WhatsApp မူလတည်ထောင်သူ Jan Koum ရဲ့ငယ်ဘဝအကြောင်း

ဂျန်ကွန်းကို ၁၉၇၆ ဖေဖော်ဝါရီ ၂၄ မှာ ဆိုဗီယက်ပြည်ထောင်စု ယူကရိန်းပြည်နယ် ကိဗ်မြို့နားက ကျေးရွာလေးမှာ ဂျူးလူမျိုးလင်မယားနှစ်‌ယောက်ကနေမွေးဖွားခဲ့ပါတယ် ။ သူတို့မိသားစုဟာဆင်းရဲလွန်းတာကြောင့် အိမ်မှာဇိမ်ခံပစ္စည်းရယ်လို့ တစ်ခုမှမရှိခဲ့ပါဘူး ။ ဆိုဗီယက်ရုရှားမှာရှိတဲ့ ဂျူးလူမျိုးတွေရဲ့ အခြေအနေဟာ အလွန်ဆိုးဝါးပြီး ထောက်လှမ်းရေး (KGB) တွေရဲ့ ရန်ကိုတစ်ချိန်လုံး ကြောက်နေရချိန်ဖြစ်ပါတယ်။




၁၉၉၂ မှာနိုင်ငံရေးမတည်ငြိမ်မှု့တွေဖြစ်လာပြီး ဂျူးနဲ့အာရပ်တွေကြား ပြသနာတွေဖြစ်လာခဲ့ပါတယ်။ အဲဒိအချိန်မှာပဲ အမေရိကန်အစိုးရဟာ ဆိုဗီယက်ကဂျူးတွေကို အရေအတွက်နဲ့ နိုင်ငံအတွင်း လာရောက်အခြေချနေထိုင်ဖို့ခွင့်ပြုတာကြောင့် ဂျန် ၊ သူ့အမေနဲ့ အဘွားတို့ဟာ အမေရိကန်ကန်ကိုထွက်ခွာခဲ့ကြပါတယ်။ ဂျန်ရဲ့ အဖေကတော့ စိုက်ခင်းတွေရိတ်သိမ်းပြီးချိန်စောင့်ပြီးတာနဲ့  လိုက်လာခဲ့မယ်လို့ပြောပေမယ့် နောက်ပိုင်းမှာ ထွက်လာလို့မရတော့ပဲ ၁၉၉၇ မှာ နေမကောင်းဖြစ်ပြီး  ကွယ်လွန်သွားခဲ့ပါတယ်။
အမေရိကန်ကိုစရောက်ချိန်မှာ ဂျန်ရဲ့အမေဟာ ကလေးထိန်းအလုပ်ပြီး ဂျန်ကတော့ကုန်ခြောက်ရောင်းတဲ့ဆိုင်တစ်ခုမှာ သန့်ရှင်းရေးဝင်လုပ်ပါတယ်။သူ့အသက် ၁၈နှစ်မှာ ကွန်ပြူတာ networking ကိုစိတ်ဝင်စားလာပြီး ငွေကြေးမတက်နိုင်ပေမယ့် သူ့ရဲ့လေ့လာမှု့ကိုတော့ မရပ်တန့်ခဲ့ပါဘူး။ စာအုပ်ငှားဆိုင်ကနေ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ စာအုပ်တွေကို ပိုက်ဆံပေးငှားပြီး ကွန်ပြူတာမှာ စမ်းလုပ်ကြည့်တယ် ။ Computer program group တွေကို member ဝင်တယ်။ နောက်ဆုံးမှာတော့ အဲဒိနယ်ပယ်မှာ တော်တော်လေးကျွမ်းကျင်လာပါတယ်။



