အိုစမာဘင်လာဒင်ကိုသုတ်သင်ရှင်းလင်းခဲ့တဲ့သေနတ်

ကျွန်တော်တို့ M4 လို့အတိုကောက်ခေါ်နေကြတဲ့ M416 ကို ဂျာမာန်လက်နက်ကုမ္မဏီဖြစ်တဲ့ Hecker & Koch ကုမ္မဏီကထုတ်လုပ်ခဲ့တဲ့ Hk416 အမျိုးအစားပဲဖြစ်ပါတယ်။

 HK416 တွေဘယ်လိုဖြစ်ပေါ်လာရလဲဆိုရင်  ၁၉၉၀ ပြည့်နှစ်တွေမှာ အမေရိကန် စစ်တပ်ရဲ့ Delta Force ကချေမှုန်းရေး Rifle တွေကို အဆင့်မြှင့်တင်ဖို့အတွက် H&K ရဲ့ G36 တွေကို စတင်သုံးစွဲခဲ့ရာကနေ မွေးဖွားလာခြင်းဖြစ်ပါတယ်

AR-15 အမျိုးအစား  M4 carbine အနွယ်ဖြစ်ပြီး 5.56 NATO ကျည်ကိုသုံးတာဖြစ်ပြီး ၃ ကီလိုဂရမ်ကနေ ၃.၈ ကီလိုဂရမ်အထိလေးတာဖြစ်ပါတယ်။



G36 တွေလိုပဲ  Gas-operated short-stroke prison ကိုသုံးထားပြီး အရှည်အနေနဲ့ကတော့ ၂၇လက်မကနေ လက်မ၄၀ အထိ ၎င်းကိုတပ်ဆင်ထားတဲ့ Stock နဲ့ model အမျိုးအစားပေါ်မူတည်ပြီး ပြောင်းသွားမှာဖြစ်ပါတယ်။

မျိုးကွဲအနေနဲ့ Hk416D,C,AS,A7 တို့ဟာ အများဆုံးတွေ့ရတာဖြစ်ပါတယ်။

M416 တွေကို အာဖဂန်စစ်ပွဲ၊ အီရတ်စစ်ပွဲ နဲ့ တူရဂီ-ကာဒစ်စစ်ပွဲတွေမှာ အများဆုံးအသုံးပြုတိုက်ခိုက်ခဲ့ပါတယ်




HK416 တွေကို ကမ္ဘာကျော်စေခဲ့တာကတော့ ၂၀၁၁ မှာ အိုစမာဘင်လာဒင်ကိုဖမ်းဆီးခဲ့တဲ့ Seal Team Six ဟာ စီးနင်းမှုပြုလုပ်တဲ့အခါ M416 တွေကိုအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြခဲ့လို့ပဲဖြစ်ပါတယ်

ယနေ့အချိန်မှာ HK416 တွေကို ပြင်သစ်၊ အမေရိကန်၊ ဩစတေးလျ၊ ဘရာဇီး အပါအဝင် နိုင်ငံပေါင် ၂၇နိုင်ငံရဲ့ အထူးတပ်ဖွဲတွေမှာ တပ်ဆင်အသုံးပြုလျှက်ရှိပါတယ်။

Video ဖြင့်ကြည့်ရှု့လိုပါက


YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။


Previous Post Next Post