ကမ္ဘာအဝေးဆုံးအသေပစ်ခတ်မှု့ အဖြစ် စံချိန်တင်ခြင်း

AWM ဆိုတာနဲ့ PUBG ဆော့တဲ့ player တိုင်း game ရဲ့ damage အကြမ်းဆုံး sniper အဖြစ်လက်ခံကြတာပဲဖြစပါတယ်။ အခုကျွန်တော်ပြောမယ့်အကြောင်းကတော့ လက်တွေ့အပြင်က AWM ရဲ့အကြောင်းပဲဖြစ်ပါတယ်။

AWM  ရဲ့နာမည် အရှည်ကတော့  Arctic Warfare Magnum ကိုဆိုလိုတာဖြစ်ပါတယ်။ ဗြိတန်ရဲ့ ကမ္ဘာကျော် sniper တစ်လက်ဖြစ်ပြီးတော့ Accuracy International က Design ဆွဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ 

AWM ရဲ့ မူရင်း design ကိုတော့ ၁၈၈၀ ပြည်နှစ်တွေမှာ စတင်တည်ဆောက်ခဲ့တဲ့ Accuracy International Arctic Warfare ( AW) ဖြစ်ပြီး၎င်းကို ပြန်လည်အဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။
AW sniper ဟာဆိုရင် အမဲပစ်သမားတွေ အထူးရဲတွေနဲ့ စစ်တပ်တွေကြားအလွန်နာမည်ကျော်ကြားတဲ့သေနတ်ဖြစ်ပါတယ်။ ၎င်းရဲ့နာမည်အတိုင်း အလွန်အေးခဲတဲ့ဒေသတွေ ကြမ်းတမ်းပြီးရာသီဥတုဆိုးဝါးတဲ့အခြေအနေတွေမှာတောင် ဒီလက်နက်ဟာ အမှားအယွင်းမရှိ ပစ်ခတ်နိုင်တာဖြစ်ပါတယ်။
AW sniper တွေကိုစတင်ထုတ်လုပ်ခဲ့တာကတော့ ၁၈၈၂ ခုနှစ်ဖြစ်ပြီးတော့ ယနေ့အချိန်ထိထုတ်လုပ်သုံးစွဲလျှက်ရှိပါတယ် ။ အလေးချိန်ကတော့၁၄.၃ ပေါင်ရှိပြီး အရှည်ကတော့ ၄၆.၅ လက်မရှိပါတယ်၊ Effective Fire Range ကတော့ သုံးတဲ့ကျည်အပေါ်မူတည်ပြီး ကိုက် ၈၅၀ ကနေ ၄၃၀၀ ကျော်ထိပစ်ခတ်နိုင်တာပဲဖြစ်တယ်။

AW တွေကို တပ်ဆင်အသုံးပြုတဲ့နိင်ငံတွေကတော့ တောင်ကိုရီယား၊ ရုရှား၊ ပါကစ္စတန် အပါအဝင်နိုင်ငံပေါင်း၃၀ ကျော်မှာတပ်ဆင်အသုံးပြုတာကိုတွေ့ရပါတယ်
AWM ကိုတော့ ၁၉၉၆ မှာစတင်ထုတ်လုပ်ခဲ့ပြီး ယနေ့အချိန်ထိသုံးစွဲလျှက်ရှိပါတယ်။ အဓိကသုံးစွဲတဲ့ကျည်ကတော့ .300 Winchester Magnums နဲ့ .338 Lapua Magnums တို့ပဲဖြစ်ပါတယ်။ 
Effective Fire Range ကတော့ ကိုက် ၁၂၀၀ကျော်ကနေ ၂၇၀၀ကျော်အထိ ပစ်ခတ်တဲ့ ကျည်ပေါ်မူတည်ပြီး သက်ရောက်မှာဖြစ်ပါတယ်?
တပ်ဆင်အသုံးပြုတဲ့နိုင်ငံတွေကတော့အမေရိကန် ၊ အီတလီ၊ ဘင်္ဂလားဒေရှ့်အပါအဝင်နိုင်ငံပေါင်း ၁၆နိုင်ငံမှာတပ်ဆင်ထားတာကိုတွေ့ရပါတယ်။

AWM တွေကို ကမ္ဘာ့ရဲ့အကောင်းဆုံး sniper တွေအဖြစ်မှတ်ကျောက်တင်နိုင်ခဲ့တာကတော့ ၂၀၀၉ ခုနှစ်မှာ ဗြိတိန် အထူးsniper တပ်ဖွဲ့ဝင်ဖြစ်တဲ့ Craig Harrison ဟာ မူဆာကွာလာမှာရှိတဲ့ အကြမ်းဖက်တာလီဘန် ၂ ဦးကို ကိုက် ၂၇၀၇ ကိုက်ကနေအသေပစ်ခတ်ပြီး ကမ္ဘာအဝေးဆုံး sniper ပစ်ခတ်မှု့အဖြစ်စံချိန်ဝင်ခဲ့တာပဲဖြစ်ပါတယ်။

 သူ့ရဲ့ ဒီစံချိန်ဟာ ၂၀၁၇ ကနေဒါစစ်တပ်ရဲ့ ကိုက် ၃၇၇၃ ကိုက်စံချိန်မတိုင်ခင် အရှည်ကြာဆုံးထိန်းထားနိုင်တဲ့စံချိန်ပဲဖြစ်ပါတယ်။ ကျွန်တော့ရဲ့ Blog မှာ PUBG မှာ တွေ့ရတဲ့ သေနတ်တွေနဲ့ တခြားစိတ်ဝင်စားစရာတွေကို တင်ပေးထားပါတယ်။

Video ဖြင့်ကြည့်လိုပါက




YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post