M-16A4 သမိုင်းရဲ့အမေ့လျော့ခံ သေနတ်တစ်လက်

ကျွန်တော်တို့ PUBG ဆော့တဲ့အခါ ကိုင်ရတာလုံးဝမကြိုက်တဲ့ AR သေနတ်တစ်လက်ကိုရွေးပါဆိုရင် M-16A4 က ထိပ်ဆုံးကပါဝင်လာမှာဖြစ်ပါတယ်။ မူရင်း model ကတော့ M16 ဖြစ်ပြီးတော့ ကျည် ၂၀ ပဲဆန့်တဲ့အမေရိကန်ထုတ်သေနတ်တစ်လက်ပဲဖြစ်ပါတယ်။ 

၁၉၅၅ နိုဝင်ဘာကနေ ၁၉၇၅ ဧပြီအထိ ၁၉နှစ်နဲ့ ၆လနီးပါးကြာမြင့်ခဲ့တဲ့ ဗီယက်နမ်ပြည်တွင်းစစ်မှာ အသုံးပြုဖို့အတွက် M16 တွေကိုတီထွင်ခဲ့တာဖြစ်ပါတယ် စတင်တပ်ဆင်အသုံးပြုတာကတော့ ၁၉၆၄ ဖြစ်ပြီး ယနေ့အချိန်ထိ သုံးစွဲနေတဲ့ လက်နက်အမျိုးအစားပဲဖြစ်ပါတယ်။ 


၁၉၆၄ မှာတော့ မူရင်းသုံးစွဲနေတဲ့ M14 rifle တွေနေရာမှာ M16A1 rifle တွေနဲ့အစားထိုးတပ်ဆင်ခဲ့ပြီး ကျည်၃၀ အထိ ဆန့်လာတာပဲဖြစ်ပါတယ် ။

၁၉၈၃ခုနှစ်မှာ အမေရိကန် မရိန်းတပ်ရင်း ၊ ၁၉၈၆ မှာ အမေရိကန်တပ်ဖွဲဝင်တိုင်းကို M16A2 လက်နက်တွေကို standard rifile အဖြစ်ပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။ 

ထို့နောက်မှာတော့ ၁၉၉၇ ဂျူလိုင်မှာတော့ M16 model ရဲ့ ၄ခုမြောက် မျိုးဆက်အနေနဲ့ M16A4 တွေပေါ်ပေါက်လာခြင်းဖြစ်ပါတယ်



သေနတ်ကိုကြည့်မယ်ဆိုရင် ၃kg ကနေ ၃.၄kg ထိလေးမှာဖြစ်ပြီး အရှည်ကတော့ လက်မ ၄၀ အထိ model ပေါ်မူတည်ပြီး ရှိမှာဖြစ်ပါတယ်။

Rate of fire အနေနဲ့ကတော့ cyclic system နဲ့ဆိုရင် round ၇၀၀ ကနေ ၉၀၀ အထိထွက်မှာဖြစ်ပြီး semi auto system နဲ့ဆို ၄၅ round ကနေ ၆၀ အထိထွက်တာပဲဖြစ်ပါတယ်။

Effective Fire Range ကတော့ မီတာ ၅၅၀ ကနေ မီတာ ၈၀၀ အတွင်းပဲဖြစ်ပါတယ်။



M16 တွေကိုအများဆုံးသုံးပြီးတိုက်တဲ့စစ်ပွဲတွေကတော အမေရိကန် ဗီယက်နမ်စစ်ပွဲ ၊ အင်ဒိုနီးရှား မလေးရှားအရေးအခင်းနဲ့ ပထမ ကွန်ဂိုစစ်ပွဲတို့ပဲဖြစ်ပါတယ်။

ယနေ့အချိန်ထိ M16 မျိုးကွဲပေါင်း ၈သန်းအထိ ထုတ်လုပ်သုံးစွဲခဲ့တယ်လို့ သမိုင်းအထောက်အထားတွေအရသိရပါတယ်

တပ်ဆင်အသုံးပြုတဲ့နိုင်ငံတွေကတော့ ဘရာဇီး၊ ကမ္ဘာဒီးယား ၊ ပြင်သစ် အပါအဝင် နိုင်ငံပေါင်း ၈၆ နိုင်ငံမှာ သုံးစွဲလျှက်ရှိပါတယ်။

Video ဖြင့်ကြည့်ရှု့လိုပါက

YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။


Previous Post Next Post