သေနတ်တွေထဲမှာရုရှားထုတ်သေနတ်တွေကအကောင်းဆုံးလား - Groza
PUBG game ထဲမှာပါတဲ့ AR သေနတ်တွေထဲမှာ Groza ဟာ damage အကြမ်းဆုံးသေနတ်ဖြစ်ပါတယ်။ မူရင်း model ကတော့ OTS-14 Groza , Thunderstorm ပဲဖြစ်ပြီး Bullpup Assault Rifle အမျိုးအစားဖြစ်ပြီး ၇.၆၂ ကျည်နဲ့ ၉မမကျည်ကိုအဓိကသုံးတာဖြစ်ပါတယ်။ ရုရှားနိုင်ငံ Tula မြို့အခြေစိုက် Central Design & Research Bureau of Sporting and Hunting Arms ကနေ ၁၉၉၀ ပြည့်နှစ်တွေမှာစတင်ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။
၎င်းရဲ့နာမည်ကြီး အမျိုးအစားကတော့ ၉မမကျည်ကိုသုံးတဲ့ Groza4- OTS-14-4A နဲ့ ၇.၆၂ ကျည်သုံးတဲ့ Groza1-OTS-14-1A တို့ပဲဖြစ်ပါတယ်။
အလေးချိန်နဲ့ အရှည်ကတော့ ၎င်းတို့ရဲ့ model ပေါ်မူတည်ပြီး ၂.၇ kg ကနေ ၄ kg ထိရှိမှာဖြစ်ပြီး အရှည်ကတော့ ၅၀၀ မီလီမီတာကနေ ၇၂၀ မီလီမီတာအထိရှိမှာဖြစ်ပါတယ်။
Rate Of Fire အနေနဲ့ကတော့ Groza4 က ၁မိနစ်ကို ၇၀၀ rounds ဖြစ်ပြီး Groza1 ကတော့ ၁မိနစ်ကို ၇၅၀ rounds အထိထွက်နိုင်တာကိုတွေ့ရပါတယ်။
Effective Fire Range အနေနဲ့ကတော့ Groza 4 က မီတာ ၂၀၀ အထိဖြစ်ပြီး Groza 1 ကတော့ မီတာ ၃၀၀ အတွင်းကောင်းစွာ သက်ရောက်တာဖြစ်ပါတယ်။
Groza ကိုအများဆုံးတပ်ဆင်သုံးစွဲတဲ့ နိုင်ငံတွေကတော့ ရုရှားနဲ့ ဂျော်ဂျီယာ တို့ပဲဖြစ်ပါတယ်။
Groza တွေကိုတပ်ဆင်ပြီး သုံးစွဲခဲ့တဲ့ စစ်ပွဲတွေကတော့ ၁၉၉၄-၁၉၉၆ ပထမချေချင်း စစ်ပွဲ ၊ ၁၉၉၉-၂၀၀၉ ဒုတိယချေချင်းစစ်ပွဲ နဲ့ ၂၀၀၈မှာဖြစ်ပွားခဲ့တဲ့ရုရှား ဂျော်ဂျီယာစစ်ပွဲတို့ပဲဖြစ်ပါတယ်။
Video ဖြင့်ကြည့်ရှု့လိုပါက
YHNL ( ရန်ထီးနေလ )
ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။