PUBG _QBZ - မြန်မာပြည်တွင်ထုတ်လုပ်သည် 

QBZ ရဲ့ မူရင်း model ကတော့ QBZ-95 Bullpup model အမျိုးအစားပဲဖြစ်ပါတယ် QBZ ဆိုတာကတော့ တရုတ်လို Automatic Light Weapon Rifle ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်။  ပြည်မကြီးမှာရှိတဲ့ တရုတ်နိုင်ငံပိုင် Norico company က ၁၉၉၅ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနေနဲ့ ၎င်းတို့အရင်က သုံးစွဲခဲ့တဲ့ Type 81 ရိုင်ဖယ်တွေနေရာမှာ အစားထိုးဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ 


QBZ လက်နက် model ပုံစံကိုတော့ British ရဲ့  SA80, ပြင်သစ်ရဲ့ FAMAS, တောင်အမေရိကရဲ့  Vektor, Austria ရဲ့ Steyr AUG, အစ္စရေးရဲ့ Tavor တို့ရဲ့ ပုံစံကိုယူထားတာဖြစ်ပါတယ်

၅,၅၆ ကျည်ကိုသုံးတာဖြစ်ပြီး အလေးချိန်ကတော့ ၆.၄ပေါင်ကနေ ၇.၄ ပေါင်ထိရှိပါတယ် ၊ အရှည်ကတော့ ၂၄ လက်မကနေ ၃၃လက်မအထိရှိတာဖြစ်ပါတယ်

Effective Fire Range ကတော့ ကာဘိုင် ( Carbine ) ဆိုရင် မီတာ ၅၀၀၊ Light Support Weapon လို့ခေါ်တဲ့ LSW နဲ့ ရိုင်ဖယ်အမျိုးအစားကတော့ မီတာ ၈၀၀ အထိကောင်းစွာသက်ရောက်တာပဲဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်တွေမှာ တရုတ်ပြည်သူ့လွတ်လပ်ရေးတပ်မတော် PLA အနေနဲ့ ယခင် Type 95 တွေ ထက်သာလွန်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ QBZ-95-1 တွေကိုထုတ်လုပ်ခဲ့ပါတယ် ပိုပြီးသေနတ်အလျားက ရှည်လာသလို အလေးချိန်လဲ ပိုလေးလာပါတယ် Design ပိုင်းမှာ အရင် model တွေထက်ပိုပြီး smooth ဖြစ်လာတာကိုတွေ့ရပါတယ်


ဒါ့အပြင် ကျွန်တော်တို့မြန်မာနိုင်ငံမှာလဲ QBZ တွေကိုထုတ်လုပ်သုံးစွဲလျှက်ရှိပါတယ် တပ်မတော်အနေနဲ့ ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံကို ရောင်ချလိုက်တဲ့ QBZ-97 model တွေကိုအခြေခံတည်ဆောက်ထားတဲ့ MA-1-MK3 series တွေအဖြစ်လူသိများပါတယ်။
MA-1-Mk3 ကတော့ Standard Rifle ဖြစ်ပြီး MA-2-MK3 နဲ့ MA-3-MK-3 တို့ကိုလည်းတွေ့ရပါတယ်
မြန်မာနိုင်ငံမှာကတော့ MA series တွေကို အထူးတပ်ဖွဲ့ဝင်တွေနဲ့ Navy Seal တွေမှာအသုံးများတာကိုတွေ့ရပါတယ်



အများဆုံးတပ်ဆင်အသုံးပြုတဲ့နိုင်ငံတွေကတော့ မလေးရှား၊ ကမ္ဘာဒီးယား၊ လာအို၊ ပါကစ္စတန်အပါအဝင် နိုင်ငံ ၉နိုင်ငံမှာ ယနေ့အချိန်ထိ သုံးစွဲလျက်ရှိပါတယ်

သိရိလင်္ကာပြည်တွင်းစစ် နဲ့ တောင်-မြောက် ပါကစ္စတန်စစ်ပွဲတို့မှာ အများသုံးအသုံးပြုတိုက်ခိုက်ခဲ့ကြပါတယ်

Video ဖြင့်ကြည့်ရှု့လိုပါက



YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post