M 24 - အမေရိကန်တို့ရဲ့ သေမင်းတမန်ဖန်တီးခြင်းပညာ

M24 ဆိုတာကတော့ အမေရိကန်တို့မူရင်းထုတ်လုပ်ခဲ့တဲ့ပုံစံမဟုတ်ခဲ့ပါဘူး။ စစ်တပ်နဲ့အထူးတပ်ဖွဲ့ဝင်တွေ အတွက်ရည်ရွယ်ပြီး၎င်းတို့ထုတ်လုပ်ခဲ့တဲ့ Remington 700 မော်ဒယ်ပေါ်အခြေခံတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ Remington 700 ကိုတော့ ၁၉၆၂ မှာ Remington Arms ကနေထုတ်လုပ်ခဲ့ပြီး  ၁၉၄၈ ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Remington 721 နဲ့ 722 တို့ကို နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်လာရကနေပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။


700 မော်ဒယ်ကတော့ ၉ပေါင်လေးပြီး အရှည်ကတော့ ၄၁.၅လက်မရှည်ပြီး တောင်ကိုရီးယား၊ ဗီယက်နမ်၊ ကနေဒါ အပါအဝင် ကမ္ဘာ့အနှံ့က နိုင်ငံပေါင်း ၁၅နိုင်ငံမှာ ယနေ့ထိသုံးစွဲနေဆဲဖြစ်ပါတယ်

M 24 ဆိုတာကတော့ sniper model နာမည်တစ်ခုတည်းကို ကိုယ်စားပြုတာမဟုတ်ပါဘူး Riffle, Telescope နဲ့၎င်းရဲ့ အခြား အစိတ်အပိုင်းများဟာလည်း M24 ဆိုတဲ့ နာမည်အောက်မှာအကုန်အကျုံးဝင်နေပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ အမေရိကန်စစ်တပ်ဟာ M24တွေကို ၎င်းတို့စစ်တပ်ရဲ့ Standard Sniper အဖြစ်သတ်မှတ်ခဲ့ပါတယ်။


လက်နက်ကိုကြည့်မယ်ဆိုရင် ကျည်မဖြည့်ထားတဲ့ သေနတ်အခွံချည်းပဲဆိုရင် ၁၂ပေါင်ခန့်လေးမှာဖြစ်ပါတယ်။ တပ်ဆင်ထားတဲ့ scope , model နဲ့ accessories ပေါ်မူတည်ပြီး ၁၃ပေါင်ကနေ ၁၆ပေါင်ထိလေးတာကိုတွေ့ရပါတယ်။

အရှည်အနေနဲ့ကတော့ ၎င်းရဲ့ model ပေါ်မူတည်ပြီး ၄၃လက်မကနေ ၄၆လက်မထိအရှည်ရှိပါတယ်

Rate of fire ကတော့ ၂၀ RPM ရှိပြီး effective fire range ကတော့ မီတာ ၁၅၀၀က ရန်သူကို အမှားအယွင်းမရှိပစ်ခတ်နိုင်ပါတယ်။


အများဆုံးအသုံးပြုပြီးတိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေအနေနဲ့ကတော့ ၂၀၁၄ကနေ၂၀၁၇ အတွင်းဖြစ်ပွားခဲ့တဲ့အီရတ်ပြည်တွင်းစစ်ကာလ၊ Gulf war နဲ့ Salvadoran ပြည်တွင်းစစ်တို့ပဲဖြစ်ကြပါတယ်။

သုံးစွဲတဲ့နိုင်ငံတွေကတော့ ထိုင်ဝမ်၊ အီရတ်၊ ဟန်ဂေရီ ၊ ဘရာဇီး အပါအဝင် နိုင်ငံပေါင်း၂၀ ကျော်မှာ အသင့်အနေအထား တပ်ဆင်ထားတာကိုတွေ့ရပါတယ်။ 

Video ဖြင့်ကြည့်ရန်



YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။


Previous Post Next Post