AUG - အထူးကွန်မန်ဒိုတွေပဲ ကိုင်ခွင့်ရှိတဲ့သေနတ်
PUBG ရဲ့ Air Drop တွေထဲမှာသာတွေ့ရတဲ့ AUG သေနတ်ရဲ့ မူရင်း model ကတော့ Steyr AUG A3 ပဲဖြစ်ပါတယ်။ AUG တွေကို ၁၉၆၀ ပြည့်နှစ်တွေမှာ Steyr Daimler Puch ကနေ ဒီဇိုင်းဆွဲခဲ့တဲ့ Austrian ထုတ်လက်နက်ဖြစ်ပါတယ်။ Steyr Mannlicher ကနေ ၁၉၇၈ ကနေစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Austrian ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးကွန်မန်ဒိုတွေအတွက်ရည်ရွယ်တာပဲဖြစ်ပါတယ်။
စတင်ထုတ်လုပ်ခဲ့တဲ့ မူရင်းပုံစံကတော့ Bullpup Assault Rifle အမျိုးအစားဖြစ်ပြီး submachine gun လို့ခေါ်တဲ့ SMG, Carbine နဲ့ Light Machine Gun အမျိုးအစားတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။
အဓိကအသုံးပြုတဲ့ ကျည်ကတော့ ၅,၅၆ NATO ကျည် နဲ့ ၉မမကျည်တို့ပဲဖြစ်ပြီးတော့ Vertical လို့ခေါ်တဲ့ လက်ကိုင်က ရှေ့ကို ခေါက်ထားလို့ရတာပဲဖြစ်ပါတယ်၊
အလေးချိန်ကတော့ standard model ကတော့ ၈ပေါင်လေးပြီး အရှည်ကတော့ ၃၁ လက်မရှိပြီး တခြား model တွေကတော့၇ပေါင်ကနေ ၈ပေါင်ထိလေးမှာဖြစ်ပြီး အရှည်အနေနဲ့ကတော့ ၂၅ လက်မကနေ ၃၅ လက်မထိရှိမှာဖြစ်ပါတယ်။
Effective Fire Range ကတော့ မီတာ၃၀၀ ဖြစ်ပါတယ်။
တခြားနာမည်ကြီး model တွေကတော့ Steyr AUG A1,Steyr AUG A2 နဲ့ M203 ဒုန်းပစ်လောင်ချာပါတဲ့ Steyr AUG M203 တို့ဟာ ထင်ရှားပါတယ်။
တပ်ဆင်အသုံးပြုတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ အီတလီ၊ အိန္ဒိယ၊ နယ်သာလန်၊ ဆော်ဒီအာရေဗျ ၊ တူရကီ အပါအဝင် ကမ္ဘာအနှံအပြားကနိုင်ငံပေါင်း ၃၆ နိုင်ငံမှာတပ်ဆင်သုံးစွဲလျက်ရှိပါတယ်။
အများဆုံးအသုံးပြုတဲ့ စစ်ပွဲအနေနဲ့ကတော့ ၁၉၉၀ ဩဂုတ်ကနေ ၁၉၉၁ ဖေဖော်ဝါရီ အထိဖြစ်ပွားခဲ့တဲ့ သဲကန္တရစစ်ဆင်ရေး ပဲဖြစ်ပါတယ်။ အဓိကစစ်ဖြစ်ရတဲ့အကြောင်းအရင်းကတော့အီရတ်စစ်အာဏာရှင် ဆဒန်ဟူစိန် ကကူဝိတ်ကို ဝင်သိမ်းတာကစတာပဲဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျော့ဒလျှူဘုရှ် ကဆော်ဒီအာရေဗျကို ၎င်းရဲ့တပ်တွေကိုစေလွှတ်ပါတယ် တခြားမဟာမိတ်နိုင်ငံတွေလည်း ပါဝင်တာဖြစ်ပြီး မဟာမိတ်တွေဖက်က စစ်သည် ၉၅၆၆၀၀ နဲ့ အီရတ်စစ်သည် ၆၅၀၀၀၀ တို့ တိုက်ခိုက်ကြတာဖြစ်ပြီး ဒီစစ်ပွဲမှာ AUG တွေရဲ့အစွမ်းကို ကောင်းစွာမှတ်ကျောက်တင်ခံနိုင်ခဲ့တာပဲဖြစ်ပါတယ်။ တခြားစစ်ပွဲတွေတွေအနေနဲ့ ရီမင်ပြည်တွင်းစစ်၊ ဆီးရီးယားပြည်တွင်းစစ်နဲ့ အာဖဂန်စစ်ပွဲတို့ပဲဖြစ်ပါတယ်။
Video ဖြင့်ကြည့်ရှ့လိုပါက
YHNL ( ရန်ထီးနေလ )
ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။