လေ့လာကြည့်ရအောင်ဗျာ



M762 ရဲ့ မူလ model ကတော့ FB Beryl ဖြစ်ပြီးတော့ နာမည်ကတော့ Karabinek szturmowy wzor 1996 Beryl လို့ခေါ်ပါတယ်။ မြန်မာလိုကတော့ ချေမှုန်းရေးရိုင်ဖယ် ၁၉၉၆ ဘဲလ် ဖြစ်ပြီး ပိုလန်ထုတ်သေနတ်ပဲဖြစ်ပါတယ်။

ပိုလန်နိုင်ငံ ရေဒမ် မြို့အခြေစိုက် ဝုရှ်နစ်လက်နက်ကုမ္မဏီကနေထုတ်လုပ်ခဲ့ပါတယ်၊ အစပိုင်းမှာ ၅.၅၆ ကျည်သုံးတာဖြစ်ပေမယ့် သေနတ်ရဲ့ ပြင်းအားပိုကောင်းလာစေဖို့အတွက် နောက်ပိုင်းမှာ ၇.၆၂ ကျည်နဲ့ပစ်ခတ်လို့ရအောင် အဆင့်မြှင့်တင်ခဲ့တာပဲဖြစ်ပါတယ်။

 M762 ရဲ့ လက်နက်ဖန်တီးသူကတော့ ဖာဘရစ်ကာ ဝုရှ်နစ် FB Lucznik ဖြစ်ပြီးတော့ ၁၉၉၇ ကနေယနေ့အချိန်ထိ ထုတ်လုပ်သုံးစွဲလျက်ရှိတာကိုတွေ့ရပါတယ်

အလေးချိန်အနေနဲ့ကတော့ ကျည်ကပ်မပါဘူးဆိုရင် ၇.၄ ပေါင်လေးပါတယ် အရှည်ကတော့ ၎င်းရဲ့ stock ပေါ်မူတည်ပြီးတော့၂၉ လက်မကနေ ၃၇လက်မအထိရှိမှာဖြစ်ပါတယ်။

Rate of fire ကတော့ ၁မိနစ်ကို rounds 700 အထိပစ်ခတ်နိုင်တာကိုတွေ့ရပါတယ်

အများဆုံးအသုံးပြုတိုက်ခိုက်ခဲ့တဲ့စစ်ပွဲတွေကတော့ ကိုဆိုဗိုအရေးအခင်း၊ အာဖဂန်စစ်ပွဲ နဲ့ အီရတ်စစ်ပွဲတို့ပဲဖြစ်ပါတယ်

ယနေ့အချိန်ထိအဓိကလက်နက်အဖြစ်တပ်ဆင်အသုံးပြုတဲ့နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား ၊ ပိုလန်နဲ့ လစ်သူရေးနီးယားနိုင်ငံတို့ပဲဖြစ်ပါတယ်

Video ဖြင့်ကြည့်ရှု့လိုပါက



YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post