Kar 98 - ဒုတိယကမ္ဘာစစ်ရဲ့ အကောင်းဆုံး sniper

မင်္ဂလာပါ

Kar 98 လို့ PUBG မှာအတိုကောက်ခေါ်နေတဲ့ သေနတ်ကတော့ ဂျာမန်လို Karabiner 98 kurz ( K98k) ပဲဖြစ်ပါတယ် ၁၈၇၀ပြည့်နှစ်တွေကနေစပြီး ဂျာမန်အင်ပါယာအတွက် လိုအပ်နေတဲ့ ရိုင်ဖယ်တွေ နဲ့ စစ်လက်နက်ပစ္စည်းအများအပြားကို ထုတ်လုပ်ပေးခဲ့တဲ့ Mouser ကပဲ ၁၉၃၅ ခုနှစ်မှာ Kar98 ကိုဒီဇိုင်းဆွဲ ဖန်တီးခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း ဂျာမန်ထုတ်လက်နက်တွေဟာ ဒုတိယကမ္ဘာစစ်ကို တိုက်ပွဲဝင်ခဲ့ကြတဲ့နိုင်ငံတွေထဲမှာ ခေတ်အမှီဆုံး အကြမ်းအခံဆုံးနဲ့ ပစ်မှတ်ကိုတိကျစွာ ပစ်ခတ်နိုင်တဲ့အတွက် နာမည်ကြီးထင်ရှားသလို စစ်ပွဲရဲ့ ရလဒ်ကို များစွာပြောင်းလဲစေခဲ့ပါတယ်။


 ၁၉၂၄ မှာ Standard Riffle အဖြစ်သတ်မှတ်ခဲ့တဲ့ Kar 98b, Gewehr 98 တို့ကိုနည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်တင်မှု့တွေပြုလုပ်ပြီးတဲ့အခါမှာတော့ ပစ်မှတ်ကိုပိုမိုတိကျပြီး အကွာအဝေးများများထိပစ်ခတ်နိုင်တဲ့ K98k များ ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။

လက်နက်ကိုကြည့်မယ်ဆိုရင် အလေးချိန်အနေနဲ့ ၈.၂ ပေါင်ကနေ ၉ပေါင်အထိရှိမှာဖြစ်ပြီး အရှည်ကတော့၄၄လက်မရှိပါတယ်

ပစ်ခတ်နိုင်တဲ့အကွာအဝေးအနေနဲ့  scope မပါဘူးဆိုရင် မီတာ ၅၀၀ 8 scope နဲ့ဆို မီတာ ၁၀၀၀ အဝေးပစ် sniper တွေအတွက် သီးသန့်ထုတ်ထားတဲ့ SS patrone နဲ့ဆိုရင် မီတာ ၄၇၀၀ ကျော်, ၃မိုင်က ရန်သူကိုကောင်းကောင်းကြီး ဇီဝန်ခြွေနိုင်ပါတယ် ဒီအကွာအဝေးဟာဆိုရင် ဒုတိယကမ္ဘာစစ်မှာ အသုံးပြုခဲ့တဲ့ စနိုက်ပါတွေထဲမှာ အကြမ်းဆုံးဖြစ်ပါတယ်။


ဒီလိုစွမ်းဆောင်ရည်ရှိတဲ့အတွက် ဂျာမန်တွေဟာ ၁၉၃၅ ကနေ ၁၉၄၅ အတွင်းမှာ Kar 98 လက်နက်ရေ ၁ကုဋေနဲ့၄သန်းကျော်ထုတ်လုပ်သုံးစွဲခဲ့တယ်လို့ သမိုင်းအထောက်အထားတွေအရသိရပါတယ်

Kar98 တွေကို ဒုတိယကမ္ဘာစစ်မအတွင်းမှာ ဆွီဒင်၊ တရုတ် နဲ့ ဂျပန်တို့မှာလဲ တပ်ဆင်သုံးစွဲခဲ့ပါတယ်

ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အခါမှာတော့ ရုရှားတွေဟာ ဂျာမန်တွေဆီကနေ Kar98 အများအပြားစုဆောင်းရရှိခဲ့သလို ဒုံးကျည်နဲ့ တာဝေးပစ်နည်းပညာမျာလည်းရရှိခဲ့ပါတယ် နောက်ပိုင်းမှာတော့ ရုရှားတွေဟာ သူတို့နည်းသူတို့ဟန်နဲ့ ပြန်လည်ထုတ်လုပ်ခဲ့ပါတယ်


Kar 98 တွေကို ပြင်သစ်၊ အစ္စရေး၊ ဆော်ဒီအာရေးဗျ အပါအဝင် ကမ္ဘာအနှံအပြားနိုင်ငံတွေရဲ့ စစ်ရေးပြအခမ်းအနားတွေမှာ ဂုဏ်ယူစွာတပ်ဆင်စစ်ရေးပြနေတာကို ယနေ့အချိန်အထိတွေ့မြင်ရမှာဖြစ်ပါတယ်

Video ဖြင့်ကြည့်ရှု့လိုပါက



YHNL ( ရန်ထီးနေလ )


ကျွန်တော့ရဲ့ Yan Htee | Nay La Blog မှာ  ရန်ထီးနေလ Facebook Page နဲ့ You Tube channel ရှိပါတယ် Blog မှာမတင်ရသေးတဲ့ အပိုင်းတွေကို You Tube မှာအရင်တင်ပေးထားပါတယ်။

Previous Post Next Post