ဂျန်တက္ကသိုလ်တက်နေချိန်မှာ သူ့အမေဟာ ကင်ဆာရောဂါဖြစ်နေတာကိုသိလိုက်ရပါတယ် ။ သူ့အမေအတွက် အလွန်စိတ်ပူနေတာကြောင့် ရုရှားမှာကျန်ခဲ့တဲ့ သူ့အဖေဆီကိုဖုန်းဆက်အကြောင်းကြားပါတယ်။ သူ့ဖခင်ကိုရော ကျန်ခဲ့တဲ့အမျိုးတွေကိုရော ဖုန်းဆက်အကြောင်းကြားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ သူ့စိတ်ထဲအတွေးတစ်ခုဝင်လာပါတယ် အဲဒါကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘယ်နေရာမဆိုဖုန်းလိုင်းတွေမလိုပဲ ဆက်သွယ်လို့ရနိုင်မယ့်နည်းကိုတီထွင်ဖို့ပဲဖြစ်ပါတယ်။
ဂျန်ဟာနေ့ပိုင်းမှာတက္ကသိုလ် ညဘက်မှာ အချိန်ပိုင်းအလုပ်လုပ်ပါတယ်။ နောက်ပိုင်းမှာ Yahoo မှာအလုပ်ရပြီး Brian နဲ့တွေပြီး ရင်းနှီးသွားကြပါတယ်။ Brian က အရင်က Apple မှာ ၃နှစ်လောက် software engineer လုပ်ခဲ့ပြီးနောက် Yahoo ကိုပြောင်းလာခဲ့သူဖြစ်ပါတယ်။ Yahoo မှာလုပ်နေတုန်း အလုပ်မှာတာဝန်ပိလာတာကြောင့် တက္ကသိုလ်ကနေထွက်လိုက်ပါတယ်။



သူတို့၂ယောက်ဟာ yahoo မှာအလုပ်လုပ်တာ ၉နှစ်ရှိတဲ့အခါမှာတော့ Facebook, Twitter စတဲ့ social media တွေ အသစ်ပေါ်ပေါက်လာတဲ့ အတွက် ရှေ့ရေးကိုစဉ်းစားဖို့အတွက် Yahoo ကနေထွက်ပြီး အပန်းဖြေခရီးထွက်ကြပါတယ်။ အပန်းဖြေခရီးကပြန်လာတဲ့အခါမှာတော့ Facebook နဲ့ Twitter မှာအလုပ်သွားလျှောက်ခဲ့ပေမယ့် အလုပ်မရခဲ့ကြပါဘူး
ဒီလိုနဲ့ ၂၀၀၉ ဇန်နဝါရီမှာ iPhone ကို သူပထမဆုံးထိတွေ့လိုက်ပါတယ်  App store  ထဲကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ ပါတဲ့ app တော်တော်များများဟာ အသစ်အဆန်းတွေသာဖြစ်ပြီး အရေအတွက်လည်းများများစားစားမရှိခဲ့ပါဘူး။ iPhone ဟာကမ္ဘာဈေးကွက်ကို စတင်လွှမ်းမိုးလာတဲ့အတွက်ကြောင့် မကြာခင်မှာပဲကမ္ဘာဈေးကွက်ဖြစ်လာလိမ့်မယ် ဆိုတာကိုသူတွေးမိပြီးတော့ အကယ်လို့သူသာ application ဆွဲပြီး iPhone မှာသာထည့်သွင်း နိုင်မယ်ဆိုရင် Apple သုံးတဲ့သူတိုင်းဟာ သူ့ App နဲ့ ရင်းနှီးနေမှာဖြစ်ပါတယ် ။ တစ်ကမ္ဘာလုံးကို ဆက်သွယ်နိုင်မယ့် App ကိုစတင်ရေးပါတယ် ခရီးမရောက်နိုင်တာကြောင့် သူ့သူ့ငယ်ချင်း Brian က ကူရေးပေးခဲ့ပါတယ်။


 
အခုကျွန်တော်ပြောသွားတာက WhatsApp ကိုတီထွင်ခဲ့တဲ့ ဂျန်ကွန်းအကြောင်းပဲဖြစ်ပါတယ် နောက်အပိုင်းမှာ သူတို့၂ယောက်ပေါင်းရေးတဲ့ WhatsApp မှာအဓိက ဘာပြသနာတွေရှိနေသလဲ ဈေးကွက်ထဲမှာရှိနေပြီးသားပြိုင်ဘက်တွေက ဘယ်သူတွေလဲ ဘာအားသာချက်တွေကို ထည့်သွင်းထားသလဲ စတဲ့အကြောင်းအရာတွေကိုတွေ့ရမှာဖြစ်ပါတယ်။

Video ဖြင့်ကြည့်ရှု့လိုပါက





YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post