WhatsApp ကိုဖန်တီးခြင်း  - Jan Koum, Brian Acton  

WhatsApp ကိုတီထွင်ခဲ့တဲ့ ဂျူးလူမျိုး Jan Koumရဲ့ ငယ်ဘဝအကြောင်းနဲ့  Brian နဲ့ ဘယ်လိုတွေ့ဆုံကြသလဲ WhatsApp ကိုဖန်တီးဖို့အတွေးကိုဘယ်ကရသလဲဆိုတာကို အရင်အပိုင်းမှာတင်ပေးထားပါတယ် မဖတ်ရသေးရင် အရင်ဖတ်ဖို့အကြံပေးလိုပါတယ်

WhatsApp မူလတည်ထောင်သူ Jan Koum ရဲ့ငယ်ဘဝအကြောင်း - ၁

Jan ရဲ့ ၃၃နှစ်မွေ့နေ့ဖြစ်တဲ့ ၂၀၀၉ ဖေဖော်ဝါရီ ၂၄ မှာ ရုံးခန်းတစ်ခုကိုငှားပြီး WhatsApp.Inc  ဆိုပြီးကုမ္မဏီမှတ်ပုံတင်လိုက်ကြပါတယ် ။ သူတို့နဲ့ အပြိုင် Text message ( SMS ), BBM ( Black Berry Message ), G-Talk နဲ့ Skype စတဲ့စနစ်တွေပေါ်ပေါက်နေပြီဆိုပေမယ့် သူတို့ရဲ့ပြိုင်ဘက်တွေမှာ အားနည်းချက်တွေရှိနေပါတယ်။


ဥပမာ SMS ပို့မယ်ဆိုရင် တစ်ဆောင်ခြင်းစီအတွက် ပိုက်ဆံပေးရတယ် ၊ ပို့တဲ့ SMS နည်းရင်ကိစ္စမရှိပေမယ့် များလာတဲ့အခါ ဒါမှမဟုတ် နိုင်ငံခြားကို SMS ပို့တဲ့အခါ ပိုက်ဆံအများကြီးကုန်ကျမှာဖြစ်ပါတယ်

BBM ကတော့ message free ပို့လို့ရတာမှန်ပေမယ့် Blackberry ဖုန်းအချင်းချင်းသာ အသုံးပြုလို့ရပါတယ်

G-Talk နဲ့ Skype တွေဟာ message free ပို့လို့ရပေမယ့်  website မှာ register လုပ်ထားတဲ့ ဖုန်းကိုသာ အသုံးပြုလို့ရတဲ့အချိန်ပဲဖြစ်ပါတယ်။

အဲဒိအားနည်းချက်တွေကို WhatsApp မှာအကောင်းဆုံးဖြည့်ဆည်းပေးနိုင်အောင် တည်ဆောက်ထားပါတယ်။ စလုပ်တဲ့အချိန်မှာ သုံးနေတုန်း ဖုန်းပိတ်သွားတာ Hang သွားတာတွေမကြာခဏဖြစ်ပါတယ်။ အချိန်အတော်ကြာသူတို့ရေးထားတဲ့ program တွေကိုပြန်ပြင်လိုက် စစ်လိုက်လုပ်ပြီးတဲ့ အခါမှာတော့ အဆင်ပြေသွာခဲ့ပါတယ်။

၂၀၀၉ ဇွန်မှာ Apple ကုမ္မဏီ ကနေ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သူ့ရဲ့ developer တွေကို WhatsApp ကိုစမ်းသပ်သုံးစွဲစေခဲ့တဲ့အခါမှာတော့ ရလဒ်ကအလွန်ကောင်းမွန်ခဲ့ပါတယ်

၂၀၀၉ အောက်တိုဘာမှာ ကုန်ကျစာရိတ်များလာတာကြောင့် သူတို့နဲ့ အရင်က Yahoo မှာတွဲလုပ်ခဲ့တဲ့ Jim Goetz ဟာအစုငွေတွေထည့်ပြီး ပါဝင်လာခဲ့ပါတယ်

၂၀၀၉ နှစ်ကုန်ပိုင်းမှာ WhatsApp ကို Apple ရဲ့ Appstore မှာ တရားဝင်ထည့်သွင်းလိုက်ပါတယ်၊ သိပ်မကြာခင်မှာပဲ Samsung, Nokia, Black Berry တို့မှာပါ အသုံးပြုလာကြပါတယ် ။ နောက်လအနည်းငယ်အကြာမှာတော့ WhatsApp မှာ ဓါတ်ပုံတွေနဲ့ ဗီဒီယို တွေပါ အလကားပို့လို့ရလာခဲ့ပါတယ် ။ 


၂၀၁၄ ဖေဖော်ဝါရီ ၉မှာ Facebook တည်ထောင်သူ ဇူကာဘတ် နဲ့တွေ့ပြီး Facebook မှာဒါရိုက်တာရာထူးလက်ခံဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဂျန်ကလက်ခံခဲ့ပြီး နောက် ၁၀ရက်အကြာမှာ Facebook ဟာ WhatsApp ကို ၁၉ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။

၂၀၂၀ နောက်ဆုံးရအချက်အလက်များအရ WhatsApp သုံးစွဲသူဟာ ၁.၅ ဘီလီယံရှိပြီး နိုင်ငံပေါင်း ၁၈၀ကျော်မှာသုံစွဲလျှက်ရှိပါတယ်။

Video ဖြင့်ကြည့်ရှု့လိုပါက




YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။



Previous Post Next Post