အမေရိကန်-အီရတ်စစ်ကားတွေမှာ အမြဲတမ်းမပါမဖြစ်ပါတဲ့သေနတ်

PUBG ရဲ့  Erangel မြေပုံမှာပဲပါတဲ့ ScarL သေနတ်ကို အမေရိကန်စစ်သားတွေ အာဖဂန်တို့ အီရတ်တို့မှာ တိုက်ပွဲဝင်တဲ့အခါ အသုံးပြုတာကို ကျွန်တော်တို့စစ်ကားတွေမှာ တွေ့နေကြဖြစ်ပါတယ်။ Scar L ဆိုတာကတော့ အတိုကောက်ခေါ်တာဖြစ်ပြီး မူရင်း model ကတော့ FN SCAR ဖြစ်ပါတယ်။ United States Special Operation Command SOCOM က၎င်းရဲ့အထူးတပ်ဖွဲ့ဝင်တွေအတွက် လက်နက်လိုအပ်ချက်အရ နာမည်ကြီးဘယ်ဂျီယံလက်နက်ကုမ္မဏီတစ်ခုဖြစ်တဲ့ FN HERSTAL ကထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

FN SCAR ကိုအထူးတပ်ဖွဲ့ဝင်တစ်ဉီး အသင့်ကိုင်ဆောင်

ဒီဇိုင်းအနေနဲ့ကတော့ ၂၀၀၄ ခုနှစ်မှာပြီးဆီးခဲ့ပြီး စတင်တပ်ဆင်အသုံးပြုခဲ့တာကတော့ ၂၀၀၉ ခုနစ်ပဲဖြစ်ပါတယ်

FN SCAR ရဲ့ အဓိကမျိုးကွဲတွေအနေနဲ့ကတော့ SCAR Light - SCAR L - FNMK16 နဲ့ SCAR Heavy - SCAR H- FNMK17 တို့ကတော့ အလွန်နာမည်ကြီးတဲ့ လက်နက်အမျိုးအစားတွေဖြစ်ပါတယ်။

Scar L ကတော့ ၅.၅၆ NATO ကျည်ကိုသုံးပြီး Scar H ကတော့ ၇.၆၂ ကျည်ကိုအသုံးပြုတာဖြစ်ပါတယ်

တခြားနာမည်ကြီးမျိုးကွဲတွေကတော့ Scar PDW, Scar5C တို့ကလည်း ကမ္ဘာအနှံ့အပြားက စစ်တပ်တွေမှာ တပ်ဆင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။


Scar L တွေကို ၎င်းတို့ အရင်သုံးစွဲခဲ့တဲ့ M4A1 လက်နက်တွေနေရာမှာအစားထိုးဖို့ အမေရိကန်ကရည်ရွယ်တယ်။ ၂၀၀၉ မှာ အမှတ်၇၅ Ranger တပ်ရင်းကို လက်နက်ရေအလက် ၆၀၀ နဲ့ စမ်းသပ်တပ်ဆင်ခဲ့ပါတယ်။ 

၂၀၁၃ မှာပိုမိုပြီးထိချက်ပြင်းတဲ့ ၇.၆၂ ကျည်သုံးတဲ့ Scar H တွေကို မူလကတပ်ဆင်ခဲ့တဲ့ Scar L တွေနေရာမှာ အပြင် အရေးကြီးတဲ့ စစ်ဆင်ရေးတွေဆင်နွဲတဲ့ တပ်ဖွဲတိုင်းကို ပြောင်းလဲတပ်ဆင်စေခဲ့တာကိုတွေ့ရပါတယ်။

လက်နက်ကိုကြည့်မယ်ဆိုရင် ၃ kg ကနေ ၄.၈ kg အထိရှိမှာဖြစ်ပြီး Stock Extend နဲ့လက်နက် model ပေါ်မူတည်ပြီး လက်မ၂၀ ကနေ ၄၃ လက်မအထိရှိပါတယ်


 M416 တွေလိုပဲ Gas-operated Short-stroke piston ကိုအသုံးပြုတာဖြစ်ပါတယ်။ 

Rate Of Fire  အနေနဲ့ Scar l ကတော့  ၁မိနစ်ကို ၆၂၅ rounds အထိဖြစ်ပြီး မီတာ ၃၀၀ ကနေ မီတာ ၅၀၀ ကောင်းစွာပစ်ခတ်နိုင်တာပဲဖြစ်ပါတယ်။ Scar H ကတော့ ၁မိနစ်ကို round  ၆၀၀ အထိထွက်ပြီးတော့ မီတာ ၄၀၀ ကနေ ၆၀၀ အထိ သက်ရောက်တာကိုတွေ့ရပါတယ်။

တပ်ဆင်အသုံးပြုတဲ့နိုင်ငံတွေကတော့ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်နဲ့ ကမ္ဘာ့အနှံ့အပြားက နိုင်ငံပေါင်း ၃၂ နိုင်ငံရဲ့ အထူးတပ်ဖွဲ့တွေမှာ တပ်ဆင်ထားတယ်လို့ သိရှိရပါတယ်။

အများဆုံး သုံးစွဲပြီး ဆင်နွဲတဲ့စစ်ပွဲတွေအနေနဲ့ကတော့ အီရတ်စစ်ပွဲ ၊ အာဖဂန်စစ်ပွဲ၊ ရီမင်ပြည်တွင်စစ်တို့ပဲဖြစ်ပါတယ်။

Video ဖြင့်ကြည့်ရှု့လိုပါက



YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။




Previous Post Next Post